Category

Local News

အငှားကိုယ်ဝန်ဆောင် အမျိုးသမီးအလိုရှိကြောင်း ကြော်ငြာစာရွက်များ မူဆယ်တွင် လာကပ်ထား

တရုတ်အမျိုးသားများ အတွက် အငှားကိုယ်ဝန်ဆောင် အမျိုးသမီးအလုပ်သမားအလိုရှိ ကြောင်းကြော်ငြာစာရွက်များကို တရုတ်နိုင်ငံနှင့် နယ်စပ်မူဆယ် မြို့ပေါ်ရှိ လူစည်ကားရာနေရာ များတွင် လာကပ်ထား၍ မြို့ခံ များဒေါသထွက်နေပြီး ယင်းစာ ရွက်များကို ဒီဇင်ဘာ ၁၀ ရက် က လိုက်လံဆုတ်ဖြဲခဲ့ကြသည်။ မည်သူက လာကပ်သည် မသိသေးသော အဆိုပါကြော်ငြာ စာရွက်များကို မူဆယ်မြို့လယ် ကောင်ရှိ နာရီစင်ပတ်ဝန်းကျင်နှင့် မြို့ပေါ်ရပ်ကွက်များဖြစ်သော ဟို မွန်ရပ်ကွက်၊ မြောက်ရပ်ကွက်တို့ ရှိ ဓာတ်တိုင်များနှင့် လမ်းဘေးနေ အိမ်အချို့၏ အုတ်နံရံနေရာများ တွင် ကပ်ထားခြင်းဖြစ်သည်။ ‘‘တော်တော်… Continue Reading →

ဟိုတယ်သွား၍ ဆေးကုသပေးရန် ငြင်းဆန်ခဲ့သည့် ငပလီက ဒေါက်တာစုနန္ဒာကျော်ကိစ္စ ပြေလည်သွားကြပြီ

ဟိုတယ်သို့သွား၍ ညွှန်ကြားရေးမှူးချုပ်ကို ဆေးကုသပေးရန် ငြင်းဆန်သည့် ငပလီတိုက်နယ် ဆေးရုံဆရာဝန်ကို စစ်ဆေးမှုမပြုလုပ်တော့ကြောင်း သံတွဲဆေးရုံအုပ် ဒေါက်တာကျော်နိုင်ဝင်းက ပြောကြားသည်။ ‘‘မစစ်ဖြစ်ဘူးဆိုတဲ့ အ ကြောင်းကြားတာတော့ကြားပါ တယ်။ ဘယ်သူကနေညွှန်ကြား တယ်ဆိုတာတော့ ကျွန်တော် လည်း သေချာမသိပါဘူး။ မစစ် ဖြစ်တဲ့အကြောင်းကိုတော့ ကျွန် တော့်ဆီကို အကြောင်းကြားပေး ပါတယ်’’ ဟု ၎င်းကပြောသည်။ အထက်ပါကိစ္စနှင့် ပတ် သက်၍ ရခိုင်ပြည်နယ်ကုသရေး ဦးစီးဌာနကငပလီတိုက်နယ်ဆေး ရုံဆရာဝန်ကို စစ်ဆေးမေးမြန်း ရန် ညွှန်ကြားထားသည့် စာတစ် စောင် နိုဝင်ဘာ ၄… Continue Reading →

သီတင်းကျွတ်မှာ ကန်တော့မခံဘဲ ခြံတံခါးပိတ်ထားခဲ့တဲ့ ဦးကျော်ဟိန်းရဲ့ ခံယူချက်

ဒါရိုက်တာ သားညီက သီတင်းကျွတ်နဲ့ ပတ်သက်ပြီး ဦးကျော်ဟိန်း ပြောခဲ့တဲ့ စကားတစ်ခွန်းကို မှတ်မှတ်ရရနဲ့ ပြန်ပြောပြထား တာတွေ့ရ ပါတယ်။ဒါရိုက်တာ သားညီက သီတင်းကျွတ်နဲ့ ပတ်သက်ပြီး ဦးကျော်ဟိန်း ပြောခဲ့တဲ့ စကားတစ်ခွန်းကို မှတ်မှတ်ရရနဲ့ ပြန်ပြောပြထား တာတွေ့ရ ပါတယ်။ သီတင်းကျွတ်ကာလမှာ ကန်တော့တာနဲ့ ပတ်သက်ပြီး ပြောခဲ့တာပါ။ မင်းသားပေါက်စဘဝတုန်းက သားညီဟာ ဦးကျော်ဟိန်းဆီကို သွားကန်တော့ခဲ့ပါတယ်တဲ့။ ဒါပေမယ့် ဦးကျော်ဟိန်းက ကန်တော့မခံဘဲ ခြံတံခါးပိတ်ထားခဲ့တယ်လို့ ဆိုပါတယ်။ ဦးကျော်ဟိန်းတစ်ယောက် ဘာလို့ တံခါးပိတ်ထားခဲ့ တာလဲဆိုတဲ့အကြောင်းကိုယခုလို ပြောပြခဲ့ပါတယ်။ “သူများတွေနဲ့တွေးခေါ်… Continue Reading →

ဖြိုးမြတ်အောင် ကိုယ်တိုင်ကိုယ်ကျ ဘုရားထီးတင်ခဲ့

မြန်မာအိုင်ဒေါ သီချင်းဆိုပြိုင်ပွဲက ဝင်နာတစ်ယောက်ဖြစ်တဲ့ ဖြိုးမြတ်အောင်က ဟင်္သာတကဘုရားတစ်ဆူကို ကိုယ်တိုင်ကိုယ်ကျ ထီးတင်ခဲ့ပါတယ်။ ပြိုင်ပွဲကာလတည်းက ဘုရားထီးတင်မယ်လို့ ပြောခဲ့ပြီး ပရိတ်သတ်တွေကလည်း ချီးကျူးခဲ့ပြီး မြန်မာပြည်သိန်းတန်က သီချင်းထဲ ထည့်ဆိုခဲ့တဲ့အထိပါပဲ။ ခုတော့ အလှူရှင်များစွာရဲ့ ပါဝင်လှူဒါန်မှူတွေအပါအဝင် ဘုရားကို ကိုယ်တိုင်ကိုယ်က ထီးတင်ကုသိုလ်ယူခဲ့တာကို တွေ့ရပါတယ်။ဖြိုးမြတ်အောင်က မြန်မာအိုင်ဒေါ ပြိုင်ပွဲကာလတစ်လျှောက် အအောင်မြင်ဆုံး၊ ပရိတ်သတ် အားပေးမှု အများဆုံးနဲ့ ကြော်ငြာအများဆုံး ရိုက်ရသူလည်းဖြစ်လာပါတယ်။ We love cele

ဘဏ်မှာ ငွေထုတ်၊ ငွေအပ်ရင် သေချာစစ်ကြဖို့ မယ်လိုဒီက သူ ကြုံတွေ့ခဲ့တာနဲ့ ယှဉ်ပြီး အခုလို သတိပေးလိုက်ပါတယ်နော်

သရုပ်ဆောင် မင်းသမီး မယ်လိုဒီက ဘဏ်မှာငွေအပ်ရင်း ငွေမပြည့်တာကြောင့် ဂွမ်းခဲ့ရတဲ့ သူမရဲ့အဖြစ်အပျက်လေးကို ပရိသတ်တွေအတွက် ဝေမျှပေးထားတာပါ။ ချစ်ပရိသတ်တွေလည်း မယ်လိုဒီလိုအဖြစ်မျိုးနဲ့ မကြုံတွေ့ရစေဖို့ သူမရဲ့အတွေ့အကြုံကို ဖော်ပြပေးလိုက်ပါတယ်နော်။ မယ်လိုဒီရဲ့အဖြစ်အပျက်လေးကတော့ ရယ်ရခက် ငိုရခက်ပါပဲ။ တခြားဘဏ်က ထုတ်လာတဲ့ ငွေထုတ်ကို ဧရာဝတီဘဏ်မှာ သွားအပ်မှ အရွက်ရေလျော့နေတာ သိလိုက်ရတာပါ။ မယ်လိုဒီကတော့ ” တစ်သောင်းတန်အုပ်မှာ တစ်အုပ်ကို ၈၉ရွက်ပဲ ပါတယ် အုပ်ရေများရင် ခိုးတဲ့လူ သူဌေးဖြစ်ပြီ ဒါပေမယ့် သူများတွေမှာ ငွေပြည့်ပြီး ကိုယ်အနုပညာကြေးအုပ်ထဲက လျော့နေတော့ ဒီဘဏ်က အနုပညာရှင်နဲ့… Continue Reading →

Suicide လုပ်တာ မဟုတ်ကြောင်း ဟိန်းမင်းသူ ဖြေရှင်း

လွန်ခဲ့တဲ့ရက်ပိုင်းက facebook အကောင့် ဟက်ခံခဲ့ရပြီး messenger မှာ သူငယ်ချင်းတွေနဲ့ ပြောထားတဲ့ အတွင်းရေးတွေ ပျံ့နှံ့သွားခဲ့ပြီးနောက် လူသိပိုများလာတဲ့ မော်လ်ဒယ်ဟိန်းမင်းသူဟာ ဘာမီတွန်တစ်ဗူးလုံးကို သောက်ပြီး ကို့ယ်ကိုကို သေကြောင်းကြံစည်မှု လုပ်ခဲ့တယ်ဆိုတဲ့ နောက်ဆက်တွဲသတင်းတွေ ထပ်ရှိလာကာ ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး ဟိန်းမင်းသူက ကိုယ့်ကိုကို သေကြောင်းကြံစည်တာမျိုးမဟုတ်ပဲ အကြာကြီး အိပ်ပျော်သွားချင်လို့ အခုလိုသောက်လိုက်ရတာဖြစ်တယ်လို့ Myanmar Celerity နဲ့ အင်တာဗျူး ပြောသွားခဲ့ပါတယ်။ ဟိန်းမင်းသူက “ကိုယ့်ကိုယ်ကို suicide လုပ်တာမဟုတ်ပာဘူးအဓိကကတော့ ကျွန်တော် အိပ်ချင်တာပေါ့နော်… Continue Reading →

ရင်သား ခွဲစိတ်ပြုပြင်မှုလုပ်ဖို့ စတင် စီစဉ်နေတဲ့ နေခြည်ဦး

လူသိများတဲ့ Beauty Blogger နေခြည်ဦးက နောက်နှစ်ထဲမှာ ရင်သား ခွဲစိတ်ပြုပြင်မှုလုပ်ဖို့ စတင်စီစဉ်နေပြီ ဖြစ်ကြောင်း Akhayar နဲ့ အင်တာဗျူးမှာ ဖြေကြားသွားပါတယ်။ နေခြည်ဦးဟာ ပြီးခဲ့တဲ့ ဇူလိုင်လကတင် ကို၇ီးယားနိုင်ငံ ဆိုးလ်မြို့သို့ သွားရောက်ပြီး မျက်နှာကို ပထမဦးဆုံး ပလတ်စတစ်ဆာဂျရီ ပြုလုပ်ခဲ့ပြီးပါပြီ။ ထိုစဉ်ကတော့ နှာခေါင်းနဲ့ မျက်ရစ်တို့ကို ခွဲစိတ် ပြုပြင်ခဲ့တာပါ။ ခွဲစိတ်ပြီးနောက်ပိုင်း ပြောင်းလဲသွားမှုကို သဘောကျ ကျေနပ်ပြီး ကိုယ့်ကိုကိုယ် ယုံကြည်မှုလည်း ပိုရှိလာကြောင်း ပွင့်ပွင့်လင်းလင်း ပြောပြခဲ့ပါတယ်။ နောက်ထပ် ခြေလှမ်းသစ်အနေနဲ့ သေးနေလို့… Continue Reading →

သားတစ်ယောက် နောက်ဆုံးမျက်နှာ ၁၅ မိနစ်ပြည့်အောင် မကြည့်လိုက်ရတဲ့ မင်းသွေးအမေရဲ့ ခံစားချက်

ရုပ်ရှင်သရုပ်ဆောင် မင်းသွေး ဟာ အောက်တိုဘာလ (၃) ရက်နေ့မှာ ရုတ်တရက်ကွယ်လွန်သွားခဲ့ပါတယ်။ မိခင်တစ်ယောက်အနေနဲ့ သားလေးတစ်ယောက် ဆုံးရှုံးသွားလိုက်ရတာကြောင့် ရူးမတတ်ဖြစ်နေပေမယ့် ကြိတ်မှိတ်မြိုသိပ်ထားတဲ့အပြင် သားဖြစ်သူ မျက်နှာကို နောက်ဆုံးအနေနဲ့တောင် ၀အောင် ကြည့်ခွင့်မရလိုက်တဲ့ ရင်တွင်းခံစားချက်တွေကို ခုလိုပဲ ရင်ဖွင့်ပြောပြလာခဲ့ပါတယ်။ “အမေတစ်ယောက်ရဲ့ ခံစားချက်၊ အသုဘချတဲ့နေ့က အကျည်းတန်ရုပ်ဆိုးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အမေတစ်ယောက်က သား တစ်ယောက်ရဲ့နောက်ဆုံး မျက်နှာလေးကို ၁၅ မိနစ်တောင် မကြည့်လိုက်ရဘူး၊ လူတွေတိုးတာ အရီး မခံနိုင်တော့ဘူး၊ သဂြိုဟ်ဖို့ ယူတော့မယ် ဆိုတဲ့ အချိန်မှာ အရီးလမ်းတ၀က်ပဲ… Continue Reading →

ဖေ့ဘုတ်ပေါ်က ခင်တဲ့အမဆီ လိုက်လည်ရာက ဘ၀ပျက်ရသူ မမိုး

(နာမည်လွှဲရေးထားတာကလွဲလို့ ဒီနေ့ပဲဖြစ်သွားတဲ့ဖြစ်ရပ်မှန်ပါ။ လူတိုင်းကို အယုံမလွယ်စေဖို့ ပြန်လည်ကူးယူဖော်ပြ ပေးလိုက်ပါတယ်။) အသိအမတယောက်အိမ်မှာ အတူနေနေတဲ့ ကောင်မလေးတယောက်( နာမည်ကို မိုးလို့ပဲခဏမှတ်ထားကြပါ) မမိုးက သူနဲ့ခင်နေတဲ့ ဖေ့ဘုတ်ပေါ်က မိန်းမတယောက်က ဒလဘက်ကို လာလည်ပါလို့ ပြောလို့ လိုက်လည်ပါသတဲ့။ ဟိုရောက်တော့ ဒလမဟုတ်ပဲ ဆက်ခေါ်သွားတယ်။ သူမှတ်မိတာက ****** ဆိုတဲ့ရွာဆိုင်းပုဒ် ပြီးတော့ နာရီဝက်လောက်ဆက်မောင်းသွားတယ်တဲ့။ အဲ့မှာ အဲ့အမျိုးသမီးရဲ့ အိမ်ရောက်သွားတယ်။ ပြီးတော့ တခုခုစားသောက်ကြမယ်ဆိုပြီး အဲ့မိန်းမကလဲ အရက်သောက်တယ် ။ သူ့အိမ်က သူ့မောင်ထင်ရတဲ့ ယောက်ျားလေးယောက်ကလဲသောက်တယ် ။သူ့ကိုလဲအရက်တွေ တိုက်တယ်… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!