Date

February 12, 2020

ကမ်းလှမ်းဖို့ သေချာလုဖြစ်နေတဲ့ ဝါနာ၊ အိုလံပစ်ပါမယ့် ဆာလက်၊ FA ခွဲတမ်းနဲ့ လီဗာပူး ညနေခင်းသတင်းများ

တီမိုဝါနာဘက်က ပရီးမီးယားလိဂ်ကို ပြောင်းဖို့ လမ်းဖွင့်လာတဲ့နောက် ဂျာမနီတိုက်စစ်သမားကို ခေါ်ယူဖို့ လီဗာပူးဘက်က ကြိုတင်ပြင်ဆင်မှုတွေ အတော်လေး အရှိန် မြင့်တက်လာပါပြီ။ လီဗာပူးဘက်က မီးစိမ်းပြတဲ့နောက် တီမိုဝါနာကို နွေမှာ ကမ်းလှမ်းဖို့က သေချာသလောက် ဖြစ်နေခဲ့ပါပြီ။ လီဗာပူးဟာ အန်ဖီးကွင်းက အန်ဖီးပွဲကြည့်စင်ကို ၂၀၂၀ နှစ်အကုန်ပိုင်းလောက်မှာ တိုးချဲ့မှာဖြစ်ပြီး ၂၀၂၂-၂၀၂၃ ခုနှစ် ဘောလုံးရာသီမှာ စတင်အသုံးပြုနိုင်ပါမယ်။ ပရိသတ် ဝင်ဆံ့မှုက ၆၁၀၀၀ ထက် လုံးဝ ပိုသွားဖို့ မရှိကာ ၂၀၁၁ ခုနှစ်နောက်ပိုင်းကတည်းက တစ်ရာသီစာ လက်မှတ်ရဖို့ စောင့်ဆိုင်းနေတဲ့… Continue Reading →

နွေတုန်းက ကော်တင်ညိုကို အန်ဖီးထံ ပြန်ခေါ်ဖို့ ကြိုးစားမှုတစ်ခု ပြုလုပ်ခဲ့သေးတဲ့ လီဗာပူး

လီဗာပူးအသင်းဟာ ပြီးခဲ့တဲ့ နွေအပြောင်းအရွှေ့တုန်းက ဘိုင်ယန်မြူးနစ်အသင်းက ကော်တင်ညိုကို အငှားကမ်းလှမ်းမှု မတိုင်ခင်မှာ ကမ်းလှမ်းမှုတစ်ခုကို လုပ်ဖို့ ကြိုးစားခဲ့သေးတယ်လို့ သိရပါတယ်။ ၂၀၁၈ ခုနှစ် ဇန်နဝါရီမှာ ဘာစီလိုနာကို ပေါင် ၁၄၂ သန်းနဲ့ ပြောင်းရွှေ့ခဲ့တဲ့ ကော်တင်ညိုဟာ ဘာစီလိုနာမှာ ရုန်းကန်နေရတာကြောင့် အငှားထွက်ခဲ့ပြီး ဘိုင်ယန်မြူးနစ်ကို ရောက်ရှိခဲ့တာဖြစ်တယ်။ သူဟာ ဘိုင်ယန်ကို ရာသီကုန် အပြီးသတ် ခေါ်ယူခွင့်နဲ့ အငှားထွက်တာဖြစ်ပေမယ့် ဘိုင်ယန်က အပြီးသတ် ခေါ်ယူမှာ မဟုတ်ပဲ ရာသီကုန်ရင် ဘာစီလိုနာကို ပြန်သွားရဖို့ ရှိနေပါတယ်။ ဘရာဇီး… Continue Reading →

ဆောင်းပါး | ပရီးမီးယားလိဂ်ချန်ပီယံအဖြစ် ပြီးပြည့်စုံတဲ့ အင်္ဂါရပ်ဖြစ်လာစေမယ့် Next Big Thing

ယာဂင်ကလော့ပ်ရဲ့ လက်ရာတွေ ပြည့်နှက်နေမယ့် လီဗာပူးရဲ့ Next Big Thing ကြီးဟာ မကြာခင်မှာ ပြီးမြောက်တော့မှာဖြစ်ကြောင်း The Athletic သတင်းထောက် James Pearce က သတင်းတစ်ပုဒ် ဖော်ပြခဲ့ပြန်ပြီ ဖြစ်ပြီး အဆိုပါ ဆောင်းပါးကို ပြန်လည် ဖော်ပြလိုက်ပါတယ်။ ဒီတစ်ကြိမ် ကလပ်အသင်းရဲ့ ပုံရိပ်ကို မြင့်တင်ပေးမှာကတော့ ပေါင် ၅၀ သန်း အကုန်အကျခံ တည်ဆောက်ထားတဲ့ လေ့ကျင့်ရေးစင်တာ အသစ်ပဲ ဖြစ်ပါတယ်။ မော်ဒန် လေ့ကျင့်ရေးစင်တာတွေမှာ ပါဝင်လေ့ရှိတဲ့ အင်္ဂါရပ်တွေ အားလုံးကို… Continue Reading →

အဓိက ကစားသမားကို ပေါင် သန်း ၅၀ တန် စာချုပ်သစ် ကမ်းလှမ်းဖို့ လီဗာပူး ပြင်ဆင်

လီဗာပူးအသင်းဟာ အားထားရတဲ့ ဗဟိုခံစစ်မှူး ဗန်ဒိုက်ကို အသင်းမှာ ရေရှည် ဆက်ထိန်းထားဖို့ အတွက် ပေါင် သန်း ၅၀ တန် ကာလရှည် သက်တမ်းတိုး စာချုပ်သစ် ချုပ်ဆိုရန် ပြင်ဆင်နေတယ်လို့ သိရပါတယ်။ အသက် ၂၈ နှစ်အရွယ် နယ်သာလန်သား ခံစစ်မှူးဟာ လီဗာပူးအသင်း အင်္ဂလန်မှာ လွှမ်းမိုးလာရာမှာ အခရာ ကျသူ ဖြစ်ပါတယ်။ ၎င်းက အန်းဖီးကို ၂၀၁၈ ဇန်နဝါရီမှာ ရောက်လာစဉ်က စလို့ အသင်းအပေါ် သက်ရောက်မှုကြီး ပြသခဲ့တာပါ။ ပြီးခဲ့တဲ့ရာသီက ပီအက်ဖ်အေ… Continue Reading →

လီဗာပူးပွဲအမှီ အက်သလက်တီကိုရဲ့ ဒဏ်ရာရ ကစားသမား ၇ ဦးထဲက ၆ ဦး ပြန်သက်သာလာ

လာမယ့် အပတ်မှာ ဥရောပပွဲတွေ ပြန်လာမှာဖြစ်ပြီး လီဗာပူးအသင်းဟာ ချန်ပီယံလိဂ် ၁၆ သင်း ရံှူးထွက်ပွဲအဖြစ် အက်သလက်တီကိုနဲ့ ပထမအကျော့ကို အဝေးကွင်းမှာ သွားရောက် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ လီဗာပူးဘက်က ဆာဒီယိုမာနေး၊ ဂျိမ်း မီလ်နာတို့ ဒဏ်ရာကနေ ပြန်သက်သာလာကာ အဓိက ကစားသမား အားလုံး ဒဏ်ရာကင်းစင်နေပါပြီ။ တစ်ဘက်မှာလည်း အက်သလက်တီကိုဟာ ဒဏ်ရာရ ကစားသမား အတော်များများ ပြန်သက်သာလာနေပြီး ထရစ်ပီယာ တစ်ဦးတည်းပဲ ကြံ့ခိုင်မှု မသေချာတာ ဖြစ်ပါတယ်။ စပိန်သတင်းက ဖော်ပြမှုအရ ဖေဖော်ဝါရီ ဒုတိယအပတ်မှာတော့… Continue Reading →

လီဗာပူး အောင်မြင်နေတာကို မြင်ရတာ ပျော်ရွှင်မိပါတယ်လို့ ဝန်ခံစကားဆိုတဲ့ ကော်တင်ညို

လီဗာပူး ကစားသမားဟောင်းကြီး ကော်တင်ညိုက ဘာစီလိုနာကို ပျော်ရွှေ့ဖို့ သူ့ရဲ့ ရွေးချယ်မှုကို နောင်တမရဘူးလို့ ထုတ်ဖော် ပြောဆိုပေမယ့် ကလပ်အသင်းဟောင်း အောင်မြင်နေတာကို မြင်ရတာအတွက်တော့ ပျော်ရွှင်မိပါတယ်လို့ ပြောဆိုလိုက်ပါတယ်။ အမြင့်ဆုံးကို ပျံတက်နေတဲ့ လီဗာပူးကို မြင်ရတာကို ကျေနပ်မိပြီး အသင်းဖော်ဟောင်းတွေ၊ မန်နေဂျာဟောင်းတွေ အောင်မြင်နေတာကို မြင်ရတာက သူ့ကို ကျေနပ်စေတယ်လို့ ဆိုတာပါ။ ကော်တင်ညိုဟာ လီဗာပူးမှာ ၅ နှစ်ကြာ ကျင်လယ်ခဲ့သူဖြစ်ပြီး ဒီရာသီမှာ ဘာစီလိုနာကနေ ဘိုင်ယန်မြူးနစ်ကို အငှား ထွက်ကစားနေတာ ဖြစ်ပါတယ်။ “ လီဗာပူးက… Continue Reading →

ကော်တင်ညိုကို ကမ်းလှမ်းမှု၊ ဆုဖလားယူထားခွင့်၊ ကလော့ပ်၊ ပီတာမိုးနဲ့ လီဗာပူး နံနက်ခင်းသတင်းများ

ကော်တင်ညိုက လီဗာပူးအသင်း အောင်မြင်နေတာနဲ့ ပက်သက်ပြီး မအံ့သြမိကြောင်းနဲ့ ကလပ်အသင်း အောင်မြင်နေတာအတွက် ပျော်ရွှင်မိပါတယ်လို့ ထုတ်ဖော် ပြောဆိုပါတယ်။ လီဗာပူးရဲ့ ကွင်းသစ်စီမံမှုဟာ ၂၀၂၂-၂၀၂၃ ခုနှစ် ဘောလုံးရာသီအစမှာ အပြီးသတ်မှာဖြစ်ပြီး လက်ရှိ ကားပါကင်နေရာ တစ်နေရာမှ ကား ၁၂၅ စီးစာ နေရာကို ဖယ်ရမှာဖြစ်ကာ စတန်လေပက်ခ်ဘက်မှာ ပြန်လည် စီစဉ်ပေးမယ်လို့ သိရပါတယ်။ လီဗာပူးနဲ့ ယာဂင်ကလော့ပ်တို့ရဲ့ စာချုပ်မှာ အသင်းကနေ သူထွက်ခွာပြီး ဂျာမနီဘက်ကို ပြန်ပြောင်းလိုတဲ့အခါ ကလပ်ဘက်က သဘောတူပေးရမယ်လို့ ပါရှိပါတယ်။ ဂျာမနီဘက်က ကလပ်လား… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!