ဒီရာသီ အိုလီဂန်နာ ဆိုးရှားလက်အောက်မှာ ယူနိုက်တက်ဟာ ခြေစွမ်းတည်ငြိမ်မှု ကင်းမဲ့ခဲ့ပြီး ထိပ်သီးလေးသင်းထဲဝင်ဖို့ ဝေးကွာနေသလို အဆင့် ၁၀ မှအသင်းကို ရမှတ် တစ်မှတ်အသာရထားပြီး စိတ်ပျက်စရာ အဆင့် ၉ နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။

ဒီဇင်ဘာလတွေမှာ စပါး၊ မန်စီးတီးတို့နဲ့ တွေ့ရဖို့ ရှိနေတာနဲ့အတူ ယူနိုက်တက်ဟာ တနင်္ဂနွေနေ့ အိုထရတ်ဖိုဒ့်မှာ အက်စ်တွန်ဗီလာနဲ့ ယှဉ်ပြိုင်ရဖို့ရှိနေပြီး ပွဲကြပ်တွေရဲ့ အစောဆုံးပွဲမှာ ရလဒ်ကောင်း ရရှိဖို့ မျှော်လင့်နေပါလိမ့်မယ်။ ယူနိုက်တက်ကွင်းလယ်လူ လင်ဂတ်က ပရီးမီးယားလိဂ်မှာ အခြေအနေ မကောင်းပေမယ့် ဒီရာသီ ယူနိုက်တက်နဲ့ ဆုဖလားတစ်လုံးတော့ အနိုင်ရလိုတယ်လို့ ဆိုပါတယ်။

” ကလပ်အတွက် ကျနော့်ရည်မှန်းချက်က ဆုဖလားတစ်လုံး ရရှိဖို့ပါ။ မနှစ်က ကျနော်တို့ အတော်လေး ကြိုးစားခဲ့ပြီး ဒီနှစ်မှာလဲ ကောင်းကောင်းစတင်ခဲ့ပါတယ်။ အောင်မြင်မှုရဖို့ အားလုံးက အလိုရှိတယ်၊ ကျနော်တို့အနေနဲ့ ဆုဖလားတစ်လုံး ကိုင်မြှောက်ပြီး အောင်မြင်မှုကို ခံစားရဖို့အတွက် အာရုံစိုက်ဖို့လိုပါတယ်။

အင်္ဂလန်အတွက် ယူရို ၂၀၂၀ က တကယ်ကို အရေးပါတဲ့ပြိုင်ပွဲပါ။ ဒါက ဥရောပမှာဖြစ်ပြီး ကျနော်တို့ ကစားနေကျ ဝင်ဘလေမှာ ပွဲအနည်းငယ် ကစားရမယ်။ ဒါကြောင့် ဒီပြိုင်ပွဲမှာ ကျနော်တို့ အခြေအနေကောင်းနိုင်ပါတယ်။

ယူနိုက်တက် ဝင်ပြိုင်ရတဲ့ ဘယ်ပြိုင်ပွဲမှာမဆို ကျနော်တို့ ဆုဖလားအောင်မြင်ချင်တယ်။ ယူရိုပါလိဂ်၊ အက်ဖ်အေဖလား၊ ကာရာဘောင်းဖလား စသဖြင့် တတ်နိုင်သမျှ အကုန်အောင်မြင်လိုပါတယ်။ ဒါက အသင်းသားတိုင်းရဲ့ စိတ်ထဲမှာ ရှိတယ်၊ ယူနိုက်တက်မှာ ဒီလိုအောင်ပွဲစိတ်ဓာတ်ရှိပြီး ဒါက ကျနော်တို့ မျှော်လင့်တဲ့အရာပါ ” လို့ လင်ဂတ်က ပြောဆိုခဲ့တာဖြစ်ပါတယ်။

ZAWGYI

ဒီရာသီ အိုလီဂန္နာ ဆိုးရွားလက္ေအာက္မွာ ယူႏိုက္တက္ဟာ ေျခစြမ္းတည္ၿငိမ္မႈ ကင္းမဲ့ခဲ့ၿပီး ထိပ္သီးေလးသင္းထဲဝင္ဖို႔ ေဝးကြာေနသလို အဆင့္ ၁၀ မွအသင္းကို ရမွတ္ တစ္မွတ္အသာရထားျပီး စိတ္ပ်က္စရာ အဆင့္ ၉ ေနရာမွာ ရပ္တည္ေနတာျဖစ္ပါတယ္။

ဒီဇင္ဘာလေတြမွာ စပါး၊ မန္စီးတီးတို႔နဲ႔ ေတြ႕ရဖို႔ ရွိေနတာနဲ႔အတူ ယူႏိုက္တက္ဟာ တနဂၤေႏြေန႔ အိုထရတ္ဖုိဒ့္မွာ အက္စ္တြန္ဗီလာနဲ႔ ယွဥ္ျပိဳင္ရဖို႔ရွိေနျပီး ပြဲၾကပ္ေတြရဲ႕ အေစာဆံုးပြဲမွာ ရလဒ္ေကာင္း ရရွိဖို႔ ေမွ်ာ္လင့္ေနပါလိမ့္မယ္။ ယူႏုိက္တက္ကြင္းလယ္လူ လင္ဂတ္က ပရီးမီးယားလိဂ္မွာ အေျခအေန မေကာင္းေပမယ့္ ဒီရာသီ ယူႏုိက္တက္နဲ႔ ဆုဖလားတစ္လံုးေတာ့ အႏုိင္ရလိုတယ္လို႔ ဆိုပါတယ္။

” ကလပ္အတြက္ က်ေနာ့္ရည္မွန္းခ်က္က ဆုဖလားတစ္လုံး ရရွိဖို႔ပါ။ မႏွစ္က က်ေနာ္တို႔ အ​ေတာ္ေလး ႀကိဳးစားခဲ့ၿပီး ဒီႏွစ္မွာလဲ ေကာင္းေကာင္းစတင္ခဲ့ပါတယ္။ ေအာင္ျမင္မႈရဖို႔ အားလုံးက အလိုရွိတယ္၊ က်ေနာ္တို႔အေနနဲ႔ ဆုဖလားတစ္လုံး ကိုင္​ေျမႇာက္ၿပီး ေအာင္ျမင္မႈကို ခံစားရဖို႔အတြက္ အာ႐ုံစိုက္ဖို႔လိုပါတယ္။

အဂၤလန္အတြက္ ယူ႐ို ၂၀၂၀ က တကယ္ကို အေရးပါတဲ့ၿပိဳင္ပြဲပါ။ ဒါက ဥေရာပမွာျဖစ္ၿပီး က်ေနာ္တို႔ ကစားေနက် ဝင္ဘေလမွာ ပြဲအနည္းငယ္ ကစားရမယ္။ ဒါေၾကာင့္ ဒီၿပိဳင္ပြဲမွာ က်ေနာ္တို႔ အေျခအေနေကာင္းႏိုင္ပါတယ္။

ယူႏိုက္တက္ ဝင္ၿပိဳင္ရတဲ့ ဘယ္ၿပိဳင္ပြဲမွာမဆို က်ေနာ္တို႔ ဆုဖလားေအာင္ျမင္ခ်င္တယ္။ ယူ႐ိုပါလိဂ္၊ အက္ဖ္ေအဖလား၊ ကာရာေဘာင္းဖလား စသျဖင့္ တတ္ႏိုင္သမွ် အကုန္ေအာင္ျမင္လိုပါတယ္။ ဒါက အသင္းသားတိုင္းရဲ႕ စိတ္ထဲမွာ ရွိတယ္၊ ယူႏိုက္တက္မွာ ဒီလိုေအာင္ပြဲစိတ္ဓာတ္ရွိၿပီး ဒါက က်ေနာ္တို႔ ေမွ်ာ္လင့္တဲ့အရာပါ ” လို႔ လင္ဂတ္က ေျပာဆိုခဲ့တာျဖစ္ပါတယ္။