လီဗာပူးဟာ ကွင်းလယ်လူ ဖာဘင်ညိုကို ကာလရှည် ဒဏ်ရာပြဿနာကြောင့် လက်လွတ်ရမှာဖြစ်သလို ကြံ့ခိုင်မှုပိုင်းဆိုင်ရာ ထိုးနှက်ခံရမှုတွေကို ရှောင်ရှားဖို့ ဒီကနေ့ ဘရိုက်တန်နဲပွဲမှာ အပြောင်းအလဲတွေ လုပ်လာနိုင်တယ်လို့ သတင်းထွက်လာပါတယ်။

ဒဏ်ရာပြဿနာကနေ ပြန်သက်သာလာပြီး လေ့ကျင့်ရေးတွေမှာ အကောင်းဆုံး ပြန်ပါထားနိုင်တဲ့ ကီတာဟာ ဘရိုက်တန်နဲ့ပွဲမှာ အခွင့်အရေး ရဖွယ်ရှိကြောင်းနဲ့ ဖာဘင်ညို မပါနိုင်တဲ့ ကွင်းလယ်တစ်နေရာမှာ ပွဲထွက်လူစာရင်းက ချိန်ဘာလိန် ပါဝင်လာနိုင်မယ်လို့လည်း သတင်းတွေ ထွက်ပေါ်လာနေတာဖြစ်ပါတယ်။

လီဗာပူးအသင်း ချန်ပီယံလိဂ်ပွဲအဖြစ် နာပိုလီကို ရင်ဆိုင်ကစားတဲ့ပွဲ မတိုင်ခင် ကီတာက အဖျားရောဂါ ခံစားခဲ့ရသေးပေမယ့် နာပိုလီပွဲကြို လေ့ကျင့်ရေးမှာတော့ ပါဝင်နိုင်ခဲ့ပါတယ်။ ဒီကနေ့မှာ ဘရိုက်တန်နဲ့ ယှဉ်ပြိုင်ရမယ့် လီဗာပူးက ကြားရက်မှာတော့ အဲဗာတန်ကိုပဲ အိမ်ကွင်းမှာ ဧည့်ခံကာ ဒါဘီပွဲ ကစားရမှာဖြစ်လို့ အပြောင်းအလဲတွေကို ပြုလုပ်မယ်လို့ ကြားလာရတာပါ။

ညာအစွန်မှာ ထရန့်ကို အနားပေးထားခဲ့ပြီး ဘရိုက်တန်နဲ့ပွဲမှာတော့ ပွဲထွက်ခွင့် ပြန်ပေးမှာဖြစ်တယ်။ တိုက်စစ်တစ်နေရာစာအတွက် ရှာကွီရီ၊ အိုရီဂီတို့ အဆင်သင့်ဖြစ်နေပြီး ကြံ့ခိုင်မှု ကောင်းနေတာဖြစ်တယ်။ လီဗာပူးဟာ မာတစ်၊ ဖာဘင်ညိုလို အဓိက ကစားသမား နှစ်ဦးကို လက်လွတ်ရတဲ့နောက် ကြံ့ခိုင်မှုကို ထိန်းသိမ်းဖို့က ဦးစားပေးအဖြစ် ဆုံးဖြတ်လာနိုင်ပါတယ်။

အဓိက အပြောင်းအလဲအဖြစ် ကွင်းလယ်တွဲဘက်မှုက စိတ်ဝင်စားစရာ ဖြစ်နေပြီး ဒီရာသီ ပရီးးမီးယားလိဂ်ပွဲ ၁၄ မိနစ်ပဲ ကစားရသေးတဲ့ ကီတာနဲ့ ချန်ပီယံလိဂ်မှာ ခြေစွမ်းကောင်းထားတဲ့ ချိန်ဘာလိန်တို့ နှစ်ဦးကို ဘယ်လိုနေရာပေးမယ်ဆိုတဲ့အပေါ်ပဲ အဓိက စောင့်ကြည့်ခံနေရပါတယ်။

ကီတာက ” ပွဲထွက်လူစာရင်းမှာ ပါလိုပါတယ်။ ဒဏ်ရာပြဿနာက ကျနေ်ာကို ထိုးနှက်ခဲ့ပေမယ့် ပြန်သက်သာလာပြီလို့ ခံစားရတယ်။ ကျနော်ရဲ့ အနေအားကို ကျေနပ်ပေမယ့် ပိုကောင်းလာချင်ပါတယ်။ ပွဲတွေ ကစားရမယ်ဆိုရင် အသင်းကို ကူညီပေးနိုင်မယ်လို့ ကျနော်ထင်တယ်။ လေ့ကျင့်ရေးတိုင်းမှာ ကြိုးစားပြီး ပွဲတွေမှာ ပါဝင်နိုင်ဖို့ အမြဲတမ်း ကြိုးစားပါတယ် ကျနော် ခေါင်းမော့ထားပြီး လူစာရင်းမှာ ရွေးချယ်ခံရဖို့နဲ့ ပွဲကို အနိုင်ယူဖို့ မျှော်လင့်နေပါတယ် ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ZAWGYI

လီဗာပူးဟာ ကြင္းလယ္လူ ဖာဘင္ညိဳကို ကာလရွည္ ဒဏ္ရာျပႆနာေၾကာင့္ လက္လြတ္ရမွာျဖစ္သလို ၾကံ႕ခိုင္မႈပိုင္းဆိုင္ရာ ထိုးႏွက္ခံရမႈေတြကို ေရွာင္ရွားဖို႔ ဒီကေန႔ ဘရိုက္တန္နဲပြဲမွာ အေျပာင္းအလဲေတြ လုပ္လာႏုိင္တယ္လို႔ သတင္းထြက္လာပါတယ္။

ဒဏ္ရာျပႆနာကေန ျပန္သက္သာလာျပီး ေလ့က်င့္ေရးေတြမွာ အေကာင္းဆံုး ျပန္ပါထားႏုိင္တဲ့ ကီတာဟာ ဘရိုက္တန္နဲ႔ပြဲမွာ အခြင့္အေရး ရဖြယ္ရွိေၾကာင္းနဲ႔ ဖာဘင္ညိဳ မပါႏုိင္တဲ့ ကြင္းလယ္တစ္ေနရာမွာ ပြဲထြက္လူစာရင္းက ခ်ိန္ဘာလိန္ ပါဝင္လာႏုိင္မယ္လုိ႔လည္း သတင္းေတြ ထြက္ေပၚလာေနတာျဖစ္ပါတယ္။

လီဗာပူးအသင္း ခ်န္ပီယံလိဂ္ပြဲအျဖစ္ နာပိုလီကို ရင္ဆိုင္ကစားတဲ့ပြဲ မတိုင္ခင္ ကီတာက အဖ်ားေရာဂါ ခံစားခဲ့ရေသးေပမယ့္ နာပိုလီပြဲၾကိဳ ေလ့က်င့္ေရးမွာေတာ့ ပါဝင္ႏုိင္ခဲ့ပါတယ္။ ဒီကေန႔မွာ ဘရိုက္တန္နဲ႔ ယွဥ္ျပိဳင္ရမယ့္ လီဗာပူးက ၾကားရက္မွာေတာ့ အဲဗာတန္ကိုပဲ အိမ္ကြင္းမွာ ဧည့္ခံကာ ဒါဘီပြဲ ကစားရမွာျဖစ္လို႔ အေျပာင္းအလဲေတြကို ျပဳလုပ္မယ္လို႔ ၾကားလာရတာပါ။

ညာအစြန္မွာ ထရန္႔ကို အနားေပးထားခဲ့ျပီး ဘရိုက္တန္နဲ႔ပြဲမွာေတာ့ ပြဲထြက္ခြင့္ ျပန္ေပးမွာျဖစ္တယ္။ တိုက္စစ္တစ္ေနရာစာအတြက္ ရွာကီြရီ၊ အိုရီဂီတို႔ အဆင္သင့္ျဖစ္ေနျပီး ၾကံ႕ခိုင္မႈ ေကာင္းေနတာျဖစ္တယ္။ လီဗာပူးဟာ မာတစ္၊ ဖာဘင္ညိဳလို အဓိက ကစားသမား ႏွစ္ဦးကို လက္လြတ္ရတဲ့ေနာက္ ၾကံ႕ခိုင္မႈကို ထိန္းသိမ္းဖို႔က ဦးစားေပးအျဖစ္ ဆံုးျဖတ္လာႏုိင္ပါတယ္။

အဓိက အေျပာင္းအလဲအျဖစ္ ကြင္းလယ္တြဲဘက္မႈက စိတ္ဝင္စားစရာ ျဖစ္ေနျပီး ဒီရာသီ ပရီးးမီးယားလိဂ္ပြဲ ၁၄ မိနစ္ပဲ ကစားရေသးတဲ့ ကီတာနဲ႔ ခ်န္ပီယံလိဂ္မွာ ေျခစြမ္းေကာင္းထားတဲ့ ခ်ိန္ဘာလိန္တို႔ ႏွစ္ဦးကို ဘယ္လိုေနရာေပးမယ္ဆိုတဲ့အေပၚပဲ အဓိက ေစာင့္ၾကည့္ခံေနရပါတယ္။

ကီတာက ” ပြဲထြက္လူစာရင္းမွာ ပါလိုပါတယ္။ ဒဏ္ရာျပႆနာက က်ေန္ာကို ထိုးႏွက္ခဲ့ေပမယ့္ ျပန္သက္သာလာျပီလို႔ ခံစားရတယ္။ က်ေနာ္ရဲ႕ အေနအားကို ေက်နပ္ေပမယ့္ ပိုေကာင္းလာခ်င္ပါတယ္။ ပြဲေတြ ကစားရမယ္ဆိုရင္ အသင္းကို ကူညီေပးနုိင္မယ္လို႔ က်ေနာ္ထင္တယ္။ ေလ့က်င့္ေရးတိုင္းမွာ ၾကိဳးစားျပီး ပြဲေတြမွာ ပါဝင္ႏုိုင္ဖို႔ အျမဲတမ္း ၾကိဳးစားပါတယ္ က်ေနာ္ ေခါင္းေမာ့ထားျပီး လူစာရင္းမွာ ေရြးခ်ယ္ခံရဖို႔နဲ႔ ပြဲကို အႏုိင္ယူဖို႔ ေမွ်ာ္လင့္ေနပါတယ္ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။