မန်ချက်စတာ ယူနိုက်တက်ဟာ တိုက်စစ်မှူး မာရှယ်ကို စာချုပ်သစ်ပေးဖွယ် မရှိဘဲ ဇန်နဝါရီမှာတင် ကမ်းလှမ်းလာမှု ရမယ်ဆိုရင် နားထောင်ပေးသွားမှာပါ။ လိုက်ဇစ်စတား အောမိုကို ခေါ်ယူရေးအတွက် လန်ဒန်ကလပ်တွေဖြစ်တဲ့ အာဆင်နယ်နဲ့ ချယ်ဆီးတို့ ထိပ်တိုက် တွေ့ကြဖွယ် ရှိနေပါတယ်။ ဝက်စ်ဟမ်းအသင်းဟာ ဒီရာသီ ပုံစံကောင်းရနေမှုကို အရှိန်တင်နိုင်ဖို့ရာ ဇန်နဝါရီမှာ ယူနိုက်တက် ခံစစ်မှူး မက်ဂွဲရားကို နောက်ထပ် တစ်ကြိမ် ကြိုးစားသွားဖွယ် ရှိနေပါတယ်။ ဘရိုက်တန်အသင်းရဲ့ ဂျပန်သား တိုက်စစ်သမား မီတိုမာရဲ့ ခြေစွမ်းကို စောင့်ကြည့်နေတဲ့ ကလပ်တွေထဲ ဘာစီလိုနာအသင်းလည်း ပါဝင်နေပါတယ်။… Continue Reading →
ချယ်ဆီး၊ အာဆင်နယ်နဲ့ နယူးကာဆယ်တို့ဟာ ဒေါ့မွန်အသင်းမှ အင်္ဂလန်ကြယ်ပွင့် ဂစ်တန်ကို အပြိုင် စိတ်ဝင်စားနေကြပါတယ်။ ခံစစ်မှူးသစ် အင်အားဖြည့်တင်းဖို့ လိုအပ်နေတဲ့ မန်ချက်စတာ ယူနိုက်တက်ဟာ ပဲလေစ့် ခံစစ်သမား ဂူဟီကို သဘောကျပေမယ့် ဇန်နဝါရီမှာ ခေါ်ယူနိုင်ရေးထက် နောက်နှစ် နွေမှပဲ ဖြစ်နိုင်ချေ ပိုများပါတယ်။ ရီးရဲလ်မက်ဒရစ် အသင်းဟာ ပရီးမီးယားလိဂ်ကလပ် လီဗာပူးအသင်း ခေါ်ယူလိုနေတဲ့ ဗယ်ဗာဒီနဲ့ ကာမာဗင်ညာတို့ကို သက်တမ်းတိုး စာချုပ်သစ် ချုပ်ဆိုဖို့ သဘောတူညီမှု ရယူနိုင်ခဲ့ပါပြီ။ ဂိုးသမား အိုနာနာဟာ မန်ချက်စတာ ကလပ်မှာ အောင်မြင်လိုတာကြောင့်… Continue Reading →
ယူနိုက်တက် ကစားသမားဟောင်း ရွိုင်ကိန်းက အာဆင်နယ် ပရီးမီးယားလိဂ်ဖလား အနိုင်ရနိုင်ပေမယ့် ဇန်နဝါရီမှာ တိုနေးလို တိုက်စစ်မှူး ခေါ်နိုင် မခေါ်နိုင်က အဓိက ကျလိမ့်မယ်လို့ ထင်မြင်ချက်ပေးပါတယ်။ စက်တင်ဘာလအတွက် အာဆင်နယ် တစ်လတာ အကောင်းဆုံး ကစားသမားဆုကို ဆာကာ ရရှိသွားပါတယ်။ ပြီးခဲ့တဲ့ အာဆင်နယ် ၁-၀ မန်စီးတီးပွဲတုန်းက ဒုတိယပိုင်းမှာ အသင်းရဲ့ အကောင်းဆုံး ကစားသမားက ဂိုးသမား ယာယာ ဖြစ်ကြောင်း ဂန်းနားဟောင်းကြီး အီရန်ရိုက်က ဆိုလိုက်ပါတယ်။ ဘာစီလိုနာအသင်းဟာ နောက်နှစ်နွေမှာ စာချုပ်ကုန်တော့မယ့် အာဆင်နယ် ကွင်းလယ်လူ… Continue Reading →
မန်ချက်စတာ ယူနိုက်တက်ဟာ ဘင်ဖီကာအသင်းနဲ့ အတူ တောက်ပလာတဲ့ အသက် ၁၉ နှစ်အရွယ် ကွင်းလယ် ကစားသမားလေး ဂျာအို နီဗက်စ် ကို ကင်းထောက်များ စေလွှတ် စောင့်ကြည့်နေပါတယ်။ ယူနိုက်တက် တောင်ပံ ကစားသမားဟောင်းကြီး Lee Sharpe ကတော့ မားကပ် ရက်ဖို့ဒ်ဟာ တည်ငြိမ်သင့်တဲ့ အရွယ် ရောက်ပြီ ဖြစ်ပေမယ့် အခုထိ သူ့ ခြေစွမ်းက လုံလောက် ကောင်းမွန်မှု မရှိကြောင်း သုံးသပ်လိုက်ပါတယ်။ ဒီရာသီ မန်ချက်စတာ ယူနိုက်တက်ရဲ့ အကြီးဆုံး အမှားကတော့… Continue Reading →
စပါး တိုက်စစ်သမားဟောင်း မော်ရာက အာဆင်နယ် ခံစစ်မှူး ဂါဘရီရယ် ဘရာဇီး လက်ရွေးစင်အသင်း အတွက် ပွဲဦးထွက်နိုင်ခြင်းအပေါ် ဂုဏ်ယူပါကြောင်း အားပေးစကား ဆိုခဲ့ပါတယ်။ အာဆင်နယ် လူငယ်ကြယ်ပွင့် မာဆယ်လို ဖလော်ရက်စ်ဟာ ကလပ်ကနေ ထွက်ပြီး မက်ဆီကိုအသင်းထံ အလွတ်ဖြင့် ရောက်ရှိသွားပြီ ဖြစ်ပါတယ်။ လာမယ့် ဆောင်းရာသီဈေးကွက်မှာ အာဆင်နယ်အသင်းဟာ ဂျူဗင်တပ် တိုက်စစ်မှူး ဗလာဟိုဗစ်ကို လျော့ဈေးဖြင့် ပြန်ပြီး ချိတ်ဆက်နိုင်ကြောင်း သတင်းထွက်နေပါတယ်။ ဂျူဗင်တပ်ဟာ လူစာရင်း လျော့ချမှု ပြုလုပ်ရာမှာ ဆားဘီးယားသားကို ရှင်းထုတ်လိုနေပြီး လာမယ့်… Continue Reading →
အာဆင်နယ် တိုက်စစ်သမား နီကိုးလပ်စ် ပေပေဟာ အသင်းနဲ့ စာချုပ်ဖျက်သိမ်းပြီး တူရကီကလပ် Trabzonspor အသင်းထံ ပြောင်းရွှေ့သွားပြီ ဖြစ်ပါတယ်။ တရားဝင် သတင်းထုတ်ပြန်မလာသေးပေမယ့် ကစားသမားက အသင်းသစ် ဂျာစီနဲ့ ပုံ တင်သွားခဲ့တာပါ။ ဩဂုတ်လအတွက် ပရီးမီးယားလိဂ် အကောင်းဆုံး မန်နေဂျာ ဆု ဆန်ကာတင် စာရင်းမှာ အာတီတာဟာ မန်စီးတီး၊ လီဗာပူး၊ ဝက်စ်ဟမ်း၊ စပါးအသင်း နည်းပြတွေနဲ့အတူ ပါဝင်နေပါတယ်။ ဖောရက်စ်ပွဲမှာ ဆာကာ သွင်းယူခဲ့တဲ့ သွင်းဂိုးဟာ ဩဂုတ်လအတွက် ပရီးမီးယားလိဂ် အကောင်းဆုံး ဂိုး… Continue Reading →
အာဆင်နယ် နည်းပြ အာတီတာကတော့ ကစားကွက်ကို တသတ်မတ်တည်း တစ်လမ်းတည်း ကစားဖို့ထက် အပြောင်းအလဲ လုပ်ရတာ သဘောကျကြောင်း ဆိုလာပါတယ်။ အာဆင်နယ်ဟာ မန်စီးတီးနဲ့ ကွန်မြူနတီဒိုင်းပွဲမှာ ကစားကွက် ၄၃ ကွက်ထိ ပြောင်းခဲ့သလို ပြီးခဲ့တဲ့ အပတ် ဖူလ်ဟမ်နဲ့ ပွဲမှာလည်း ၃၆ ကွက်ထိ အပြောင်းအလဲ လုပ်ခဲ့ကြောင်း အာတီတာက ဖွင့်ဟခဲ့ပါတယ်။ ဂန်းနားတို့နဲ့ အတူ ၇ နှစ်တာ အတူ ရှိခဲ့တဲ့ ဝါရင့် နောက်ခံလူ ရော့ဘ် ဟိုးဒင်းဟာ ခရစ္စတယ်ပဲလေ့စ် အသင်းထံ… Continue Reading →
မန်စီးတီးဟာ ဝုဗ် ကွင်းလယ်လူ နူးနက်စ်အတွက် ဒုတိယမြောက် ကမ်းလှမ်းမှု ပေးမှာဖြစ်ကာ ပေါင် ၄၇ သန်းထက် ပိုများမှာ ဖြစ်ပါတယ်။ နူးနက်စ်ကလည်း မန်စီးတီးထံ ပြောင်းရွှေ့ခွင့် ရဖို့ အသင်းနဲ့ လေ့ကျင့်ခန်း မဆင်းဘဲ ဖိအားပေးနေပါတယ်။ မန်ချက်စတာ ယူနိုက်တက်ဟာ ကွင်းလယ်နေရာ အတွက် ဖီအိုရင်တီးနားမှ အမရာဘတ်ထက် စပါးမှ ဟော့ဂျက်ကို ပိုမို စိတ်ဝင်စားနေပြီ ဖြစ်ပါတယ်။ အမရာဘတ်ရဲ့ အေးဂျင့်တွေကတော့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ယူပြီးမှ အခုထိ ကမ်းလှမ်းမလာတဲ့ ယူနိုက်တက်ကို စိတ်ပျက်နောကပါတယ်။… Continue Reading →
မန်ချက်စတာ ယူနိုက်တက်ဟာ ဘယ်နောက်ခံ နေရာအတွက် ချယ်ဆီးမှ ကူကူရယ်လာ အပြင် ဘာစီလိုနာ မှ အလွန်ဆိုနဲ့ စပါးမှ ရယ်ဂူလွန်တို့ကိုပါ ပစ်မှတ်ထားနေပါတယ်။ ပြင်သစ်ကလပ် နိုက်စ်အသင်းရဲ့ ဗဟိုခံစစ်သမား Jean-Claire Todibo ဟာ မက်ဂွဲရား ထွက်မှသာ မန်ချက်စတာ ယူနိုက်တက်ထံ ပြောင်းလာနိုင်မယ် လို့ သိရပါတယ်။ ယူနိုက်တက်ဟာ ဈေးကွက်မပိတ်ခင် မက်ဂွဲရားကို ရှင်းထုတ်နိုင်ဖို့ ကြိုးစားဆဲ ဖြစ်ပြီး ဝက်စ်ဟမ်းကလည်း ထပ်မံ ညှိနှိုင်းနေပေမယ့် ကစားသမား ကိုယ်တိုင်က လစာလျှော့ယူ အသင်းပြောင်းဖို့ ငြင်းဆန်နေတာပါ။… Continue Reading →
© 2025 Myan News — Powered by WordPress
Theme by Anders Noren — Up ↑