Date

November 13, 2020

ရော်ဘန်ဆန်၊ ဖာမင်နို၊ အယ်လီဆန် တို့ရဲ့ အခြေအနေနဲ့ ဒီနေ့ည နောက်ဆုံးရ လီဗာပူးသတင်းများ

ဘရာဇီးအသင်းနဲ့ ပူးပေါင်းနေတ့ အယ်လီဆန်နဲ့ ဖာမင်နိုတို့ ကိုဗစ်စစ်ဆေးရာမှာ ပိုးမတွေ့ဘူးဆိုတဲ့ ရလဒ် ထွက်ပေါ်ခဲ့ကြောင်း သိရပါတယ်။ မနက်ဖြန်မနက်မှာ ယှဉ်ပြိုင်ရမယ့် ဗင်နီဇွဲလားနဲ့ ကမ္ဘာဖလား ခြေစစ်ပွဲမှာ တိုက်စစ်သမား ဖာမင်နို ပွဲထွက်ကစားရမှာဖြစ်ပြီး အရင် နှစ်ပွဲမှာ ဒဏ်ရာကြောင့် မပါနိုင်ခဲ့တဲ့ အယ်လီဆန်ကို အရန်ခုံမှာ ထိုင်ခိုင်မယ်လို့ သတင်းထွက်လာပါတယ်။ ပရီးမီးယားလိဂ် ကွင်းလယ်လူတွေထဲမှာ ဒီရာသီ တိုက်စစ်ကို ဘောလုံးပေးမှု အများဆုံး ကစားသမားတွေထဲမှာ ဟန်ဒါဆန် ပါဝင်နေပြီး ပွဲကစားခွင့်ရချိန်မှာ တိုက်စစ်ကို ဘောလုံးပေးမှု နှုန်းထားမှာတော့ မိနစ် ၉၀… Continue Reading →

ဘရာဇီးအသင်းမှာ ကိုဗစ် ကူးစက်ခံရမှု တွေ့ပေမယ့် မနက်ပွဲမှာ ဖာမင်နို၊ အယ်လီဆန် ပါနိုင်ဖွယ်ရှိ

ဒီမနက်က မီဒီယာတွေ့ဆုံမှုမှာတော့ ဘရာဇီးမန်နေဂျာ တစ်တီက လက်ရွေးစင် ကစားသမား Gabriel Menino မှာ ကိုဗစ်ရှိနေတယ်လို့ အတည်ပြုပါတယ်။ ၎င်းဟာ ကိုဗစ်ရှိကြောင်း ရလဒ် မထွက်ခင်မှာ လေ့ကျင့်ရေးအတွင်း အယ်လီဆန်၊ ဖာမင်နိုတို့ အပါအဝင် စီနီယာအသင်းနဲ့ လေ့ကျင့်ရေးဆင်းခဲ့သေးတယ်လို့ သိရတယ်။ ဒါပေမယ့်လို့ အယ်လီဆန်က အခြေအနေ ကောင်းဟန်ရှိပြီး အင်စတာဂရမ်မှာ အဆင်ပြေကြောင်း ဖော်ပြတဲ့ပုံကို တင်သွားခဲ့သလို ဖာမင်နိုလည်း ပါမယ်ဆိုတာကို တစ်တီက အတည်ပြုခဲ့တယ်။ တစ်တီက ဖာမင်နိုဟာ တိုက်စစ်အတွက် ခြားနားတဲ့ တာဝန် ယူရမှာဖြစ်ပြီး… Continue Reading →

အသေးစားဒဏ်ရာ အကြောင်းပြချက်ဖြင့် လက်ရွေးစင် ၂ ပွဲမှာ ရော်ဘတ်ဆန် အနားရဖွယ်ရှိ

စကော်တလန် ဘယ်အစွန်လူ ရော်ဘတ်ဆန်ဟာ မနက်က ဆားဘီးယားနဲ့ပွဲမှာ မိနစ် ၁၂၀ အပြည့် ကစားခဲ့ပြီး ကြံ့ခိုင်မှုပိုင်းမှာ နည်းနည်း ပြဿနာ ရှိခဲ့ပါတယ်။ အရမ်းကြီးတော့ စိုးရိမ်စရာ မဟုတ်ပေမယ့် စကော်တလန် လက်ရွေးစင်အသင်းက ကစားသမားဘက်ကို ကြည့်ပေးဖို့ လိုမှာဖြစ်တယ်။ စကော်တလန်ရဲ့ လာမယ့် နေးရှင်လိဂ် ပွဲစဉ် ၂ ပွဲမှာ လက်ရှိ စကော်တလန်မန်နေဂျာနဲ့ လီဗာပူး လက်ထောက်နည်းပြဟောင်း စတိဗ်ကလက်က ရော်ဘတ်ဆန်ကို အနားပေးခဲ့မယ်ဆိုရင်တော့ အခြေအနေ ကောင်းမှာဖြစ်တယ်။ ရော်ဘတ်ဆန်ဟာ ပွဲကစားချိန် အကြာကြီး ကစားခဲ့ရတာကြောင့်… Continue Reading →

အားလုံး မှားတယ်ဆိုပြီး သက်သေပြနိုင်ခဲ့တဲ့ ၂၂ နှစ်အတွင်း အညံ့ဆုံးသော အသင်းခေါင်းဆောင်

၁၉၉၈ ခုနှစ်နောက်ပိုင်း လက်ရွေးစင်အဆင့်မှာ မည့်သည့် အဆင့်မြင့် ပြိုင်ပွဲကိုမှ ပါဝင်ထားနိုင်ခြင်း မရှိတဲ့ စကော်တလန်ဟာ ဒီနွေမှာတော့ ၂၀၂၀ ယူရိုပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်ခွင့် ရရှိခဲ့ပြီဖြစ်ပါတယ်။ ၁၉၉၆ ခုနှစ် ယူရိုပြိုင်ပွဲအပြီး ကပ်သီးလွဲချော်မှု၊ စိတ်ပျက်ဖွယ်လွဲချော်မှု အမျိုးမျိုးနဲ့ စကော်တလန်လက်ရွေးစင်အသင်းဟာ ကျဆုံးမှုတွေကို ရင်ဆိုင်ထားရသူပါ။ ဒါပေမယ့်လည်း ဒီမနက်မှာတော့ စကော်တလန်အသင်းဟာ ဆာဘီယာအသင်းကို ပင်နယ်တီနဲ့ အနိုင်ရခဲ့တာကြောင့် ယူရိုပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရခဲ့ပြီ ဖြစ်ပါတယ်။ စကော်တလန်အသင်းဟာ ယူရို ၂၀၂၀ ဝင်ခွင့်ကို ရယူလိုစိတ် ပြင်းပြလာခဲ့သလိုပဲ ၎င်းတို့အသင်းဟာ… Continue Reading →

ခံစစ်အတွက် လီဗာပူး ရည်ရွယ်ထားတဲ့ ကစားသမားစာရင်းကို The Athletic ဖော်ပြ

လီဗာပူးအသင်းဟာ ခံစစ်ပိုင်းကို အင်အားဖြည့်ဖို့ ချိန်ရွယ်မှုတွေ လုပ်ထားပြီး ဆန်ကာတင်စာရင်း တစ်ခုကို ပြုလုပ်ထားကြောင်းကို The Athletic က ဖော်ပြပါတယ်။ လီဗာပူးက အလိုရှိနေသူတွေထဲမှာ ထိပ်ဆုံးက ရှိနေသူက အူပါမီကာနိုဖြစ်တယ်။ ပြင်သစ်သား ခံစစ်သမားကို လာမယ့် နွေမှာ ခေါ်ယူဖို့ အစီအစဉ်ချထားခဲ့ပြီး ပေါင် သန်း ၄၀ ဝန်းကျင်ဖြင့် ခေါ်ယူနိုင်မှာဖြစ်တယ်။ ဒါပေမယ့်လို့ လီဗာပူးအသင်းက ပိုစောစော ချိတ်ဆက်မှုအဖြစ် ဇန်နဝါရီမှာ ခေါ်ယူနိုင်ဖို့ ကြိုးစားဖွယ်ရှိတယ်။ ဘရိုက်တန်အသင်း ခံစစ်သမား ဘမ်ဝိုက်ကိုလည်း လီဗာပူးက ဆန်ကာတင်စာရင်းထဲ… Continue Reading →

ပရီးမီးယားလိဂ်ကို မပြောင်းလာခင်မှာပဲ လူလေးစားခံ မန်နေဂျာဖြစ်နေတဲ့ စတီဗင်ဂျရတ်

ဒီရာသီဟာ စကော့လိဂ်အတွက် အပြောင်းအလဲကြီး ဖြစ်လာနိုင်တဲ့ ဘောလုံးရာသီဖြစ်ပါတယ်။ စကော်တလန်လိဂ်ကို ၉ ရာသီဆက် ချန်ပီယံဖြစ်ထားတဲ့ ဆဲလ်တစ်ရဲ့ လွှမ်းမိုးမှုကို ဖော်ထွက်ပြီး ရိန်းဂျားအသင်းက တောက်ပလာခဲ့ပါပြီ။ ၂၀၁၈ ခုနှစ်က စကော်တလန်ကလပ် ရိန်းဂျားအသင်းကို ကိုင်တွယ်ဖို့ လီဗာပူးလူငယ်အသင်း မန်နေဂျာအဖြစ်က နုတ်ထွက်ပြီး ကူးပြောင်းခဲ့တဲ့ စတီဗင်ဂျရတ်ကို ရိန်းဂျားပရိသတ် ၉၀၀၀ ကျော်က ကွင်းထဲ လာရောက် ကြိုဆိုခဲ့ကြတယ်။ ဒါပေမယ့်လို့ အဲ့တုန်းက ရိန်းဂျားပရိသတ်တွေက အတွေ့အကြုံ မရှိသေးတဲ့ လူငယ်တစ်ယောက်က သူတို့အသင်းကို ကိုင်တွယ်နိုင်မလား သံသယရှိခဲ့တယ်။ စတီဗင်ဂျရတ်… Continue Reading →

လီဗာပူးအတွက် အရေးပါဆုံးဖြစ်လာတဲ့ ကစားသမားကို ချီးကျူးသွားတဲ့ အယ်လီဆန်

လီဗာပူးရဲ့ ဘရာဇီး ကွင်းလယ်လူ ဖာဘင်ညိုဟာ ဒီအပတ် နိုင်ငံတကာသီတင်းပတ်မှာ တံကောက်ကြော ဒဏ်ရာကြောင့် လက်ရွေးစင်တာဝန်တွေကို လွဲချော်ထားပါတယ်။ အသက် ၂၇ နှစ်အရွယ် ကွင်းလယ်လူဟာ ဒီရာသီအကုန်မှာ လီဗာပူးနဲ့ စာချုပ် ၂ နှစ် ကျန်ရှိနေသေးသူဖြစ်တယ်။ သူက စာချုပ်သစ်အတွက် စကားပြောဖို့ အဆင်သင့်ဖြစ်နေတယ်လို့ ထုတ်ပြောထားပြီး ကလပ်ဘက်ကလည်း သူ့ကို သက်တမ်းတိုးဖို့ကို ဗန်ဒိုက်ကို သက်တမ်းတိုးဖို့နည်းတူ ကြိုးစားလာနိုင်ပါတယ်။ တစ်နိုင်ငံတည်း ကစားသမားအတွက် အယ်လီဆန်က ပြောရာမှာ ” ကလပ်အတွက်ကော လက်ရွေးစင်အတွက်ပါ ဖာဘင်ညိုက အရေးပါဆုံး… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!