Category

Sports

လာမယ့်ရာသီက စတင်မယ့် FA Cup ပြိုင်ပွဲ အပြောင်းအလဲကို အတည်ပြု

များစွာသော အငြင်းပွားရမှုတွေဖြစ်ခဲ့အပြီး အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်ဘက်က လာမယ့်ရာသီကစလို့ FA Cup မှာ ပြန်ကန်ပွဲ ရှိတော့မှာ မဟုတ်ကြောင်း ကြေညာလိုက်ပါတယ်။ ကမ္ဘာ့သမိုင်းအရင့်ဆုံး ဖလားပြိုင်ပွဲလို့ နာမည်ကြီးတဲ့ FA Cup ဟာ သူတို့ရဲ့ ပွဲစဉ်ရက်တွေအတွက် ပရီးမီးယားလိဂ်နဲ့ သဘောတူညီမှု အချို့ကိုလည်း ပြုလုပ်ခဲ့ပါတယ်။ နောက်ရာသီမှာ ချန်ပီယံလိဂ်ပွဲတွေ တိုးလာတော့မှာဖြစ်သလို ကလပ်ကမ္ဘာ့ဖလား ပြိုင်ပွဲကလည်း ပွဲပိုများလာတော့မှာမို့ အက်ဖ်အေဘက်က အခုလို စီစဉ်ပေးလာရခြင်း ဖြစ်ပါတယ်။ အက်ဖ်အေဖလား အပြောင်းအလဲ ၁- အက်ဖ်အေဖလားမှာ ပြန်ကန်ပွဲတွေ မရှိတော့ပါဘူး။ တစ်ကျော့တည်း… Continue Reading →

ဒီရာသီ ချန်ပီယံလိဂ် ဖိုင်နယ်ကို တက်ရောက်နိုင်ဖို့ ရေပန်းစား ၂ သင်း

ကွာတားဖိုင်နယ်အဆင့်တွေ ပြီးစီးခဲ့တဲ့နောက် ဒေါ့မွန်၊ ပီအက်စ်ဂျီ၊ ဘိုင်ယန်မြူးနစ်နဲ့ ရီးရဲလ်မက်ဒရစ်တို့ဟာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်အဆင့်ကို တက်လှမ်းလာပါပြီ။ ဒီရာသီမှာတော့ အင်္ဂလန်ကလပ် တစ်သင်းမှ ဆီမီးဖိုင်နယ် အဆင့်ကို တက်ရောက်လာနိုင်ခြင်း မရှိတော့ပါဘူး။ ယူနိုက်တက်နဲ့ နယူးကာဆယ်တို့က အုပ်စုအဆင့်မှာ ပြုတ်ခဲ့ကြသလို အာဆင်နယ်၊ မန်စီးတီးကတော့ ကွာတားအဆင့်မှာ ပြုတ်ခဲ့ကြတာ ဖြစ်ပါတယ်။ ဆီမီးဖိုင်နယ်မှာတော့ ဒေါ့မွန် vs ပီအက်စ်ဂျီ၊ ဘိုင်ယန်မြူးနစ် vs ရီးရဲလ်မက်ဒရစ် အတွဲတွေက တက်လာမယ့် အသင်းတွေ ဗိုလ်လုကြမှာဖြစ်ပါတယ်။ ဆီမီးအဆင့်မှာ အားအနည်းဆုံးဖြစ်တဲ့ ဒေါ့မွန်ဟာ ပီအက်စ်ဂျီကို… Continue Reading →

ဒီနွေမှာ အာဆင်နယ်အသင်း သေချာပေါက် ခေါ်ယူမယ့် ကစားသမား

အက်စတွန်ဗီလာကို အိမ်ကွင်းမှာ ၂-၀ ဖြင့် အရေးနိမ့်ပြီး ပရီးမီးယားလိဂ်ဖလား ရေပန်းစားမှုမှာ နောက်ရောက်ခဲ့ခြင်းဟာ အာဆင်နယ်အသင်းကို အတော်လေး စိတ်ထိခိုက်စေခဲ့ပါတယ်။ The Athletic ရဲ့ အဆိုအရ အဆိုပါပွဲမှာ ပြသခဲ့တဲ့ ဇင်ချန်ကိုရဲ့ စွမ်းဆောင်ရည်ကို အာဆင်နယ်ပရိသတ်​တွေ စိတ်ပျက်ခဲ့သလို နည်းပြအာတီတာကလည်း ဘယ်ခြမ်းအပေါ် စိုးရိမ်မှုရှိတယ်လို့ သိရပါတယ်။ ဒါကြောင့်ပဲ တိုမီယာဆု၊ ကီဝီအာ၊ တင်ဘာတို့ကိုလည်း ဘယ်ခြမ်းအတွက် မျှော်လင့်နိုင်ပေမယ့် အာဆင်နယ်ကတော့ ဘယ်အစွန်လူသစ် တစ်ဦးကို ခေါ်ယူဖို့ စီစဉ်နေပြီ ဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ ဒီရာသီတစ်ခုလုံးမှာ ပြသခဲ့တဲ့… Continue Reading →

အာနိုး ပြောပြတဲ့ မန်နေဂျာသစ် ရောက်လာခဲ့ရင် လီဗာပူးမှာ ဘာတွေ ပြောင်းလဲသွားနိုင်သလဲ

ဒီနွေမှာ လီဗာပူးအသင်းကို မန်နေဂျာသစ် ဝင်ရောက်လာပြီး ခေတ်သစ်တစ်ခုကို စတင်မှာဖြစ်ပေမယ့် အသင်းဟာ ဆုဖလား စိန်ခေါ်နိုင်စွမ်းကို ဆက်လက် ထိန်းသိမ်းနိုင်မယ်လို့ ထရန့်က မျှော်လင့်နေပါတယ်။ ထရန့်က “ မန်နေဂျာသစ် ဝင်လာမှာနဲ့ ပတ်သက်ပြီး ကျနော်မှာ ကြားနေအမြင် ရှိထားပါတယ်။ မန်နေဂျာသစ် ရောက်လာတာက လုံးဝကြီး ခြားနားတဲ့ အခြေအနေတစ်ရပ် ဖြစ်နေလိမ့်မယ်။ အခုချိန်မှာ ဘာမှ မပြောနိုင်သေးပေမယ့် ရာသီကြိုမှာ ကစားပုံအသစ်ကို အခြေကျဖို့ ကြိုးစားရတာက ထူးဆန်းပါလိမ့်မယ်။ နွေရာသီကြိုမှာတော့ အားလုံးက အရမ်းကို ခြားနားနေမှာပါ။ ထူးလည်း… Continue Reading →

ဂန်းနားတွေကို အသဲခွဲခဲ့သူကိုမှ ထိပ်တန်းပစ်မှတ်အဖြစ် ခေါ်ယူချင်နေတဲ့ အာဆင်နယ်

အာဆင်နယ်အသင်းဟာ ဒီနွေမှာ တိုက်စစ်မှူးသစ် ခေါ်ယူလိုနေကာ ဘရန့်ဖိုဒ့်အသင်းမှ တိုနေးအပေါ် စိတ်ဝင်စားမှု လျော့နည်းသွားခဲ့ပြီ ဖြစ်ပါတယ်။ အဲ့အစား ပရီးမီးယားလိဂ်ကလပ် နယူးကာဆယ်အသင်း တိုက်စစ်မှူး အိုင်ဆက်နဲ့ အက်စတွန်ဗီလာမှ ဝတ်ကင်တို့ကို ပိုမို သဘောကျလာနေပါတယ်။ ၎င်းတို့ နှစ်ဦးအတွက် ပြောင်းရွှေ့ကြေးတွေက စျေးပေါမှာတော့ မဟုတ်ပါဘူး။ နယူးကာဆယ်က သူတို့ တိုက်စစ်မှူးကို မရောင်းချလိုတာကြောင့် ပြောင်းရွှေ့ကြေး ပေါင် သန်း ၁၀၀ လောက် စျေးခေါ်နိုင်ပါတယ်။ အက်စတွန်ဗီလာကလည်း အသက် ၂၈ နှစ်အရွယ် ဝတ်ကင်အတွက် ပေါင် ၆၅… Continue Reading →

မန်ယူအတွက် အလိုအပ်ဆုံး ကစားသမား ၂ ဦးကို ဒီနွေမှာ ခေါ်ယူမယ်လို့ ရိုမန်နို သတင်းပေး

မန်ချက်စတာ ယူနိုက်တက်ဟာ လာမယ့် နွေဈေးကွက်မှာ ခံစစ်ကို အင်အားဖြည့်ဖို့ အလုပ်တွေ ရှုပ်ဦးမယ် လို့ အပြောင်းအရွှေ့ ဂုရု သတင်းထောက် ဖာဘရီဇီယို ရိုမန်နို က ဖော်ထုတ်လိုက်ပါတယ်။ ယူနိုက်တက်ဟာ နွေမှာ ဗဟိုခံစစ်မှုး တစ်ဦး တော့ အနည်းဆုံး သေချာပေါက် ခေါ်မှာ ဖြစ်ပြီး ဖြစ်နိုင်ရင် ၂ ယောက်ပါ ခေါ်ယူဖို့ ရှိနေပါတယ်။ လက်ရှိ အချိန်ထိတော့ ယူနိုက်တက်ဟာ ခံစစ်မှူး ဗာရန်းကို စာချုပ်သစ် ကမ်းလှမ်းမှု မရှိသေးပါဘူး။ ဒါကြောင့် ဗာရန်းက… Continue Reading →

ဂွာဒီယိုလာလို တော်ကြောင်း သက်သေပြလိုစိတ်နဲ့ အာတီတာ တလွဲတွေ လုပ်နေကြောင်း ဝေဖန်

BeIN Sports ရဲ့ အစီအစဉ် တင်ဆက်သူ ရစ်ချက်ကီးကတော့ အာတီတာဟာ သူ့ဘာသာ ဘဝင်မြင့်နေပြီး အသင်းလူစာရင်း ရွေးချယ်မှုတွေ ဘယ်လိုလုပ်လုပ် သူလုပ်ရင် ဖြစ်ပါတယ်ဆိုတာ ပြသနေချင်သူလို့ ဝေဖန်လိုက်ပါတယ်။ အက်စတွန်ဗီလာကို ၂-၀ နဲ့ အရေးနိမ့်တဲ့ပွဲမှာ အာတီတာရဲ့ လူစာရင်း ရွေးထုတ်မှုဟာ အတော်လေး ဝေဖန်ခံနေရတာပါ။ ရစ်ချက်ကီးကဆိုရင် “လူတွေက အာဆင်နယ်ရဲ့ နံပါတ် ၉ နေရာ ရွေးချယ်မှုကို ထောက်ပြနေကြတာ ကျနော် သိပါတယ်။ ကျနော်အတွက်တော့ အဲ့တာက ပြဿနာ မဟုတ်ဘူး။ ဟာဗက်ဇ်က… Continue Reading →

မန်စီးတီးကို ကျော်ပြီး အာဆင်နယ်အသင်း ပရီးမီးယားလိဂ်ဖလား ရနိုင်လား

အာဆင်နယ်အသင်းဟာ မန်စီးတီးနောက် ၂ မှတ်အကွာကို ရောက်သွားခဲ့ကာ ပွဲကြပ်တွေ ကျန်ရှိနေသေးတာမို့ ပရီးမီးယားလိဂ်ဖလား အနိုင်ရဖို့ အခွင့်အရေး နည်းလာခဲ့ပါပြီ။ ဒီကြားရက်မှာ အာဆင်နယ်ဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဆက်ရှိနေပြီး ဆီမီးဖိုင်နယ်ကို တက်မလား? ပြိုင်ပွဲကနေ ထွက်ရမလား? အဆုံးအဖြတ်အဖြစ် ဘိုင်ယန်မြူးနစ်နဲ့ အဝေးကွင်းပွဲစဉ် ရှိပါမယ်။ အဲ့ပွဲအပြင် ပရီးမီးယားလိဂ်ပွဲတွေအဖြစ် ဝုဗ် (အဝေးကွင်း)၊ ချယ်ဆီး (အိမ်ကွင်း)၊ စပါး (အဝေးကွင်း)၊ ဘုန်းမောက် (အိမ်ကွင်း)၊ ယူနိုက်တက် (အဝေးကွင်း)၊ အဲဗာတန် (အိမ်ကွင်း) ပွဲစဉ်တွေကို ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။… Continue Reading →

အင်္ဂလန်သား တိုက်စစ်သမား နှစ်ဦးရဲ့ စိန်ခေါ်မှုကို ရင်ဆိုင်နေရတဲ့ တိုက်စစ်မှူး ဟာလန်း

မနက်က ယှဉ်ပြိုင်ကစားတဲ့ ချယ်ဆီးနဲ့ အဲဗာတန်ပွဲမှာ အိမ်ရှင်အသင်းက ၆ ဂိုးပြတ် အနိုင်ရခဲ့သလို ပါလ်မာဟာ ကိုယ်တိုင် သွင်းဂိုး ၄ ဂိုး သွင်းယူခဲ့ပါတယ်။ ဒီရာသီစက မန်စီးတီးကနေ ချယ်ဆီးအသင်းကို ပြောင်းလာခဲ့တဲ့ ပါလ်မာဟာ ပရီးမီးယားလိဂ် သွင်းဂိုး ၂၀ ပြည့်သွားခဲ့ပြီဖြစ်ကာ ရွှေဖိနပ်ဆု ပြိုင်ဆိုင်မှုအတွင်း ဟာလန်းနဲ့ သွင်းဂိုး တူညီသွားခဲ့ပါပြီ။ မနှစ်ကရာသီ ပရီးမီးယားလိဂ်မှာ သွင်းဂိုး ၃၆ ဂိုး သွင်းယူပြီး ပြိုင်ပွဲသမိုင်းတစ်လျှောက် ဂိုးသွင်း အများဆုံး စံချိန်ကို စိုက်ထူးထားတဲ့ ဟာလန်းဟာ… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!