Date

September 16, 2019

ဆိုကရေးတစ် တောင်းပန်မှု၊ ဇာခါရဲ့ စိတ်ပျက်ခြင်းနဲ့ အာဆင်နယ် ညနေခင်းသတင်းများ

အာဆင်နယ်အသင်းဟာ ၀က်ဖို့ဒ်ကို အဝေးကွင်းမှာ သွားရောက်ရင်ဆိုင်ခဲ့ရာ ပထမပိုင်းမှာ ကစားပုံ ကောင်းမွန်ခဲ့သော်လည်း ဒုတိယပိုင်းမှာ ခြေစွမ်း ဆိုးဝါးစွာ ကျဆင်းခဲ့ပါတယ်။ ၀က်ဖို့ဒ်ဟာ ဒုတိယပိုင်း တစ်ပိုင်းတည်းတင် အာဆင်နယ်ဘက်သို့ ကန်သွင်းချက် ၂၃ ကြိမ်ထိ ရှိခဲ့ပါတယ်။ ဂိုးသမားလီနိုရဲ့ ဂိုးကာကွယ်မှုကလည်း ၈ ကြိမ်ထိ ရှိခဲ့တာပါ။ အာဆင်နယ် ခံစစ်မှူး ဆိုကရေးတစ်က ၀က်ဖို့ဒ်နဲ့ ပွဲမှာ အမှားကျူးခဲ့မိတာ အတွက် သူ့မှာ တာဝန်ရှိတယ်လို့ ၀န်ခံလိုက်ပြီး ပရိသတ်တွေကို တောင်းပန်စကား ဆိုခဲ့ပါတယ်။ ဒါ့အပြင် သရေ ရလဒ်က… Continue Reading →

အချိန်တန်ရင် လီဗာပူးကို ကျော်မယ်ဆိုတဲ့ ဒီဘရိုင်းနဲ့ မန်စီးတီး သတင်းတိုများ

စီးတီး ကွင်းလယ်ကစားသမား ရိုဒရီက နောဝစ်ခ်ျကို ရှုံးလိုက်တဲ့ ပွဲဟာ မန်စီးတီးအသင်းသားတွေ အားလုံး အတူတကွ အပြစ်တင် ခံရမှာပဲ ဖြစ်ပြီး အမှားတွေ ဆက်တိုက်ကျူးလွန်ခဲ့ကြတဲ့ ရလဒ်ဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။ စီးတီးကွင်းလယ် ကစားသမား ဒီဘရိုင်းက မန်စီးတီးအသင်းဟာ အချိန်တန်ရင် လီဗာပူးအသင်းကို ပြန် အမှီလိုက်နိုင်ပါတယ်လို့ ပြောကြား လိုက်ပါတယ်။ မန်စီးတီးက ဒီတပတ်မှာ နောဝစ်ခ်ျကို မထင်မှတ်ဘဲ ရှုံးနိမ့်ခဲ့တာကြောင့် လီဗာပူးအသင်းနဲ့ ၅ မှတ် ပြတ်သွားခဲ့ပြီ ဖြစ်ပါတယ်။ ” ပြီးခဲ့တဲ့ ရာသီတုန်းကဆို ကျနော်တို့… Continue Reading →

မန်နေဂျာရာထူးငြင်းမယ့် နဗီး၊ ချန်ပီယံလိဂ်ပစ်မှတ်ထားတဲ့ ဒါလော့နဲ့ မန်ယူညနေခင်း သတင်းများ

ပရီးမီးယားလိဂ်တိုက်စစ်မှူးဟောင်း မိုက်ကယ်အိုဝင်က မန်ယူအသင်းထံ ပြောင်းခဲ့ခြင်းအတွက် လူမှုကွန်ယက်ကနေ လီဗာပူး ပရိတ်သတ်တွေရဲ့ နေ့စဉ် ပြင်းထန်တဲ့ ဝေဖန် တိုက်ခိုက်မှုတွေဟာ သူ့ကို စိတ် ရှုပ်ထွေးမှု များစေခဲ့တယ်လို့ ၀န်ခံသွားခဲ့ပါတယ်။ ပွဲစဉ် ၅ အတွက် ပရီးမီးယားလိဂ် တစ်ပတ်တာ အကောင်းဆုံး အသင်းစာရင်းမှ မန်ယူအသင်း ဂိုးသမားဖြစ်သူ ဒီဂီယာနဲ့ ဗဟိုခံစစ်မှူး မက်ဂွဲရားတို့ ပါဝင်ခဲ့ပါတတယ်။ မန်ယူဟာ လက်စတာကို ယှဉ်ပြိုင်တဲ့ပွဲမှာ ၁-၀ ရလဒ်နဲ့ အနိုင်ရခဲ့ခြင်းဖြစ်ပါတယ်။ မန်ယူတိုက်စစ်သမား ရပ်ဖို့က လက်စတာနဲ့ပွဲမှာ သူကန်သွင်းတဲ့ ပင်နယ်တီဟာ… Continue Reading →

ဗန်ဒိုက်နဲ့တွဲဖို့ ကူလီဘိုင်လေကို ချိန်ရွယ်ခြင်း၊ နာပိုလီ ပွဲကြိုထရိန်နင်နဲ့ လီဗာပူး ညနေခင်းသတင်းများ

လီဗာပူးအသင်းဟာ ဗန်ဒိုက်နဲ့ တွဲ ကစားစေဖို့ နာပိုလီအသင်းမှ ဗဟိုခံစစ်မှူး ကူလီဘိုင်လေကို ခေါ်ယူရန် ကြံရွယ်နေတယ်လို့ သိရပါတယ်။ လီဗာပူးက ဗန်ဒိုက်ကို စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ပြီး အသင်းခံစစ်ကြောင်းကို သိသာစွာ ပြောင်းလဲ ထားနိုင်ခဲ့တာပါ။ ပွဲစဉ် ၅ အတွက် ပရီးမီးယားလိဂ် တစ်ပတ်တာ အကောင်းဆုံး အသင်းစာရင်းမှ လီဗာပူးမှ ဘယ်အစွန်လူ ရော်ဘတ်ဆန်နဲ့ တိုက်စစ်မှူး ဖာမင်နိုတို့ ပါဝင်ခဲ့ပါတယ်။ သွင်းဂိုးတွေ ရယူပေးခဲ့တဲ့ မာနေးနဲ့ ဆာလက်တို့ကတော့ မပါဝင်ခဲ့ပါဘူး။ ဖီဖာ ကလပ်အသင်းများ ကမ္ဘာ့ဖလားများ… Continue Reading →

ချန်ပီယံလိဂ်ပွဲကြို ထူးခြားကိစ္စများ၊ ရူဒီဂါ လေ့ကျင့်ရေးမှာ မပါခြင်းနဲ့ ချယ်ဆီး သတင်းတိုများ

ချယ်ဆီးအကယ်ဒမီထွက် လူငယ်တွေ ဖြစ်တဲ့ အေဗရာဟမ်၊ မေဆန်မောင့်၊ တိုမိုရီတို့ဟာ အသင်း အပြောင်းအရွှေ့ ပိတ်ပင်ခံရခြင်းကနေ အကျိုးရှိခဲ့ကြသူတွေ ဖြစ်ပြီး မဟုတ်ရင် စီနီယာအသင်းကြီးနဲ့အတူ အခွင့်အရေးပေးခြင်း ခံရမှာ မဟုတ်ကြောင်း ချယ်ဆီး တိုက်စစ်မှူးဟောင်း တိုနီ ကပ်စကာရီနိုက မှတ်ချက်ပြုလိုက်ပါတယ်။ ၀ုဗ်နဲ့ပွဲမှာ ဟက်ထရစ် ဂိုးသွင်းခဲ့ပေမယ့် အေဗရာဟမ် အပေါ် လျှော့ပေးမှာ မဟုတ်ဘဲ ပိုပြီး ခက်ခဲပြင်းထန်တဲ့ တွန်းအားတွေ ပေးသွားဦးမှာ ဖြစ်တယ်လို့ ချယ်ဆီးနည်းပြ လမ်းပတ်က ပြောကြားလိုက်ပါတယ်။ ကာလရှည် ဒဏ်ရာကြောင့် နားနေခဲ့တဲ့ ချယ်ဆီး… Continue Reading →

ဗလင်စီယာနဲ့ ချန်ပီယံလိဂ်ပွဲမှာ ပြန်ပါနိုင်မယ့် ချယ်ဆီးတိုက်စစ်ကြယ်ပွင့်

ချယ်ဆီး ကြယ်ပွင့်တိုက်စစ်သမား အိုဒွိုင်းဟာ ဒီတပတ် ဗလင်စီယာနဲ့ ချန်ပီယံလိဂ် အုပ်စုအဖွင့်ပွဲစဉ်မှာ ပြန် ပါဝင်လာနိုင်ဖွယ် ရှိတယ်လို့ ချယ်ဆီးနည်းပြ ဖရန့် လမ်းပတ်က အတည်ပြုလိုက်ပါတယ်။ ချယ်ဆီးအသင်းရဲ့ အားထားရတဲ့ တောင်ပံတိုက်စစ်သမား အိုဒွိုင်းဟာ ပြီးခဲ့တဲ့ ဧပြီတည်းက ဘန်လေနဲ့ပွဲမှာ ခြေဖနောင့် ဒဏ်ရာ ရခဲ့တာ ဖြစ်ပြီး ပြီးခဲ့တဲ့ သောကြာနေ့ကတော့ ချယ်ဆီး U23 အသင်းနဲ့အတူ မိနစ် ၆၀ မျှ ပါဝင်ကစားခဲ့ပါတယ်။ အိုဒွိုင်း ထရိန်နင် ပြန်ဆင်းနေတာကလည်း သုံးပတ် နီးပါးမျှ ရှိခဲ့ပါပြီ။… Continue Reading →

ဝတ်ဖို့နဲ့ပွဲမှာ အသင်းသားအားလုံး ဘောလုံးကို မလိုချင်ခဲ့ဘူးဆိုတဲ့ ဂန်းနားအသင်းသား

အာဆင်နယ်ဟာ အဝေးကွင်းမှာ သွားရောက်ယှဉ်ပြိုင်ရတဲ့ ပရီးမီးယားလိဂ်ပွဲမှာ ဆိုးရွားတဲ့ ခံစစ်ကစားပုံကြောင့် ပထမပိုင်း ဦးဆောင်ဂိုးတွေကို လက်လွတ်ခဲ့ရပြီး ပွဲအပြီးမှာ ၂-၂ ဆိုတဲ့ ရလဒ်ပဲ ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်တိုက်စစ်မှူး အူဘာမီယန် အထူးခြေစွမ်းပြနိုင်ခြင်းကြောင့် ပထမပိုင်းမှာ သွင်းဂိုး ၂ ဂိုးထိ ရရှိခဲ့တယ်။ ဒါပေမယ့် ဒုတိယပိုင်း အာဆင်နယ်ရဲ့ ကစားပုံက မေးခွန်းထုတ်စရာဖြစ်ခဲ့ပြီး အတော်လေး ညံ့ဖျင်းခဲ့ကာ အရေးနိမ့်နိုင်လောက်တဲ့ အခြေအနေထိကို ရောက်ရှိခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်အသင်းခေါင်းဆောင်က ပြောရာမှာ ” ကျနော်တို့ စိတ်ပျက်ခဲ့ရပါတယ်။ ကောင်းမွန်တဲ့ ပထမပိုင်းကို ပိုင်ခဲ့ပေမယ့်… Continue Reading →

ဥရောပမှတ်တမ်း၊ ဗီဒစ် ချီးကျူးမှု၊ ရော်ဘတ်ဆန် သတိပေးချက်နဲ့ လီဗာပူး နံနက်ခင်းသတင်းများ

နယူးကာဆယ်ကို ဦးဆောင်ဂိုး ပေးခဲ့ရသော်လည်း ၃-၁ နဲ့ အနိုင်ကန်နိုင်ခဲ့ရာမှာ အရေးပါတဲ့ နေရာက ပါဝင်ခဲ့တဲ့ တိုက်စစ်မှူး ဖာမီနိုကို လီဗာပူး ဘယ်စွန် ခံစစ်မှူး အန်ဒီ ရော်ဘတ်ဆန်က ချီးမြှောက်စကား ဆိုခဲ့ပြီး ကလပ်အသင်းဟာ ဖာမီနိုကို လိုကို လိုအပ်တာပါလို့ ပြောကြားခဲ့ပါတယ်။ ဥရောပ ထိပ်သီးလိဂ် ၅ ခုမှာ ဒီရာသီ ရာနှုန်းပြည့် နိုင်ပွဲရထားတဲ့ အသင်းက လီဗာပူးနဲ့ အင်တာမီလန် နှစ်သင်းသာ ရှိတော့ပါတယ်။ အခုချိန်ထိ လီဗာပူးက ငါးပွဲ ကစားထားပြီး အင်တာက… Continue Reading →

နံနက်ခင်း မန်ယူသတင်းထူး သတင်းဦးများ စုစည်းမှု (၁၆-၉-၂၀၁၉၊ တနင်္လာနေ့)

မန်ယူ အသင်းခေါင်းဆောင် အက်ရှ်လေယန်းက မန်ချက်စတာ ယူနိုက်တက်အသင်းဟာ နည်းပြ ဆိုးရှားလက်အောက်မှာ မှန်ကန်တဲ့ လမ်းကြောင်းပေါ် ရောက်ရှိနေတယ်လို့ ယုံကြည်ကြောင်း အားပေးစကား ဆိုလိုက်ပါတယ်။ ယူနိုက်တက် တောင်ပံတိုက်စစ်သမား ဒန်နီရယ်ဂျိမ်းစ်က FIFA 20 ရဲ့ အမြန်ဆုံး ထိပ်သီး ကစားသမား ၂၀ ထဲ ပါဝင်နေပြီး ၄င်း အဆင့်က ၁၆ ဖြစ်တယ်လို့ သိရပါတယ်။ ယူနိုက်တက်နဲ့ ပွဲက ပင်နယ်တီပြစ်ဒဏ်ဘောဟာ ထိချက် အနည်းငယ်သာ ရှိခဲ့ပေမယ့် ပါးနပ်တဲ့ ရက်ဖို့ဒ်က ထိုအခွင့်အရေးကို စောင့်နေခဲ့သလို… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!