ပရီးမီးယားလိဂ် ပွဲစဉ် ၁၄ အဖြစ် လီဗာပူးဟာ ဘရိုက်တန်ကို အန်ဖီးကွင်းမှာ ဧည့်ခံကစားပြီး ပေါ့လျော့မှုတွေကြောင့် ပွဲကို အပြတ်ဖြတ်ရမယ့်အစား ရင်ထိတ်ဖွယ် အခြေအနေတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး ပွဲအပြီးမှာ ၂-၁ နဲ့ အနိုင်ရသွားခဲ့ပါတယ်။

လီဗာပူးအသင်းဟာ ကွင်းလယ်လူ ဖာဘင်ညိုနေရာမှာ ချိန်ဘာလိန်ကို အစားထိုးတာကလွဲလို့ အဓိက ကစားသမား အစုံအလင်နဲ့အတူ ပွဲကို အနိုင်ယူဖို့ ပြင်ဆင်လာခဲ့ပါတယ်။ အစောပိုင်းမှာ ယှဉ်ပြိုင်ကစားတဲ့ နယူးကာဆယ်နဲ့ မန်စီးတီးပွဲ ၂-၂ သရေရလဒ် ထွက်ပေါ်ခဲ့တာကြောင့် ဒီပွဲကို အနိုင်ရမယ်ဆိုရင် လီဗာပူးက ရမှတ်ကို ပိုဖြတ်နိုင်မှာဖြစ်လို ပွဲစကတည်းက ထိန်းချုပ်နိုင်ဖို့ ကြိုးစားလာခဲ့ပါတယ်။

လီဗာပူးတိုက်စစ်သမားတွေဟာ တွဲဘက်မှုကောင်းတွေနဲ့ ဧရိယာထဲမှာ ခြိမ်းခြောက်မှုတွေ ကန်သွင်းမှုတွေ လုပ်ခဲ့ကြပေမယ့် ဘရိုက်တန်ဂိုးသမား ကောင်းမွန်နေခြင်းကြောင့် အဖွင့်ဂိုးရဖို့ စောင့်နေခဲ့ရတယ်။ တကယ်တမ်း အဖွင့်ဂိုးကို သွင်းယူပေးခဲ့တာက ထရန့်ရဲ့ တည်ကန်ဘောကနေ ဗန်ဒိုက်က ခေါင်းတိုက်ဂိုး သွင်းယူပေးခဲ့တာပါ။ သိပ်မကြာခင်မှာပဲ ဗန်ဒိုက်ကပဲ ထောင့်ကန်ဘောကနေ ခေါင်းတိုက်သွင်းပြီး လီဗာပူးကို ၂-၀ နဲ့ ဦးဆောင်စေခဲ့ပါတယ်။

ဦးဆောင်ဂိုးတွေ ရပြီးနောက်မှာ လီဗာပူးရဲ့ ကစားဟန်က ပွဲကို ထိန်းထားလိုမှုနဲ့အတူ ပေါ့လျော့မှုတွေ စတင်လာခဲ့ပြီး ဘရိုက်တန်ဘက်က ခြိမ်းခြောက်မှုတွေ စတင်လာခဲ့တာဖြစ်တယ်။ လီဗာပူးရဲ့ ပွဲကို ပြင်းပြစွာ ကစားလိုမှု သိသိသာသာ ကျဆင်းသွားမှုနဲ့အတူ ပွဲက တစ်ဘက်သက် မဟုတ်တော့ပဲ အပြန်အလှန် ထိုးဖောက်မှုတွေနဲ့ ပထမပိုင်း ပြီးဆုံးခဲ့ပါတယ်။

ဒုတိယပိုင်းမှာလည်း ဘရိုက်တန်ဘက်က ဒန့် ခြိမ်းခြောက်မှုတွေ လုပ်ခဲ့သေးပြီး သွင်းဂိုးဖြစ်ဖို့ ကံမကောင်းမှုတွေကြောင့် လီဗာပူးက သက်သာနေခဲ့တယ်။ လီဗာပူးဘက်က ချိန်ဘာလိန် တတိယဦးဆောင်ဂိုး ရယူဖို့ နီးခဲ့ပေမယ့် မရခဲ့သလို ဗန်ဒိုက် ဧရိယာထဲ အခွင့်အရေး ရခဲ့ပေမယ့် အဆုံးသတ်ဖို့တော့ မနီးခဲ့ပါဘူး။

လီဗာပူးပရိသတ်တွေကို ရင်ထိတ်မှုတွေ ပေးခဲ့တာက ဆာလက်နဲ့ ဖာမင်နိုတို့ကို လူစားလဲမှုနောက်ပိုင်းမှာဖြစ်ပြီး ဘရိုက်တန်ရဲ့ ထိုးဖောက်မှုကို အယ်လီဆန် စိုးရိမ်ကြီးမှုနဲ့ ပေါ့လျော့မှုကြောင့် ဧရိယာပြင်ဘက်မှာ လက်နဲ့ ထွက်ပုတ်ခဲ့ပြီး တိုက်ရိုက် အနီကဒ်နဲ့ ထုတ်ပယ်ခံခဲ့ရတာဖြစ်တယ်။ အယ်လီဆန်ဟာ ဒဏ်ရာက ပြန်သက်သာလာပြီးတည်းက အာရုံစူးစိုက်မှု လျော့နည်းနေပြီး ဒီဖြစ်ရပ်က သူ့ကို သင်ခန်းစာဖြစ်စေဖို့ မျှော်လင့်ရပါတယ်။

အယ်လီဆန် ထွက်ခဲ့ရမှုကြောင့် အတ်ဒရီယန်ကို ချိန်ဘာလိန်နဲ့ လူစားလဲခဲ့ရတယ်။ ကွင်းထဲကို ဝင်လာပြီး အယ်လီဆန်ရဲ့ လက်ထိဘောကြောင့် ပေးရတဲ့ တည်ကန်ဘောမှာ အတ်ဒရီယန်ဟာ အထနှေးခဲ့ပြီး ပွဲကို ခပ်မြန်မြန် မဖတ်နိုင်ပဲ ဖြစ်နေတဲ့ အနေအထားမှာ အက်ကင်ဆန်က ဝီစီမှုတ်ခဲ့တာကြောင့် ဘရိုက်တန်က ခပ်မြန်မြန် ဂိုးပေါက်ထဲ ကန်သွင်းခဲ့ပြီး ခြေပဂိုး ရယူသွားပါတယ်။ အတ်ဒရီယန်ရဲ့ အထနှေးမှုက စိတ်ပျက်စရာဖြစ်ပေမယ့် ကွင်းလယ်ဒိုင် အက်ကင်ဆန်ရဲ့ ဝီစီခပ်မြန်မြန်မှုတ်မှုကလည်း မေးခွန်းထုတ်စရာပါ။

အက်ကင်ဆန်ဟာ ဒီရာသီမှာ လီဗာပူးပွဲကို ကွင်းလယ်ဒိုင်နဲ့ VAR ဒိုင်လူကြီးအဖြစ် ကိုင်တွယ်စဉ်မှာလည်း အငြင်းပွားဖွယ် ဆုံးဖြတ်ချက်တွေ လုပ်ခဲ့ဖူးသူဖြစ်ပါတယ်။ လီဗာပူးက လက်ကျန် ၁၀ မိနစ် ဝန်းကျင်ကို တစ်ယောက်လျော့ တစ်ဂိုးအသာဆိုတဲ့ အနေအထားကနေ ကစားခဲ့ရတာဖြစ်ပြီး ဘရိုက်တန်ဘက်က ထိုးဖောက်မှုကောင်း နှစ်ကြိမ်လောက်ကို အတ်ဒရီယန် တာဝန်ကျေစွာ ကာကွယ်နိုင်ခဲ့ပါတယ်။

လီဗာပူးက ပွဲကို ထိန်းချုပ်နိုင်ဖို့ ကြိုးစား ကစားခဲ့ပြီး ပွဲအပြီးမှာ ၂-၁ နဲ့ အနိုင်ရပေမယ့် clean sheet မထိန်းသိမ်းနိုင်တာ ၁၂ ပွဲထိ ရှိခဲ့ပြီဖြစ်တယ်။ အယ်လီဆန်ကတော့ ကြားရက် ယှဉ်ပြိုင်ရမယ့် အဲဗာတန်နဲ့ပွဲကို လွယ်မှာဖြစ်ပြီး ဒီနေ့ပွဲမှာ အကောင်းမြင်နိုင်စရာကတော့ လီဗာပူးက အမှတ်ပေးဇယား ၁၁ မှတ်ထိ ဖြတ်ထားနိုင်ခဲ့ပြီဖြစ်ပါတယ်။

ZAWGYI

ပရီးမီးယားလိဂ္ ပြဲစဥ္ ၁၄ အျဖစ္ လီဗာပူးဟာ ဘရိုက္တန္ကို အန္ဖီးကြင္းမွာ ဧည့္ခံကစားျပီး ေပါ့ေလ်ာ့မႈေတြေၾကာင့္ ပြဲကို အျပတ္ျဖတ္ရမယ့္အစား ရင္ထိတ္ဖြယ္ အေျခအေနေတြနဲ႔ ရင္ဆုိင္ခဲ့ရျပီး ပြဲအျပီးမွာ ၂-၁ နဲ႔ အႏုိင္ရသြားခဲ့ပါတယ္။

လီဗာပူးအသင္းဟာ ကြင္းလယ္လူ ဖာဘင္ညိဳေနရာမွာ ခ်ိန္ဘာလိန္ကို အစားထိုးတာကလြဲလို႔ အဓိက ကစားသမား အစံုအလင္နဲ႔အတူ ပြဲကို အႏုိင္ယူဖို႔ ျပင္ဆင္လာခဲ့ပါတယ္။ အေစာပိုင္းမွာ ယွဥ္ျပိဳင္ကစားတဲ့ နယူးကာဆယ္နဲ႔ မန္စီးတီးပြဲ ၂-၂ သေရရလဒ္ ထြက္ေပၚခဲ့တာေၾကာင့္ ဒီပြဲကို အႏုိင္ရမယ္ဆိုရင္ လီဗာပူးက ရမွတ္ကို ပိုျဖတ္ႏုိင္မွာျဖစ္လို ပြဲစကတည္းက ထိန္းခ်ဳပ္ႏုိင္ဖို႔ ၾကိဳးစားလာခဲ့ပါတယ္။

လီဗာပူးတိုက္စစ္သမားေတြဟာ တြဲဘက္မႈေကာင္းေတြနဲ႔ ဧရိယာထဲမွာ ျခိမ္းေျခာက္မႈေတြ ကန္သြင္းမႈေတြ လုပ္ခဲ့ၾကေပမယ့္ ဘရိုက္တန္ဂိုးသမား ေကာင္းမြန္ေနျခင္းေၾကာင့္ အဖြင့္ဂိုးရဖို႔ ေစာင့္ေနခဲ့ရတယ္။ တကယ္တမ္း အဖြင့္ဂိုးကို သြင္းယူေပးခဲ့တာက ထရန္႔ရဲ႕ တည္ကန္ေဘာကေန ဗန္ဒိုက္က ေခါင္းတိုက္ဂိုး သြင္းယူေပးခဲ့တာပါ။ သိပ္မၾကာခင္မွာပဲ ဗန္ဒိုက္ကပဲ ေထာင့္ကန္ေဘာကေန ေခါင္းတိုက္သြင္းျပီး လီဗာပူးကို ၂-၀ နဲ႔ ဦးေဆာင္ေစခဲ့ပါတယ္။

ဦးေဆာင္ဂိုးေတြ ရျပီးေနာက္မွာ လီဗာပူးရဲ႕ ကစားဟန္က ပြဲကို ထိန္းထားလိုမႈနဲ႔အတူ ေပါ့ေလ်ာ့မႈေတြ စတင္လာခဲ့ျပီး ဘရိုက္တန္ဘက္က ျခိမ္းေျခာက္မႈေတြ စတင္လာခဲ့တာျဖစ္တယ္။ လီဗာပူးရဲ႕ ပြဲကို ျပင္းျပစြာ ကစားလိုမႈ သိသိသာသာ က်ဆင္းသြားမႈနဲ႔အတူ ပြဲက တစ္ဘက္သက္ မဟုတ္ေတာ့ပဲ အျပန္အလွန္ ထိုးေဖာက္မႈေတြနဲ႔ ပထမပိုင္း ျပီးဆံုးခဲ့ပါတယ္။

ဒုတိယပိုင္းမွာလည္း ဘရိုက္တန္ဘက္က ဒန္႔ ျခိမ္းေျခာက္မႈေတြ လုပ္ခဲ့ေသးျပီး သြင္းဂိုးျဖစ္ဖို႔ ကံမေကာင္းမႈေတြေၾကာင့္ လီဗာပူးက သက္သာေနခဲ့တယ္။ လီဗာပူးဘက္က ခ်ိန္ဘာလိန္ တတိယဦးေဆာင္ဂိုး ရယူဖို႔ နီးခဲ့ေပမယ့္ မရခဲ့သလို ဗန္ဒိုက္ ဧရိယာထဲ အခြင့္အေရး ရခဲ့ေပမယ့္ အဆံုးသတ္ဖို႔ေတာ့ မနီးခဲ့ပါဘူး။

လီဗာပူးပရိသတ္ေတြကို ရင္ထိတ္မႈေတြ ေပးခဲ့တာက ဆာလက္နဲ႔ ဖာမင္ႏိုတို႔ကို လူစားလဲမႈေနာက္ပိုင္းမွာျဖစ္ျပီး ဘရိုက္တန္ရဲ႕ ထိုးေဖာက္မႈကို အယ္လီဆန္ စိုးရိမ္ၾကီးမႈနဲ႔ ေပါ့ေလ်ာ့မႈေၾကာင့္ ဧရိယာျပင္ဘက္မွာ လက္နဲ႔ ထြက္ပုတ္ခဲ့ျပီး တုိက္ရိုက္ အနီကဒ္နဲ႔ ထုတ္ပယ္ခံခဲ့ရတာျဖစ္တယ္။ အယ္လီဆန္ဟာ ဒဏ္ရာက ျပန္သက္သာလာျပီးတည္းက အာရံုစူးစိုက္မႈ ေလ်ာ့နည္းေနျပီး ဒီျဖစ္ရပ္က သူ႔ကို သင္ခန္းစာျဖစ္ေစဖို႔ ေမွ်ာ္လင့္ရပါတယ္။

အယ္လီဆန္ ထြက္ခဲ့ရမႈေၾကာင့္ အတ္ဒရီယန္ကို ခ်ိန္ဘာလိန္နဲ႔ လူစားလဲခဲ့ရတယ္။ ကြင္းထဲကို ဝင္လာျပီး အယ္လီဆန္ရဲ႕ လက္ထိေဘာေၾကာင့္ ေပးရတဲ့ တည္ကန္ေဘာမွာ အတ္ဒရီယန္ဟာ အထေႏွးခဲ့ျပီး ပြဲကို ခပ္ျမန္ျမန္ မဖတ္ႏုိင္ပဲ ျဖစ္ေနတဲ့ အေနအထားမွာ အက္ကင္ဆန္က ဝီစီမႈတ္ခဲ့တာေၾကာင့္ ဘရိုက္တန္က ခပ္ျမန္ျမန္ ဂိုးေပါက္ထဲ ကန္သြင္းခ့ဲျပီး ေျခပဂိုး ရယူသြားပါတယ္။ အတ္ဒရီယန္ရဲ႕ အထေႏွးမႈက စိတ္ပ်က္စရာျဖစ္ေပမယ့္ ကြင္းလယ္ဒိုင္ အက္ကင္ဆန္ရဲ႕ ဝီစီခပ္ျမန္ျမန္မႈတ္မႈကလည္း ေမးခြန္းထုတ္စရာပါ။

အက္ကင္ဆန္ဟာ ဒီရာသီမွာ လီဗာပူးပြဲကို ကြင္းလယ္ဒိုင္နဲ႔ VAR ဒိုင္လူၾကီးအျဖစ္ ကိုင္တြယ္စဥ္မွာလည္း အျငင္းပြားဖြယ္ ဆံုးျဖတ္ခ်က္ေတြ လုပ္ခဲ့ဖူးသူျဖစ္ပါတယ္။ လီဗာပူးက လက္က်န္ ၁၀ မိနစ္ ဝန္းက်င္ကို တစ္ေယာက္ေလ်ာ့ တစ္ဂိုးအသာဆိုတဲ့ အေနအထားကေန ကစားခဲ့ရတာျဖစ္ျပီး ဘရိုက္တန္ဘက္က ထိုးေဖာက္မႈေကာင္း ႏွစ္ၾကိမ္ေလာက္ကို အတ္ဒရီယန္ တာဝန္ေက်စြာ ကာကြယ္ႏုိင္ခဲ့ပါတယ္။

လီဗာပူးက ပြဲကို ထိန္းခ်ဳပ္ႏုိင္ဖို႔ ၾကိဳးစား ကစားခဲ့ျပီး ပြဲအျပီးမွာ ၂-၁ နဲ႔ အႏုိင္ရေပမယ့္ clean sheet မထိန္းသိမ္းႏုိင္တာ ၁၂ ပြဲထိ ရွိခဲ့ျပီျဖစ္တယ္။ အယ္လီဆန္ကေတာ့ ၾကားရက္ ယွဥ္ျပိဳင္ရမယ့္ အဲဗာတန္နဲ႔ပြဲကို လြယ္မွာျဖစ္ျပီး ဒီေန႔ပြဲမွာ အေကာင္းျမင္ႏုိင္စရာကေတာ့ လီဗာပူးက အမွတ္ေပးဇယား ၁၁ မွတ္ထိ ျဖတ္ထားႏုိင္ခဲ့ျပီျဖစ္ပါတယ္။