Date

November 13, 2019

လီဗာပူး၊ စပါးပစ်မှတ်ကို လက်မှတ်ထိုး ခေါ်ယူခွင့်မှာ ဦးစားပေးခံရဖို့ ရှိနေတဲ့ ယူနိုက်တက်

လိုင်ယွန်အသင်းဘက်က အတည်ပြုလာမှုအရ သူတို့အသင်းရဲ့ အဓိက တိုက်စစ်သမား ဒီပေးကို ခေါ်ယူခွင့်မှာ ပထမဆုံး စဉ်းစားပေးခြင်း ခံရဖို့ အခွင့်အရေး ရှိနေတဲ့ အသင်းက ယူနိုက်တက်ဖြစ်တယ်လို့ သိရပါတယ်။ နွေအပြောင်းအရွှေ့တုန်းက လီဗာပူးနဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီး စပါးကပါ စိတ်ဝင်စားလာတဲ့ လိုင်ယွန်တိုက်စစ်မှူးဟာ လာမယ့် ဈေးကွက်တွေမှာ ပြင်သစ်မြေကနေ ထွက်ခွာတော့မယ်လို့ သတင်းထွက်နေခဲ့တယ်။ ၂၀၁၅ ခုနှစ်နဲ့ ၂၀၁၇ ခုနှစ်တွေမှာ ယူနိုက်တက်အတွက် ၃၃ ပွဲ ပါဝင်ကစားပေးခဲ့ပြီး ၂ ဂိုး သွင်းယူခဲ့တဲ့ နယ်သာလန်သားဟာ မန်ချက်စတာမြေကနေ… Continue Reading →

ချယ်ဆီး၊ လက်စတာက လီဗာပူးနဲ့အပြိုင် အမှတ်ပေးဖလား စိန်ခေါ်မလားကို ပြန်ဖြေခဲ့တဲ့ ဗန်ဒိုက်

ပရီးမီးယားလိဂ် ပွဲစဉ် ၁၂ အပြီးမှာတော့ အမှတ်ပေးဇယား ထိပ်ဆုံးကို လီဗာပူးဦးဆောင်ထားပြီး ထူးခြားကိစ္စအနေနဲ့ လက်စတာနဲ့ ချယ်ဆီးက မန်စီးတီးအထက်မှာ ရပ်တည်ကာ လီဗာပူးကို ဖိအားတဲ့ ကလပ်အသင်းတွေ ဖြစ်လာခဲ့ပါတယ်။ ပဲလေစ့်ကို ချယ်ဆီးက ၂-၀ နဲ့ အနိုင်ရခဲ့တဲ့ လက်စတာနဲ့ ရမှတ်တူ အနေအထားမှာ လီဗာပူးကို ၈ မှတ်အကွာက ဖိအားပေးနေတာဖြစ်တယ်။ နိုင်ငံတကာ သီတင်းပတ်အပြီးမှာတော့ မန်စီးတီးနဲ့ ချယ်ဆီးတို့ ထိပ်တိုက်တွေ့ကြမှာဖြစ်ပြီး ချယ်ဆီးရဲ့ စွမ်းဆောင်ရည်ကောင်းနဲ့ ရလဒ်ကောင်းနေမှုတွေက လက်ရှိ ချန်ပီယံကို ရင်ဆိုင်နိုင်မယ်လို့ သုံးသပ်ခံနေရတယ်။… Continue Reading →

လမ်းပတ် ချယ်ဆီးအသင်းရဲ့ ဒဏ်ကြေးကောက် ပေါ်လစီ ပေါက်ကြားလာ

ချယ်ဆီးနည်းပြ လမ်းပတ်ဟာ ကစားသမားဘဝတည်းက ထူးချွန်မှန်ကန် တိကျတဲ့ ကစားသမား အဖြစ် နာမည်ကောင်း ရှိခဲ့သူ ဖြစ်ပြီး အသင်း မန်နေဂျာ ဖြစ်လာတဲ့အခါမှာလည်း ၎င်းရဲ့ စည်းကမ်းကြီးတဲ့ အလေ့အထကောင်းကို ကလပ်အသင်းမှာ ဆက်လက် ပုံဖော်နေပါတယ်။ လမ်းပတ်ရဲ့ စည်းကမ်းတိကျမှုတွေက ချယ်ဆီးအသင်း ပြုပြင်ပြောင်းလဲမှုတွေထဲ အစိတ်အပိုင်းတစ်ခု အဖြစ် ပါဝင်နေတာပါ။ ချယ်ဆီးအသင်း ထရိန်နင်က နံရံပေါ်မှာ ကစားသမားတွေ အတွက် စည်းကမ်းဖောက်ဖျက်မှုအပေါ် မူတည်ကာ ပေးအပ်ရမယ့် ဒဏ်ကြေးတွေ စာရင်း ချိတ်ဆွဲထားပါတယ်။ ထိုစာရင်း ပေါက်ကြားလာရာမှာတော့ အသင်း… Continue Reading →

နည်းပြ ဆိုးရှား မပါဝင်ဘဲ ဒူဘိုင်းသို့ လေ့ကျင့်ရေးထွက်ကြတဲ့ ယူနိုက်တက် အသင်းသားများ

မန်ချက်စတာယူနိုက်တက် အဓိက ကစားသမား အချို့ဟာ နိုင်ငံတကာသီတင်းပတ် ကာလမှာ နွေးထွေးတဲ့ရာသီဥတု ရှိရာ ဒူဘိုင်းသို့ ရောက်ရှိနေပြီး လေ့ကျင့်မှုများ လုပ်ဆောင်ဖို့ ထွက်ခွာသွားတာလို့ သိရပါတယ်။ ၎င်းတို့ကို ဒူဘိုင်းစားသောက်ဆိုင် တစ်ဆိုင်မှာ ဓာတ်ပုံရိုက်ထားတာကြောင့် တွေ့ရှိခဲ့ကြတာ ဖြစ်ပါတယ်။ ထိုကစားသမားတွေထဲမှာ မာတာ၊ အက်ရှ်လေယန်းနဲ့ ဝမ်ဘစ်ဆာကာ စတဲ့ ကစားသမားတွေ ပါဝင်နေပြီး နည်းပြ ဆိုးရှားတော့ လိုက်ပါ လာပုံ မရဘဲ အင်္ဂလန်မှာ နေရစ်ခဲ့ပါတယ်။ ဒူဘိုင်းရောက် ယူနိုက်တက် အသင်းသားတွေဟာ ဆယ်လီ စားဖိုမှူး Nusret… Continue Reading →

ဒဏ်ရာပြဿနာက ဘောလုံးရာသီကောင်းကို မဖျက်ဆီးဖို့ မျှော်လင့်နေရတဲ့ ရိုဘို

လီဗာပူးကစားသမားတွေဖြစ်တဲ့ ဘယ်အစွန်လူ ရော်ဘတ်ဆန်နဲ့ တောင်ပံတိုက်စစ်သမား ဆာလက်တို့ဟာ ခြေကျင်းဝတ် ဒဏ်ရာတွေကြောင့် လက်ရွေးစင်အသင်းတွေကနေ အတည်ပြု နုတ်ထွက်ခဲ့ပြီဖြစ်ပြီး နိုင်ငံတကာသီတင်းပတ်တွေမှာ ပါဝင်ယှဉ်ပြိုင်မှာ မဟုတ်တော့ပါဘူး။ နှစ်ဦးလုံးဟာ နောက်ဆုံး ယှဉ်ပြိုင်ခဲ့တဲ့ မန်စီးတီးနဲ့ပွဲမှာ ဒဏ်ရာရခဲ့ကြတာဖြစ်ပြီး ပွဲမတိုင်ခင်တည်းက ရနေတဲ့ အသေးစား ဒဏ်ရာက အခြေအနေ ပိုဆိုးလာခဲ့ကြတာလို့ သိရတယ်။ ဒဏ်ရာ အသေးစိတ်ကို မထုတ်ပြန်ထားပေမယ့် ခြေကျင်းဝတ်ဒဏ်ရာတွေဟာ ပြန်သက်သာဖို့ လေးပတ်လောက် ကြာမြင့်နိုင်တယ်လို့လည်း သတင်းထွက်နေပြီး ၄၈ နာရီလောက် စောင့်ကြည့်ရမှာဖြစ်ကာ ကလပ်အသင်းထံ ပြန်ရောက်မှပဲ အတည်ပြုနိုင်မယ့် အနေအထားဖြစ်ပါတယ်။… Continue Reading →

သူသာ ချယ်ဆီးမန်နေဂျာဆိုရင် ပထမဆုံး လက်မှတ်ထိုးမိမယ့် ကစားသမားကိုv ကန်တေ ထုတ်ပြော

ချယ်ဆီးကွင်းလယ်လူ ကန်တေက ကလပ်အသင်းရဲ့ official app နဲ့ အင်တာဗျူးမှာ သူသာ ချယ်ဆီးမန်နေဂျာဖြစ်ခဲ့ရင် ပထမဆုံး လက်မှတ်ထိုးမှုအဖြစ် ဘယ်ကစားသမားကို ခေါ်ယူမလဲဆိုတဲ့အပေါ် ဖြေဆိုမှု လုပ်ပေးခဲ့ပါတယ်။ ကမ္ဘာဖလားချန်ပီယံလည်းဖြစ်တဲ့ ကန်တေက သူအနားယူပြီးခဲ့လို့ ချယ်ဆီးကို မန်နေဂျာအဖြစ် ကိုင်တွယ်ရမယ်ဆိုရင် လက်မှတ်ထိုးရမယ့် ကစားသမားနဲ့ ပက်သက်ပြီး ” ကျနော်ကတော့ ဂျွန်တယ်ရီကို လက်မှတ်ထိုးမယ်လို့ ပြောလိုတယ်။ ဘာလို့လည်းဆိုတော့ ကျနော် ချယ်ဆီးကို ရောက်လာချိန်မှာ သူက ကလပ်အသင်းရဲ့ အဓိက တစ်ယောက်ဖြစ်ပြီး ဒီအသင်းက ဘယ်လိုအသင်းဆိုတာကို အားလုံးသိသူဖြစ်ပါတယ်။… Continue Reading →

နွေမှာ လီဗာပူးကနေ ထွက်ခွာဖို့ လုပ်ခဲ့ပေမယ့် ကလော့ပ် ဆွဲထားခဲ့ရတဲ့ စီနီယာအသင်းသား

လီဗာပူးစီနီယာကစားသမားဖြစ်ပြီး ကုန်ခဲ့တဲ့ ၅ ရာသီအတွင်းမှာ အကောင်းအဆိုးတွေ အများကြီး ရင်ဆိုင်ခဲ့ရတဲ့ ခံစစ်မှူး လိုဗရန်ဟာ ဒီနွေမှာတုန်းက လီဗာပူးကနေ ထွက်ခွာပြီး အေစီမီလန်ကို ပြောင်းဖို့ လုပ်ဆောင်ခဲ့တယ်လို့ ဝန်ခံလိုက်ပါတယ်။ ၂၀၁၈-၂၀၁၉ ဘောလုံးရာသီမှာ ဂိုးမက်စ်၊ မာတစ်တို့နောက်မှာပဲ ကစားခဲ့ရသလို ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာလည်း အရန်စာရင်းကနေ ပါဝင်ကစားခွင့် မရခဲ့တဲ့နောက် ပွဲထွက်ခွင့်အတွက် ထွက်ခွာလိုခဲ့တာဖြစ်တယ်။ ရိုးမားနဲ့ အေစီမီလန်တို့က စိတ်ဝင်စားခဲ့ပြီး အပြောင်းအရွှေ့အတွက် ညိနှိုင်းမှုတွေ လုပ်ခဲ့ကြကြောင်းကို လိုဗရန်က “ ကျနော်က အရန်ခုံမှာထိုင်ပြီး လစာတွေ ထုတ်ယူနေရတာကို ကြိုက်တဲ့သူ… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!