Date

October 7, 2020

ဗုဒ္ဓဟူးနေ့ ညနေခင်းအတွက် နောက်ဆုံးရ လီဗာပူး ထူးခြားသတင်းများ

ဒီကနေ့ ယှဉ်ပြိုင်ကစားတဲ့ အင်္ဂလန် ယူ-၂၁ ပွဲစဉ်မှာ လီဗာပူးကွင်းလယ်လူ ကာတစ်ဂျုံးနဲ့ ခံစစ်မှူး ရိုင်စ် ဝီလီယမ်တို့ဟာ ပွဲထွက်လူစာရင်းကနေ ပါဝင်ခဲ့ပါတယ်။ လီဗာပူးအသင်းခေါင်းဆောင် ဟန်ဒါဆန်က အင်္ဂလန်အသင်းနဲ့ လေ့ကျင့်ရေးမှာ ဒန်နီအင့်နဲ့ ပြန်လည် ဆုံတွေ့ရတာကို ဝမ်းသာနေပြီး ဒီဘဲကို သတိရနေခဲ့တာလို့ တွစ်တာကနေ ထုတ်ဖော်လိုက်ပါတယ်။ ဘောလုံးအသင်းတွေကို လူမှုကွန်ယက်တစ်ခုဖြစ်တဲ့ တွစ်တာမှာ အားပေးကြတဲ့ ပရိသတ်တွေထဲမှာ အယောင်ဆောင် ပရိသတ် အများဆုံး တိုးပွားနေတဲ့ ကလပ်တွေထဲ လီဗာပူးလည်း ပါဝင်လာပါတယ်။ လီဗာပူးအသင်းဟာ နောက်နှစ်နွေမှာ ဂျာမနီကလပ် လိုက်ဇစ်အသင်းမှ… Continue Reading →

တွစ်တာရဲ့ ‘fake Followers’ မြင့်တက်မှု အများဆုံး ကလပ်တွေထဲ ပါဝင်လာတဲ့ လီဗာပူး

ဘောလုံးအသင်းတွေကို လူမှုကွန်ယက်တစ်ခုဖြစ်တဲ့ တွစ်တာမှာ အားပေးကြတဲ့ ပရိသတ်တွေထဲမှာ အယောင်ဆောင် ပရိသတ် အများဆုံး တိုးပွားနေတဲ့ ကလပ်တွေထဲ လီဗာပူးလည်း ပါဝင်လာပါတယ်။ ဆုဖလားတွေ အောင်မြင်လာမှုနဲ့အတူ လီဗာပူးအသင်းမှာ Fake followers 43.10% ထိ တိုးပွား မြင့်တက်လာခဲ့တယ်။ တကယ်မရှိပါဘဲ အကောင့်တုတွေ မြင့်တက်မှုမှာ စီးရီးအေကလပ်တွေက အများဆုံးဖြစ်ကာ အင်္ဂလန်မှာတော့ လီဗာပူး၊ ချယ်ဆီး၊ မန်စီးတီး တို့က Fake followers တိုးပွားမှု အများဆုံးဖြစ်တယ်လို့ သိရတယ်။ ဥရောပရဲ့ အမြင့်ဆုံးတွေအဖြစ်တော့ အေဂျက်၊ ရိုးမား၊… Continue Reading →

လီဗာပူးက အူပါမီကာနိုကို ခေါ်ယူလိုတာကြောင့် ဒီနွေမှာ ခံစစ်မှူးသစ် အားမဖြည့်ခဲ့ခြင်း ဖြစ်တယ်

လီဗာပူးအသင်းဟာ ဂျာမနီကလပ် လိုက်ဇစ်အသင်းမှ ပြင်သစ်သား ခံစစ်မှူး အူပါမီကာနိုကို ခေါ်ယူလိုကြောင်း ဂျာမနီသတင်းဌာန Sport Bild က ဖော်ပြပါတယ်။ ဒီနွေမှာ လိုဗရန်ကို လက်လွတ်ရတဲ့နောက် လီဗာပူးဟာ ဈေးကွက်ပိတ်ချိန်ထိ ခံစစ်သမားသစ် ခေါ်ယူနိုင်ခဲ့ခြင်း မရှိပါဘူး။ ကလော့ပ်ဟာ အူပါမီကာနိုကို သဘောကျပြီး ကစားသမားရဲ့ စာချုပ်အရကော၊ ပေးချေရမယ့် ပြောင်းရွှေ့ကြေးအရပါ လာမယ့် နွေမှ ခေါ်ယူနိုင်ဖို့ အဆင်ပြေမှာဖြစ်လို့ ခံစစ်မှူးသစ် မရှာခြင်းဆိုတဲ့အသံ စတင်ထွက်ပေါ်လာခဲ့တယ်။ ပြင်သစ်သား ခံစစ်မှူးကို ခေါ်ယူဖို့ မန်စီးတီး၊ ယူနိုက်တက်၊ အာဆင်နယ်တို့ကလည်း… Continue Reading →

အန်းဖီးကွင်းမှာ အသင်းသားတွေကို အင်အားဖြစ်စေတဲ့ ပရိသတ်တွေကို လွမ်းလှကြောင်း ဗန်ဒိုက် ဖွင့်ဟ

ဗန်ဒိုက်က BBC ရဲ့ ‘No Passion No Point’ ပရိုဂရမ်မှာ အန်ဖီးကွင်းမှာ အသင်းကို အမြဲတမ်း အားပေးနေကြတဲ့ ပရိသတ်တွေကို လွမ်းမိကြောင်း ဖွင့်ဟသွားပါတယ်။ ဗန်ဒိုက်က ” ပွဲတွေအတွင်းမှာ ခက်ခဲတဲ့ အချိန်မှာကော ကောင်းမွန်တဲ့ အချိန်မှာပါ ပရိသတ်တွေက ပါဝင်ပက်သက်ပေးနိုင်ကြပါတယ်။ ကိုယ်က ဂိုးတွေ ပေးထားရချိန်မှာ အသင်းတိုးတက်လာဖို့ ပရိသတ်တွေက မတင်ပေးနိုင်စွမ်း ရှိသလို ကိုယ်က ဂိုးတွေ သွင်းထားချိန်မှာလည်း ပြိုင်ဘက်တွေကို အဝေးကို ရောက်သွားစေဖို့ ပရိသတ်တွေကပဲ ဖိအားပေးနိုင်တယ်။ အသင်းတိုင်းအတွက်… Continue Reading →

ဆန်ချိုက ယူနိုက်တက်ထက် လီဗာပူးကိုပဲ ရောက်နိုင်ကြောင်း ဗြိတိန်နာမည်ကြီး သတင်းစာ ဖော်ပြ

ဗြိတိန်သတင်းစာ the Independent ရဲ့ ဘောလုံးဆိုင်ရာ အကြီးအကဲ Miguel Delaney က ဆန်ချိုဟာ ယူနိုက်တက်ထက် လီဗာပူးနဲ့ ဘိုင်ယန်ကိုပဲ ရောက်လိမ့်မယ်လို့ ထုတ်ဖော်လိုက်ပါတယ်။ အသက် ၂၁ နှစ်အရွယ် တိုက်စစ်သမားကို ဒီနွေမှာ ခေါ်ယူဖို့ ယူနိုက်တက်က ကြိုးစားခဲ့ပေမယ့် ကစားသမားရဲ့ ပြောင်းရွှေ့ကြေးနဲ့ လုပ်အားခတွေကို အမှန်တကယ် ပေးဖို့ကိုတော့ တွန့်ဆုတ်ခဲ့တယ်။ ဆန်ချိုအတွက် ပြောင်းရွှေ့ကြေးနဲ့ လုပ်ခတွေအပါ သူ့ရဲ့ ၅ နှစ်သာ စာချုပ်ဟာ ပေါင် ၂၂၇ သန်း ထိ… Continue Reading →

ဘာစီလိုနာနဲ့ အပြောင်းအရွှေ့ ကိစ္စတွေအကြောင်းကို ဝိုက်နယ်ဒမ် ထုတ်ပြော

နယ်သာလန်အသင်းကို လက်ရွေးစင်တာဝန်အတွက် သွားရောက် ပူးပေါင်းနေတဲ့ ဝိုက်နယ်ဒမ်က ဒီနွေဈေးကွက်တုန်းက ဘာစီလိုနာနဲ့ အပြောင်းအရွှေ့ သတင်းထွက်မှုတွေနဲ့ ပက်သက်လို့ ထုတ်ပြောမှု လုပ်ခဲ့ပါတယ်။ ဘာစီလိုနာကိုတော့ နယ်သာလန် လက်ရွေးစင် မန်နေဂျာဟောင်း ရော်နယ်ကိုးမန်းက တာဝန်ယူနေတာပါ။ ကိုးမန်းဟာ ဘာစီလိုနာအတွက် ဝိုက်နယ်ဒမ်ကို ခေါ်ယူလိုခဲ့ပြီး ကစားသမားကလည်း လီဗာပူးအသင်းနဲ့ စာချုပ် နောက်ဆုံးနှစ်ကို ရောက်နေပြီဖြစ်ကာ သက်တမ်းတိုးဖို့အတွက် သဘောတူညီမှု မရသေးပါဘူး။ ဒီအတိုင်းဆိုရင် ဇန်နဝါရီမှာ ဝိုက်နယ်ဒမ်ဟာ အင်္ဂလန်ပြင်ပ ကလပ်တွေနဲ့ ညိနှိုင်းမှုတွေ လုပ်ခွင့်ရမှာဖြစ်ကာ ရာသီကုန်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာမှာပါ။… Continue Reading →

ဂရုဂျစ်ကို မန်စီးတီးရဲ့ ချန်ပီယံလိဒ် ပြိုင်ဘက်အသင်းထံ အချိန်မှီ အငှားချခဲ့တဲ့ လီဗာပူး

လီဗာပူးအသင်းဟာ ကွင်းလယ်လူ ဂရုဂျစ်ကို ပေါ်တူဂီကလပ် ပေါ်တိုအသင်းထံ တစ်ရာသီ အငှားစာချုပ်ဖြင့် စေလွှတ်ခဲ့တယ်လို့ လီဗာပူးသတင်းထောက် James Pearce က အတည်ပြုပါတယ်။ အသက် ၂၄ နှစ်အရွယ် ကွင်းလယ်လူကို အပြီးသတ် ခေါ်ယူခွင့်မပါတဲ့ စာချုပ်ဖြင့် အငှား ပို့ခဲ့တာပါ။ လီဗာပူးအသင်းဟာ non-homegrown ကစားသမား ၁၈ ဦးထိ ရှိနေတာကြောင့် ဂရုဂျစ်ကို ယူ-၂၃ အသင်းထံ ပို့ရမယ်လို့ သိထားရပေမယ့် အသင်းက တိုးတိုးတိတ်တိတ်ပဲ လှုပ်ရှားသွားခဲ့တာ ဖြစ်ပါတယ်။ ဆားဘီးယားအသင်းရဲ့ နော်ဝေ၊ ဟန်ဂေရီနဲ့… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!