Date

October 16, 2021

လက်ရှိ ကမ္ဘာအကောင်းဆုံး ကစားသမားက ဆာလာပဲလို့ ကြွေးကြော်လိုက်တဲ့ ယာဂင်

ဝက်ဖို့ဒ်ကို ၅-၀ နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ တောက်ပခဲ့တဲ့နောက် တိုက်စစ်သမားဆာလာဟာ ကမ္ဘာ့အကောင်းဆုံး ကစားသမားဖြစ်တယ်လို့ မန်နေဂျာ ယာဂန်ကလော့ပ်က ချီးကျူးလိုက်ပါတယ်။ အီဂျစ်တိုက်စစ်မှူးဟာ ဝက်ဖို့ဒ်ခံစစ်ကို လိမ်ခေါက်ကျော်ဖြတ်ခဲ့ပြီးနောက် ဘန်ဖိုစတာကို ကျော်လွန်ပြီး ဂိုးပေါက်ထဲ ကန်သွင်းခဲ့သလို ဒီပွဲမှာ မှင်သက်ဖွယ် ဂိုးတစ်ဂိုး ထပ်မံရရှိခဲ့တာပါ။ ဆာလာဟာ ဒီရာသီ လီဗာပူးအတွက် ၁၀ ပွဲမှာ ၁၀ ဂိုး သွင်းယူထားပြီး တစ်ပွဲသာ ဂိုးပေါက်ပျောက်ခဲ့တာ ဖြစ်ပါတယ်။ အသက် ၂၉ နှစ်အရွယ် ကစားသမားရဲ့ စွန့်စားခန်းတွေအရ သူဟာ ခရစ္စတီယာနို… Continue Reading →

ဝက်ဖိုဒ့်နဲ့ပွဲမှာ လီဗာပူးကစားသမားတွေရဲ့ စွမ်းဆောင်ရည်များ (Player Ratings)

ဝက်ဖိုဒ့်နဲ့ပွဲမှာ လီဗာပူးကစားသမားတွေရဲ့ စွမ်းဆောင်ရည်တွေကို အသင်းဖန်ဆိုဒ် TIA က ဖော်ပြမှုတွေ ဖြစ်ပါတယ်။ ကယ်လီဟာ – ၆/၁၀ ဝက်ဖို့ဒ်ဟာ လီဗာပူးခံစစ်ကို မဖြိုခွင်းနိုင်ခဲ့တာနဲ့အတူ ကယ်လီဟာရဲ့ ဒီရာသီ ဒုတိယအကြိမ် ပွဲထွက်မှုက ပွဲကြည့်ပရိသတ်တစ်ယောက်လိုသာ ဖြစ်နေခဲ့ပါတယ်။ သူဟာ ပွဲချိန်တစ်နာရီလောက်အထိ ဘာကာကွယ်မှုမှ မလုပ်ခဲ့ရသလို ပွဲချိန်နှောင်းပိုင်းမှာ ကန်ချက်ကောင်းတစ်ကြိမ်ကို တားဆီးမှုနဲ့ လက်ဖျားဖြင့် ကာကွယ်သွားမှုတွေကတော့ အတော်လေး ကောင်းမွန်ခဲ့ပါတယ်။ ထရန့် – ၉/၁၀ ပထမပိုင်းမှာ ဘောလုံးထိချက် အကြိမ် ၇၀ ရှိခဲ့တဲ့ ညာအစွန်လူထက်… Continue Reading →

မက်ဆီအဆင့်မှာ ရှိနေတဲ့ ဆာလာကို မြင်ခဲ့ရတာပါလို့ အမွှန်းတင် ချီးကျူးသွားတဲ့ ကီယွန်

ဝက်ဖိုဒ့်နဲ့ပွဲမှာ ပြသခဲ့တဲ့ ခြေစွမ်းတွေကြောင့် ဆာလာကို ချီးကျူးသံတွေ မရပ်နိုင်လောက်အောင် ဖြစ်နေကြပြီး အမြင်သားဆုံးကတော့ ဘီဘီစီမှ ဂန်းနားဟောင်းကြီး ကီယွန်ရဲ့ ချီးကျူးမှုဖြစ်ပါတယ်။ BT Sport ရုပ်သံဌာနကနေ သုံးသပ်သူတွေဖြစ်တဲ့ ဂျိုးကိုးနဲ့ အပေါင်းအပါတို့ ဆက်တိုက်ချီးကျူးမှုတွေမှာတော့ ဆာလာဟာ လိဂ်ရဲ့ အကောင်းဆုံး ကစားသမားဆိုတဲ့ အဆင့်မှာ ရှိနေတယ်လို့ ဖြစ်တယ်။ သုံးသပ်သူအချို့ကတော့ အဆိုပါ အမြင်ကို လက်မခံဘဲ ကမ္ဘာအကောင်းဆုံး အဆင့်မှာရှိတယ်လို့ မှတ်ချက်ပေးမှုတွေပါ ထွက်ပေါ်ခဲ့ပါတယ်။ ဆာလာဟာ မာနေး ဂိုးရယူနိုင်ဖို့ ကမ္ဘာအဆင့် ဖန်တီးမှု တစ်ခုကို… Continue Reading →

ဆာလာက ကမ္ဘာအကောင်းဆုံးလားလို့ မေးခွန်းတွေ ထုတ်ကုန်ကြတဲ့ လီဗာပူးရဲ့ ဂိုးပြတ် နိုင်ပွဲ

လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ် ပွဲစဉ် ၈ အဖြစ် ဝက်ဖိုဒ့်ကို အဝေးကွင်း သွားရောက် ရင်ဆိုင်ရာမှာ ဖာမင်နိုရဲ့ သွင်းဂိုး ၃ ဂိုး၊ ဆာလာ၊ မာနေးတို့ရဲ့ သွင်းဂိုးတွေနဲ့အတူ ၅-၀ ဖြင့် အနိုင်ရခဲ့ပြီဖြစ်ပါတယ်။ လီဗာပူးအသင်းဟာ ကွင်းလယ်မှာ မီလ်နာနဲ့ ကိတ်တာကို ဟန်ဒါဆန်နဲ့ တွဲပေးခဲ့ပြီး တိုက်စစ်မှာ ဒီရာသိ ပုံမှန်ပွဲထွက်ခွင့်ရနေတဲ့ ဂျိုတာအစား ဖာမင်နိုကို ထည့်ခဲ့တာကလွဲရင် ကျန်နေရာတွေမှာ အဓိက ကစားသမား အစုံအလင် ထုတ်သုံးခဲ့ပါတယ်။ ပွဲစကတည်းက လီဗာပူးက ဘောလုံးပိုင်ဆိုင်မှုကို ရယူရေး… Continue Reading →

နယူးကာဆယ်ကို ဘာအကြောင်းပြချက်နဲ့ ဝယ်ခွင့်ပေးလဲ ရှင်းပြပေးဖို့ ကလော့ပ် တောင်းဆို

ယာဂင်ကလောပ့်ဟာ ဂုဏ်သိက္ခာရှိ ပရီးမီးယားလိဂ် မန်နေဂျာတစ်ယောက်အဖြစ် မေးခွန်းတစ်ခုကို ထုတ်သွားခဲ့ပါပြီ။ အဲ့တာကတော့ လူအခွင့်အရေး ချိုးဖောက်မှုဆိုင်ရာ ကိစ္စတွေမှာ မှတ်တမ်းဆိုးရှိတဲ့ ပုဂ္ဂိုလ်တွေကို ဘာအကြောင်းပြချက်နဲ့ ပရီးမီးယားလိဂ်ကလပ် နယူးကာဆယ်ကို ဝယ်ယူခွင့် ပေးလိုက်သလဲဆိုတာကို အားလုံးသိအောင် ရှင်းပြပေးဖို့ လိဂ်အကြီးအကဲတွေကို တောင်းဆိုလိုက်တာဖြစ်ပါတယ်။ ဆော်ဒီဟာ လွတ်လပ်စွာ စကားပြောခွင့်၊ ပြင်ပ အလုပ်သမားတွေအပေါ် ဆိုးရွားတဲ့ ဆက်ဆံမှု၊ အမျိုးသမီးတွေကို ဖိနှိပ်ချုပ်ချယ်မှု၊ လိင်မှုရေးရာ ကိစ္စတွေ အစရှိသဖြင့် ကိစ္စများစွာမှာ နာမည်ပျက် ရှိထားတာပါ။ ဒီလို အဖွဲ့တစ်ခုက ကမ္ဘာအကောင်းဆုံး လိဂ်ပြိုင်ပွဲတစ်ခုကို… Continue Reading →

ဒီညနေ ၆ နာရီ ဝက်ဖို့ဒ် v လီဗာပူးပွဲ အတွက် မိုက်ကယ်အိုဝင်ရဲ့ သုံးသပ်ချက်နဲ့ ခန့်မှန်းရလဒ်

လီဗာပူးအသင်းဟာ နိုင်ငံပွဲတွေ အပြီး။ ပရီးမီးယားလိဂ် ပွဲတွေ ပြန်စတင်ချိန်မှာတော့ နည်းပြ အပြောင်းအလဲ လုပ်ထားတဲ့ ဝက်ဖို့ဒ်ကို အဝေးကွင်းမှာ သွားရောက် ယှဉ်ပြိုင်ရမှာပါ။ ဝက်ဖို့ဒ်နဲ့ လီဗာပူးတို့ရဲ့ ပွဲကတော့ အစောပိုင်းပွဲအဖြစ် ဒီနေ့ စနေနေ့ ညနေ ၆ နာရီ၊ ဝက်ဖို့ဒ်တို့ရဲ့ ဗီကာရေ့ချ်ရုဒ် ကွင်းမှာ ယှဉ်ပြိုင် ကစားကြမှာ ဖြစ်ပါတယ်။ ဒီပွဲနဲ့ ပတ်သတ်ပြီး တိုက်စစ်မှုးဟောင်း မိုက်ကယ် အိုဝင်က အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။ ” မန်စီးတီးနဲ့ ၂-၂ သရေကျတဲ့… Continue Reading →

ကွင်းလယ်ပြဿနာတွေကြောင့် Fab Four အတွဲ ပွဲထုတ်လာနိုင်တဲ့ လီဗာပူး ပွဲထွက် လူစာရင်း ခန့်မှန်း

လီဗာပူးအသင်းဟာ ဒီကနေ့ည ၆ နာရီမှာတော့ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဝက်ဖိုဒ့်အသင်းနဲ့ အဝေးကွင်း သွားရောက် ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။ လီဗာပူးကွင်းလယ်လူတွေဖြစ်တဲ့ သီယာဂို၊ ဂျုံး၊ ဖာဘင်ညို၊ အယ်လီးယော့တို့ ပါဝင်နိုင်မှာ မဟုတ်သလို ဂိုးသမား အယ်လီဆန်လည်း ပါဝင်နိုင်ဖို့ မရှိပါဘူး။ ဒီပွဲပြီးရင် အက်သလက်တီကိုနဲ့ ချန်ပီယံလိဂ် အဝေးကွင်းပွဲရှိနေပြီး လာလီဂါကလပ်ဟာ တစ်ပတ်လုံး အနားရထားပဲဖြစ်ပါတယ်။ Liverpool’s XI vs. Watford ဒီပွဲမှာတော့ ဂိုးသမားအဖြစ် ကလယ်ဟာ ပွဲထွက်ခွင့်ရမယ် ယုံကြည်ရတယ်။ ဒီအပတ် လီဗာပူးဝဘ်ဆိုဒ်ဘက်က အခြအနေတွေအရ ဘယ်အစွန်လူ… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!