Date

November 4, 2019

စာချုပ်သစ် မချုပ်ဆိုပဲ ဇန်နဝါရီမှာ လီဗာပူးကနေ ထွက်ခွာသွားနိုင်တဲ့ အသင်းသား

ဒီနွေမှာ လီဗာပူးနဲ့ စာချုပ်သက်တမ်းကုန်တော့မယ့် ကွင်းလယ်လူ လယ်လာနာဟာ တရုတ်နဲ့ အမေရိကန်လိဂ်တွေကို ပြောင်းရွှေ့မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့ပြီဖြစ်ပါတယ်။ တယ်လီဂရပ်က ဖော်ပြလာတဲ့ သတင်းအရတော့ လီဗာပူးက လယ်လာနာကို စာချုပ်သစ်ပေးလိုပေမယ့် သူ့ကို စိတ်ဝင်စားတဲ့ ကလပ်တွေက ကမ်းလှမ်းမှုတွေ လုပ်မယ်ဆိုရင် ဇန်နဝါရီမှာပဲ ရောင်းချပေးနိုင်တယ်လို့လည်း သိရတယ်။ အင်္ဂလန်ကွင်းလယ်လူဟာ ဒီရာသီ ပထမဆုံးသော ပရီးမီးယားလိဂ်ပွဲအဖြစ် အက်စတွန်ဗီလာနဲ့ပွဲမှာ ပါဝင်ကစားခွင့်ရခဲ့တာဖြစ်တယ်။ အဝါကဒ်ရခဲ့မယ်ဆိုရင် မန်စီးတီးနဲ့ပွဲကို လွဲချော်နိုင်တဲ့ ကွင်းလယ်လူ ဖာဘင်ညိုကို အနားပေးခဲ့ချိန်မှာ ခံစစ်ကို ကူညီရတဲ့ ကစားသမားအဖြစ် လယ်လာနာ… Continue Reading →

၂၀၁၉ ဟာ မာနေးရဲ့ နှစ်ဖြစ်လာနိုင်တဲ့ အကြောင်း ဟောကိန်းထုတ်လိုက်တဲ့ ရော်ဘတ်ဆန်

လီဗာပူး ဘယ်အစွန်လူ ရော်ဘတ်ဆန်က ကလပ်အသင်း တိုက်စစ်သမား မာနေးရဲ့ ခြေစွမ်းကို အထူး ချီးကျူးခဲ့ပြီး ဒီနှစ်ဟာ မာနေးရဲ့နှစ် ဖြစ်လာလိမ့်မယ်လို့ ဟောကိန်း ထုတ်သွားခဲ့ပါတယ်။ အသက် ၂၇ နှစ်အရွယ် မာနေးဟာ လီဗာပူးရဲ့ အဓိက ကစားသမားဖြစ်ပြီး ဒီလတွေထဲမှာ ကလပ်အသင်းအတွက် တောက်ပတဲ့ ခြေစွမ်းတွေကို ဆက်တိုက် ပြသနေသူဖြစ်တယ်။ သူဟာ အသင်း အနိုင်ရဖို့ ကိုယ်တိုင် ဂိုးသွင်းနိုင်သလို ဂိုးထောက်ပံ့မှုတွေလည်း လုပ်နိုင်ကာ ကလပ်အသင်းရဲ့ သွင်းဂိုးတွေကို တာဝန်ယူပေးနေသူဖြစ်ပါတယ်။ လက်စတာနဲ့ပွဲ၊ စပါးနဲ့ပွဲတွေလို ပွဲကောင်းတွေအပြင်… Continue Reading →

ကွင်းလယ်ခံစစ်က ဖာဘင်ညိုနေရာ အစားထိုးဖို့ ကစားသမား ရှာတွေ့ခဲ့ပြီဖြစ်တဲ့ ယာဂင်ကလော့ပ်

လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်က ကွင်းလယ်ခံစစ်မှာ ခြေစွမ်းပြနေတဲ့ ဖာဘင်ညိုနေရာ အစားထိုးဖို့ရာ ကစားသမား ရှာတွေ့ခဲ့ပြီဖြစ်ပြီး လယ်လာနာကို အဆိုပါနေရာအတွက် သူ သဘောတွေ့တယ်လို့ ထုတ်ဖော်ပြောဆိုပါတယ်။ အက်စတွန်ဗီလာကို ၂-၁ နဲ့ အနိုင်ရတဲ့ပွဲမှာ ဖာဘင်ညိုဟာ အရန်စာရင်းမှာပဲ ရှိနေခဲ့တယ်။ သူဟာ ဗီလာနဲ့ပွဲ အဝါကဒ်ရမယ်ဆိုရင် မန်စီးတီးနဲ့ပွဲကို လွဲချော်မှာဖြစ်လို့ ချန်လှပ်ခံခဲ့ရတာဖြစ်ပါတယ်။ ဗီလာနဲ့ ပွဲမှာ လယ်လာနာက ချိန်ဘာလိန်၊ ဂျိမ်းစ်မေနာ၊ နာဘီကိတ်တာတို့ အားလုံး အရန်ခုံမှာ ရှိနေစဉ် ဦးစားပေး ပွဲထွက် ပါဝင်ခွင့် ရခဲ့ပါတယ်။ ကလော့ပ်က… Continue Reading →

အိမ်ကွင်းမှာ အေဂျက်ကို ချယ်ဆီးတို့ ဘယ်လို လူစာရင်းနဲ့ ဧည့်ခံ ယှဉ်ပြိုင်မလဲအား ခန့်မှန်းခြင်း

ချယ်ဆီးဟာ အင်္ဂါနေ့မှာတော့ နယ်သာလန်ကလပ် အေဂျက်ကို အိမ်ကွင်းမှာ ဧည့်ခံရမယ့် ချန်ပီယံလိဂ်ပွဲ ကစားရဖို့ ရှိနေတာ ဒီပွဲမှာ ရလဒ်ကောင်းမယ်ဆိုရင် နောက်တစ်ဆင့်ကို တက်လှမ်းဖို့ရာ အားသာချက်ဖြစ်သွားမှာပါ။ အဆိုပါပွဲအတွက် မန်နေဂျာလမ်းပတ် ထုတ်သုံးနိုင်တဲ့ လူစာရင်းနဲ့ အခင်းအကျင်းကို ခန့်မှန်းဖော်ပြမှာ ဖြစ်ပါတယ်။ Formation: 4-2-3-1 ဂိုးသမားအဖြစ် ကီပါကို အသုံးပြုမှာဖြစ်ပြီး ခံစစ်အတွက်ကတော့ တိုမိုရီနဲ့ ဇူးမားကိုပဲ ဆက်လက် အသုံးပြုမှာပါ။ ခရစ်စတန်ဆန် ဒဏ်ရာကနေ ပြန်မကောင်းလာသေးသလို ရူဒီဂါ ရာနှုန်းပြည့် ကြံ့ခိုင်ဖို့ အချိန်ယူရဦးမယ့် အနေအထားဖြစ်တယ်။ ညာအစွန်မှာ… Continue Reading →

ဘိုင်ယန်က ကိုဗက်ကို ထုတ်ပယ်လိုက်တဲ့နောက် ဆိုးရှားဘက် ဖိအားပေးလာတဲ့ ယူနိုက်တက် ပရိသတ်များ

ဘိုင်ယန်မြူးနစ်အသင်းဟာ နည်းပြ ကိုဗက်ကို တနင်္ဂနွေနေ့ကပဲ ထုတ်ပယ်လိုက်တဲ့နောက် ထိုအဖြစ်အပျက်ဟာ ယူနိုက်တက် ပရိသတ်တွေ အနေနဲ့ နည်းပြ ဆိုးရှားနဲ့ ပတ်သတ်ကာ အမျက်ထွက်စရာ ဖြစ်ခဲ့ပါတယ်။ ဘိုင်ယန်က စနေနေ့ညမှာ ဖရန့်ဖတ်ကို အံ့အားသင့်ဖွယ် ၅-၁ နဲ့ ရှုံးနိမ့်ခဲ့ပြီး နောက်ရက်မှာပဲ ကိုဗက် ထုတ်ပယ် ခံခဲ့ရတာ ဖြစ်ပါတယ်။ ဘိုင်ယန်က ဒီရာသီ စွမ်းဆောင်ရည် ကျဆင်းနေတဲ့ ကိုဗက်ကို ထွက်ခွာခွင့်ပြုလိုက်ပြီလို့ ကြေငြာခဲ့တာပါ။ ဘိုင်ယန်မြူးနစ်က လက်ရှိ ဘွန်ဒစ်လီဂါ အမှတ်ပေးဇယားမှာ အဆင့် ၄ နေရာမှာ… Continue Reading →

VAR ကို အလိုမရှိဘူးလို့ ပထမဆုံး ဆန့်ကျင်လိုက်တဲ့ လီဗာပူးကစားသမားဟောင်း သုံးသပ်သူ

ဒီအပတ်မှာလည်း ဝေဖန်မှုတွေ ပွက်လောညံခဲ့တဲ့နောက် VAR ကို လက်မခံသူတွေ ပိုများလာခဲ့ပြီး စကိုင်းစပေါ့မှ ဘောလုံးသုံးသပ်သူ ကာရေဂါက သူဟာ နည်းပညာပိုင်းဆိုင်ရာ ဆုံးဖြတ်ချက်တွေကို မနှစ်သက်တော့ပါဘူးလို့ ထုတ်ပြောခဲ့ပါတယ်။ အဲဗာတန်က စပါးနဲ့ ၁-၁ သရေကျတဲ့ပွဲမှာ VAR ရဲ့ အားနည်းချက်ကို ထပ်မြင်ခဲ့ရတာဖြစ်ပြီး အယ်လီရဲ့ လက်ထိဘော ဆုံးဖြတ်ချက် မီနာရဲ့ ဆွန်နဲ့ ထိပ်တိုက်တွေ့မှုတွေလည်း ပါဝင်ခဲ့တယ်။ အဆိုပါပွဲ မတိုင်ခင်ကလည်း အက်စတွန်ဗီလာနဲ့ လီဗာပူးပွဲမှာ အမှတ်ပေးဇယား ဦးဆောင်သူတွေကို ထိခိုက်မှု ကြီးစေမယ့် ဆုံးဖြတ်ချက်ကို VAR… Continue Reading →

အမ်မရီနဲ့ အာဆင်နယ် အနာဂတ်အကြောင်း သုံးသပ်ခဲ့ကြတဲ့ ကလောင်ရှင်များ

အူနိုင်း အမ်မရီရဲ့ အာဆင်နယ် အသင်းဟာ နောက်ဆုံး ၉ပွဲကနေ ၁၁မှတ် ရရှိခဲ့ပြီး ကာရာဘောင်းဖလား ကလဲ ထွက်ခဲ့ရပါတယ်။ ပဲလေ့စ်၊ ဝုလ်ဗ်တို့နဲ့ အိမ်ကွင်း နှစ်ပွဲဆက် အနိူင်မရခဲ့ပဲ အမ်းမရိတ်စ် ကွင်းမှာ သဘောထားကွဲလွဲမှုတွေ ဖြစ်ခဲ့ကာ အသင်းခေါင်းဆောင် ရှာခါကိုယ်တိုင် ပြီးခဲ့တဲ့ အပတ်က ပရိသတ်တွေရဲ့ လှောင်ပြောင်မှုကို ခံခဲ့ရပါတယ်။ လက်ရှိ အ်ချိန်မှာ အမ်မရီရဲ့ ထိုင်ခုံနေရာက ခြိမ်းခြောက်မှုတွေ ရှိနေပြီး ဟိုဆေးမော်ရင်ညိုကလဲ အလားအလာ ရှိသူ တစ်ယောက် အဖြစ် ထင်ကြေးပေးခံနေရပါတယ်။ ကလပ်ရဲ့ပရိသတ်တွေနဲ့… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!