Date

February 19, 2020

ဥရောပ ရံှူးထွက်မှာ ထူးထူးခြားခြား စံချိန်တူနှစ်ခုကို ပိုင်ဆိုင်ထားတဲ့ မန်နေဂျာနှစ်ဦးရဲ့ မှတ်တမ်း

ချန်ပီယံလိဂ် ၁၆ သင်း ရံှူးထွက်အဆင့်အဖြစ် တီကိုနဲ့ လီဗာပူးတို့ရဲ့ ပထမအကျော့မှာ တီကိုက ၁-၀ ဆိုတဲ့ ရလဒ်နဲ့ ဦးဆောင်ထားပြီး ဒုတိယအကျော့ကတော့ မတ်လအတွင်း အန်ဖီးမှာ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။ ဘယ်အသင်းက နောက်တစ်ဆင့်ကို တက်ရောက်မလဲဆိုတာက မတ်လမှ အဖြေပေါ်မှာ ဖြစ်ပေမယ့်လည်း တစ်ဂိုးအရံှူးကို ချေပပြီး နောက်တဆင့်ကို တက်ဖို့အတွက် လီဗာပူးဘက်က ပြင်းပြင်းပြပြ ဆန္ဒရှိနေတာ ထင်ရှားပါတယ်။ မနှစ်က ဘာစီလိုနာကို အိမ်ကွင်းရောက်မှ အနိုင်ယူခဲ့တဲ့ ချန်ပီယံလိဂ် ရံှူးထွက်ပွဲမျိုးကို ဒီတစ်ကြိမ်မှာလည်း လီဗာပူးဘက်က လုပ်ပြလိုနေတာပါ။… Continue Reading →

လယ်လာနာ၊ တူရကီဂိုး၊ လေဗာကူဆင်တောင်ပံသမား၊ ဆောကို ခေါ်ယူခွင့်နဲ့ လီဗာပူး ညနေခင်းသတင်းများ

လီဗာပူးခံစစ်မှူးဟောင်း ကာရေဂါက အသင်းဟာ ကွင်းလယ် ဖန်တီးမှုပိုင်းမှာ အမြဲတမ်း ပြဿနာရှိနေခဲ့တာဖြစ်ပြီး တီကိုလို စုဖွဲ့မှုကောင်းတဲ့ အသင်းကို ထိုးဖောက်ရာမှာ ကွင်းလယ်ပိုင်း ဖန်တီးမှု မရှိခြင်းက အားနည်းချက်ဖြစ်ခဲ့တယ်လို့ ထောက်ပြလိုက်ပါတယ်။ ပရီးမီးယားလိဂ်ကလပ် လက်စတာအသင်းဟာ နွေမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရနိုင်မယ့် ကွင်းလယ်လူ လယ်လာနာကို ခေါ်ယူနိုင်ဖို့ ကစားသမားရဲ့ အေးဂျင့် ဖြစ်သူနဲ့ ကနဦး ဆွေးနွေးမှုတွေကို စတင်လိုက်ပြီဖြစ်ပါတယ်။ တီကို ကွင်းလယ်လူ မိုရာတာက နောက်ထပ် အဆင့်တွေမှာ ထိပ်တိုက် မတွေ့လိုတဲ့ အသင်းက သူ့ရဲ့ အသင်းဟောင်း… Continue Reading →

လီဗာပူးနဲ့ ကိစ္စတွေ မပြတ်သေးပေမယ့် နောက်တစ်ဆင့်မှာ ဂျူဗင်တပ်နဲ့ မတွေ့ချင်ဘူး ဆိုလာတဲ့ မိုရာတာ

လီဗာပူးနဲ့ အက်သလက်တီကိုတို့ရဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ရံှူးထွက်ဟာ ဒုတိယအကျော့ ယှဉ်ပြိုင်ကစားရဖို့ ကျန်ရှိနေသေးပေမယ့် တီကို တိုက်စစ်မှူး မိုရာတာက ဒီရာသီ ချန်ပီယံလိဂ်မှာ ဂျူဗင်တပ်ကို ရှောင်ရှားလိုတယ်လို့ ပြောဆိုကြောင်း ဒေးလီးမေလ်းက ဖော်ပြသွားပါတယ်။ ဥရောပချန်ပီယံတွေနဲ့ ရင်ဆိုင်ရာမှာ တီကိုက ခံစစ်ပိုင်း ကောင်းမွန်ခဲ့သလို အစောပိုင်း အခွင့်အရေးကို သွင်းဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့တာကလည်း ပထမအကျော့ကို ၁-၀ နဲ့ ဦးဆောင်ထားစေတာပါ။ မတ်လမှာတော့ အန်ဖီးကွင်းမှာ တီကိုတို့ လာကစားရမှာဖြစ်ပြီး မိုရာတာက နောက်တစ်ဆင့်ကို တက်နိုင်ဖို့ ယုံကြည်နေဟန်… Continue Reading →

ပရီးမီးယားလိဂ်ကို မန်နေဂျာအဖြစ် ပြန်လာနိုင်ဖို့ ကြိုးစားနေကြောင်း ဖွင့်ဟလာတဲ့ နတ်ဘုရား

လီဗာပူးမှာမွေးဖွားခဲ့ပြီး အသင်းပရိသတ်တွေက ‘God’ ရယ်လို့ နာမည်ပြောင်ပေးခဲ့ရတဲ့ အထင်ကရ တိုက်စစ်မှူးဟောင်း ရော်ဘီဖောင်လာက လက်ရှိမှာ သြစတြေးလျကလပ်တစ်သင်းကို ကိုင်တွယ်နေသူပါ။ ဖော်လာဟာ လီဗာပူးသမိုင်းမှာ သွင်းဂိုးအများဆုံး တိုက်စစ်သမားများစာရင်းရဲ့ နံပါတ် ၆ နေရာမှာ ရပ်တည်နေပြီး မာနေးမတိုင်ခင်က ပရီးမီးယားလိဂ်မှာ အမြန်ဆုံး hat-trick ရှင်လည်းဖြစ်တယ်။ ၁၉၉၄ ခုနှစ်မှာ အာဆင်နယ်ခံစစ်ကို ၄ မိနစ် ၃၃ စက္ကန့်နဲ့ ၃ ဂိုးသွင်းယူမှုဟာ မာနေးမတိုင်ခင်မှာ အမြန်ဆုံးသော hat-trick မှတ်တမ်းအဖြစ် နှစ်အတော်ကြာအောင် ရပ်တည်ခဲ့ပါတယ်။ မနှစ်က… Continue Reading →

တီကိုနဲ့ပွဲမှာ မာနေးနဲ့ပက်သက်ပြီး ကလော့ပ်ရဲ့ လုပ်ရပ်ကို ချီးကျူးလိုက်တဲ့ လီဗာပူးခံစစ်မှူးဟောင်း

အက်သလက်တီကိုနဲ့ လီဗာပူးတို့ ယှဉ်ပြိုင်ကစားတဲ့ မနက်က ချန်ပီယံလိဂ်ပွဲမှာ မာနေးကို လူစားလဲခဲ့တာအတွက် နားမလည်နိုင်ဖြစ်ခဲ့တာ (သို့) သဘောမကျတာတွေ ရှိကောင်း ရှိနိုင်ပါတယ်။ ဘီဘီစီမှ အားကစားကလောင်ရှင်ဖြစ်ပြီး လီဗာပူး ခံစစ်မှူးဟောင်းလည်းဖြစ်တဲ့ စတီဖန် ဝါးနော့ကတော့ ကလော့ပ်ဟာ မှန်ကန်တဲ့ လုပ်ရပ်ကို ရဲရဲတင်းတင်း လုပ်ဆောင်ခဲ့တာပါလို့ အသိအမှတ် ပြုခဲ့တယ်။ မာနေးဟာ တီကိုပွဲမှာ အဝါကဒ် ရခဲ့ပြီးတဲ့နောက် တီကို ကစားသမားတွေက မာနေးကို ဒုတိယအဝါကဒ်နဲ့ ကွင်းထဲကနေ ထွက်ခွာသွားအောင် ဖိအားပေးမှုတွေ ပြင်းထန်ခဲ့တာ ဖြစ်ပါတယ်။ ဝါးနော့က ပြောရာမှာ… Continue Reading →

နိုင်ပွဲတွေဆက်နေတဲ့ ကမ္ဘာအကောင်းဆုံးအသင်းကို အနိုင်ယူပြခဲ့တာပါလို့ ပွဲပြီး ပြောဆိုတဲ့ ဆီမြွန်နီ

ချန်ပီယံလိဂ် ၁၆ သင်း ရံှူးထွက်ရဲ့ ပထမအကျော့မှာ လီဗာပူးကို ၁-၀ နဲ့ အနိုင်ရလိုက်တာအတွက် တီကိုမန်နေဂျာ ဆီမြွန်နီက အတော်လေးကို အားရကျေနပ်နေပြီး ကမ္ဘာအကောင်းဆုံးအသင်းကို အနိုင်ယူပြခဲ့တာပါလို့ ကြွေးကြော်ခဲ့ပါတယ်။ မနက်ကပွဲမှာ လီဗာပူးဟာ ပိုင်ဆိုင်မှုပိုင်း သာလွန်ပေမယ့်လည်း ခံစစ်ကစားပုံကောင်းတဲ့ တီကိုခံစစ်ကို မထိုးဖောက်နိုင်ခဲ့ကာ ဒီရာသီ ပြိုင်ပွဲစုံမှာ ပထမဆုံးအကြိမ်အဖြစ် ဂိုးပေါက် တစ်ကြိမ်မှ မတည့်ခဲ့တာ ဖြစ်ပါတယ်။ ” ကျနေ်ာတို့ စတင်ပြီး အနိုင်ရနေပါတယ်။ လွန်ခဲ့တဲ့ ၈ နှစ်လောက်အတွင်းမှာ ဒီလိုမျိုး အားပေးပုံကို တစ်ကြိမ်မှကို… Continue Reading →

အက်သလက်တီကိုအား အရေးနိမ့်ရခြင်းရဲ့ အဓိက အားနည်းချက်ကို ထောက်ပြသွားတဲ့ ကာရေဂါ

လီဗာပူးကစားသမားဟောင်းကြီး ကာရေဂါက တီကိုနဲ့ပွဲမှာ အိမ်ရှင်အသင်းရဲ့ ခံစစ်ကစားပုံ ကျစ်လစ်မှုကို ချီးကျူးခဲ့ပြီး လီဗာပူးရဲ့ အားနည်းချက်က ကွင်းလယ်ကနေ ဖန်တီးမှုတွေ လုံးဝ ထွက်မလာခဲ့တာပါလို့ ထုတ်ဖော်ပြောဆိုပါတယ်။ လီဗာပူးဘက်က ဘောလုံးပိုင်ဆိုင်မှု ၇၃% ထိ ရခဲ့ပေမယ့် တိုက်စစ်ထိုးဖောက်မှု ၈ ကြိမ်ပဲ လုပ်နိုင်ခဲ့ပြီး အော့ဘလက်ဟာ တစ်ကြိမ်မှတောင် ကာကွယ်မှုတွေ မလုပ်ခဲ့ရပါဘူး။ ဒါ့အပြင် တီကိုတိုက်စစ်မှူး မိုရာတာကလည်း အခွင့်အရေးကောင်း နှစ်ကြိမ်ထိကို လွဲချော်ခဲ့ပြီး တစ်ကြိမ်ဟာဆိုရင် သွင်းဂိုးဖြစ်နိုင်လောက်တဲ့ နေရာကောင်းနဲ့ အခွင့်အရေးကောင်း ဖြစ်ပါတယ်။ ကာရေဂါက ‘… Continue Reading →

ပထမအကျော့ အမှားတွေကို ဒုတိယအကျော့ ရလဒ်နဲ့ မှန်ကန်အောင် ပြန်လုပ်မယ်ဆိုတဲ့ ဗန်ဒိုက်

စပိန်မြေမှာ ယှဉ်ပြိုင်ကစားတဲ့ ၁၆ သင်းအဆင့် ချန်ပီယံလိဂ် ရံှူးထွက် ပထမအကျော့မှာတော့ လီဗာပူးက အစောပိုင်း ပေးဂိုးနဲ့အတူ ၁-၀ ဆိုတဲ့ ရလဒ် ထွက်ပေါ်ခဲ့ပါတယ်။ ခြေပဂိုးပြန်မသွင်းနိုင်ခြင်းနဲ့ အဝေးဂိုး မရခဲ့ခြင်းတွေက လီဗာပူအတွက် နစ်နာခဲ့ပေမယ့် အသင်း ခံစစ်သမားတွေဖြစ်တဲ့ ဗန်ဒိုက်နဲ့ ရိုဘိုတို့ကတော့ ဒုတိယအကျော့မှာ ရလဒ်ကောင်း ပြန်ယူပြီး အရာအားလုံးကို မှန်ကန်အောင် နေရာချမယ်လို့ ပွဲအပြီး ထုတ်ဖော်ပြောဆိုပါတယ်။ ဗန်ဒိုက်က ပြောရာမှာ ” ထောင့်ကန်ဘောကနေ ကျနေ်ာတို့တွေ ဂိုးပေးခဲ့ရပါတယ်။ အရမ်းကောင်းတဲ့ အခွင့်အရေး မဟုတ်သလို… Continue Reading →

တီကိုအား ချီးကျူး အသိအမှတ်ပြုမှုနဲ့အတူ ဒုတိယအကျော့အတွက် ပေါ်တင် စိန်ခေါ်သွားတဲ့ ကလော့ပ်

အငြင်းပွားစရာ အနေအထားအချို့ ဖြစ်ခဲ့ပေမယ့် တီကိုရဲ့ ခံစစ်ကာကွယ်ပုံက အတော်လေး ကောင်းမွန်ခဲ့တယ်လို့ မန်နေဂျာ ယာဂင်ကလော့ပ်က ဝန်ခံပြီး ဒုတိယအကျော့အတွက် စိန်ခေါ်မှုကိုပါ ပြုလုပ်ခဲ့ပါတယ်။ ကလော့ပ်ကပဲ ” ဖြစ်ခဲ့သင့်တာ မဟုတ်ပေမယ့်လည်း ဖြစ်ခဲ့ပြီးပြီ။ မျှော်လင့်ထားတဲ့ တိုက်ခိုက်မှုနဲ့ အားပေးမှုအနေအထားတွေကို ရင်ဆိုင်ခဲ့ရတယ်။ ဒါပေမယ့် ပွဲအပေါ် နှစ်သက်မှု အများကြီး ရှိပါတယ်။ ပထမအကျော့ကို ၁-၀ နဲ့ အရေးနိမ့်ခဲ့ရုံဖြစ်ပြီး ဒုတိယအကျော့ကို ကျနေ်ာတို့ရဲ့ အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။ အဆုံးသတ်ပိုင်းမှာ ငါတို့ အားနည်းခဲ့တယ်။ သူတို့… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!