လွန်ခဲ့တဲ့ရက်ပိုင်းက facebook အကောင့် ဟက်ခံခဲ့ရပြီး messenger မှာ သူငယ်ချင်းတွေနဲ့ ပြောထားတဲ့ အတွင်းရေးတွေ ပျံ့နှံ့သွားခဲ့ပြီးနောက် လူသိပိုများလာတဲ့ မော်လ်ဒယ်ဟိန်းမင်းသူဟာ ဘာမီတွန်တစ်ဗူးလုံးကို သောက်ပြီး ကို့ယ်ကိုကို သေကြောင်းကြံစည်မှု လုပ်ခဲ့တယ်ဆိုတဲ့ နောက်ဆက်တွဲသတင်းတွေ ထပ်ရှိလာကာ ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး ဟိန်းမင်းသူက ကိုယ့်ကိုကို သေကြောင်းကြံစည်တာမျိုးမဟုတ်ပဲ အကြာကြီး အိပ်ပျော်သွားချင်လို့ အခုလိုသောက်လိုက်ရတာဖြစ်တယ်လို့ Myanmar Celerity နဲ့ အင်တာဗျူး ပြောသွားခဲ့ပါတယ်။

ဟိန်းမင်းသူက “ကိုယ့်ကိုယ်ကို suicide လုပ်တာမဟုတ်ပာဘူးအဓိကကတော့ ကျွန်တော် အိပ်ချင်တာပေါ့နော် အကြာကြီး အိပ်သွားရင် ကျွန်တော့်အတွက် ဘာကိုမှ သတိမရတော့ဘူးလေ ပြဿနာတွေ ပြီးသွားတဲ့အချိန်အထိ ကျွန်တော်အိပ်သွားရင် ကျွန်တော်ဘာမှဖြစ်တော့မှာ မဟုတ်ပါဘူး။ အဲ့တာကြောင့် အိပ်ချင်တဲ့သဘောနဲ့ သောက်လိုက်တယ်လို့ပဲ ကျွန်တော်ပြောချင်ပါတယ်။ အကြာကြီးအိပ်သွားရင် ပြဿနာတွေပြီးသွားတဲ့အခါ ကျွန်တော့် လူတွေလည်း မထိခိုက်တော့ဘူး အဲ့အတွက် အိပ်ချင်တဲ့ သဘောနဲ့ပါ။ အမှုဖွင့်လာခဲ့ရင်တော့ ကျွန်တော်ဘက်က အိပ်ချင်တယ်ကျွန်တော် ခဏလောက် အိပ်သွားချင်တယ်လို့ ပြောတဲ့အတွက် ကိုယ်ကို့ကိုသေကြောင်းကြံစည်မှုနဲ့ဆိုတဲ့ အဲ့caseနဲ့တော့ မငြိတော့ဘူးလို့တော့ ထင်တာပါပဲ။”လို့ ပြောဆိုသွားခဲ့ပါတယ်။

ဆက်လက်ပြီး ဟိန်းမင်းသူက “၉ရက်နေ့မှာပေါ့ ကျွန်တော် gym ဆော့တာ ကျွန်တော် heart attack ပုံစံမျိုး ဖြစ်ပြီးတော့ အာရှတော်ဝင် ဆေးရုံကို ရောက်သွားတယ်ပေါ့နော်။ အဲ့နေ့က ကျွန်တော်အလုပ်တွေလည်း အများကြီးလက်ခံထားတယ် အဲ့လို လက်ခံထားတဲ့အပေါ် ကျွန်တော်ဆေးရုံရောက်သွားပြီးတော့ ရုတ်တရက်ကြီးဆိုတော့ အလုပ်တွေပြန်ပြီးတော့ မတောင်းပန်လိုက်ရဘူးဆိုတော့ facebook မှာ ECG ရိုက်နေတဲ့ပုံလေးကိုတင်ပြီးတော့ အလုပ်ရှင်တွေကိုတောင်းပန်လိုက်တယ်။ ဒါပေမဲ့ အဲ့ပုံက ကျွန်တော့်ကိုလူတွေက ဘာထင်သွားလည်းဆိုတော့ attention ရှာတယ်လို့ ထင်သွားကြတယ် အဲ့တာနဲ့ နောက်နေ့ မနက်ကြတော့ ကျွန်တော် ဆေးစာအုပ်နဲ့အတူ တွဲပြီး ပြန်တင်ပေးခဲ့ပါတယ်။ အဲ့နေ့ညမှာအိမ်မှာ ကျွန်တော် အသက်ရှုရနည်းနည်းကျပ်နေတယ် ဒါပေမဲ့ ဘယ်လိုပြောရမလဲ အရမ်းနေမကောင်းတာတော့ မဟုတ်ဘူးပေါ့နော် နောက်နေ့ မနက်ကျွန်တော်ထလာတဲ့အချိန်မှာ ကျွန်တော့်အကောင့် hackခံလိုက်ရတယ်ပေါ့နော် ကျွန်တော် hack လိုက်ရတော့ ပြန်ပြီးတော့ recoveryပြန်လုပ်ဖို့ လုပ်သေးတယ် မရတော့ဘူးဗျ link က expireဖြစ်သွားတယ် ကျွန်တော် hacker တွေကိုလည်း အကူအညီတောင်းတယ် ပြန်ယူပေးဖို့ သူတို့ကလည်း ပြန်ယူဖို့မလွယ်ဘူးလို့ ပြောတယ်။

အဲ့တာနဲ့ ကျွန်တော့်အကောင့်ကို hackထားတဲ့ hacker ကို တိုက်ရိုက်ဆက်သွယ်ပါတယ်။ ကျွန်တော်က မေးတယ် အကို ဘာလိုချင်တာလဲ ကျွန်တော့်ကိုပြော ကျွန်တော် လုပ်ပေးမယ် အကောင့်လေးတော့ပြန်ပေးပါ ကျွန်တော်facebookမှာ ပို့စ်လေးတွေ တင်ဖို့ လက်ခံ ထားတာလေးတွေ ရှိသေးတယ် အကိုလို့ ပြန်ပေးမှာပါတဲ့ ငါတို့က ငွေတောင်းတဲ့သူတွေမဟုတ်ဘူးတဲ့.. နှစ်ရက်ပါပဲတဲ့ နှစ်ရက်မှာ တင်ချင်တာ တင်ပြီးရင် ပြန်ပေးမယ်လို့ ပြောတယ်။ အဲ့တာနဲ့ ဟုတ်ပြီပေါ့ ကျွန်တော်လည်း hacker တစ်ယောက်က အဲ့လောက်အထိ ဆိုးဆိုးဝါးဝါးတွေ မတင်လောက်ဘူး ထင်တာပေါ့ တင်ချင်တာတင်မယ်ဆိုတော့ တင်ပေါ့။

ဒါပေမဲ့ ကျွန်တော့်ကို ပြန်ပေးပါ အကိုရယ်လို့ ဟုတ်ပြီညီလေးတဲ့ ပြန်ပေးမယ်ဆိုပြီးတော့ အဲ့အချိန်မှာ စတင်တာတွေက ကျွန်တော့် Nickname တွေကို မိတ်ကပ်ပြုပြင်ရေးတွေဘာတွေ တင်တယ်လေ ဒါပေမဲ့ အဲ့တာတွေက ကိစ္စမရှိပါဘူး ကျွန်တော့်ကို အရင်တုန်းကလည်း hatersတွေ တိုက်ခိုက်တာကိုလည်း ခံခဲ့ရတာပဲလေ သူတို့တစ်နေ့လုံးတင်ချင်တာတွေတင်တယ် ကျွန်တော်သေသွားပြီလို့ ကျွန်တော့်ကိုအခြောက်လို့ ကျွန်တော်ဘာမှ မဖြစ်ဘူးဗျ အေးဆေးပဲ။ ဒါပေမဲ့ ညနေဘက်လည်းကျရော ကျွန်တော်တို့ သူငယ်ချင်းတွေ အချင်းချင်းပြောထားတဲ့ ဟာလေးတွေကို တင်တယ်ဗျ ကျွန်တော်နဲ့ ပိုင်တံခွန်နဲ့ ကျွန်တော်နဲ့ Tyronနဲ့ပြောထားတာတွေ ကျွန်တော်နဲ့ ပိုင်တံခွန်ဆိုတာ သူငယ်ချင်း အရင်းကြီးတွေလေ ယောက်ျားလေးချင်းဗျာ အချင်းချင်း ရင်းရင်းနီးနီးပြောထားတာလေးတွေ ဟေ့ရောင် ဘာဖြစ်တယ် ညာဖြစ်တယ် ဆဲထားတာလေးတွေ ရှိမယ် အဲ့တာကို publicမှာ တင်လိုက်တယ် အဲ့အချိန်မှာ ကျွန်တော် စိတ်ထဲမှာ တစ်မျိုးကြီး ဖြစ်သွားတယ် ဟာ.. ငါဒီကိစ္စကို ငါတစ်ခုခုလုပ်မှ ရတော့မယ်ပေါ့။

အဲ့အချိန်မှာ ပိုင်တံခွန်တို့ကို troll တာတွေ ရှိလာတယ်။ အဲ့တာနဲ့ ပိုင်တံခွန်က ဖုန်းဆက်လာတယ် ဟေ့ရောင် သူငယ်ချင်း မင်း အဆင်ပြေလားတဲ့ ဟာ ဟေ့ရောင်လို့ ငါမင်းကို အားနာနေတာလို့ မင်းငါ့ကြောင့် ဒီလိုဖြစ်သွားတော့ မကောင်းဘူး သူငယ်ချင်းရာလို့ သူကျွန်တော့်ကို အမြဲပြောတယ် ငါတို့ စနောက်ပြီးသွားရင် conversationကို deleteလုပ်နော သူငယ်ချင်းတဲ့ အေးလို့ ငါလုပ်မှာပါလို့။ ဒါပေမဲ့ ကျွန်တော် မလုပ်မိတဲ့ ဟာလေးတွေလည်း ရှိတယ်ဗျ။ အဲ့တာကြောင့် သူကို အရမ်းအားနာတယ်လို့ ပြောတယ်။ tyron တို့နဲ့ဟာတွေလည်း တက်လာတယ် အဲ့အချိန်မှာ ညကျတော့ အုပ်စိုးခန့်နဲ့ ကျွန်တော်နဲ့ screen shotလေးတွေ တက်လာတယ် သဲတို့ဘာတို့ ပြောထားတယ်ပေါ့နော်။ အုပ်စိုးခန့်လဲ ကျွန်တော့်ကိုလှမ်းပြောတယ် ကိုကြီးရယ် ဘယ်လိုလုပ်မလဲတဲ့ကျွန်တော့်ကို အခြောက်လို့ ဝိုင်းပြောနေတယ်ဗျာတဲ့ ကျွန်တော် မနက်ဖြန်ကျရင် စာမေးပွဲဖြေရမှာတဲ့ ကျွန်တော့်ကို အဲ့လိုတိုက်ခိုက်ခံနေရတယ်တဲ့ ဟာညီလေးလို့ စာကိုပဲအာရုံစိုက်လို့ အကိုဒီကိစ္စကိုရှင်းမယ်လို့ ဒါငါတို့မှ မဟုတ်တာကွာလို့ ဒီအဖြစ်မှန်က ဘာလဲဆိုတော့ ကျွန်တော့်ရည်းစားက အုပ်စိုးခန့်အမပဲ။ ခင်ထက်ထက်မောင်နဲ့ ကျွန်တော် ကြိုက်ခဲ့တယ် ဒါတွေကျွန်တော်မပြောဘူး ကျွန်တော်တို့က LDRS ဗျ သူက အော်စီမှာဆိုတော့ သူနဲ့ ကျွန်တော် အဲ့နေ့မတိုင်ခင်မှာ ပြဿနာလေးဖြစ်တယ်ဗျ မနက်ဖြန် ပြန်တော့မှာဆိုတော့ သူ့ကို တွေ့ချင်တယ်ပေါ့။

အဲ့နေ့ညက ကျွန်တော့်ရှုတင်က ည၁၂နာရီမှ ပြီးတယ် တွေ့ချင်တယ်သဲရေလို့ပြောတယ် သူကဂရုမစိုက်သလိုလိုဘာလိုလိုနဲ့ လုပ်တာနဲ့ ကျွန်တော် သူအြကောင့်ကို blockလိုက်တယ် blockလိုက်တော့ သူက အုပ်စိုးခန့်အကောင့်ကနေ လာပြောတယ် အဲ့မှာ ပြဿနာတွေ ဖြစ်ကြတာပေါ့နော် အုပ်စိုးခန့်ကလည်း ကိုယ်စားပြောပေးတာတွေ ရှိတယ် ကိုကြီးရယ် စိတ်မဆိုးနဲ့ ကျွန်တော့်အမက ဒီလိုဒီလို ရှိတယ်။ အဓိက ဖြစ်ရပ်မှန်က အဲ့လိုပေါ့နော်။” လို့ပြောဆိုသွားခဲ့ပါတယ်။ ဒါအပြင် ဇင်အောင်နဲ့ ပြောဆိုထားတာတွေတက်လာတာနဲ့ ပတ်သက်ပြီး ဇင်အောင်နဲ့က ဟိန်းမင်းသူတို့က ညီအကိုလို စကြနောက်ကြ တက်ကြကြောင်း ပြောသွားခဲ့ပါတယ်။

ဆက်လက်ပြီး ဟိန်းမင်းသူ” ကျွန်တော်ကြောင့် လူတကာထိခိုက်နေရတယ် အဲ့အချိန်မှာ ကျွန်တော့်ဆီကို ဖုန်း callတွေက အများကြီး ဝင်လာတယ် ဘယ်သူက ဘယ်ဝါမှန်း မသိဘူး တစ်ချို့တွေက တော်တော် ရိုင်းရိုင်းဆိုင်းဆိုင်းနဲ့ လှမ်းဆဲတယ်။ အဲ့တော့ ကျွန်တော် အရမ်းပြာနေပြီ ဘာလုပ်ရမှန်း မသိတော့ဘူး ကျွန်တော် ဒီcyberနဲ့ ပတ်သက်တဲ့ သူတစ်ယောက်နဲ့ သွားတိုင်ပင်တယ် facebookနဲ့ ပတ်သက်ပြီး bullying လုပ်ခံရတယ် ကျွန်တော့် personalဖုန်းတွေကိုပါ ဆက်ပြီးတော့ bullyingလုပ်ခံရတယ် အဲ့အချိန်မှာ ကျွန်တော့်ဘေးနားမှာ ကျွန်တော့် သူငယ်ချင်းတွေပဲရှိတယ်။ ကျန်တဲ့သူတွေ ကျွန်တော့်ဘက်မှာ မရှိဘူးဗျာ ကျွန်တော့် fanတွေလည်း ကျွန်တော့်ကြောင့် ဆဲခံရတယ်ဗျာ ကျွန်တော့်ကြောင့် ဘယ်သူကိုမှ ဒုက္ခမရောက်စေချင်ဘူး ဒါအမှန်တိုင်းပြောတာ ပြီးတော့ ကျွန်တော် ကျွန်တော့်အကိုဆီကိုသွားတယ် ကျွန်တော်ဘာလုပ်ရမလဲလို့ ပြောတယ် အဲ့အချိန်မှာ ကျွန်တော့် အဖေက ဖုန်းဆက်လာတယ် ဖုန်းတစ်ခုက ငါ့ကို ဒီလိုဒီလိုပဲ ဆဲသွားတယ်တဲ့ ကျွန်တော် ဒေါသထွက်သွားတယ် လုံးဝသည်းမခံနိုင်ဘူး ကျွန်တော့်ကို ကြိုက်သလောက်ဆဲ ကျွန်တော်ဘာမှပြန်မပြောဘူး ဒါပေမဲ့ ကျွန်တော့်အဖေကို ရိုင်းရိုင်းဆိုင်းဆိုင်းဆဲသွားတယ်ဗျာ ကျွန်တော် ပြန်မဆဲပြချင်တော့ဘူး

ကျွန်တော်ဒီကောင့် ဖုန်းပြန်ဆက်ပြီး ပြန်ဆဲတယ် မင်းငါ့အဖေကိုဘာလို့ဆဲတာလဲလို့. ဟေ့ရောင်တဲ့ မင်းအဖေကိုဆဲတာ ဘာဖြစ်လဲဆိုပြီး ကျွန်တော့်ကို ထပ်ဆဲတယ် ကျွန်တော် လူမိုက်စကားတွေပါ ပြောမိသွားတယ် မင်းလာခဲ့လို့ဆိုတော့ သူက မန္တလေးကတဲ့ ကျွန်တော် ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဘူး ဟိုတစ်ယောက်ကလည်း facebookကနေ ပို့စ်တွေ တောက်လျှောက်တင်နေတာ လူတွေကလည်း ဟိန်းမင်းသူက ဒီလိုလားအဲ့အချိန်မှ ဘာလုပ်ရမှန်းကို မသိတော့တာဗျ။ ကျွန်တော့်ကြောင့် ကျွန်တော့်မိသားစုရော ကျွန်တော့် ပတ်ဝန်းကျင်ရော ထိခိုက်သွားရတယ်။ ဒါပေမဲ့ အဲ့အတွက် ကျွန်တော့်ကို ကာကွယ်ပေးမဲ့အရာက ဘာမှမရှိဘူးဗျ တကယ်ဘာမှမရှိတာ ကျွန်တော့်ကို တိုက်ခိုက်လို့ရတယ်ဗျာ ကျွန်တော်နဲ့ ပတ်သက်တဲ့ လူတွေကိုတော့ မတိုက်ခိုက်ပါနဲ့။”လို့ ပြောဆိုသွားခဲ့ပါတယ်။

Nanmalgyi