Date

November 5, 2019

ရီးရဲလ်၊ ဘာကာတို့ ပစ်မှတ်ထားလာမယ် ဆိုတဲ့အပေါ် မေဆန်မောင့် တုန့်ပြန်

ချယ်ဆီးအသင်းမှာ အစွမ်းပြနေတဲ့ ကွင်းလယ်ကစားသမား မေဆန်မောင့်ဟာ စပိန်အင်အားကြီးကလပ်တွေ ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်၊ ဘာစီလိုနာတို့ရဲ့ ပစ်မှတ်ထားခြင်း ခံလာရနိုင်ကြောင်း မောင့်ရဲ့ အသင်းဖော်ဟောင်း မစ်ချယ် ဗန် ဘာဂန်က ဒီတလောမှာ ပြောကြားထားပါတယ်။ ဒီအပေါ် မေဆန်မောင့်က ပြန်လည် တုန့်ပြန်မှုတွေ ပြုလုပ်လာပါတယ်။ အသက် ၂၀ သာ ရှိသေးတဲ့ ကွင်းလယ်ကစားသမားလေးဟာ ပြီးခဲ့တဲ့ ၁၂ လ အတွင်း လျင်လျင်မြန်မြန်ပဲ ခြေစွမ်းတောက်ပလာသူ ဖြစ်ကာ Vitesse အသင်းဖော်ဟောင်းက မောင့်ရဲ့ ခြေစွမ်းဟာ စပိန်အသင်းတွေရဲ့ ပစ်မှတ်… Continue Reading →

ယူနိုက်တက်စီအီးအို ဝုဒ်ဝတ်လို အမှားမျိုး လုပ်မှာ မဟုတ်ဘူးဆိုတဲ့ လီဗာပူးစီအီးအို ပီတာမိုး

လီဗာပူးအသင်းရဲ့ အလုပ်အမှုဆောင်ချုပ် ပီတာမိုးက ယူနိုက်တက်ရဲ့ အဒ်ဝုဒ်ဝဒ်လို မှားယွင်းတဲ့ လုပ်ဆောင်မှုတွေနဲ့အတူ ဝေဖန်ခံရမှုတွေကို ရှောင်ကြဉ်ဖို့ အပြောင်းအရွှေ့ ကိစ္စတွေမှာ ပါဝင်ပတ်သက်ဖို့ စိတ်မဝင်စားဘူးလို့ ဆိုပါတယ်။ အိုးလ်ထရက်ဖို့ဒ်ရဲ့ အလုပ်အမှုဆောင်ချုပ် အဒ်ဝုဒ်ဝဒ်ဟာ ယူနိုက်တက်ရဲ့ အပြောင်းအရွှေ့ ကိစ္စတွေမှာ အရေးပါတဲ့ နေရာကနေ ပါဝင်နေတာကြောင့် ဝေဖန်မှုတွေ ခံခဲ့ရပါတယ်။ ပီတာမိုးကတော့ ကွင်းတွင်း ကိစ္စတွေနဲ့ လူသစ်ခေါ်ယူရေးတွေမှာ ကလော့ပ်ကိုသာ တာဝန်ပေးပြီး သူက လက်ရှောင်နေခဲ့တာ ဖြစ်ပါတယ်။ အန်ဖီးရဲ့ ကစားသမားသစ် ခေါ်ယူတဲ့ ကိစ္စတွေဟာ နည်းပြ ကလော့ပ်၊… Continue Reading →

အာဆင်နယ်ဟာ မြင့်မားတဲ့ ပြောင်းရွှေ့ကြေးကို နေရာမှားပြီး ပီပီအတွက် သုံးခဲ့မိတယ်

အာဆင်နယ်မန်နေဂျာ အူနိုင်းအမ်မရီဟာ ဒီနွေမှာ ရခဲ့တဲ့ မြင့်မားတဲ့ ပြောင်းရွှေ့ကြေးတွေနဲ့ ပီပီကို ခေါ်ယူခဲ့ပေမယ့် တကယ်တမ်း ခေါ်ယူခဲ့သင့်တာက မက်ဂွဲရားဖြစ်တယ်ဆိုတဲ့ ထောက်ပြမှု ထွက်လာခဲ့ပါတယ်။ အဆိုပါ မှတ်ချက်ကို ပြောဆိုခဲ့တာက ချာတန်အသင်းမန်နေဂျာ Lee Bowyer ဖြစ်ပြီး တကယ်တမ်းမှာ အာဆင်နယ်ဟာ တိုက်စစ်ထက် ခံစစ်ကို ပိုလိုအပ်ခဲ့တာလို့ သူက မြင်ပါတယ်။ အာဆင်နယ်က အံ့အားသင့်လောက်တဲ့ အနေအထားအဖြစ် ပီပီကို ပေါင် ၇၅ သန်းနဲ့ ခေါ်ယူခဲ့ပြီး ခံစစ်အတွက်တော့ ချယ်ဆီးထံက လူးဝစ်ကို ပေါင် ၈… Continue Reading →

အန်ဖီးမှာ ဂျန့်တို့ သွင်းဂိုး ရှာနိုင်မှာ မဟုတ်ဘူးဆိုတဲ့ မိုက်ကယ်အိုဝင်ရဲ့ ချန်ပီယံလိဂ် သုံးသပ် ခန့်မှန်း

ချန်ပီယံလိဂ် အုပ်စုတွင်း ပွဲစဉ် ၄ အဖြစ် ဒီအပတ်မှာ လီဗာပူးးဟာ ဘယ်ဂျီယံကလပ် ဂျန့်အသင်းကို အိမ်ကွင်းမှာ ဧည့်ခံရမှာဖြစ်ပြီး နောက်တစ်ဆင့်ကို တက်ရောက်ဖို့ရာ ဖိအားတွေ မခံရစေဖို့ ဒီလိုပွဲကို အနိုင်ယူထားဖို့ လိုအပ်မှာပဲ ဖြစ်ပါတယ်။ လီဗာပူးဟာ ဒီပွဲပြီးရင်တော့ ချန်ပီယံလိ အုပ်စုတွင်းပြိုင်ဘက် ဆဲလ်ဘတ်၊ နာပိုလီတို့ကို ယှဉ်ပြိုင်ကစားရမှာပါ။ အဲ့ပွဲတွေမတိုင်ခင် အရေးပါတဲ့ အနေအထားအဖြစ် အမှတ်ပေးဖလားပြိုင်ဘက် မန်စီးတီးကို အိမ်ကွင်းမှာ ဧည့်ခံရမှာဖြစ်လို့ လူစာရင်း အပြောင်းအလဲတွေ ရှိလာနိုင်ပြီး အဓိကကစားသမား အချို့ကို အနားပေးသွားမယ့် အလားအလာတွေလည်း… Continue Reading →

အေဂျက်စတားကို ခေါ်ယူဖို့ အေဂျန့်ကို အပြိုင်ချိတ်နေကြတဲ့ ယူနိုက်တက်နဲ့ စပါး တာဝန်ရှိသူများ

ယူနိုက်တက်နဲ့ စပါးတို့ဟာ အေဂျက်အသင်း ဂိုးသမားဖြစ်တဲ့ အိုနာနာကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပြီး ကစားသမားရဲ့ အေဂျန့်နဲ့ ချိတ်ဆက်မှုတွေ စတင်လုပ်ဆောင်နေကြတယ်လို့ နယ်သာလန်သတင်းတွေက ဖော်ပြလာခဲ့ပါတယ်။ မနှစ်ကရာသီ နယ်သာလန်ကလပ်နဲ့အတူ တောက်ပလာတဲ့ ဂိုးသမားလေးဟာ ဥရောပရဲ့ အကောင်းဆုံး ဂိုးသမားတွေထဲက တစ်ဦးအဖြစ် တောက်ပလာနေခဲ့တာဖြစ်တယ်။ ပြည်တွင်းဆုဖလား နှစ်လုံးကို အနိုင်ရခဲ့သလို ဂျူဗင်တပ်နဲ့ ရီးရဲလ်မက်ဒရစ်ကို ကျော်ဖြတ်နိုင်ကာ ချန်ပီယံလိဂ်မှာ ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်မှုမှာလည်း အသက် ၂၃ နှစ်အရွယ် ဂိုးသမားက အဓိက ကျခဲ့သူဖြစ်တယ်။ မနှစ်က တောက်ပခဲ့သလိုပဲ ဒီရာသီမှာလည်း… Continue Reading →

ဒဏ်ရာမရပဲ ကွင်းဖွင့်လေ့ကျင့်ရေးမှာ အဓိက အသင်းသားတစ်ဦးကို ကလော့ပ် ချန်လှပ်

ဂျန့်နဲ့ ချန်ပီယံလိဂ်ပွဲကြို လီဗာပူးအသင်းရဲ့ ကွင်းဖွင့် လေ့ကျင့်ရေး အစီအစဉ်မှာတော့ လီဗာပူးအသင်းခေါင်းဆောင် ဟန်ဒါဆန် မပါဝင်ခဲ့ပါဘူး။ သူဟာ ဒဏ်ရာရနေတဲ့ အနေအထား မဟုတ်ဘူးလို့လည်း မာဆေးဆိုဒ်သတင်းတွေအရ သိရတယ်။ ကွင်းဖွင့်လေ့ကျင့်ရေးမှာ အခြားသော ကစားသမားတွေအားလုံး ပပါဝင်ခဲ့ပေမယ့် ဟန်ဒါဆန် မပါခဲ့တာဖြစ်တယ်။ အဆိုပါ လေ့ကျင့်မှုတွေ ပြုလုပ်နေပြီး မကြာခင်မှာပဲ ယာဂင်ကလော့ပ်က အန်ဖီးကွင်းမှာ မီဒီယာတွေ့ဆုံမှုကို ဂိုးသမား အယ်လီဆန်နဲ့အတူ တက်ရောက်လာခဲ့ပါတယ်။ လေ့ကျင့်ရေးမှာ မပါပေမယ့် ဟန်ဒါဆန်ဟာ နောက်ဆုံး ပြင်ဆင်မှုတွေမှာ ပါဝင်လာဖွယ်ရှိတယ်လို့လည်း သိရတယ်။ ဒီရာသီ ပြိုင်ပွဲစုံ… Continue Reading →

ဇာဟာနဲ့ တီမိုဝါနာ ပါဝင်တဲ့ လမ်းပတ်ရဲ့ ပထမဆုံး လက်မှတ်ထိုးလိုတဲ့ ကစားသမား ၅ ဦးစာရင်း

ချယ်ဆီးဟာ ဇန်နဝါရီမှာ ကစားသမားခေါ်ယူမှုတွေ လုပ်နိုင်ချိန်မှာနဲ့ လာမယ့် နွေအပြောင်းအရွှေ့တွေမှာအတွက် အဓိက ခေါ်ယူမှုလုပ်မယ့် ကစားသမား ၅ ဦးစာရင်းကို ပြုစုထားပြီဖြစ်ပါတယ်။ တိုက်စစ်သမားတွေဖြစ်တဲ့ ဇာဟာနဲ့ ဝါနာတို့ဟာ ချယ်ဆီးရဲ့ ထိပ်တန်းပစ်မှတ် ၅ ဦးထဲမှာ ပါဝင်နေတာဖြစ်ပြီး မန်နေဂျာလမ်းပတ်က ကလပ်အသင်းရဲ့ ကင်းထောက်တွေကို အဆိုပါ ကစားသမားနှစ်ဦး ခေါ်ယူခွင့်နဲ့ပက်သက်ပြီး စီစဉ်ခိုင်းမှုတွေ ရှိနေပါတယ်။ နွေတုန်းက ပဲလေစ့်ကနေ ထွက်ခွာဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့တဲ့ ဇာဟာကို ချယ်ဆီးက ပထမဆုံး ကြိုးစားနိုင်တယ်လို့ သိရတယ်။ အသက် ၂၆… Continue Reading →

မန်စီးတီးရဲ့ နည်းစနစ်ပိုင်းဆိုင်ရာ ပြစ်မှုကျူးလွန်းခြင်းကို လုံးဝ မပြောတော့ဘူးဆိုတဲ့ ယာဂင်ကလော့ပ်

လီဗာပူးနဲ့ မန်စီးတီးပွဲကြိုမှာ အင်္ဂလန်မီဒီယာတွေက ပွဲတန်ပိုကို ပိုတက်လာစေဖို့အတွက် နှစ်ဘက်မန်နေဂျာတွေထံက ပွဲကြို စိန်ခေါ်စကားတွေ ထွက်ပေါ်လာအောင် လမ်းကြောင်းတွေ ခင်းနေခဲ့ပြီး ဂွာဒီယိုလာကတော့ အဆိုပါ အနေအထားထဲ ဝင်ရောက်ခဲ့ပြီဖြစ်ပါတယ်။ မာနေးဟာ သွင်းဂိုးတွေအတွက် အရည်အချင်းရှိပေမယ့် ဒိုင်ဗင်ထိုးသူလို့ ဂွာဒီယိုလာက စွပ်စွဲမှုနဲ့ စကားလုံး တိုက်ပွဲက စတင်လာခဲ့တာပါ။ ယာဂင်ကလော့ပ်ကတော့ အတိတ်တုန်းက ကျော်ကြားလှတဲ့ မန်နေဂျာတွေကြား စကားစစ်ထိုးမှုလို ကိစ္စမှာ ပါဝင်လိုခြင်း မရှိတာကြောင့် မာနေးကို ဂွာဒီယိုလာရဲ့ စွပ်စွဲမှုက မမှန်ပါဘူးလို့ ငြင်းဆိုမှုနဲ့အတူ မီးပွားတွေကို ဆက်မဖြစ်စေလိုတာကြောင့် မန်စီးတီးရဲ့… Continue Reading →

ချယ်ဆီး – အေဂျက်ပွဲ အတွက် စကိုင်းစပေါ့ ခန့်မှန်းနဲ့ သုံးသပ်ချက်

ချယ်ဆီးအသင်းဟာ ကြားရက် ချန်ပီယံလိဂ် ပွဲမှာ အေဂျက်ကို အိမ်ကွင်း စတန်းဖို့ဒ် ဘရစ်ချ်မှာ ဧည့်ခံ ကစားမှာ ဖြစ်ပါတယ်။ ယခင်အပတ် အေဂျက် အိမ်ကွင်းမှာ ကစားခဲ့ရာမှာတော့ ချယ်ဆီးက ၁-၀ နဲ့ နိုင်ယူထားခဲ့တာပါ။ ဒီတပတ် အကောင်းဆုံး ချန်ပီယံလိဂ် အုပ်စုပွဲ ဖြစ်တဲ့ ချယ်ဆီး – အေဂျက်ပွဲကတော့ ယနေ့ည မြန်မာစံတော်ချိန် ၂း၃၀ မှာ ကစားမှာပဲ ဖြစ်ပါတယ်။ ဒီပွဲအတွက် စကိုင်းစပေါ့မှ ချာလီနစ်ကိုးလပ်စ်ရဲ့ သုံးသပ်ချက်နဲ့ ခန့်မှန်းရလဒ်ကို ဖော်ပြပေးပါမယ်။ ”… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!