ခရိုအေးရှားနဲ့ သရေကျတဲ့ပွဲမှာ အ၀ါကတ် ထိသွားတဲ့အတွက် လာမယ့် စပိန်နဲ့ပွဲမှာ ပါဝင်ခွင့် မရှိဘဲ လွဲချော်မှာ ဖြစ်ပေမယ့် လီဗာပူး အသင်းခေါင်းဆောင် အင်္ဂလန် ကွင်းလယ်ကစားသမား ဂျော်ဒန် ဟန်ဒါဆန်ဟာ ကလပ်အသင်းဆီ မပြန်သေးဘဲ အင်္ဂလန်အသင်းနဲ့ အတူ ဆက်ရှိနေမယ်လို့ သိရပါတယ်။

စကော့တလန်အသင်း အစ္စရေးကို ရှုံးနိမ့်သွားတဲ့ပွဲမှာ ၄င်းရဲ့ စွမ်းဆောင်ရည် မကောင်းမွန်ခဲ့ကြောင်း လီဗာပူး ခံစစ်မှူး ရော်ဘတ်ဆန်က ၀န်ခံပြောကြားပါတယ်။ ရော်ဘတ်ဆန်ဟာ စကော့တလန်အသင်းခေါင်းဆောင်တာဝန်ကို ရယူပြီးကတည်းက စွမ်းဆောင်ရည်ကောင်းတွေ မပြနိုင်လို့ ဝေဖန်ခံရမှုတွေ ရှိနေသူဖြစ်ပါတယ်။

လီဗာပူးအသင်းမှာ ရှိခဲ့စဉ်က ၄င်း အရည်အချင်းတွေ တိုးတက်ခဲ့ပြီး များစွာ အထောက်အကူ ဖြစ်ခဲ့ကြောင်း အေစီမီလန် ကွင်းလယ်ကစားသမား ဆူဆိုက ပြောကြားလိုက်ပါတယ်။ ဆူဆိုဟာ ၂၀၁၅ မှာ လီဗာပူးမှ အေစီမီလန်အသင်းဆီ အပြီးသတ် ပြောင်းရွှေ့သွားခဲ့ပြီး ဥရောပ အလားအလာအရှိဆုံး ကစားသမားစာရင်းထဲထိ ပါဝင်လာခဲ့သူဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းမန်နေဂျာဆာရီက ပရိသတ်တွေထံက ချစ်ခင်ခြင်းတွေ ခံရနေတာအတွက် ပျော်ရွှင်နေပါတယ်။ အထူးသဖြင့် ‘Sarriball’ လို့ နာမည်ကျော်တဲ့ သူ့ရဲ့ကစားဟန်ကို ချဲလ်ဆီးပရိသတ်တွေ ကျေနပ်ကြပြီး ကစားဟန်ကို အားပေးမှုတွေ ပြုလုပ်နေတာအတွက် မန်နေဂျာဆာရီက သဘောတွေ့နေတာဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းအနေနဲ့ ဇန်နဝါရီမှာ တိုက်စစ်ပိုင်းအားဖြည့်မှုလုပ်ဖို့ ဂျီနိုအာအသင်းမှ Krzysztof Piatek ကို ခေါ်ယူလိုတယ်ဆိုရင် ယူရို သန်း 60 ပေးချေရမယ်လို့ သိရပါတယ်။ ဒီရာသီ ပုံစံကောင်းတွေရနေပြီး အမှတ်ပေးဖလားကို စိန်ခေါ်နိုင်မယ့် အသင်းတစ်သင်းအဖြစ် နာမည်ထွက်နေတဲ့ ချဲလ်ဆီးဟာ သွင်းဂိုးတွေအတွက် တိုက်စစ်မှူးတစ်ဦးကို အားဖြည့်ဖို့ လိုအပ်နေတာပါ။

အာဆင်နယ်အသင်းဟာ ချဲလ်ဆီးအသင်း ကွင်းလယ်ကစားသမား လော့တက်ချိစ်ကို ခေါ်ယူဖို့ စိတ်ဝင်စားလာပါတယ်။ အာရွန်ရမ်ဆေးထွက်ခွာခဲ့ရင် ကွင်းလယ်ပိုင်းအားဖြည့်ဖို့ ကွင်းလယ်လူတွေကို ရှာဖွေနေပြီး အင်္ဂလန်သား ကွင်းလယ်ကစားသမားကို အာရုံကျလာနေတာဖြစ်ပါတယ်။

ယူနိုက်တက်မန်နေဂျာမော်ရင်ညိုဟာ အသင်းမှာလိုအပ်နေတဲ့ ဖန်တီးမှုနဲ့ ဂိုးထောက်ပံ့နိုင်စွမ်းတွေအတွက် အာဆင်နယ်မှ ရမ်ဆေးကို ခေါ်ယူဖို့ မျက်စိကျလာနေပါတယ်။ စည်းမျဉ်းတွေအရ ယူနိုက်တက်ဟာ ရမ်းဆေးအပေါ် ဒီအခြေအနေမှာ စိတ်ဝင်စားခွင့်မရှိပေမယ့် ရာသီကုန်မှာတော့ အလွတ်နဲ့ခေါ်ယူဖို့ ကြိုးစားလာနိုင်တယ်လို့ သိရပါတယ်။

အာဆင်နယ်အသင်းဟာ လူငယ်ကစားသမားတွေကို စောင့်ကြည့်မှုတွေလုပ်နေပြီး Rennes အသင်းမှ တောင်ပံသမား Ismaila Sarr လေဗာကူဆင်အသင်းမှ ဆယ်ကျော်သက်ကစားသမား Kai Havertz တို့ကို စိတ်ဝင်စားနေပါတယ်။

မန်စီးတီးအသင်းဟာ ဒီရာသီ ချန်ပီယံလိဂ် ဗိုလ်စွဲဖို့ အလေးသာနေကြောင်း ချယ်ဆီးနည်းပြ ဆာရီက အီတလီသတင်းဌာန တစ်ခုမှာ ဖြေကြားခဲ့တဲ့ အပေါ် မန်စီးတီးအသင်း မန်နေဂျာ ပက်ဂွာဒီယိုလာက ငြင်းပယ် တုန့်ပြန်လိုက်ပါတယ်။ ဂွာဒီယိုလာက အသင်းရဲ့ သမိုင်းကြောင်းမှာ ချန်ပီယံလိဂ် အမြင့်ဆုံးအဆင့်အဖြစ် ဆီမီးဖိုင်နယ်ထိသာ ရောက်ဖူးသေးပြီး ဗိုလ်စွဲဖို့အတွက် အဆင်သင့် အနေအထား ဖြစ်နေပြီလားဆိုတာ မသေချာပါဘူးလို့ ပြန်လည် ဖြေကြားထားပါတယ်။

ဂျာမနီအသင်း မန်နေဂျာ ဂျိုးအာချင်လိုက ဂျာမနီအသင်း ဟော်လန်ကို ၃ဂိုးပြတ်နဲ့ ရှုံးတဲ့ပွဲမှာ လူငယ်ကစားသမား ဆာနေး အခွင့်အရေးကောင်းတွေ ရခဲ့ပေမယ့် အသုံးမချနိုင်တဲ့အပေါ် အတွေ့အကြုံနည်းပါးလို့ ဖြစ်နိုင်ကြောင်း မှတ်ချက်ပေးခဲ့ပါတယ်။ လူငယ်ကစားသမားတွေ အနေနဲ့ တိုးတက်ရင့်ကျက်လာဖို့ အချိန်တစ်ခုလိုပြီး အသင်းမှာ ၀ါရင့်ကစားသမားတွေနဲ့ လူငယ်တွေ ဘက်ညီမျှတအောင် ကြိုးစားရမယ်လို့ ၄င်းက ဆိုပါတယ်။

မန်စီးတီးရဲ့ ခြေစွမ်းထက် လူငယ်ကစားသမား ဖီးလ်ဖိုဒန်ကို အင်္ဂလန်ပြင်ပမှ ကလပ်အသင်းတွေဖြစ်တဲ့ ပီအက်စ်ဂျီ၊ ဒေါ့မွန်နဲ့ လိုက်ပ်ဇစ်အသင်းတို့က စိတ်ဝင်စားနေပြီး မန်စီးတီးအနေနဲ့ ဖိုဒန်ကို အသင်းကြီးမှာ ကစားဖို့ အခွင့်အရေး မပေးနိုင်ပါက ဆုံးရှုံးရဖွယ် ရှိနေပါတယ်။

ယူနိုက်တက်နဲ့ ဘယ်လ်ဂျီယံ တိုက်စစ်မှူး လူကာကူက အီတလီ စီးရီးစ်အေဆီ ပြောင်းချင်သလား အမေးမှာ ဒါပေါ့.. ဘာလို့ မပြောင်းချင်ရမလဲ.. ဖြစ်နိုင်လာဖို့ ကျနော်မျှော်လင့်တယ်လို့ Gazzetta dello Sport ကို အဖြေပေးခဲ့ပါတယ်။ ဒါ့အပြင် လူကာကူဟာ စီးရီးစ်အေ ချန်ပီယံ ဂျူဗင်တပ်အသင်းကိုလည်း ထုတ်ဖော်ချီးကျူးခဲ့သေးတယ်လို့ သိရပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ နောက်နှစ် ဇွန်လမှာ စာချုပ်ကုန်ဆုံးတော့မယ် ဂိုးသမား ဒီဂီယာကို အသင်းမှာ ဆက်ထိန်းပြီး စာချုပ်သစ် ချုပ်ဖို့ လုပ်နိုင်သမျှ အကုန်လုံး လုပ်သွားဖို့ အဆင်သင့် ရှိနေပြီ ဖြစ်ကြောင်း သိရပါတယ်။ ယူနိုက်တက်က ဒီဂီယာကို အသင်းမှာ လစာအမြင့်ဆုံးထိ တိုးပေးသွားဖို့ ပြင်ဆင်နေပါတယ်။

ယူနိုက်တက် မန်နေဂျာ မော်ရင်ညိုက အက် ၀ုဒ်ဝါ့ကို အာဆင်နယ်ကစားသမား ရမ်ဆေးကို အရခေါ်ပေးဖို့ တောင်းဆိုထားတယ်လို့ သိရပါတယ်။ ရမ်ဆေးက ဒီရာသီကုန်ရင် အာဆင်နယ်အသင်းနဲ့ စာချုပ်ကုန်ဆုံးမှာပါ။

အင်္ဂလန်အသင်းခေါင်းဆောင် တိုက်စစ်မှူး ဟယ်ရီကိန်းကတော့ စပိန်နဲ့အသင်းမှာ အနားမယူလိုဘဲ ဆက်လက် ကစားလိုကြောင်း ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။ အင်္ဂလန်အသင်းနဲ့ ဂိုးမိုးခေါင်နေတဲ့ ကိန်းဟာ ဂိုးမသွင်းနိုင်တာ ၆ ပွဲ ရှိခဲ့ပြီ ဖြစ်ပါတယ်။

စပါးအသင်းဟာ ဖီရင်အိုတီးနားအသင်းမှ အသက် ၂၁ နှစ်အရွယ် ခံစစ်မှူး Nikola Milenkovic ကို မန်ချက်စတာ ယူနိုက်တက်နဲ့ အပြိုင် လိုက်လံချိတ်ဆက်နေပါတယ်။

စပါးအသင်းတိုက်စစ်မှူး ဆွန်ယောင်မင်ဟာ နိုင်ငံအသင်း ကိုရီးယားနဲ့အတူ ၂၀၁၈ အာရှအားကစားပွဲမှာ ပင်နယ်တီ လွဲချော်ခဲ့တဲ့အပြင် ဥရုဂွေးနဲ့ ခြေစွမ်းပွဲမှာပါ ထပ်မံလွဲချော်ခဲ့တဲ့နောက် ပင်နယ်တီ ထပ်ပြီး မကန်လိုတော့ကြောင်း ၀န်ခံစကား ဆိုလိုက်ပါတယ်။