Month

November 2019

အယ်လီဆန်နဲ့ ကွင်းလယ်ဒိုင်ရဲ့ ကွင်းအတွင်း ဆုံးဖြတ်ချက်တွေကို မှတ်ချက်ပေးသွားတဲ့ ဗန်ဒိုက်

လီဗာပူးဟာ အိမ်ကွင်းမှာ ဘရိုက်တန်ကို အသာစီးယူနိုင်ခဲ့ပေမယ့် ပွဲပြီးခါနီး ၁၀ မိနစ်ကျော်မှာ အယ်လီဆန်ရဲ့ ဆုံးဖြတ်ချက် အမှားကြောင်း အနီကဒ်ထိခဲ့ပြီး ခက်ခဲတဲ့ပွဲတစ်ပွဲအဖြစ် ပြောင်းလဲ ရင်ဆိုင်ခဲ့ရပါတယ်။ လီဗာပူးခံစစ်မှူး ဗန်ဒိုက်က ပြိုင်ဘက် ဘရိုက်တန်ကို ချီးကျူးစကား ပြောဆိုခဲ့သလို အယ်လီဆန် အနီကဒ်ရမှုက အသင်းဖော်တွေရဲ့ လိုအပ်ချက်ကြောင့်လည်း ဖြစ်ပါတယ်လို့ ကာကွယ်ပြောဆိုကာ ပိုကောင်းအောင် ဆက်ကြိုးစားဖို့ နိုးဆော်သွားပါတယ်။ ဗန်ဒိုက်က ” ဘရိုက်တန်က အသင်းကောင်း တစ်သင်း ဖြစ်တယ်။ သူတို့က ဘောလုံးကို ကောင်းစွာ ကစားပြီး စွန့်စားမှုတွေလည်း… Continue Reading →

အက်ကင်ဆန်ရဲ့ လက်ဆောင် ဆုံးဖြတ်ချက်ကြောင့် အနိုင်သုံးမှတ်ကို ရင်ထိတ်စွာ ယူခဲ့ရတဲ့ လီဗာပူး

ပရီးမီးယားလိဂ် ပွဲစဉ် ၁၄ အဖြစ် လီဗာပူးဟာ ဘရိုက်တန်ကို အန်ဖီးကွင်းမှာ ဧည့်ခံကစားပြီး ပေါ့လျော့မှုတွေကြောင့် ပွဲကို အပြတ်ဖြတ်ရမယ့်အစား ရင်ထိတ်ဖွယ် အခြေအနေတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး ပွဲအပြီးမှာ ၂-၁ နဲ့ အနိုင်ရသွားခဲ့ပါတယ်။ လီဗာပူးအသင်းဟာ ကွင်းလယ်လူ ဖာဘင်ညိုနေရာမှာ ချိန်ဘာလိန်ကို အစားထိုးတာကလွဲလို့ အဓိက ကစားသမား အစုံအလင်နဲ့အတူ ပွဲကို အနိုင်ယူဖို့ ပြင်ဆင်လာခဲ့ပါတယ်။ အစောပိုင်းမှာ ယှဉ်ပြိုင်ကစားတဲ့ နယူးကာဆယ်နဲ့ မန်စီးတီးပွဲ ၂-၂ သရေရလဒ် ထွက်ပေါ်ခဲ့တာကြောင့် ဒီပွဲကို အနိုင်ရမယ်ဆိုရင် လီဗာပူးက ရမှတ်ကို… Continue Reading →

လီဗာပူးပရိသတ်တွေ မြင်လိုတဲ့ ကစားသမားနှစ်ဦး ဘရိုက်တန်နဲ့ပွဲမှာ ပါဝင်ဖွယ်ရှိကြောင်း သတင်းထွက်

လီဗာပူးဟာ ကွင်းလယ်လူ ဖာဘင်ညိုကို ကာလရှည် ဒဏ်ရာပြဿနာကြောင့် လက်လွတ်ရမှာဖြစ်သလို ကြံ့ခိုင်မှုပိုင်းဆိုင်ရာ ထိုးနှက်ခံရမှုတွေကို ရှောင်ရှားဖို့ ဒီကနေ့ ဘရိုက်တန်နဲပွဲမှာ အပြောင်းအလဲတွေ လုပ်လာနိုင်တယ်လို့ သတင်းထွက်လာပါတယ်။ ဒဏ်ရာပြဿနာကနေ ပြန်သက်သာလာပြီး လေ့ကျင့်ရေးတွေမှာ အကောင်းဆုံး ပြန်ပါထားနိုင်တဲ့ ကီတာဟာ ဘရိုက်တန်နဲ့ပွဲမှာ အခွင့်အရေး ရဖွယ်ရှိကြောင်းနဲ့ ဖာဘင်ညို မပါနိုင်တဲ့ ကွင်းလယ်တစ်နေရာမှာ ပွဲထွက်လူစာရင်းက ချိန်ဘာလိန် ပါဝင်လာနိုင်မယ်လို့လည်း သတင်းတွေ ထွက်ပေါ်လာနေတာဖြစ်ပါတယ်။ လီဗာပူးအသင်း ချန်ပီယံလိဂ်ပွဲအဖြစ် နာပိုလီကို ရင်ဆိုင်ကစားတဲ့ပွဲ မတိုင်ခင် ကီတာက အဖျားရောဂါ ခံစားခဲ့ရသေးပေမယ့် နာပိုလီပွဲကြို… Continue Reading →

အာဆင်နယ်ကို ရလဒ်ဆိုးစေပြီး အမ်မရီကိုပါ ရာထူးက ထုတ်ပယ်ခံစေရမှုရဲ့ အဓိက တာဝန်ရှိသူ

စပိန်မန်နေဂျာ အူနိုင်းအမ်မရီဟာ ယူရိုပါလိဂ်ကို အရေးနိမ့်အပြီးမှာ အာဆင်နယ်အသင်းကနေ ထုတ်ပယ်ခံခဲ့ရပြီး ဒီဖြစ်ရပ်အတွက် ကလပ်အသင်းသားတွေကလည်း ပြစ်တင်ဝေဖန်မှုတွေကို မျှဝေယူကြရမှာဖြစ်တယ်လို့ ခံစစ်မှူး လူးဝစ်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ အာဆင်နယ်ဟာ ဒီရာသီမှာ မန်စီးတီး၊ လီဗာပူးတို့ကို အဓိက ဖိအားပေးမယ့် အသင်းအဖြစ် အထင်ကြီးခြင်း ခံခဲ့ရပြီး တီရာနေး၊ ပီပီနဲ့ လူးဝစ်လို ကလပ်အသင်း အားနည်းတဲ့ နေရာတွေကို အင်အားဖြည့်နိုင်မှုကြောင့် တိုက်စစ် ခံစစ် လူအင်အား တောင့်တင်းမှုရှိနေပြီလို့ ယူဆခံခဲ့ရတာပါ။ ဒါပေမယ့်လို့ အခြေအနေတွေက ဆန့်ကျင်ဘက်ကို ရောက်သွားခဲ့တာဖြစ်တယ်။ အာဆင်နယ်ဟာ ခြေစွမ်း… Continue Reading →

ချယ်ဆီး တိုက်စစ်သမားနှစ်ဦးကို ခေါ်ဖို့ လန်ဒန်သို့ စကားပြောရန် လာတဲ့ ဂျူဗီ အားကစားဒါရိုက်တာ

စီးရီးအေ အင်အားကြီးကလပ် ဂျူဗင်တပ်ဟာ လက်ရှိ ရာသီကုန်ရင် ချယ်ဆီးနဲ့ စာချုပ်ကုန်ဆုံးတော့မယ့် တောင်ပံကစားသမား နှစ်ဦး ဖြစ်တဲ့ ဝီလီယံနဲ့ ပက်ဒရိုကို ခေါ်ယူလိုနေပြီး လှုပ်ရှားမှုတွေ စတင်ပြုလုပ်နေပါတယ်။ ဂျူဗင်တပ်ဟာ ဝီလီယံကို အလိုရှိတာ ကြာခဲ့ပြီ ဖြစ်ပြီး ပက်ဒရိုကိုပါ တပါတည်း ခေါ်ယူလိုလာတာ ဖြစ်ပါတယ်။ ကစားသမား နှစ်ဦးလုံးကတော့ ဇန်နဝါရီမှာ အခြား ကလပ်အသင်းများနဲ့ တရားဝင် ပြောဆိုဆွေးနွေးခွင့်၊ အကြိုသဘောတူညီခွင့် ရှိတော့မှာ ဖြစ်ပါတယ်။ ဂျူဗင်တပ်က ဝီလီယံနဲ့ ပက်ဒရိုကို နွေမှ ခေါ်ယူဖို့ ရှိသော်လည်း… Continue Reading →

လီဗာပူးကစားသမားနှစ်ဦးက ကာလရှည် ဒဏ်ရာတွေရခဲ့ခြင်းဖြစ်ကြောင်း ယာဂင်ကလော့ပ် ပြောဆို

ယာဂင်ကလော့ပ်က အင်္ဂလန်လိဂ်ကို စတင်ရောက်ရှိခဲ့ကတည်း ဒီဇင်ဘာလမှာ ပွဲကြပ်တွေကို ဘယ်လောက်ထိ ခက်ခဲစွာ ယှဉ်ပြိုင်ရလဲဆိုတာကို အံ့အားသင့်ခဲ့တာဖြစ်ပြီး သောကြာနေ့က အင်္ဂလန်မန်နေဂျာ ဆောက်ဂိတ်ရဲ့ ပြောဆိုမှုကို မီဒီယာတွေကို ဖွင့်ပြောခဲ့တယ်။ “ မန်ချက်စတာမှာ ဆောက်ဂိတ်နဲ့ ဘေးကပ်ရပ်ထိုင်ခဲ့ပြီး သူက ၁၉၉၃ ခုနှစ်တုန်းက ၂၆ ရက်နဲ့ ၂၇ ရက်တွေမှာ သူ ဆက်တိုက် ပွဲကစားခဲ့ရတယ်လို့ ပြောပြခဲ့တယ်။ ဒီတော့ အင်္ဂလန်က တကယ်ကို ရယ်စရာ ပွဲစဉ်ဇယာတွေရှိတာပဲ။ တကယ်ကို အံ့အားသင့်လောက်တဲ့ ပွဲစဉ်ဇယား ကြပ်တည်းမှုတွေဖြစ်တယ်။ ဒီလို… Continue Reading →

ယူနိုက်တက်မှာ အောင်ပွဲစိတ်ဓါတ်ရှိပြီး ဆုဖလားတစ်လုံးတော့ အနိုင်ယူမယ်ဆိုတဲ့ စီနီယာအသင်းသား

ဒီရာသီ အိုလီဂန်နာ ဆိုးရှားလက်အောက်မှာ ယူနိုက်တက်ဟာ ခြေစွမ်းတည်ငြိမ်မှု ကင်းမဲ့ခဲ့ပြီး ထိပ်သီးလေးသင်းထဲဝင်ဖို့ ဝေးကွာနေသလို အဆင့် ၁၀ မှအသင်းကို ရမှတ် တစ်မှတ်အသာရထားပြီး စိတ်ပျက်စရာ အဆင့် ၉ နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။ ဒီဇင်ဘာလတွေမှာ စပါး၊ မန်စီးတီးတို့နဲ့ တွေ့ရဖို့ ရှိနေတာနဲ့အတူ ယူနိုက်တက်ဟာ တနင်္ဂနွေနေ့ အိုထရတ်ဖိုဒ့်မှာ အက်စ်တွန်ဗီလာနဲ့ ယှဉ်ပြိုင်ရဖို့ရှိနေပြီး ပွဲကြပ်တွေရဲ့ အစောဆုံးပွဲမှာ ရလဒ်ကောင်း ရရှိဖို့ မျှော်လင့်နေပါလိမ့်မယ်။ ယူနိုက်တက်ကွင်းလယ်လူ လင်ဂတ်က ပရီးမီးယားလိဂ်မှာ အခြေအနေ မကောင်းပေမယ့် ဒီရာသီ ယူနိုက်တက်နဲ့… Continue Reading →

တွစ်တာမှ ရော်ဘတ်ဆန်ရဲ့ ကိုယ်ရေးခေါင်းစီးကို သဘောကျနေတဲ့ လီဗာပူးပရိသတ်များ

လီဗာပူးပရိသတ်တွေရဲ့ အချစ်တော် ကစားသမားဖြစ်သူ ရော်ဘတ်ဆန်က တွစ်တာအကောင့်မှာ ပရိုဖိုင်နဲ့ ပက်သက်ပြီး အပြောင်းအလဲ လုပ်ခဲ့ရာက အသင်းပရိသတ်တွေထံက ချစ်ခြင်းတွေကို တိုးပြီး ရရှိနေပြီဖြစ်ပါတယ်။ ကွင်းထဲမှာ သားရဲတစ်ကောင်လို ကစားတတ်သဘောက် တွစ်တာမှာ အရွှန်းဖောက်မှုနဲ့အတူ အသင်းဖော်တွေနဲ့ ပျော်ပျော်ရွှင်ရွှင် နေတတ်သူလို့ ရော်ဘတ်ဆန်ကို လူသိများပါတယ်။ နာပိုလီပွဲကြို မီဒီယာတွေ့ဆုံမှုတုန်းကလည်း ဘာသာပြန်မှုတွေကို နားထောင်တဲ့ နာကြပ်ကိုတပ်ထားတဲ့ ပုံနဲ့အတူ တွစ်တာမှာပဲ ‘ငါက ပွဲကြေညာသူဆိုတာ ကလေးတွေသိအောင် ပြောပြရမယ်’ လို့ ဟာသလုပ်ခဲ့သေးတာပါ။ ရော်ဘတ်ဆန့်ရဲ့ တွစ်တာ ပရိုဖိုင် အဟောင်းကတော့… Continue Reading →

ချယ်ဆီး – ၀က်စ်ဟမ်း ပွဲ အတွက် လော်ရိုးရဲ့ သုံးသပ်ချက်နဲ့ ခန့်မှန်းရလဒ်

ကြားရက်က ချန်ပီယံလိဂ်ပွဲမှာ ဗလင်စီယာကို သရေကျခဲ့ပြီးနောက် ချယ်ဆီးအသင်းဟာ ပြည်တွင်း ပရီးမီးယားလိဂ် ပွဲတွေ ပြန်ကစားဖို့ အချိန်ကျလာပြန်ပါပြီ။ ဒီတပတ်မှာတော့ လန်ဒန်မြို့ခံ ပြိုင်ဘက်ချင်း ဖြစ်တဲ့ ဝက်စ်ဟမ်းအသင်းကို အိမ်ကွင်း စတန်းဖို့ဘရစ်ချ်မှာ ဧည့်ခံကစားရမှာ ဖြစ်ပါတယ်။ ပွဲချိန်ကတော့ ယနေ့ စနေနေ့ည မြန်မာစံတော်ချိန် ၉း၃၀ နာရီ ပါ။ ဒီပွဲစဉ် မတိုင်ခင်မှာ ချယ်ဆီးက ၁၃ ပွဲ ကစား ၂၆ မှတ်နဲ့ အဆင့် ၄ နေရာမှာ ရှိပြီး ဝက်စ်ဟမ်းကတော့ ရမှတ်… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!