Date

March 10, 2020

ကိုရိုနာ အရေးကြီးသတင်း၊ ဟာလန်၊ ဟန်ဒါဆန်၊ တီကိုရဲ့ ၂၅ ဦး လူစာရင်းနဲ့ လီဗာပူး ညနေခင်းသတင်းများ

အဲဗာတန်နဲ့ လီဗာပူးတို့ရဲ့ မာဆေးဆိုဒ်ဒါဘီကို ကွင်းလယ် ဒိုင်လူကြီးအဖြစ် မာတင် အက်ကင်ဆန်က တာဝန်ယူမယ်လို့ အတည်ပြုလိုက်ပါပြီ။ လီဗာပူးကစားသမားဟောင်းကြီး ဂါစီယာက အန်ဖီးကွင်းမှာ ယှဉ်ပြိုင်ကစားမယ့် ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ရံှူးထွက်ပွဲဟာ လီဗာပူးအတွက်ကော၊ အက်သလက်တီကိုအတွက်ပါ ခက်ခဲတဲ့ ပွဲကောင်းဖြစ်လာမယ်လို့ ကြိုတင် ခန့်မှန်းလိုက်ပါတယ်။ အက်သလက်တီကို ညာအစွန်လူ ထရစ်ပီယာက အန်ဖီးကွင်းဟာ သိပ်ကောင်းတဲ့ အားပေးမှုတွေ ပိုင်ဆိုင်ထားတဲ့ ကွင်းတစ်ကွင်းဖြစ်ပြီး ဒီတစ်ကြိမ် သွားရောက် ရင်ဆိုင်မှုမှာ အန်ဖီးရဲ့ အင်အားကို သတိထားဖို့ အသင်းဖော်တွေကို တိုက်တွန်းလိုက်ပါတယ်။ အီတလီဘက်က… Continue Reading →

လီဗာပူးကို ကျော်ဖြတ်ပြီး ကွာတားဖိုင်နယ်ကို တက်ရောက်ဖို့ မျှော်လင့်ထားမှုကို ထရစ်ပီယာ ထုတ်ပြော

အက်သလက်တီကို ခံစစ်သမား ထရစ်ပီယာက အန်ဖီကွင်းမှာ ယှဉ်ပြိုင်ကစားရမယ့် ချန်ပီယံလိဂ်ပွဲကြိုမှာ လီဗာပူးပရိသတ်တွေရဲ့ အိမ်ကွင်းအားပေးမှုကို အထင်ကြီးပါကြောင်း ထုတ်ဖော်ပြောဆိုမှု လုပ်ခဲ့ပါတယ်။ တီကိုက ပထမအကျော့ကို ၁-၀ နဲ့ အနိုင်ရထားခဲ့တာဖြစ်ပြီး ဒုတိယအကျော့ အန်ဖီးကွင်းရလဒ်ဟာ ပြတ်သားဖို့ လိုနေခဲ့တာပါ။ မနှစ်တုန်းကတော့ စပိန် ကလပ်တစ်သင်းဖြစ်တဲ့ ဘာစီလိုနာဟာ အန်ဖီးကွင်းမှာ အံ့အားသင့်ဖွယ် ရလဒ်နဲ့ အရေးနိမ့်ခဲ့သေးတာဖြစ်တယ်။ ဒါပေမယ့် မန်နေဂျာ ဆီမြွန်နီရဲ့ အသင်းဟာ အန်ဖီးမှာ ခံစစ်အားပြုတဲ့ ကစားဟန်နဲ့ ယှဉ်ပြိုင်ဖွယ် ရှိနေပါတယ်။ တီကိုကို အဝေးကွင်းမှာ အရေးနိမ့်ခဲ့မှုဟာ… Continue Reading →

လီဗာပူးနဲ့ တီကိုတို့ရဲ့ ချန်ပီယံလိဂ် ဒုတိယအကျော့ပွဲကို သုံးသပ်လိုက်တဲ့ ၂၀၀၅ ဟီးရိုး

လီဗာပူး ကစားသမားဟောင်းကြီးဖြစ်ပြီး စပိန်သားလည်းဖြစ်တဲ့ လူးဝစ် ဂါစီယာက ချန်ပီယံလိဂ် ၁၆ သင်းအဆင့်အဖြစ် အသင်းဟောင်း လီဗာပူးနဲ့ လာလီဂါကလပ် အက်သလက်တီကိုရဲ့ အဆုံးအဖြတ်ပွဲမှာ ရလဒ်ကောင်း ပိုင်ဆိုင်မယ့်အသင်းက လီဗာပူးဖြစ်လိမ့်မယ်လို့ သူ့အမြင်ကို ပြောဆိုပါတယ်။ ပထမအကျော့ကို တီကိုက ၁-၀ နဲ့ အနိုင်ထားပေမယ့် ဒုတိယအကျော့ကို အန်ဖီးကွင်းမှာ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။ လီဗာပူးအသင်းဟာ ဥရောပ ပြိုင်ပွဲတွေမှာတော့ အန်ဖီးကွင်းရဲ့ အင်အားကြောင့် နောက်ထပ် အဆင့်တွေကို တက်ရောက်ဖို့ အလားအလာကောင်းတွေကို ပိုင်ဆိုင်ခဲ့ဖူးတာဖြစ်တယ်။ ၂၀၀၅ ချန်ပီယံလိဂ် အောင်မြင်မှုမှာ… Continue Reading →

ဆီမြွန်နီအတွက် သတင်းကောင်းတွေများတဲ့ အက်သလက်တီကိုရဲ့ အခြေအနေကို စပိန်သတင်းစာ ဖော်ပြ

လီဗာပူးကို ထွက်ခွာလာမယ့် အက်သလက်တီကို မက်ဒရစ်အသင်းနဲ့ ပက်သက်ပြီး နောက်ဆုံးရ အခြေအနေတစ်ရပ်ကို စပိန်သတင်းဌာန AS က သတင်းတစ်ရပ် ထုတ်ပြန်လာပါတယ်။ ပထမအကျော့မှာ ၁-၀ နဲ့ အနိုင်ရထားတဲ့ မက်ဒရစ် အခြေစိုက် အသင်းမှာ ပြီးခဲ့တဲ့ ဆီးဗီးလာနဲ့ပွဲအတွင်း ဒဏ်ရာရခဲ့တဲ့ တိုက်စစ်မှူး မိုရာတာ အခြေအနေ ကောင်းနေပါတယ်။ သူဟာ လီဗာပူးကို လာရောက်မယ့် တီကိုအသင်းရဲ့ အသင်းသားအဖြစ် ပါဝင်လာမှာဖြစ်ပြီး ပွဲထွက်ကစားပေးနိုင်ဖို့ကိုတောင် မျှော်လင့်ထားနိုင်တယ်လို့ သိရတယ်။ ဆီးဗီးလာပွဲမှာပဲ ကြွက်သားဒဏ်ရာမျိုး ရှိထားခဲ့တဲ့ လိုဒီဟာလည်း ကလပ်အသင်းနဲ့… Continue Reading →

သူ့အတွက် အိပ်မက်ဆိုးက ဗန်ဒိုက်လို့ ထုတ်ဖော် ပြောဆိုလိုက်တဲ့ ဒေါ့မွန်ကြယ်ပွင့် ဟာလန်

ဒေါ့မွန်အသင်းမှာ တောက်ပနေတဲ့ ဆယ်ကျော်သက် တိုက်စစ်သမားလေး ဟာလန်က အိပ်မက်ဆိုးအဖြစ် ရင်ဆိုင်ရခက်ခဲတဲ့ ခံစစ်သမားအဖြစ် လီဗာပူးခံစစ်သမား ဗန်ဒိုက်ကို ညွှန်းဆိုသွားပါတယ်။ ဆဲလ်ဘတ်ကနေ ဒေါ့မွန်ကို ပြောင်းရွှေ့ခဲ့တဲ့ ဟာလန်ဟာ ချန်ပီယံလိဂ်မှာ စတင်တောက်ပလာခဲ့သူဖြစ်တယ်။ သူ့ရဲ့ သွင်းဂိုး ရယူနိုင်စွမ်း မြင့်မားမှုကြောင့် ခံစစ်သမားတွေအတွက် ခက်ခဲတဲ့ ပြိုင်ဘက် ဖြစ်လာခဲ့ပေမယ့် ဟာလန်ကိုယ်တိုင်ကလည်း သူ ရင်ဆိုင်ဖို့ စိတ်ပျက်ရတဲ့ ခံစစ်သမားနာမည်ကို အမေးခံရစဉ်မှာ အခုလို ပြန်ဖြေခဲ့ပါတယ်။ အသက် ၁၉ နှစ်အရွယ် တိုက်စစ်မှူးက ” ဗန်ဒိုက်ပါ။ ဗန်ဒိုက်က… Continue Reading →

လီဗာပူးနဲ့ တီကိုပွဲမှာ ဘယ်အသင်း ကွာတားအဆင့်ကို တက်နိုင်မလဲ မိုင်ကယ်အိုဝင် သုံးသပ်ခန့်မှန်း

ဒီအပတ်မှာတော့ လီဗာပူးဟာ ချန်ပီယံလိဂ်ပြိုင်ဘက် အက်သလက်တီကို မက်ဒရစ်ကို အန်ဖီးကွင်းမှာ ယှဉ်ပြိုင်ကစားပြီး ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်ဖို့ ကြိုးစားရမှာပါ။ ပထမအကျော့ကို ၁-၀ နဲ့ အရေးနိမ့်ခဲ့တာကြောင့် အိမ်ကွင်းပွဲမှာ ၂ ဂိုးပြတ် အနိုင်ရဖို့ လိုအပ်နေသလို အနည်းဆုံး ၁ ဂိုးသွင်းကာ ပြိုင်ဘက်ကို ဂိုးမပေးရဖို့ လိုအပ်နေတာဖြစ်တယ်။ မန်နေဂျာယာဂင်ကလော့ပ်ဟာ လီဗာပူးအသင်းကို ကိုင်တွယ်တဲ့ ကာလတစ်လျှောက်မှာ မည်သည့် ဥရောပပွဲကိုမဆို နှစ်ကျော့ပိုင်း ရလဒ်မှာ အရံှူးမရှိပဲ ဗိုလ်လုပွဲကို ၃ ကြိမ် တိုင်တိုင် တက်ရောက်ထားနိုင်တာဖြစ်တယ်။ ပထမအကျော့မှာ… Continue Reading →

တီကိုပွဲကြို ထူးခြားအခြေအနေ၊ ချန်ပီယံဘုတ်၊ အောင်ပွဲခံမှု ရက်စွဲနဲ့ လီဗာပူး နံနက်ခင်းသတင်းများ

ရော်ဘတ်ဆန် “ ကလပ်ဟာ နှစ်ပေါင်း ၃၀ လောက် ခံစားခဲ့ရတယ်။ လီဗာပူးကို ထိပ်ဆုံးအဆင့်တွေထံ ပြန်ရောက်စေချင်ပါတယ်။ ဒါက ကျနေ်ာတို့ရဲ့ ရည်မှန်းချက်ဖြစ်ပြီး ကျနော်တို့က အရမ်းကို ရင်းနှီးကြတဲ့ အစုအဖွဲ့ဖြစ်တာကြောင့် အမှတ်ပေးဖလားကို အတူတကွ အောင်ပွဲခံတာထက် ပိုကောင်းမှာ မရှိတော့ပါဘူး။ ” လို့ဆိုပါတယ်။ ယူနိုက်တက်မန်နေဂျာဆိုးရှားက သူ့အသင်းဟာ လီဗာပူးအသင်းကို ယှဉ်ပြိုင်နိုင်ပြီလို့ ယုံကြည်နေကြောင်း မန်စီးတီးကို အနိုင်ယူအပြီးမှာ ထုတ်ပြောသွားပါတယ်။ အီတလီမှာ ပြည်တွင်းအားကစားပွဲတွေ အားလုံးကို သုံးရက် ရပ်နားဖို့ အာဏာပိုင်တွေက အမိန့်ချလိုက်ပါပြီ။ ကွင်းပိတ်ကန်နေပေမယ့်… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!