Month

May 2020

ချန်ပီယံလိဂ်က ထွက်ခဲ့ရပေမယ့် နောက်ထပ် ၁၂ လထိ ဥရောပချန်ပီယံ ဆက်ဖြစ်နိုင်တဲ့ လီဗာပူး

ကိုရိုနာကပ်ဘေး မတိုင်ခင် နောက်ဆုံးကစားခဲ့တဲ့ ပွဲအဖြစ် ချန်ပီယံလိဂ် ၁၆ သင်းအဆင့်မှာ လီဗာပူးက အက်သလက်တီကို မက်ဒရစ်ကိုအရေးနိမ့်ပြီး ထွက်ခွာခဲ့ရပေမယ့် ဥရောပဘောလုံးလိဂ် ရှေ့ဆက်ရေး ခက်ခဲမှုကြောင့် နောက်ထပ် ၁၂ လထိ လီဗာပူးကို ချန်ပီယ့အဖြစ် နာမည်စာရင်း သွင်းထားဖွယ် ရှိနေပါတယ်။ ဥရောပလိဂ်တွေဟာ ကိုရိုနာကပ်ဘေးကြားမှာ သက်ဆိုင်ရာ ဘောလုံးလိဂ်တွေကို ပြန်လည် စတင်ပြီး အမှတ်ပေးပွဲတွေ ပြန်ကစားလာကြပါပြီ။ ဘယ်ဂျီယံက လိဂ်ပွဲ တစ်ပွဲပဲ ကစားဖို့ လိုချိန်မှာ ရာသီသိမ်းလိုက်ပြီး နယ်သာလန်နဲ့ ပြင်သစ်လိဂ်တွေ ပယ်ဖျယ်လိုက်တာကလွဲလို့ ကျန်လိဂ်တွေကတော့… Continue Reading →

စနေနေ့ နောက်ဆုံးရ လီဗာပူးအသင်း ထူးခြားသတင်းတိုများ

လီဗာပူးအသင်းက ရဲအဖွဲ့တွေ တောင်းဆိုထားတဲ့ အရေးပါတဲ့ အိမ်ကွင်း အချို့နဲ့ အဝေးကွင်းပွဲ အချို့တွေကို ကြားကွင်းမှာ သွားကစားပေးဖို့ကို လိုက်လျောပေးမယ့်သဘောကို ကြေညာချက် ထုတ်ပြန်လိုက်ပြီး ဖြစ်လာနိုင်တဲ့ အကျိုးဆက်တွေနဲ့ ပက်သက်ပြီး သက်ဆိုင်ရာတွေနဲ့ ဆွေးနွေးမှု ဆက်လုပ်မှာ ဖြစ်ပါတယ်။ ဒီနေ့ဟာ လီဗာပူးအသင်းခေါင်းဆောင်ဟောင်း စတီဗင်ဂျရတ်ရဲ့ မွေးနေ့ ဖြစ်တာကြောင့် လီဗာပူးအသင်းရဲ့ မဲလ်ဝုဒ်ထရိန်နင် ကွင်းမှာတော့ လီဗာပူးအသင်းသားတွေနဲ့ နည်းပြ အဖွဲ့ဝင်တွေက ဂျရတ်အတွက် မွေးနေ့ဆုတောင်း သီချင်း သံပြိုင်သီဆိုကာ ဂုဏ်ပြုခဲ့ကြပါတယ်။ ပီအက်စ်ဂျီ ကြယ်ပွင့် ကစားသမား အမ်ဘတ်ပီဟာ… Continue Reading →

မထင်မှတ်စွာပဲ လီဗာပူးက ဖာဘင်ညိုကို ခပ်မြန်မြန် ခေါ်ယူဖို့ ကြိုးစားခဲ့ရခြင်း အကြောင်းရင်း

လီဗာပူး ပရိသတ် ချန်နယ်တစ်ခုမှာ သုံးသပ်ဆွေးနွေးမှု ဝင်လုပ်ပေးစဉ် သတင်းထောက် ဂျိုစ် ဝီလီယမ်က ၂၀၁၈ ခုနှစ်တုန်းက ဖာဘင်ညိုကို လီဗာပူးအသင်း ခေါ်ယူခဲ့တဲ့ အနေအထားကို သုံးသပ်ပြခဲ့ပါတယ်။ ကိဗ်မှာ ရီးရဲလ်မက်ဒရစ်ကို အရေးနိမ့်ပြီး ရက်ပိုင်းအကြာမှာပဲ လီဗာပူးက ဖာဘင်ညိုကို ပေါင် ၃၈ သန်းနဲ့ ခေါ်ယူနိုင်ကြောင်း အတည်ပြုခဲ့တာပါ။ တစ်ဘက်မှာတော့ ကွင်းလယ်လူ ချန်က ဂျူဗင်တပ်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခဲ့တာဖြစ်တယ်။ ကလော့ပ်က သူ့ရဲ့ အသင်းမှာ အမြင့်ဘောကောင်းတဲ့ နံပါတ် ၆ သမားကို အလိုရှိတာကြောင့်… Continue Reading →

အိုင်စတိုင်း လော့ဂျစ်အတိုင်း ပြန်လည်စတင်ထားတဲ့ လီဗာပူး လေ့ကျင့်ရေး အစီအစဉ်

လီဗာပူးအသင်းက လေ့ကျင့်ရေးတွေ စတင်ရာမှာ ဘယ်လိုတွေများ လေ့ကျင့်နေသလဲ ဖြေးဖြေးချင်း စနေတာလား၊ အသင်းသားတွေကကော အဆင်သင့်ဖြစ်နေကြပြီလား။ မန်နေဂျာယာဂင်ကလော့ပ်ရဲ့ လက်ထောက်ဖြစ်သူ ပပ်လင်ဒါးကတော့ လီဗာပူးအသင်းရဲ့ လေ့ကျင့်ရေးဟာ ပြင်းပြစွာ အာရုံစူးစိုက်မှုနဲ့အတူ အမြင့်ဆုံးသော လေ့ကျင့်မှု ပုံစံတွေဖြင့်ပဲ ပြန်လည် စတင်ထားတယ်လို့ ဆိုပါတယ်။ ပပ်က ပြောရာမှာ ” ကျနေ်ာတို့မှာ ပြင်းထန်တဲ့ လေ့ကျင့်ရေးတွေ ရှိတယ်။ ကျနေ်ာတို့ရဲ့ ကိုယ်ပိုင် အမှတ်လက္ခဏာက ပြင်းပြခြင်းပဲ။ ကျနေ်ာတို့ရဲ့ ကိုယ်ပိုင် လက္ခဏာက ကြိုတင်ခန့်မှန်းနိုင်ဖို့ မလလွယ်ပါဘူး။ ဒါက အသင်း… Continue Reading →

လီဗာပူးလူငယ်ကြယ်ပွင့် လေးဦးရဲ့ အနာဂတ်နဲ့ သက်ဆိုင်တဲ့ သတင်းသစ်များ

လီဗာပူးအသင်းဟာ စီနီယာအသင်းအတွက် ကစားသမား ခေါ်ယူရေးအဖြစ် တီမိုဝါနာလို ကစားသမားကို ခေါ်ယူရေးအပြင် စာချုပ်ကုန်မယ့် ကစားသမားတွေကို လက်လွတ်ရမယ့် အရေးတွေ ရှိထားပါတယ်။ နွေမှာတော့ လယ်လာနာ၊ နေသန်ကလိုင်းနဲ့ လိုနာဂန်တို့ကို လက်လွတ်ရမှာဖြစ်ပြီး သူ့တို့နေရာမှာ အစားထိုးစရာ ကိစ္စတွေကို ပြန်လည် စီစဉ်ရမှာပါ။ ဒါ့အပြင် အငှားချထားတဲ့ ကစားသမာတွေရဲ့ အနာဂတ်နဲ့ ပက်သက်ပြီးလည်း လုပ်ဆောင်ရဖို့ ရှိနေပါတယ်။ လီဗာပူးသတင်းထောက် ဂျိမ်းပီရက်စ်က “ ကားတစ်ဂျုံးနဲ့ နီကိုး ဝီလီယမ်တို့ဟာ အဒမ်လယ်လာနာနဲ့ နေသန်ကလိုင်းတို့ ထွက်ခွာသွားတဲ့ နေရာကို တိုက်ရိုက်… Continue Reading →

အဝေးမှာပဲ ရှိနေရပေမယ့် သူမှာ လီဗာပူးအိပ်မက် ရှိထားကြောင်း ဖွင့်ဟသွားတဲ့ ဂရုဂျစ်

ဟာသာဘာလင်အသင်းကို အငှားထွက်ကစားနေတဲ့ လီဗာပူးကွင်းလယ်လူ ဂရုဂျစ်ကတော့ အနာဂတ်မှာ လီဗာပူးအသင်းအတွက် ကစားပေးရဖို့ဆိုတဲ့ အိပ်မက် ရှိနေဆဲပါလို့ ဝန်ခံခဲ့တယ်။ မန်နေဂျာကလော့ပ်ရဲ့ ပထမဆုံးသော ခေါ်ယူမှုအဖြစ် ဆားဘီးယားကလပ် ရတ်စတား ဘဲလ်ဂရိတ်ကနေ ရောက်လာခဲ့တဲ့ ကွင်းလယ်လူဟာ ၂၀၁၇-၂၀၁၈ ဘောလုံးရာသီဝက်မှာ ကာဒစ်အသင်းကို အငှားထွက်စဉ်ကစပြီး အငှားကစားသမားဘဝ ဆက်တိုက် ခြေစွမ်းပြနေသူဖြစ်ပါတယ်။ ဂရုဂျစ်က “ လီဗာပူးအသင်းရဲ့ အငှားချ ကစားသမားတွေဆိုင်ရာ မန်နေဂျာဖြစ်သူ ဂျူလီယန်နဲ့ အဓိက ထိတွေ့ ဆက်ဆံရပါတယ်။ လေ့ကျင့်ရေး၊ ကြံ့ခိုင်ရေးတွေနဲ့ ပက်သက်ပြီး သူက အမြဲတမ်း… Continue Reading →

လူတိုင်းရဲ့ ရင်မှာ ဒါလီဗာပူးအသင်းပဲလို့ မြင်သွားအောင်ထိ အသင်းကို မြင့်တင်ပေးလိုတဲ့ ကလော့ပ်

လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်က သူ့ရဲ့ အကြီးမားဆုံး ရည်မှန်းချက်က လီဗာပူးအသင်းရဲ့ ကစားဟန်ကို စီနီယာအသင်းမှာတင် မဟုတ်ဘဲ သက်တမ်းအလိုက် လူငယ်အသင်းတွေမှာလည်း တူညီစွာ ကစားနိုင်ဖို့လို့ ပြောဆိုခဲ့ပါတယ်။ လီဗာပူးဂျာစီကို ဝတ်ဆင်ကစားလာတဲ့ ကစားသမားတိုင်းက တူညီတဲ့ ကစားဟန်နဲ့ အမူအကျင့်ကို ရှိသူတွေဖြစ်ကြဖို့က ကလော့ပ်ရဲ့ အိပ်မက်ဖြစ်တယ်။ သူကတော့ လီဗာပူးဆိုတာနဲ့တင် ဒီလို ကစားဟန်နဲ့ ထွက်လာလိမ့်မယ်လို့ လူတိုင်း သိမြင်စေလိုပါတယ်။ ကလော့ပ်က ” ငါတို့ ဘယ်လို ကစားချင်သလဲ၊ ဘယ်လို ခံစစ်ကာကွယ်ချင်လဲ၊ ဘယ်နေရာမှာ ခံစစ်ကစားလိုလဲ၊ ဘယ်နေရာကို… Continue Reading →

ကြားကွင်းမှာ ကစားပေးရမယ့်ကိစ္စ လီဗာပူးအသင်းဘက်က တရားဝင် ကြေညာချက်ထုတ်ပြန်

လီဗာပူးအသင်းဟာ မေလ ၂၉ ရက် သောကြာနေ့ပါ ရက်စွဲဖြင့် အောက်ပါ ကြေညာချက်ကို ထုတ်ပြန်လိုက်ပါတယ်။ လီဗာပူးအသင်း၏ တရားဝင် ကြေညာချက် ” ပရီးမီးယားလိဂ်ဟာ ဒီရာသီ ကလပ်တွေရဲ့ အိမ်ကွင်း အဝေးကွင်းပွဲတွေကို ဖြစ်နိုင်သလောက် အပြီးသတ် ကစားစေဖို့ ရည်မှန်းချက် ရှိထားသည်။ လီဗာပူးအသင်း တာဝန်ရှိသူတွေကလည်း ကလပ်အသင်းအတွက် အရဲစွန့်မှု ဖြစ်လာစေမယ့် ကိစ္စတွေနဲ့ ပက်သက်ပြီး ဒေသခံ ရဲအဖွဲ့နဲ့ နိုင်ငံတော်အဆင့် ရဲအဖွဲ့တွေနဲ့ ပူးပေါင်း လုပ်ဆောင်သွားမည်ဖြစ်သည်။ နိုင်ငံတော်အဆင့် ရဲအဖွဲ့ဆိုင်ရာ အကြီးအကဲ ကောင်စီ၊… Continue Reading →

သောကြာနေ့ နောက်ဆုံးရ လီဗာပူးအသင်း ထူးခြားသတင်းတိုများ

ပရီးမီးယားလိဂ်ကို ဇွန်လ ၁၇ ရက်နေ့မှာ ပြန်လည်စတင်ပြီး လီဗာပူးကတော့ မတ်လနောက်ပိုင်း ပထမဆုံးသော ပွဲအဖြစ် အဲဗာတန်နဲ့ ဇွန်လ ၂၀ ရက်နေ့မှာ ယှဉ်ပြိုင်ရမှာဖြစ်တယ်။ ပရီးမီးယားလိဂ် ပြန်လည်စတင်တဲ့အခါ ပွဲချိန်တွေကို သောကြာ ၁ ပွဲ၊ စနေ ၄ ပွဲ၊ တနင်္ဂနွေ ၄ ပွဲ၊ တနင်္လာ ၁ ပွဲနဲ့ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေးနေ့တွေမှာ ၂ ပွဲပုံစံ လာပါမယ်။ မန်နေဂျာ ယာဂင်ကလောပ့်ဟာ လီဗာပူးကို ပြောင်းလာဖို့ နာပိုလီအသင်း… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!