ယာဂင်ကလော့ပ်က အင်္ဂလန်လိဂ်ကို စတင်ရောက်ရှိခဲ့ကတည်း ဒီဇင်ဘာလမှာ ပွဲကြပ်တွေကို ဘယ်လောက်ထိ ခက်ခဲစွာ ယှဉ်ပြိုင်ရလဲဆိုတာကို အံ့အားသင့်ခဲ့တာဖြစ်ပြီး သောကြာနေ့က အင်္ဂလန်မန်နေဂျာ ဆောက်ဂိတ်ရဲ့ ပြောဆိုမှုကို မီဒီယာတွေကို ဖွင့်ပြောခဲ့တယ်။

“ မန်ချက်စတာမှာ ဆောက်ဂိတ်နဲ့ ဘေးကပ်ရပ်ထိုင်ခဲ့ပြီး သူက ၁၉၉၃ ခုနှစ်တုန်းက ၂၆ ရက်နဲ့ ၂၇ ရက်တွေမှာ သူ ဆက်တိုက် ပွဲကစားခဲ့ရတယ်လို့ ပြောပြခဲ့တယ်။ ဒီတော့ အင်္ဂလန်က တကယ်ကို ရယ်စရာ ပွဲစဉ်ဇယာတွေရှိတာပဲ။ တကယ်ကို အံ့အားသင့်လောက်တဲ့ ပွဲစဉ်ဇယား ကြပ်တည်းမှုတွေဖြစ်တယ်။

ဒီလို ခက်ခဲတဲ့ပွဲစဉ်တွေကို ယှဉ်ပြိုင်ရမှာ မလွယ်ပါဘူး။ ဒါပေမယ့် ကျနေ်ာတို့ ကန်ရမယ်လို့ တစ်ယောက်ယောက်က ဆုံးဖြတ်ချက် ချခဲ့မှတော့ ကျနေ်ာတို့ ကန်ရပါမယ်။ ဒဏ်ရာပြဿနာတွေမရပဲ ကံကောင်းဖို့လည်းလိုတယ်။ ဒါ အရေးကြီးပါတယ်။ ဘယ်သူက ကစားဖို့ အဆင်သင့်ဖြစ်ပြီလည်း ဘယ်သူက မဖြစ်ဘူးလည်းဆိုတာ ကျနေ်ာ ဆုံးဖြတ်ချက်တွေ အများကြီး လုပ်လာရတယ် ” လို့ ကလော့ပ်က ရှင်းပြပါတယ်။

ဒီဇင်ဘာကာလမှာ လီဗာပူးဟာ ၃၄ ရက်အတွင်း ၁၁ ပွဲထိ ကစားရမှာဖြစ်ကာ ၂၄ နာရီအတွင်း မတူညီတဲ့ တိုက်နှစ်ခုမှာ ပွဲစဉ် ၂ ပွဲ ကစားရဖို့လည်း ပါဝင်ထားတာပါ။ လာမယ့် ဒီဇင်ဘာလဟာ လီဗာပူးရဲ့ အနာဂတ်ကို အဆုံးအဖြတ်ပေးမယ့် လတစ်ခုဆိုတာ ကလော့ပ်က နားလည်ထားပါတယ်။

“ အဲ့ကာလက စတင်ပြီဖြစ်ပြီး ဘယ်သူ့ကို ကစားစေမလဲ၊ အလှည့်ကျ ထုတ်ရမလား အချက်တွေအများကြီးကို အခြေခံပြီး ဆုံးဖြတ်ရ၇တယ်။ ဒီအကြောင်းကို စကားပြောနေဖို့တောင် အချိန်မရှိပါဘူး။ ဒါက ပြိုင်ဘက်၊ ဒါက စနစ်၊ ဒါက ကစားကွက် အားလုံး တစ်ပြိုင်နက် ရောက်လာပါတယ်။ ဒေတာအချက်အလက်တွေ၊ ကျန်းမာရေးဆိုင်ရာ သတင်းအချက်အလက်တွေ အားလုံးကို ကောင်လေးတွေနဲ့ ပြောရတယ်။

အသင်းသားတွေက အချင်းချင်းကြည့်ပြီး ကျနေ်ာတို့ အဆင်သင့်ဖြစ်ပြီလို့ ပြောကြတယ် ကျနေ်ာတို့က ရွေးချယ်ဖို့ ကြည့်ရတာပေါ့။ ကျနေ်ာတို့ အားကစားသိပ္ပံကို ပိုသုံးနေလား မသိပပါဘူး။ အခြားအသင်းတွေအကြောင်း ကျနော် မသိဘူးလေ။ သူတို့ထက် နောက်မကျနေဖို့ မျှော်လင့်တာပဲ ဒါက အရေးကြီးပါတယ်။

ကျနေ်ာတို့မှာ ခံစစ်ကို ကူညီဖို့ ကစားသမားနှစ်ဦးဖြစ်တဲ့ မာတစ်နဲ့ ဖာဘင်ညိုတို့ကို ကာလရှည် ဒဏ်ရာတွေကြောင့် လက်လွတ်ထားရပြီ ဖြစ်ပါတယ် ” လို့ ကလော့ပ်က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

ယာဂင္ကေလာ့ပ္က အဂၤလန္လိဂ္ကို စတင္ေရာက္ရွိခဲ့ကတည္း ဒီဇင္ဘာလမွာ ပြဲၾကပ္ေတြကို ဘယ္ေလာက္ထိ ခက္ခဲစြာ ယွဥ္ျပိဳင္ရလဲဆိုတာကို အံ့အားသင့္ခဲ့တာျဖစ္ျပီး ေသာၾကာေန႔က အဂၤလန္မန္ေနဂ်ာ ေဆာက္ဂိတ္ရဲ႕ ေျပာဆိုမႈကို မီဒီယာေတြကို ဖြင့္ေျပာခဲ့တယ္။

“ မန္ခ်က္စတာမွာ ေဆာက္ဂိတ္နဲ႔ ေဘးကပ္ရပ္ထိုင္ခဲ့ျပီး သူက ၁၉၉၃ ခုႏွစ္တုန္းက ၂၆ ရက္နဲ႔ ၂၇ ရက္ေတြမွာ သူ ဆက္တိုက္ ပြဲကစားခဲ့ရတယ္လုိ႔ ေျပာျပခဲ့တယ္။ ဒီေတာ့ အဂၤလန္က တကယ္ကို ရယ္စရာ ပြဲစဥ္ဇယာေတြရွိတာပဲ။ တကယ္ကို အံ့အားသင့္ေလာက္တဲ့ ပြဲစဥ္ဇယား ၾကပ္တည္းမႈေတြျဖစ္တယ္။

ဒီလို ခက္ခဲတဲ့ပြဲစဥ္ေတြကို ယွဥ္ျပိဳင္ရမွာ မလြယ္ပါဘူး။ ဒါေပမယ့္ က်ေန္ာတို႔ ကန္ရမယ္လို႔ တစ္ေယာက္ေယာက္က ဆံုးျဖတ္ခ်က္ ခ်ခဲ့မွေတာ့ က်ေန္ာတုိ႔ ကန္ရပါမယ္။ ဒဏ္ရာျပႆနာေတြမရပဲ ကံေကာင္းဖို႔လည္းလိုတယ္။ ဒါ အေရးၾကီးပါတယ္။ ဘယ္သူက ကစားဖို႔ အဆင္သင့္ျဖစ္ျပီလည္း ဘယ္သူက မျဖစ္ဘူးလည္းဆိုတာ က်ေန္ာ ဆံုးျဖတ္ခ်က္ေတြ အမ်ားၾကီး လုပ္လာရတယ္ ” လို႔ ကေလာ့ပ္က ရွင္းျပပါတယ္။

ဒီဇင္ဘာကာလမွာ လီဗာပူးဟာ ၃၄ ရက္အတြင္း ၁၁ ပြဲထိ ကစားရမွာျဖစ္ကာ ၂၄ နာရီအတြင္း မတူညီတဲ့ တိုက္ႏွစ္ခုမွာ ပြဲစဥ္ ၂ ပြဲ ကစားရဖို႔လည္း ပါဝင္ထားတာပါ။ လာမယ့္ ဒီဇင္ဘာလဟာ လီဗာပူးရဲ႕ အနာဂတ္ကို အဆံုးအျဖတ္ေပးမယ့္ လတစ္ခုဆိုတာ ကေလာ့ပ္က နားလည္ထားပါတယ္။

“ အဲ့ကာလက စတင္ျပီျဖစ္ျပီး ဘယ္သူ႔ကို ကစားေစမလဲ၊ အလွည့္က် ထုတ္ရမလား အခ်က္ေတြအမ်ားၾကီးကို အေျခခံျပီး ဆံုးျဖတ္ရ၇တယ္။ ဒီအေၾကာင္းကို စကားေျပာေနဖို႔ေတာင္ အခ်ိန္မရွိပါဘူး။ ဒါက ျပိဳင္ဘက္၊ ဒါက စနစ္၊ ဒါက ကစားကြက္ အားလံုး တစ္ျပိဳင္နက္ ေရာက္လာပါတယ္။ ေဒတာအခ်က္အလက္ေတြ၊ က်န္းမာေရးဆိုင္ရာ သတင္းအခ်က္အလက္ေတြ အားလံုးကို ေကာင္ေလးေတြနဲ႔ ေျပာရတယ္။

အသင္းသားေတြက အခ်င္းခ်င္းၾကည့္ျပီး က်ေန္ာတို႔ အဆင္သင့္ျဖစ္ျပီလို႔ ေျပာၾကတယ္ က်ေန္ာတို႔က ေရြးခ်ယ္ဖို႔ ၾကည့္ရတာေပါ့။ က်ေန္ာတို႔ အားကစားသိပၸံကို ပိုသံုးေနလား မသိပပါဘူး။ အျခားအသင္းေတြအေၾကာင္း က်ေနာ္ မသိဘူးေလ။ သူတို႔ထက္ ေနာက္မက်ေနဖို႔ ေမွ်ာ္လင့္တာပဲ ဒါက အေရးၾကီးပါတယ္။

က်ေန္ာတို႔မွာ ခံစစ္ကို ကူညီဖို႔ ကစားသမားႏွစ္ဦးျဖစ္တဲ့ မာတစ္နဲ႔ ဖာဘင္ညိဳတို႔ကို ကာလရွည္ ဒဏ္ရာေတြေၾကာင့္ လက္လြတ္ထားရျပီ ျဖစ္ပါတယ္ ” လို႔ ကေလာ့ပ္က ေျပာဆိုခဲ့တာ ျဖစ္ပါတယ္။