Category

Local News

စီးပွားရေးလုပ်ငန်းတွေအပေါ် ရိုက်ခတ်လာတဲ့ ရန်ကုန် လျှပ်စစ်မီး ပြဿနာ

ရန်ကုန်တိုင်း၊ ရန်ကုန်မြို့တွင်း အပါအဝင် မြို့နယ်အားလုံးမှာ နေ့စဉ် လျှပ်စစ်မီး နာရီပိုင်းသာရတော့ပြီး စက်မှုဇုန်များတွင်လည်း လျှပ်စစ်မီးရရှိမှုမှာ တစ်ရက်လျှင် လေးနာရီခန့်သာ ရှိနေသဖြင့် လုပ်ငန်းများ လည်ပတ်ရန်ခက်ခဲလာနေတယ်လို့ သိရသည်။ သင်္ကြန်ကာလပြီးချိန်မှစတင်ကာ ရန်ကုန်မြို့၌ လျှပ်စစ်မီး ပိုမိုပျက်တောက်လာခြင်းဖြစ်ပြီး ယခင်ကာလတွင် တစ်ရက် ၁၅နာရီခန့် ရရှိရာမှ ယခုအခါ တစ်ရက် ရှစ်နာရီခန့်သာ မီးရရှိတော့ကြောင်း သိရသည်။ ထို့ပြင် လျှပ်စစ်မီး အချိန်နည်းပါးစွာရရှိသည့် တောင်ဒဂုံ၊ ရွှေပြည်သာ၊ မြောက်ဥက္ကလာကဲ့သို့ ဆင်ခြေဖုံး မြို့နယ်များတွင်မှု လျှပ်စစ်မီးရရှိမှုဟာ အချိန် ခြောက်နာရီခန့်ပင် မရရှိတော့ဘူးလို့… Continue Reading →

ချောက်မြို့ နံပါတ် ၁ ရောက်နေသလို ကမ္ဘာ့ အပူဆုံး ၁၀ မြို့ စာရင်းထဲ မြန်မာမှ ၅ မြို့ထိ ပါဝင်

ဧပြီ ၂၈ ရက် – ညနေ ၄ နာရီခွဲမှာတော့ ကမ္ဘာ့အပူဆုံး ၁၅ မြို့စာရင်းထဲမှာ မြန်မာနိုင်ငံမှ မြို့ ၅ မြို့ထိ ပါဝင်လာခဲ့ပါပြီ။ ကမ္ဘာ့အပူချိန်နဲ့မိုးရေချိန်တွေကို တိုင်းတာထုတ်ပြန်တဲ့ အယ်ဒိုရာဒို ရာသီဥတု ဝက်ဘ်စာမျက်နှာကနေ ဧပြီ ၂၈ ရက်နေ့မှာတော့ မြန်မာနိုင်ငံ မြို့ ၅ မြို့ဟာ ကမ္ဘာ့အပူဆုံး ထိပ်တန်း ၁၀ မြို့စာရင်းထဲထိ ပါဝင်လာကြောင်း ကြေညာထားပါတယ်။ ကမ္ဘာ့အပူချိန်အမြင့်ဆုံး မြို့တွေထဲမှာ မြန်မာနိုင်ငံ မကွေးတိုင်းက ချောက်မြို့နယ်၊ မကွေးမြို့နယ်၊ မင်းဘူးမြို့နယ်တို့… Continue Reading →

သင်္ကြန်အပြီး တက်သွားတဲ့ စက်သုံးဆီစျေးတွေ ပြန်ကျ

“ဒီတစ်ပတ် စက်သုံးဆီအခြေအနေ” (ဧပြီ ၂၁ မှ ၂၇ ရက်အထိ) ပြီးခဲတဲ့ အပတ်က ဓာတ်ဆီဈေးနှုန်းတွေ တက်ခဲ့ပြီး ဒီဇယ်ဈေးနှုန်းတွေပြန်ကျခဲ့ရာက ဒီတစ်ပတ် စက်သုံးဆီဈေးနှုန်းတွေဟာ အကုန်နီးပါး ဈေးတွေ ကျခဲ့ပါတယ်။ ဒီဇယ် အမျိုးအစားတွေအဖြစ် ရိုးရိုးဒီဇယ်၊ အဆင့်မြင့်ဒီဇယ်နဲ့ ဓာတ်ဆီအမျိုးအစားတွေထဲမှာ 92 အောက်တိန်း အမျိုးအစားကလည်း ဈေးကျခဲ့ပြီး 95 အောက်တိန်းဈေးနှုန်းကသာ တက်လည်းမတက် ကျလည်းမကျခဲ့ဘဲ တန့်နေခဲ့တာကို တွေ့ရပါတယ်။ ရိုးရိုးဒီဇယ် တစ်လီတာကို ၂၄၃၅ ကျပ်မှ ၂၅ ကျပ်နှုန်း ပြန်ကျခဲ့သလို အဆင့်မြင့်ဒီဇယ်… Continue Reading →

စျေးကျပြီး ၂ ရက်အကြာ အမြင့်ဆုံး စျေးတန်းထံ ပြန်ခုန်တက်သွားတဲ့ ယနေ့ မြန်မာရွှေစျေး

ဧပြီလ ၂၅ ရက်၊ ကြာသပတေးနေ့ ညနေ ၅ နာရီ အပိတ်ရွှေစျေးကတော့ ဒီအပတ် တနင်္လာနေ့တုန်းက အဖွင့်စျေးတန်းထံ ပြန်ရောက်သွားခဲ့ပါတယ်။ ကမ္ဘာ့ရွှေဈေးဟာ တအောင်စ ၂၃၂၅ ဒေါ်လာ ဝန်းကျင်မှာရှိနေပြီး အတက်အကျ မကြမ်းလှပါဘူး။ ယခင်ရက်တွေက ၂၄၀၀ စျေးတန်ကနေ ၂၃၀၀ စျေးတန်းထိ ဒေါ်လာ ၁၀၀ ဝန်းကျင် ကျဆင်းခဲ့မှုကနေ အနည်းငယ် ပြန်တက်လာခဲ့ပါတယ်။ ပြည်တွင်း အခေါက်ရွှေ တကျပ်သားဟာ YGEA စျေးသတ်မှတ်ချက် ၃,၉၉၉,၈၀၀ ကျပ်ဖြင့် စျေးပိတ်ခဲ့ပါတယ်။ ပြင်ပဈေးကွက်မှာတော့ ၂… Continue Reading →

နိုင်ငံတစ်ဝန်း မိုးရွာပြီး လေပြင်းတိုက်ခတ်နိုင်ကြောင်း မိုးလေဝသ သတိပေးချက်

ယနေ့ ဧပြီ ၂၅ နေ့ကစပြီး‌ မေလ ၁၅ ရက်နေ့အတွင်း နိုင်ငံတစ်ဝန်း မိုးရွာပြီး လေပြင်းတိုက်ခတ်နိုင်တယ်လို့ မိုးလေဝသ လေ့လာစောင့်ကြည်သူ စုစုစံက ပြောကြားလိုက်ပါတယ်။ စုစုစံက “ အခု ဧပြီလ ၂၅ ရက်နေ့မှ မေလ ၁၅ရက်နေ့အတွင်း မြန်မာနိုင်ငံအနှံအပြားမှာ မိုးကွက်ကျားထစ်ချူန်းရွာနိုင်ပါတယ်။ လျှပ်စီးလက်ခြင်း မိုးခြိမ်းခြင်း မိုးကြိုးပစ်ခြင်း မိုးသီးကြွေခြင်း ရုတ်တရက်လေပြင်းတိုက်ခတ်ခြင်း စတဲ့အန္တရာယ်များရှိပါတယ်” လို့ ဒီကနေ့ ဧပြီ ၂၅ ရက်နေ့က ပြောတာပါ။ မိုး/ဇလက လည်း ဒီကနေ့ ညနေအထိခန့်မှန်းချက်အနေနဲ့… Continue Reading →

ကမ္ဘာ့အပူချိန်အမြင့်ဆုံး ၁၅ မြို့စာရင်းထဲ မြန်မာနိုင်ငံမှ မြို့ ၂ မြို့ ပါဝင်

ကမ္ဘာ့အပူချိန်အမြင့်ဆုံး ၁၅ မြို့ထဲမှာ မြန်မာ ၊ မကွေးတိုင်းက ချောက်မြို့နယ်နဲ့ မန္တလေးတိုင်းက ညောင်ဦးမြို့နယ်တို့ ပါဝင်တယ်လို့ ကမ္ဘာ့အပူချိန်နဲ့မိုးရေချိန်တွေကို တိုင်းတာထုတ်ပြန်တဲ့ အယ်ဒိုရာဒို ရာသီဥတု ဝက်ဘ်စာမျက်နှာကနေ ဧပြီ ၂၄ ရက် မနက်ပိုင်းက ကြေညာထားပါတယ်။ ချောက်မြို့မှာ အပူအချိန် ၄၅ ဒသမ ၉ ဒီဂရီဆဲလ်ဆီးယပ် အထိ မြင့်တက်နေပြီး ကမ္ဘာ့အပူဆုံး နံပါတ် ၃ နေရာမှာ ရောက်‌နေတာဖြစ်ပါတယ်။ ညောင်ဦးကတော့ ၄၄ ဒသမ ၇ ဒီဂရီဆဲလ်ဆီးယပ် အထိ အပူချိန်ရှိနေပြီး… Continue Reading →

သင်္ကြန်အပြီး စျေးတက်လာတဲ့ ဆန်၊ စားအုန်းဆီ၊ စက်သုံးဆီ စျေးနှုန်းများ

ဧပြီ ၂၂-၂၃ ရက်တွင် ဖြစ်ပေါ်ခဲ့သော ဆန်၊ ဆီ၊ စက်သုံးဆီ ဈေးနှုန်းများကို ကြည့်မယ်ဆိုရင် သင်္ကြန်မတိုင်ခင် ကာလကထက် စျေးအနည်းငယ် တက်လာတာကို မြင်တွေ့ရမှာ ဖြစ်ပါသည်။ ပြင်ပဆန်ဈေး ရွှေဘိုပေါ်ဆန်း ၁ အိတ်လျှင် ၁၅၀၀၀၀ ကျပ် ဝန်းကျင်မှ ၁၆၄၀၀၀ ကျပ် (၂၀၀၀ ကျပ်ခန့် ဈေးတက်လာ) ဧရာဝတီပေါ်ဆန်း ၁ အိတ်လျှင် ၁၃၀၀၀၀ ကျပ်မှ ၁၄၈၀၀၀ ကျပ်ကျော် (၃၀၀၀ ကျပ်ခန့် ဈေးတက်လာ) ပေါ်ကျွဲဆန် ၁ အိတ်… Continue Reading →

ကမ္ဘာ့ရွှေစျေး ကျဆင်း၊ သင်္ကြန်ပိတ်ရက်ရှည်အပြီး ပြန်ဖွင့်တဲ့ ပြည်တွင်းရွှေပါ ကျရိပ်ပြလာ

သင်္ကြန်ပိတ်ရက်ရှည်အပြီး ဒီနေ့ ဧပရယ် ၂၂ မှာ ပြန်ဖွင့်တဲ့ YGEA ရဲ့ မနက် ၁၀ နာရီ ပြည်တွင်းရွှေအဖွင့် စျေးနှုန်းကတော့ အခေါက်ရွှေ ၁ ကျပ်သားကို ၃၉၉၉၆၀၀ ကျပ် ဖြစ်ကာ အပိတ်စျေးကတော့ ၃၉၉၉၂၀၀ ကျပ် ဖြစ်ပါတယ်။ ဒီရက်တွေအတွင်း ပြင်ပရွှေဈေးကွက်မှာတော့ အခေါက်ရွှေ တကျပ်သားကို ကျပ်ငွေ ၄၈ သိန်းဝန်းကျင်မှာ ရှိနေခဲ့တာပါ။ တနင်္လာနေ့ မနက်ပိုင်းတုန်းက ပြင်ပရွှေပေါက်စျေးဟာ ၄၈၁၀၀၀၀ ကျပ်ဖြစ်ပြီး နေ့ခင်းပိုင်းမှာ ၄၇၈၀၀၀၀၀ ကျပ်အဖြစ် ကျဆင်းလာပါတယ်။… Continue Reading →

အခြေခံပညာ​ရေးကျောင်းများ၏ အောင်စာရင်း ထွက်မည့်ရက် ကြေညာ

မြန်မာပြည်တစ်ဝန်းရှိ အ​ခြေခံပညာ​ရေးကျောင်းသား၊ ​ကျောင်းသူများ၏ ​အောင်စာရင်းကို ဧပြီ ၂၇ ရက်၊ နံနက် ၆ နာရီတွင် အခြေခံပညာ​ရေး​စာသင်ကျောင်းများ၌ ထုတ်ပြန်​ပေးသွားမည်ဖြစ်​ကြောင်း ပညာ​ရေးဝန်ကြီးဌာနမှ သိရသည်။ “မြန်မာပြည်တစ်ဝန်းက အ​ခြေခံပညာ​ရေးကျောင်းသား၊ ​ကျောင်းသူ​တွေရဲ့ ​အောင်စာရင်းကို ဧပြီ ၂၇ ရက်မှာ အ​ခြေခံပညာ​ရေး စာသင်​ကျောင်း​တွေမှာ သက်ဆိုင်ရာကျောင်းအလိုက် ​အောင်စာရင်းကပ်​ကြေညာပေးမယ်။ အခု​အောင်စာရင်းက KG အတန်းမှ Grade 11 တန်းအထိ ​​ကျောင်းသား၊​ ကျောင်းသူ​တွေ အတွက်​အောင်စာရင်း ထွက်မှာပါ။ Grade 12 မပါ​သေးပါဘူး။” ဟု ပညာ​ရေးဝန်ကြီးဌာနမှ… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!