ဗန်ဒိုက်က BBC ရဲ့ ‘No Passion No Point’ ပရိုဂရမ်မှာ အန်ဖီးကွင်းမှာ အသင်းကို အမြဲတမ်း အားပေးနေကြတဲ့ ပရိသတ်တွေကို လွမ်းမိကြောင်း ဖွင့်ဟသွားပါတယ်။

ဗန်ဒိုက်က ” ပွဲတွေအတွင်းမှာ ခက်ခဲတဲ့ အချိန်မှာကော ကောင်းမွန်တဲ့ အချိန်မှာပါ ပရိသတ်တွေက ပါဝင်ပက်သက်ပေးနိုင်ကြပါတယ်။ ကိုယ်က ဂိုးတွေ ပေးထားရချိန်မှာ အသင်းတိုးတက်လာဖို့ ပရိသတ်တွေက မတင်ပေးနိုင်စွမ်း ရှိသလို ကိုယ်က ဂိုးတွေ သွင်းထားချိန်မှာလည်း ပြိုင်ဘက်တွေကို အဝေးကို ရောက်သွားစေဖို့ ပရိသတ်တွေကပဲ ဖိအားပေးနိုင်တယ်။

အသင်းတိုင်းအတွက် ဒါက အတူတူပါပဲ။ ဒါပေမယ့် ကျနေ်ာတို့ အတွက်ကတော့ ပရိသတ်တွေ နောက်မှာရှိနေခြင်းနဲ့အတူ အန်ဖီးဟာ ရင်ဆိုင်ကစားဖို့ ဘယ်လောက်တောင် ခက်ခဲတဲ့ နေရာလဲဆိုတာကို လူတိုင်း သိကြပါတယ်။ အမြန်ဆုံး ကွင်းထဲကို ပရိသတ်တွေ ပြန်ဝင်ခွင့်ရဖို့ မျှော်လင့်ပါတယ်။ ကျနေ်ာတို့အတွက် ပရိသတ်တွေရှိနေဖို့ လိုပါတယ်။

အိမ်ကွင်းမှာ ပရိသတ်တွေက ကိုယ်ရဲ့ စွမ်းဆောင်ရည်ကို မြင့်တင်ပေးနိုင်သလို အဝေးကွင်းမှာ ပြိုင်ဘက် ပရိသတ်တွေကို နောက်ကျောထားပြီး ကစားရတာကိုလည်း ကျနော် သဘောကျပါတယ်။ ပိုကောင်းလာဖို့အတွက် လုံ့ဆော်မှုလည်း ဖြစ်စေတယ်။

ကွင်းထဲမှာ ပရိသတ်တွေနဲ့အတူ ယှဉ်ပြိုင်ကစားရတာက ကျနော် အရမ်း ပျော်ရွှင်တဲ့ ကိစ္စဖြစ်သလို သူတို့ကို အရမ်းလည်း လွမ်းမိပါတယ် ” လို့ ဖွင့်ဟခဲ့တာဖြစ်တယ်။

အစတုန်းက အင်္ဂလန်မှာ အောက်တိုဘာလ ၁ ရက်နေ့ကျရင် ပရိသတ်တွေကို ကွင်းထဲ ပြန်ဝင်ခွင့်ပေးမယ်လို့ ကြေညာခဲ့တယ်။ သို့သော်လည်း အခြေအနေတွေ ပြန်ဆိုးလာတဲ့နောက် ကွင်းထဲ ပရိသတ်တွေ ဝင်ကြည့်ခွင်ကို ခွင့်ပြုဖို့ နောက်ဆုတ်သွားခဲ့ပြန်တာ ဖြစ်ပါတယ်။

ZAWGYI

ဗန္ဒိုက္က BBC ရဲ႕ ‘No Passion No Point’ ပရိုဂရမ္မွာ အန္ဖီးကြင္းမွာ အသင္းကို အျမဲတမ္း အားေပးေနၾကတဲ့ ပရိသတ္ေတြကို လြမ္းမိေၾကာင္း ဖြင့္ဟသြားပါတယ္။

ဗန္ဒိုက္က ” ပြဲေတြအတြင္းမွာ ခက္ခဲတဲ့ အခ်ိန္မွာေကာ ေကာင္းမြန္တဲ့ အခ်ိန္မွာပါ ပရိသတ္ေတြက ပါဝင္ပက္သက္ေပးႏုိင္ၾကပါတယ္။ ကိုယ္က ဂိုးေတြ ေပးထားရခ်ိန္မွာ အသင္းတိုးတက္လာဖို႔ ပရိသတ္ေတြက မတင္ေပးႏုိင္စြမ္း ရွိသလို ကိုယ္က ဂိုးေတြ သြင္းထားခ်ိန္မွာလည္း ျပိဳင္ဘက္ေတြကို အေဝးကို ေရာက္သြားေစဖို႔ ပရိသတ္ေတြကပဲ ဖိအားေပးႏုိင္တယ္။

အသင္းတိုင္းအတြက္ ဒါက အတူတူပါပဲ။ ဒါေပမယ့္ က်ေန္ာတို႔ အတြက္ကေတာ့ ပရိသတ္ေတြ ေနာက္မွာရွိေနျခင္းနဲ႔အတူ အန္ဖီးဟာ ရင္ဆုိင္ကစားဖို႔ ဘယ္ေလာက္ေတာင္ ခက္ခဲတဲ့ ေနရာလဲဆိုတာကို လူတိုင္း သိၾကပါတယ္။ အျမန္ဆံုး ကြင္းထဲကို ပရိသတ္ေတြ ျပန္ဝင္ခြင့္ရဖို႔ ေမွ်ာ္လင့္ပါတယ္။ က်ေန္ာတို႔အတြက္ ပရိသတ္ေတြရွိေနဖို႔ လိုပါတယ္။

အိမ္ကြင္းမွာ ပရိသတ္ေတြက ကိုယ္ရဲ႕ စြမ္းေဆာင္ရည္ကို ျမင့္တင္ေပးႏုိင္သလို အေဝးကြင္းမွာ ျပိဳင္ဘက္ ပရိသတ္ေတြကို ေနာက္ေက်ာထားျပီး ကစားရတာကိုလည္း က်ေနာ္ သေဘာက်ပါတယ္။ ပိုေကာင္းလာဖို႔အတြက္ လံု႔ေဆာ္မႈလည္း ျဖစ္ေစတယ္။

ကြင္းထဲမွာ ပရိသတ္ေတြနဲ႔အတူ ယွဥ္ျပိဳင္ကစားရတာက က်ေနာ္ အရမ္း ေပ်ာ္ရႊင္တဲ့ ကိစၥျဖစ္သလို သူတို႔ကို အရမ္းလည္း လြမ္းမိပါတယ္ ” လို႔ ဖြင့္ဟခဲ့တာျဖစ္တယ္။

အစတုန္းက အဂၤလန္မွာ ေအာက္တိုဘာလ ၁ ရက္ေန႔က်ရင္ ပရိသတ္ေတြကို ကြင္းထဲ ျပန္ဝင္ခြင့္ေပးမယ္လို႔ ေၾကညာခဲ့တယ္။ သို႔ေသာ္လည္း အေျခအေနေတြ ျပန္ဆိုးလာတဲ့ေနာက္ ကြင္းထဲ ပရိသတ္ေတြ ဝင္ၾကည့္ခြင္ကို ခြင့္ျပဳဖို႔ ေနာက္ဆုတ္သြားခဲ့ျပန္တာ ျဖစ္ပါတယ္။