လီဗာပူးကစားသမားဟောင်းကြီး ကာရေဂါက တီကိုနဲ့ပွဲမှာ အိမ်ရှင်အသင်းရဲ့ ခံစစ်ကစားပုံ ကျစ်လစ်မှုကို ချီးကျူးခဲ့ပြီး လီဗာပူးရဲ့ အားနည်းချက်က ကွင်းလယ်ကနေ ဖန်တီးမှုတွေ လုံးဝ ထွက်မလာခဲ့တာပါလို့ ထုတ်ဖော်ပြောဆိုပါတယ်။

လီဗာပူးဘက်က ဘောလုံးပိုင်ဆိုင်မှု ၇၃% ထိ ရခဲ့ပေမယ့် တိုက်စစ်ထိုးဖောက်မှု ၈ ကြိမ်ပဲ လုပ်နိုင်ခဲ့ပြီး အော့ဘလက်ဟာ တစ်ကြိမ်မှတောင် ကာကွယ်မှုတွေ မလုပ်ခဲ့ရပါဘူး။ ဒါ့အပြင် တီကိုတိုက်စစ်မှူး မိုရာတာကလည်း အခွင့်အရေးကောင်း နှစ်ကြိမ်ထိကို လွဲချော်ခဲ့ပြီး တစ်ကြိမ်ဟာဆိုရင် သွင်းဂိုးဖြစ်နိုင်လောက်တဲ့ နေရာကောင်းနဲ့ အခွင့်အရေးကောင်း ဖြစ်ပါတယ်။

ကာရေဂါက ‘ လီဗာပူးအတွက်တော့ စိတ်ပျက်စရာညပါပဲ။ တီကိုက ဒီလိုပဲ ကစားမယ်ဆိုတာ ကျနေ်ာတို့ သိသလို ယာဂင်လည်း သိပါတယ်။ ဒီလိုပွဲမျိုးမှာ လုံးဝ မဖြစ်လိုတဲ့ ကိစ္စက ပထမဆုံးသွင်းဂိုးကို ခွင့်ပြုရခြင်းပါ။ နောက်ပြီး အစောပိုင်းမှာပဲ တည်ကန်ဘောကနေ ခွင့်ပြုရတာမျိုးက ဘယ်လိုမှ မဖြစ်လိုတာပါ။

တစ်ခါတစ်လေမှာ အဲ့တာက ဖြစ်တတ်ပါတယ်။ ကံသိပ်မကောင်းခဲ့တာလည်း ပါတာပေါ့။ ဘောလုံး ပြန်ရမှုကနေ သူတို့ ၁-၀ ရလဒ် ရယူသွားနိုင်တယ်။ လီဗာပူးက အခွင့်အရေးတွေ လုံးဝ မဖန်တီးနိုင်ခဲ့သလို စိတ်ပျက်နေလို့လည်း မရပါဘူး။ သူတို့ ကွင်းလယ်ကနေ လုံးဝကို အခွင့်အရေးတွေ မလုပ်နိုင်ခဲ့တာပါ။ အဲ့တာက အမြဲတမ်း ပြဿနာ တစ်ခုပါ။

ဒါပေမယ့် ဒီညကတော့ တီကိုရဲ့ ခံစစ်ကာကွယ်မှုက တကယ်ကို ကောင်းခဲ့တာဖြစ်ပါတယ်။ လီဗာပူးအတွက် အရေးကြီးတာက သူတို့ဟာ စည်းစနစ်ကျကျ ကစားမှုကိုတော့ မဆုံးရံှူးခဲ့ပါဘူး။ အနီကဒ်ရပြီး ၁၀ ယောက်ထဲနဲ့ ကစားရမှာမျိုးတွေလည်း ရှောင်းရှားနိုင်ခဲ့တယ်။ ပွဲက ၁-၀ နဲ့ပဲ အဆုံးသတ်ခဲ့တာဖြစ်ပြီး ၂-၀ လည် းမဟုတ်ပါဘူး။

၁-၀ ဆိုတဲ့ ရလဒ်က လီဗာပူးကို နောက်တစ်ဆင့်တက်ဖို့ အခွင့်အရေးကောင်း ဖြစ်နေစေသေးတယ်လို့ ထင်ပါတယ်။ ၂-၀ ဆိုရင်တော့ လီဗာပူးက ထွက်ရဖို့ များပါတယ်။ ဒီတော့ တီကိုက ၁-၀ ဆိုတဲ့ ရလဒ် ရဖို့ ထိုက်တန်တယ်။ သူတို့က ပိုကောင်းတဲ့ အခွင့်အရေးလည်း ရခဲ့တယ်။ ဒါပေမယ့် အန်ဖီးမှာတော့ လီဗာပူးက အများကြီး ပိုကောင်းပါတယ် ’ လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ZAWGYI

လီဗာပူးကစားသမားေဟာင္းၾကီး ကာေရဂါက တီကိုနဲ႔ပြဲမွာ အိမ္ရွင္အသင္းရဲ႕ ခံစစ္ကစားပံု က်စ္လစ္မႈကို ခ်ီးက်ဴးခဲ့ျပီး လီဗာပူးရဲ႕ အားနည္းခ်က္က ကြင္းလယ္ကေန ဖန္တီးမႈေတြ လံုးဝ ထြက္မလာခဲ့တာပါလို႔ ထုတ္ေဖာ္ေျပာဆိုပါတယ္။

လီဗာပူးဘက္က ေဘာလံုးပိုင္ဆိုင္မႈ ၇၃% ထိ ရခဲ့ေပမယ့္ တိုက္စစ္ထိုးေဖာက္မႈ ၈ ၾကိမ္ပဲ လုပ္ႏုိင္ခဲ့ျပီး ေအာ့ဘလက္ဟာ တစ္ၾကိမ္မွေတာင္ ကာကြယ္မႈေတြ မလုပ္ခဲ့ရပါဘူး။ ဒါ့အျပင္ တီကိုတိုက္စစ္မွဴး မိုရာတာကလည္း အခြင့္အေရးေကာင္း ႏွစ္ၾကိမ္ထိကို လြဲေခ်ာ္ခဲ့ျပီး တစ္ၾကိမ္ဟာဆိုရင္ သြင္းဂိုးျဖစ္ႏုိင္ေလာက္တဲ့ ေနရာေကာင္းနဲ႔ အခြင့္အေရးေကာင္း ျဖစ္ပါတယ္။

ကာေရဂါက ‘ လီဗာပူးအတြက္ေတာ့ စိတ္ပ်က္စရာညပါပဲ။ တီကိုက ဒီလိုပဲ ကစားမယ္ဆိုတာ က်ေန္ာတို႔ သိသလို ယာဂင္လည္း သိပါတယ္။ ဒီလိုပြဲမ်ိဳးမွာ လံုးဝ မျဖစ္လိုတဲ့ ကိစၥက ပထမဆံုးသြင္းဂိုးကို ခြင့္ျပဳရျခင္းပါ။ ေနာက္ျပီး အေစာပိုင္းမွာပဲ တည္ကန္ေဘာကေန ခြင့္ျပဳရတာမ်ိဳးက ဘယ္လိုမွ မျဖစ္လိုတာပါ။

တစ္ခါတစ္ေလမွာ အဲ့တာက ျဖစ္တတ္ပါတယ္။ ကံသိပ္မေကာင္းခဲ့တာလည္း ပါတာေပါ့။ ေဘာလံုး ျပန္ရမႈကေန သူတို႔ ၁-၀ ရလဒ္ ရယူသြားႏုိင္တယ္။ လီဗာပူးက အခြင့္အေရးေတြ လံုးဝ မဖန္တီးနုိင္ခဲ့သလို စိတ္ပ်က္ေနလို႔လည္း မရပါဘူး။ သူတို႔ ကြင္းလယ္ကေန လံုးဝကို အခြင့္အေရးေတြ မလုပ္ႏုိင္ခဲ့တာပါ။ အဲ့တာက အျမဲတမ္း ျပႆနာ တစ္ခုပါ။

ဒါေပမယ့္ ဒီညကေတာ့ တီကိုရဲ႕ ခံစစ္ကာကြယ္မႈက တကယ္ကို ေကာင္းခဲ့တာျဖစ္ပါတယ္။ လီဗာပူးအတြက္ အေရးၾကီးတာက သူတို႔ဟာ စည္းစနစ္က်က် ကစားမႈကိုေတာ့ မဆံုးရံွဴးခဲ့ပါဘူး။ အနီကဒ္ရျပီး ၁၀ ေယာက္ထဲနဲ႔ ကစားရမွာမ်ိဳးေတြလည္း ေရွာင္းရွားႏုိင္ခဲ့တယ္။ ပြဲက ၁-၀ နဲ႔ပဲ အဆံုးသတ္ခဲ့တာျဖစ္ျပီး ၂-၀ လည္ းမဟုတ္ပါဘူး။

၁-၀ ဆိုတဲ့ ရလဒ္က လီဗာပူးကို ေနာက္တစ္ဆင့္တက္ဖို႔ အခြင့္အေရးေကာင္း ျဖစ္ေနေစေသးတယ္လို႔ ထင္ပါတယ္။ ၂-၀ ဆိုရင္ေတာ့ လီဗာပူးက ထြက္ရဖို႔ မ်ားပါတယ္။ ဒီေတာ့ တီကိုက ၁-၀ ဆိုတဲ့ ရလဒ္ ရဖို႔ ထိုက္တန္တယ္။ သူတို႔က ပိုေကာင္းတဲ့ အခြင့္အေရးလည္း ရခဲ့တယ္။ ဒါေပမယ့္ အန္ဖီးမွာေတာ့ လီဗာပူးက အမ်ားၾကီး ပိုေကာင္းပါတယ္ ’ လို႔ ဆိုခဲ့တာျဖစ္ပါတယ္။