Category

Prediction

အဲဗာတန်နဲ့ မာဆေးဆိုဒ်ဒါဘီက လီဗာပူးအတွက် လွယ်မှာ မဟုတ်ဘူးလို့ ခန့်မှန်းသွားတဲ့ လော်ရိုး

ဒီအပတ် ပရီးမီးယားလိဂ်ပွဲအဖြစ် အန်ဖီးကွင်းမှာ လီဗာပူးဟာ အဲဗာတန်နဲ့ မာဆေးဆိုဒ်ဒါဘီပွဲ ကစားရမှာဖြစ်ပြီး ဒီဇင်ဘာပွဲကြပ်ကို ပြင်းထန်မယ့် ပွဲတစ်ပွဲနဲ့အတူ ဝင်ရောက်ရမှာပဲဖြစ်ပါတယ်။ အစဉ်အလာအရ မာဆေးဆိုဒ်ဒါဘီဟာ ပြင်းထန်တဲ့ ဒါဘီပြိုင်ပွဲဖြစ်ပြီး ဒီတစ်ကြိမ် တွေ့ဆုံချိန်မှာ အဲဗာတန်က တန်းဆင်းဇုံကို မရောက်ဖို့ ရုန်းကန်ရမှာဖြစ်လို့ လီဗာပူးအတွက် လွယ်မှာ မဟုတ်ဘူးလို့ လော်ရိုးက ခန့်မှန်းသွားပါတယ်။ ” အဲဗာတန်နည်းပြ မာကိုဆေးလ်ဗားရဲ့ အနာဂတ်က အသင်းမှာ ဆက်ရှိဖို့ မသေချာတဲ့ အနေအထားပါ။ ဒါပေမယ့် သူ့အသင်းဟာ တနင်္ဂနွေနေ့ လက်စတာနဲ့ ကစားတုန်းက ရှုံးပွဲတွေ့ခဲ့သည့်တိုင်… Continue Reading →

ဆိုးရှားနဲ့ မော်ရင်ညို ထိပ်တိုက်တွေ့တဲ့ ယူနိုက်တက် စပါးပွဲ အတွက် စကိုင်းစပေါ့ ခန့်မှန်းသုံးသပ်ချက်

ဒီအပတ် ပရီးမီးယားလိဂ် ပွဲစဉ် ၁၅ ပွဲကြီးပွဲကောင်းအဖြစ်က ယူနိုက်တက်ဟာ စပါးကို အိမ်ကွင်းမှာ ဧည့်ခံရမှာဖြစ်ပြီး ဒါဟာ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလနောက်ပိုင်း မော်ရင်ညိုတစ်ယောက် အိုထရတ်ဖိုဒ့်ကို ပထမဆုံးအကြိမ် ပြန်လာမှု ဖြစ်ပါတယ်။ စကိုင်းစပေါ့မှ ချာလီနီကိုးလက်စ်က လူတိုင်းက ဒီပွဲကို စောင့်မျှော်နေကြမှာဖြစ်ပြီး အသင်းဟောင်းကို ရင်ဆိုင်ချိန်မှာ မော်ရင်ညို ဘာလုပ်ပြမယ်ဆိုတာကို အားလုံးက မြင်လိုကြမယ်လို့ ဆိုပါတယ်။ ” ကျနေ်ာတို့ အားလုံး ဗုဒ္ဓဟူးနေ့ ပွဲစဉ်အတွက် စောင့်မျှော်နေကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီပွဲက အလန်းစား ဖြစ်မှာ… Continue Reading →

အန်ဖီးကွင်းက ပြိုင်ဆိုင်မှုပြင်းထန်မယ့် မာဆေးဆိုဒ်ဒါဘီပွဲအပေါ် စကိုင်းစပေါ့ရဲ့ သုံးသပ်မှုနဲ့ ရလဒ်ခန့်မှန်း

လီဗာပူးအသင်းဟာ ဖိအားတွေ ဝင်နေတဲ့ မြို့ခံ ပြိုင်ဘက် အဲဗာတန်ကို ဒီတပတ် အန်းဖီးမှာ ဧည့်ခံကစားရတော့မှာ ဖြစ်ပါတယ်။ ဒီပွဲ အတွက် စကိုင်းစပေါ့မှ ချာလီနစ်ကိုးလပ်ရဲ့ သုံးသပ်ချက်နဲ့ ခန့်မှန်းရလဒ်ကို ဖော်ပြပေးပါမယ်။ ” ပြီးခဲ့တဲ့ အပတ်က လီဗာပူး ပွဲစဉ်ကို ကျနော် ကြည့်ဖြစ်ခဲ့တယ် သူတို့က နိုင်ပွဲ ရဖို့ ထိုက်တန်ခဲ့ပါတယ်။ ဒါပေမယ့် အနိုင် သုံးမှတ်က ရုန်းကန်မှုတွေ မပါဘဲ ရလာခဲ့တာတော့ မဟုတ်ဘူး။ သူတို့က အဆုံးထိ ကြံ့ကြံံခံ ကစားခဲ့ရတာပါ။ ခံစစ်ပိုင်း… Continue Reading →

ခံစစ် စိတ်မချရတဲ့ ဗီလာကို ချယ်ဆီးပဲ အသာရသွားမယ်ဆိုတဲ့ စကိုင်းစပေါ့ ခန့်မှန်းသုံးသပ်ချက်

ချယ်ဆီးအသင်းနဲ့ လမ်းပတ်က ဒီတပတ်မှာတော့ ကစားသမားဟောင်းကြီး တယ်ရီ လက်ထောက်နည်းပြ လုပ်နေတဲ့ အက်စတွန်ဗီလာကို စတန်းဖို့ဘရစ်ချ်မှာ ဧည့်ခံ ကစားရတော့မှာ ဖြစ်ပါတယ်။ ချယ်ဆီးက ပြီးခဲ့တဲ့အပတ်မှာ ဝက်စ်ဟမ်းကို မထင်မှတ်ဘဲ ရှုံးသွားခဲ့ပြီး ဗီလာကတော့ ယူနိုက်တက်ကို သရေ ကစားထားခဲ့တာပါ။ ဒီတပတ် ချယ်ဆီး အက်စတွန်ဗီလာပွဲ အတွက် စကိုင်းစပေါ့မှ ချာလီနစ်ကိုးလပ်ရဲ့ သုံးသပ်ချက်နဲ့ ခန့်မှန်းရလဒ်ကို ဖော်ပြပေးပါမယ်။ ” ချယ်ဆီးအသင်းက ခလုတ်ကန်သင်းတွေ ငြိနေသေးပြီး ကျနော်တို့ ခန့်မှန်းထားသလိုကတော့ ဖြစ်လာတော့မှာပါ။ ကစားသမား တော်တော်များများက လိုချင်တဲ့… Continue Reading →

စတမ်းဖိုဒ့်ဘရစ်မှာ လမ်းပတ်နဲ့ တယ်ရီတို့ ထိပ်တိုက်တွေ့တဲ့ ပွဲကို မိုက်ကယ်အိုဝင် ရလဒ်ခန့်မှန်း

နိုင်ငံတကာ သီတင်းပတ် ပြီးတည်းက ရလဒ်ဆိုးတွေ ကြုံနေရတဲ့ ချယ်ဆီးအသင်းဟာ လာမယ့် ကြာသပတေးနေ့မှာတော့ အိမ်ကွင်းမှာ အက်စတွန်ဗီလာကို ဧည့်ခံ ကစားပြီး နိုင်ပွဲ ပြန်တွေ့ဖွယ် ရှိနေပါတယ်။ ဒဏ်ရာ ရထားတဲ့ တိုက်စစ်မှူး အေဗရာဟမ်ကလည်း ဒီပွဲ အမှီ ပြန်ကစားနိုင်ဖို့ မျှော်လင့်နေတာပါ။ ဒီပွဲ မကစားခင်မှာ ချယ်ဆီးက အမှတ်ပေးဇယား အဆင့် ၄ နေရာမှာ ၂၆ မှတ်နဲ့ ရှိနေပြီး အက်စတွန်ဗီလာကတော့ ရမှတ် ၁၅ မှတ်နဲ့ အဆင့် ၁၅ မှာ… Continue Reading →

အိုထရတ်ဖိုဒ့်ထံ ပြန်အလာမှာ ယူနိုက်တက်ကို မော်ရင်ညို အနိုင်ယူပြမလား မိုက်ကယ်အိုဝင် ခန့်မှန်း

ရလဒ်ဆိုးတွေ များနေတဲ့ ယူနိုက်တက်ဟာ ကြားရက် ပရီးမီးယားလိဂ် ပွဲစဉ်မှာတော့ နည်းပြဟောင်း မော်ရင်ညို ကိုင်တွယ်နေတဲ့ စပါးအသင်းကို အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ဧည့်ခံ ကစားရမှာ ဖြစ်ပါတယ်။ ဒီပွဲ ပြီး သီတင်းပတ်ကုန်မှာလည်း မန်စီးတီးနဲ့ ဒါဘီပွဲ ကစားဖို့ ရှိနေတာကြောင့် ယူနိုက်တက် အတွက် စိန်ခေါ်မှုတွေ ဆက်လို့ နေပါတယ်။ ဒီပွဲ မတိုင်ခင်မှာ ယူနိုက်တက်က ၁၄ ပွဲ ကစား ၁၈ မှတ်နဲ့ အဆင့် ၉ နေရာမှာ ရှိပြီး စပါးအသင်းကတော့… Continue Reading →

ချယ်ဆီး – ၀က်စ်ဟမ်း ပွဲ အတွက် လော်ရိုးရဲ့ သုံးသပ်ချက်နဲ့ ခန့်မှန်းရလဒ်

ကြားရက်က ချန်ပီယံလိဂ်ပွဲမှာ ဗလင်စီယာကို သရေကျခဲ့ပြီးနောက် ချယ်ဆီးအသင်းဟာ ပြည်တွင်း ပရီးမီးယားလိဂ် ပွဲတွေ ပြန်ကစားဖို့ အချိန်ကျလာပြန်ပါပြီ။ ဒီတပတ်မှာတော့ လန်ဒန်မြို့ခံ ပြိုင်ဘက်ချင်း ဖြစ်တဲ့ ဝက်စ်ဟမ်းအသင်းကို အိမ်ကွင်း စတန်းဖို့ဘရစ်ချ်မှာ ဧည့်ခံကစားရမှာ ဖြစ်ပါတယ်။ ပွဲချိန်ကတော့ ယနေ့ စနေနေ့ည မြန်မာစံတော်ချိန် ၉း၃၀ နာရီ ပါ။ ဒီပွဲစဉ် မတိုင်ခင်မှာ ချယ်ဆီးက ၁၃ ပွဲ ကစား ၂၆ မှတ်နဲ့ အဆင့် ၄ နေရာမှာ ရှိပြီး ဝက်စ်ဟမ်းကတော့ ရမှတ်… Continue Reading →

ဖာဘင်ညို မပါနိုင်တဲ့ ဘရိုက်တန်ပွဲမှာ လီဗာပူး ဘယ်လိုရလဒ် ထွက်မလဲ စကိုင်းစပေါ့ ခန့်မှန်း

ဒီအပတ်မှာတော့ လီဗာပူးဟာ ဘရိုက်တန်ကို အိမ်ကွင်းမှာ ဧည့်ခံယှဉ်ပြိုင်ရမှာဖြစ်ပြီး အမှတ်ပေးဇယားမှာ ရမှတ်ဖြတ်ထားမှုကို ဆက်ထိန်းနိုင်ဖို့ ကြိုးစားရမှာဖြစ်တယ်။ လီဗာပူးအသင်းရဲ့ အဓိက ထိုးနှက်ခံရမှုကတော့ မာတစ် မကစားနိုင်တဲ့နောက် လိုဗရန်ကို အစားထိုးခြင်းကိစ္စ အဆင်ပြေလာချိန်မှာပဲ ကွင်းလယ်အထိုင်လူ ဖာဘင်ညိုကို လက်လွတ်ရဖို ဖြစ်လာခဲ့ပြီဖြစ်ပါတယ်။ နာပိုလီနဲ့ပွဲမှာ ဒဏ်ရာရခဲ့တဲ့ ဖာဘင်ညိုဟာ ၁၀ ပွဲလောက်ထိ လွဲချော်နိုင်တာဖြစ်ပြီး သူ့နေရာမှာ ဘယ်လို အပြောင်းအလဲလုပ်မလဲ စောင့်ကြည့်ရမှာပါ။ ဒီပွဲအတွက် စကိုင်းစပေါ့မှ ချာလီက ” ပွဲစဉ်ဇယားတွေကို ကြည့်လိုက်ရင် လီဗာပူးရဲ့ ကြပ်တည်းတဲ့ အနေအထားကိုပဲ… Continue Reading →

အမ်မရီ ရာထူးက ထုတ်ပယ်ခံရပြီး အာဆင်နယ်ရဲ့ ပထမဆုံးပွဲဖြစ်မယ့် နော်ဝစ်နဲ့ပွဲကို အိုဝင် ခန့်မှန်း

ဖိအားတွေ များနေတဲ့ အာဆင်နယ်အသင်းဟာ ဒီတပတ် ပရီးမီးယားလိဂ်မှာတော့ တန်းတက် နောဝစ်ချ်အသင်းကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားရမှာ ဖြစ်ပါတယ်။ ပွဲချိန်ကတော့ လာမယ့် တနင်္ဂနွေနေ့ မြန်မာစံတော်ချိန် ည ၈ နာရီခွဲပါ။ ဒီပွဲစဉ် မတိုင်ခင်မှာ အာဆင်နယ်က ရမှတ် ၁၈ မှတ်နဲ့ အဆင့် ၈ နေရာမှာ ရှိပြီး နောဝစ်ချ်ကတော့ ရမှတ် ၁၀ မှတ်နဲ့ အဆင့် ၁၈ မှာ ရှိနေပါတယ်။ နောဝစ်ချ် အာဆင်နယ် ပွဲစဉ်အတွက်… Continue Reading →

© 2025 Myan News — Powered by WordPress

Theme by Anders NorenUp ↑