စပိန်မန်နေဂျာ အူနိုင်းအမ်မရီဟာ ယူရိုပါလိဂ်ကို အရေးနိမ့်အပြီးမှာ အာဆင်နယ်အသင်းကနေ ထုတ်ပယ်ခံခဲ့ရပြီး ဒီဖြစ်ရပ်အတွက် ကလပ်အသင်းသားတွေကလည်း ပြစ်တင်ဝေဖန်မှုတွေကို မျှဝေယူကြရမှာဖြစ်တယ်လို့ ခံစစ်မှူး လူးဝစ်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

အာဆင်နယ်ဟာ ဒီရာသီမှာ မန်စီးတီး၊ လီဗာပူးတို့ကို အဓိက ဖိအားပေးမယ့် အသင်းအဖြစ် အထင်ကြီးခြင်း ခံခဲ့ရပြီး တီရာနေး၊ ပီပီနဲ့ လူးဝစ်လို ကလပ်အသင်း အားနည်းတဲ့ နေရာတွေကို အင်အားဖြည့်နိုင်မှုကြောင့် တိုက်စစ် ခံစစ် လူအင်အား တောင့်တင်းမှုရှိနေပြီလို့ ယူဆခံခဲ့ရတာပါ။ ဒါပေမယ့်လို့ အခြေအနေတွေက ဆန့်ကျင်ဘက်ကို ရောက်သွားခဲ့တာဖြစ်တယ်။

အာဆင်နယ်ဟာ ခြေစွမ်း မတည်ငြိမ်မှုတွေနဲ့အတူ ရလဒ်တွေကို ကောင်းမွန်စွာ ရယူနိုင်ခြင်းမရှိပဲ ပရိသတ်ကြိုက် ကစားသမားဖြစ်သူ အိုဇေးက အရန်ခုံမှာတောင် မြင်တလှည့် မမြင်တလှည့် ဖြစ်လာခြင်းမှာ ပရိသတ်တွေနဲ့ မန်နေဂျာကြား တင်းမာမှုက စတင်လာခဲ့တာပါ။ ယူရိုပါလိဂ်ပွဲအဖြစ် နောက်ဆုံးယှဉ်ပြိုင်တဲ့ ဖရန့်ဖတ်နဲ့ပွဲမှာတော့ ပရိသတ်တွေက အမ်းမရိတ်ကွင်းကို တက်ရောက်ကြည့်ရှုခြင်းတောင် မလုပ်တော့တဲ့ အခြေအနေထိ ရောက်ခဲ့ပါတယ်။

အာဆင်နယ်ဘက်က ပရိသတ် တက်ရောက်မှု ၆၀၀၀၀ ရှိတယ်လို့ ကြေညာခဲ့ပေမယ့် အဆိုပါ အရည်အတွက်က တရာသီစာ လက်မှတ် ကိုင်ဆောင်သူတွေကြောင့် လက်မှတ်တွေ ရောင်းကုန်ထားတာဖြစ်ပြီး တကယ်တမ်း တက်ရောက်သူက ကွင်းတစ်ဝက်တောင် မရှိခဲ့ပါဘူး။ အာဆင်နယ်အိမ်ကွင်းမှာ အရှက်ရစရာ ပရိသတ်အားပေးမှုနှုန်းအပြင် ၇ ပွဲဆက် နိုင်ပွဲပျောက်မှုကြောင့် အမ်မရီကို ရာထူးကနေ ထုတ်ပယ်ခဲ့ရတာဖြစ်တယ်။

စီနီယာကစားသမားဖြစ်သူ လူးဝစ်ကတော့ အမ်မရီကို ရာထူးကနေ ထွက်ခွာစေရမှုမှာ မန်နေဂျာရဲ့ အပြစ်တင်မကပဲ အသင်းကစားသမားတွေရဲ့ လိုအပ်ချက်ကြောင့်လည်း အခုလို အခြေအနေကို ရင်ဆိုင်ရခြင်းဖြစ်ကာ ဝေဖန်မှုတွေကို အသင်းသားတွေကလည်း မျှဝေယူရပါမယ်လို့ ဆိုခဲ့တာဖြစ်ပါတယ်။

လူးဝစ်ကတော့ ” လူတိုင်းအတွက် ဝမ်းနည်းစရာနေ့တစ်နေ့ပါပဲ။ အထူးသဖြင့် ကျနော်တို့ အသင်းသားတွေက မန်နေဂျာကို ကျရံှူးစေခဲ့တယ်။ တောင်ပန်ပါတယ်။ အမ်မရီနဲ့ နည်းပြအဖွဲ့က အရာအားလုးအတွက် ကောင်းမွန်ခဲ့ပါတယ်။ ပြင်းထန်တဲ့ ကြိုးစားသူတွေဖြစ်သလို ဘောလုံးနဲ့ပက်သက်ပြီး ဥပမာကောင်းတွေ အနေနဲ့ ပြင်းထန်စွာ အားထုတ်သူတွေဖြစ်တယ်။ ရလဒ်က ဘာဖြစ်ခဲ့တယ်ဆိုတာထက် အနာဂတ်မှာ ကံကောင်းစေဖို့ ဆုတောင်းပါတယ် ” လို့ ဆိုသွားခဲ့တာဖြစ်ပါတယ်။

ZAWGYI

စပိန္မန္ေနဂ်ာ အူႏုိင္းအမ္မရီဟာ ယူရိုပါလိဂ္ကို အေရးနိမ့္အျပီးမွာ အာဆင္နယ္အသင္းကေန ထုတ္ပယ္ခံခဲ့ရျပီး ဒီျဖစ္ရပ္အတြက္ ကလပ္အသင္းသားေတြကလည္း ျပစ္တင္ေဝဖန္မႈေတြကို မွ်ေဝယူၾကရမွာျဖစ္တယ္လုိ႔ ခံစစ္မွဴး လူးဝစ္က ထုတ္ေဖာ္ေျပာဆိုလုိက္ပါတယ္။

အာဆင္နယ္ဟာ ဒီရာသီမွာ မန္စီးတီး၊ လီဗာပူးတို႔ကို အဓိက ဖိအားေပးမယ့္ အသင္းအျဖစ္ အထင္ၾကီးျခင္း ခံခဲ့ရျပီး တီရာေနး၊ ပီပီနဲ႔ လူးဝစ္လို ကလပ္အသင္း အားနည္းတဲ့ ေနရာေတြကို အင္အားျဖည့္ႏုိင္မႈေၾကာင့္ တိုက္စစ္ ခံစစ္ လူအင္အား ေတာင့္တင္းမႈရွိေနျပီလို႔ ယူဆခံခဲ့ရတာပါ။ ဒါေပမယ့္လို႔ အေျခအေနေတြက ဆန္႔က်င္ဘက္ကို ေရာက္သြားခဲ့တာျဖစ္တယ္။

အာဆင္နယ္ဟာ ေျခစြမ္း မတည္ျငိမ္မႈေတြနဲ႔အတူ ရလဒ္ေတြကို ေကာင္းမြန္စြာ ရယူႏုိင္ျခင္းမရွိပဲ ပရိသတ္ၾကိဳက္ ကစားသမားျဖစ္သူ အိုေဇးက အရန္ခံုမွာေတာင္ ျမင္တလွည့္ မျမင္တလွည့္ ျဖစ္လာျခင္းမွာ ပရိသတ္ေတြနဲ႔ မန္ေနဂ်ာၾကား တင္းမာမႈက စတင္လာခဲ့တာပါ။ ယူရိုပါလိဂ္ပြဲအျဖစ္ ေနာက္ဆံုးယွဥ္ျပိဳင္တဲ့ ဖရန္႔ဖတ္နဲ႔ပြဲမွာေတာ့ ပရိသတ္ေတြက အမ္းမရိတ္ကြင္းကို တက္ေရာက္ၾကည့္ရႈျခင္းေတာင္ မလုပ္ေတာ့တဲ့ အေျခအေနထိ ေရာက္ခဲ့ပါတယ္။

အာဆင္နယ္ဘက္က ပရိသတ္ တက္ေရာက္မႈ ၆၀၀၀၀ ရွိတယ္လို႔ ေၾကညာခဲ့ေပမယ့္ အဆိုပါ အရည္အတြက္က တရာသီစာ လက္မွတ္ ကိုင္ေဆာင္သူေတြေၾကာင့္ လက္မွတ္ေတြ ေရာင္းကုန္ထားတာျဖစ္ျပီး တကယ္တမ္း တက္ေရာက္သူက ကြင္းတစ္ဝက္ေတာင္ မရွိခဲ့ပါဘူး။ အာဆင္နယ္အိမ္ကြင္းမွာ အရွက္ရစရာ ပရိသတ္အားေပးမႈႏႈန္းအျပင္ ၇ ပြဲဆက္ ႏုိင္ပြဲေပ်ာက္မႈေၾကာင့္ အမ္မရီကို ရာထူးကေန ထုတ္ပယ္ခဲ့ရတာျဖစ္တယ္။

စီနီယာကစားသမားျဖစ္သူ လူးဝစ္ကေတာ့ အမ္မရီကို ရာထူးကေန ထြက္ခြာေစရမႈမွာ မန္ေနဂ်ာရဲ႕ အျပစ္တင္မကပဲ အသင္းကစားသမားေတြရဲ႕ လိုအပ္ခ်က္ေၾကာင့္လည္း အခုလို အေျခအေနကို ရင္ဆိုင္ရျခင္းျဖစ္ကာ ေဝဖန္မႈေတြကို အသင္းသားေတြကလည္း မွ်ေဝယူရပါမယ္လို႔ ဆိုခဲ့တာျဖစ္ပါတယ္။

လူးဝစ္ကေတာ့ ” လူတိုင္းအတြက္ ဝမ္းနည္းစရာေန႔တစ္ေန႔ပါပဲ။ အထူးသျဖင့္ က်ေနာ္တုိ႔ အသင္းသားေတြက မန္ေနဂ်ာကို က်ရံွဴးေစခဲ့တယ္။ ေတာင္ပန္ပါတယ္။ အမ္မရီနဲ႔ နည္းျပအဖြဲ႔က အရာအားလုးအတြက္ ေကာင္းမြန္ခဲ့ပါတယ္။ ျပင္းထန္တဲ့ ၾကိဳးစားသူေတြျဖစ္သလို ေဘာလံုးနဲ႔ပက္သက္ျပီး ဥပမာေကာင္းေတြ အေနနဲ႔ ျပင္းထန္စြာ အားထုတ္သူေတြျဖစ္တယ္။ ရလဒ္က ဘာျဖစ္ခဲ့တယ္ဆိုတာထက္ အနာဂတ္မွာ ကံေကာင္းေစဖို႔ ဆုေတာင္းပါတယ္ ” လို႔ ဆိုသြားခဲ့တာျဖစ္ပါတယ္။