Category

Local News

ခွေးဂေဟာ ပို့ရန် လမ်းဘေးခွေးများကို ဖမ်းနေစဉ် တိရိစ္ဆာန်ချစ်သူများက လုယူခဲ့၍ လုပ်ငန်းရပ်ဆိုင်းလိုက်ရ

ရန်ကုန် ကျောက်တံတားမြို့နယ် အတွင်း ဆောင်ရွက်နေသည့် လမ်းဘေးခွေးများကို ဖမ်းပြီး ခွေးဂေဟာ ပို့သည့် အစီအစဉ်ကို တိရိစ္ဆာန် ချစ်သူများက ဖမ်းထားသည့် ခွေးများကို လုယူခဲ့သည့် အတွက်ကြောင့် ယနေ့တွင် ရပ်နားလိုက်ရကြောင်း ​ကျောက်​တံတားစည်​ပင်​ဥက္ကဌက ပြောကြားခဲ့ပါတယ်။ ဒုတိယမြို့တော်ဝန် စီမံမှုဖြင့် ကျောက်တံတားမြို့နယ်ထဲက လမ်းဘေးခွေးများကို လှိုင်မြို့နယ်သို့ ပို့ဆောင်ရန် ယနေ့ စီစဉ်နေစဉ် တိရိစ္ဆာန် ကာကွယ်ရေးမှဟုဆိုကာ လူတစ်စုက ဖမ်းဆီးသူများကို ပြသနာရှာပြီး ခွေးများ လုယူမှုအား ဒုတိယမြို့တော်ဝန်ထံ တင်ပြထားတယ်လို့ ၄င်းက ဆိုပါတယ်။ “သူတို့ ဖမ်းတာကို… Continue Reading →

စင်ကာပူထက် လျှပ်စစ်မီး အမြန်ပြန်ရအောင် ဆောင်ရွက်ပေးနိုင်ကြောင်း လျှပ်စစ်နှင့်စွမ်းအင် ဒုဝန်ကြီး ပြော

ဧပြီ ၂၉ ရက်တွင်ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုဝန်ကြီး ဒေါက်တာထွန်းနိုင်က လျှပ်စစ်ဓာတ်အားပြတ်တောက်မှုသည် အခြားနိုင်ငံများတွင်လည်းဖြစ်ပေါ်တတ်ပြီး စင်ကာပူနိုင်ငံတွင် လျှပ်စစ်ဓာတ်အားပြတ်တောက်ပါက မြန်မာနိုင်ငံမှာကဲ့သို့ နာရီပိုင်းအတွင်းပြန်မရနိုင်ဘဲ ရက်ပိုင်းအထိကြာမြင့်တတ်ကြောင်း ပြောကြားသည်။ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက်ပုံမှန်အစည်းအဝေးတွင် ကျောက်တံတားမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးထက်က မြန်မာနိုင်ငံ၏လျှပ်စစ်မီးအခြေအနေနှင့် လျှပ်စစ်မီးပြတ်တောက်မှုမရှိစေရန် ၀န်ကြီးဌာန၏စီစဉ်ဆောင်ရွက်ထားမှုများနှင့်ပတ်သက်၍ မေးမြန်းချက်အား ဒုဝန်ကြီး ဒေါက်တာထွန်းနိုင်က ယင်းသို့ ဖြေကြားခဲ့သည်။ လာအို၊ ထိုင်း၊ ကမ္ဘောဒီးယားနိုင်ငံများတွင်လည်း မြန်မာနိုင်ငံကဲ့သို့ လျှပ်စစ်မီးပြဿနာကြုံတွေ့နေရကြောင်း၊ သို့သော် မြန်မာနိုင်ငံထက်လျှပ်စစ်မီးပြတ်တောက်မှု နည်းပါးကြောင်း၊ ထို့ကြောင့် ၀န်ကြီးဌာနအနေဖြင့်… Continue Reading →

ဘင်္ဂလားဒေ့ရှ် ပညာရေးဝက်ဘ်ဆိုက် ၁၀ ခုခန့်ကို မြန်မာဟက်ကာများ ထပ်မံသိမ်းပိုက်

ယနေ့ မတ်လ ၁၅ ရက်အစောပိုင်းက ဘင်္ဂလားဒေ့ရှ် ဝက်ဘ်ဆိုက် ၅၀ ကျော်ခန့်ကို မြန်မာဟက်ကာများက တိုက်ခိုက်ခဲ့ပြီးနောက် ဆက်လက်ပြီး ဘင်္ဂလားဒေ့ရှ်ပညာရေးဝက်ဘ်ဆိုက် ၁၀ ခုခန့်ကို မြန်မာဟက်ကာများက ထပ်မံသိမ်းပိုက်လိုက်သည်။ ယင်းဝက်ဘ်ဆိုက်များကို မြန်မာဟက်ကာများက သိမ်းပိုက်ပြီးနောက် Deface ပြုလုပ်ခဲ့သည်။ မြန်မာဘက်မှ တိုက်ခိုက်မှုများကို အရှိန်မြှင့်လုပ်ဆောင်နေသော်လည်း တစ်ဖက်မှ တုံ့ပြန်တိုက်ခိုက်ခြင်း တစ်စုံတရာပြုလုပ်လာခြင်း မရှိသေးကြောင်း UGMH မြန်မာဟက်ကာအဖွဲ့က The Voice ၏မေးမြန်းမှုကို ဖြေကြားထားသည်။ UGMH က “တစ်ဖက်က တုံ့ပြန်လာတာမျိုးတော့ သိပ်မတွေ့ရသေးပါဘူး။ ဒါပေမယ့်… Continue Reading →

သိန်းပေါင်းများစွာနောက်က ယောဂီဝတ် နန္ဒမာလာ ရှင်းတမ်း

မြန်မာပြည်၏ သမိုင်းမှာ သြချစရာကောင်းလောက်သည့် လူလိမ်များအကြောင်းကို ကြားဖူး ခဲ့ကြသည်။ နှစ်ထပ်ကွမ်းလိမ်၊ သုံးထပ်ကွမ်းလိမ်၊ သိကြားလိမ် စသဖြင့် ဂုဏ်တပ်ရလောက် အောင် အလိမ်တော်သူများရှိခဲ့ကြ သည်။ ဥပမာအနေဖြင့် လူလိမ် မစန်းဌေး၊ လူလိမ်နေဧကဲ့သို့ တစ်နိုင်ငံလုံးမသိသူမရှိ၊ သူ့အ ကြောင်း အတ္ထုပ္ပတ္တိပင်ထုတ်ရ လောက်အောင် တစ်ဖက်သား အပေါ် အလိမ်ပညာပြောင် မြောက်သူများပင်ရှိခဲ့၏ ။ ယခု ဇာတ်လမ်းကတော့ နိုင်ငံကျော်လူလိမ်များနှင့် ရင် ပေါင်တန်းပြီး သမိုင်းပါတွင်နိုင် သည့် ယောဂီဝတ်တစ်ယောက်၏ စိတ်ဝင်စားဖွယ်ဇာတ်လမ်းပင် ဖြစ်သည်။ နာမည်ကျော်အနု ပညာရှင်များ၊… Continue Reading →

ငွေစက္ကူအတုလား အလွယ်တကူစစ်ဆေးနိုင်မည့် အချက်များ

မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥပဒေပုဒ်မ ၁၀၁ အရ “ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ဝေ ထားသော ငွေစက္ကူတစ်မျိုးမျိုးကို အတုမှန်းသိလျက်နှင့် သုံးစွဲခြင်းမပြုရ”ဟု တားမြစ်ထားပြီး တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားရင်တော့ ပုဒ်မ ၁၀၅ အရ ထောင်ဒဏ်၊ ငွေဒဏ် ကျခံရမှာဖြစ်ပါတယ်။ ဒါပေမယ့် အတုမှန်း သိလျက်နှင့် သုံးစွဲခြင်းမပြုခဲ့လျှင်၊ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ထင်ရှားသည်ဟု စီရင်မှုမခံရလျှင်၊ ကျူးလွန်ကြောင်း မတွေ့ရလျှင်၊ မပေါ်ပေါက်ခဲ့လျှင် ပြစ်ဒဏ်မခံရနိုင်ပါကြောင်းကိုလည်း သိရှိထားရန် လိုအပ်မှာဖြစ်ပါတယ်။ သိသာနိုင်မယ့်အချက်များရှိ ============== ဒီနေရာမှာ ငွေစက္ကူအတုကို လက်ဝယ်တွေ့ရှိခြင်းဆိုတဲ့… Continue Reading →

အငှားကိုယ်ဝန်ဆောင် အမျိုးသမီးအလိုရှိကြောင်း ကြော်ငြာစာရွက်များ မူဆယ်တွင် လာကပ်ထား

တရုတ်အမျိုးသားများ အတွက် အငှားကိုယ်ဝန်ဆောင် အမျိုးသမီးအလုပ်သမားအလိုရှိ ကြောင်းကြော်ငြာစာရွက်များကို တရုတ်နိုင်ငံနှင့် နယ်စပ်မူဆယ် မြို့ပေါ်ရှိ လူစည်ကားရာနေရာ များတွင် လာကပ်ထား၍ မြို့ခံ များဒေါသထွက်နေပြီး ယင်းစာ ရွက်များကို ဒီဇင်ဘာ ၁၀ ရက် က လိုက်လံဆုတ်ဖြဲခဲ့ကြသည်။ မည်သူက လာကပ်သည် မသိသေးသော အဆိုပါကြော်ငြာ စာရွက်များကို မူဆယ်မြို့လယ် ကောင်ရှိ နာရီစင်ပတ်ဝန်းကျင်နှင့် မြို့ပေါ်ရပ်ကွက်များဖြစ်သော ဟို မွန်ရပ်ကွက်၊ မြောက်ရပ်ကွက်တို့ ရှိ ဓာတ်တိုင်များနှင့် လမ်းဘေးနေ အိမ်အချို့၏ အုတ်နံရံနေရာများ တွင် ကပ်ထားခြင်းဖြစ်သည်။ ‘‘တော်တော်… Continue Reading →

ဟိုတယ်သွား၍ ဆေးကုသပေးရန် ငြင်းဆန်ခဲ့သည့် ငပလီက ဒေါက်တာစုနန္ဒာကျော်ကိစ္စ ပြေလည်သွားကြပြီ

ဟိုတယ်သို့သွား၍ ညွှန်ကြားရေးမှူးချုပ်ကို ဆေးကုသပေးရန် ငြင်းဆန်သည့် ငပလီတိုက်နယ် ဆေးရုံဆရာဝန်ကို စစ်ဆေးမှုမပြုလုပ်တော့ကြောင်း သံတွဲဆေးရုံအုပ် ဒေါက်တာကျော်နိုင်ဝင်းက ပြောကြားသည်။ ‘‘မစစ်ဖြစ်ဘူးဆိုတဲ့ အ ကြောင်းကြားတာတော့ကြားပါ တယ်။ ဘယ်သူကနေညွှန်ကြား တယ်ဆိုတာတော့ ကျွန်တော် လည်း သေချာမသိပါဘူး။ မစစ် ဖြစ်တဲ့အကြောင်းကိုတော့ ကျွန် တော့်ဆီကို အကြောင်းကြားပေး ပါတယ်’’ ဟု ၎င်းကပြောသည်။ အထက်ပါကိစ္စနှင့် ပတ် သက်၍ ရခိုင်ပြည်နယ်ကုသရေး ဦးစီးဌာနကငပလီတိုက်နယ်ဆေး ရုံဆရာဝန်ကို စစ်ဆေးမေးမြန်း ရန် ညွှန်ကြားထားသည့် စာတစ် စောင် နိုဝင်ဘာ ၄… Continue Reading →

သီတင်းကျွတ်မှာ ကန်တော့မခံဘဲ ခြံတံခါးပိတ်ထားခဲ့တဲ့ ဦးကျော်ဟိန်းရဲ့ ခံယူချက်

ဒါရိုက်တာ သားညီက သီတင်းကျွတ်နဲ့ ပတ်သက်ပြီး ဦးကျော်ဟိန်း ပြောခဲ့တဲ့ စကားတစ်ခွန်းကို မှတ်မှတ်ရရနဲ့ ပြန်ပြောပြထား တာတွေ့ရ ပါတယ်။ဒါရိုက်တာ သားညီက သီတင်းကျွတ်နဲ့ ပတ်သက်ပြီး ဦးကျော်ဟိန်း ပြောခဲ့တဲ့ စကားတစ်ခွန်းကို မှတ်မှတ်ရရနဲ့ ပြန်ပြောပြထား တာတွေ့ရ ပါတယ်။ သီတင်းကျွတ်ကာလမှာ ကန်တော့တာနဲ့ ပတ်သက်ပြီး ပြောခဲ့တာပါ။ မင်းသားပေါက်စဘဝတုန်းက သားညီဟာ ဦးကျော်ဟိန်းဆီကို သွားကန်တော့ခဲ့ပါတယ်တဲ့။ ဒါပေမယ့် ဦးကျော်ဟိန်းက ကန်တော့မခံဘဲ ခြံတံခါးပိတ်ထားခဲ့တယ်လို့ ဆိုပါတယ်။ ဦးကျော်ဟိန်းတစ်ယောက် ဘာလို့ တံခါးပိတ်ထားခဲ့ တာလဲဆိုတဲ့အကြောင်းကိုယခုလို ပြောပြခဲ့ပါတယ်။ “သူများတွေနဲ့တွေးခေါ်… Continue Reading →

ဖြိုးမြတ်အောင် ကိုယ်တိုင်ကိုယ်ကျ ဘုရားထီးတင်ခဲ့

မြန်မာအိုင်ဒေါ သီချင်းဆိုပြိုင်ပွဲက ဝင်နာတစ်ယောက်ဖြစ်တဲ့ ဖြိုးမြတ်အောင်က ဟင်္သာတကဘုရားတစ်ဆူကို ကိုယ်တိုင်ကိုယ်ကျ ထီးတင်ခဲ့ပါတယ်။ ပြိုင်ပွဲကာလတည်းက ဘုရားထီးတင်မယ်လို့ ပြောခဲ့ပြီး ပရိတ်သတ်တွေကလည်း ချီးကျူးခဲ့ပြီး မြန်မာပြည်သိန်းတန်က သီချင်းထဲ ထည့်ဆိုခဲ့တဲ့အထိပါပဲ။ ခုတော့ အလှူရှင်များစွာရဲ့ ပါဝင်လှူဒါန်မှူတွေအပါအဝင် ဘုရားကို ကိုယ်တိုင်ကိုယ်က ထီးတင်ကုသိုလ်ယူခဲ့တာကို တွေ့ရပါတယ်။ဖြိုးမြတ်အောင်က မြန်မာအိုင်ဒေါ ပြိုင်ပွဲကာလတစ်လျှောက် အအောင်မြင်ဆုံး၊ ပရိတ်သတ် အားပေးမှု အများဆုံးနဲ့ ကြော်ငြာအများဆုံး ရိုက်ရသူလည်းဖြစ်လာပါတယ်။ We love cele

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!