Date

January 20, 2020

ပြိုင်ဘက်တွေထက် နှားတစ်ဖျားသာနေတဲ့ လီဗာပူးရဲ့ နည်းစနစ်အားသာချက်

လီဗာပူးက ဒီရာသီမှာ တိုက်စစ်၊ ခံစစ်တင်မကပဲ ကွင်းလယ်ပိုင်းလည်း ပိုမို ပြည့်စုံလာကြောင်း ချီးကျူးမှုတွေ များစွာ ရရှိနေပေမယ့် လီဗာပူး လက်ထောက်နည်းပြတွေ အထူး ကြိုးစားမှုနဲ့အတူ နေရာတစ်နေရာမှာ ချွန်ပြီး တိုးတက်လာနေတာကိုတော့ သတိပြုမိသူ သိပ်အများကြီး မရှိလှပါဘူး။ ဒီအကြောင်းကို ထုတ်ဖော်လိုက်သူက မာဆေးဆိုဒ် အခြေစိုက် လီဗာပူးသတင်းထောက်ဖြစ်ပြီး ဗြိတိန် အားကစားဆိုင်ရာ သုံးသပ်ရေးဝဘ်ဆိုဒ်ဖြစ်တဲ့ The Athletic မှ James Pearce က ထုတ်ဖော် ရေးသားခဲ့တာဖြစ်တယ်။ James Pearce ဟာ လီဗာပူးအသင်းနဲ့… Continue Reading →

တောင်ပံတိုက်စစ် ပစ်မှတ်သစ်၊ ဗန်ဒိုက်၊ အယ်လစ်ဆန်၊ တီမိုဝါနာတို့နဲ့ လီဗာပူး ညနေခင်း သတင်းများ

လီဗာပူး ဗဟိုခံစစ်မှူး ဗန်ဒိုက်ဟာ လူငယ် ခံစစ်မှူးလေးတွေ အတွက် အတုယူအားကျဖို့ တကယ့် စံပြ ခံစစ်မှူးကောင်း ဖြစ်ကြောင်း အသင်းဖော် အန်ဒီ ရော်ဘတ်ဆန်က ချီးကျူးပြောဆိုခဲ့ပါတယ်။ နိုက်စ် အသင်းမှ လူငယ် တောင်ပံတိုက်စစ်သမားလေး ပီဒရို ဘရာဇိုကို ခေါ်ယူလိုတဲ့ အသင်းထဲ လီဗာပူးအသင်းလည်း ပါဝင်လာတယ်လို့ သိရပါတယ်။ အသက် ၁၇ နှစ် အရွယ် လူငယ်လေးကို အလားအလာရှိသူ အဖြစ် ပီအက်စ်ဂျီ၊ ဘိုင်ယန်မြူးနစ်နဲ့ စပို့တင်း လစ္စဘွန်းတို့က ခေါ်ယူဖို့ ကြိုးစားနေတာပါ။ လိုက်ပ်ဇစ်… Continue Reading →

လီဗာပူးအသင်း သမိုင်းကြောင်းမှာ အမှတ်ရစရာအဖြစ် ပါဝင်သွားတော့မယ့် ဘရာဇီးသား တစ်ယောက်ရဲ့ အောင်ပွဲ

ယူနိုက်တက်နဲ့ ပွဲက ဆာလက်ရဲ့ပွဲသိမ်းဂိုးမှာ ပါဝင်ခဲ့တဲ့ အယ်လစ်ဆန်ရဲ့ အပြုအမူနဲ့ အောင်ပွဲခံမှုတွေကတော့ လီဗာပူးသမိုင်းကြောင်းမှာ တစ်နေရာ အဖြစ် ပါဝင်သွားတော့မှာ ဖြစ်ပါတယ်။ ပွဲချိန် ၉၃ မိနစ်မှာ ဘရာဇီးသား ဂိုးသမားရဲ့ ကန်တင်ချက်က ဆာလက်ရဲ့ ဂိုးအတွက် ထောက်ပံ့မှု ဖြစ်ခဲ့ပြီး ဂိုးဝင်အပြီးမှာ ကွင်းတဖက်က ပြေးလာ အောင်ပွဲခံခဲ့တဲ့ အယ်လစ်ဆန်ကို နောင်နှစ်တွေ တော်တော်များများထိ အားလုံးက အမှတ်ရနေကြတော့မှာပါ။ လီဗာပူး ပရိသတ်တွေ အနေနဲ့ သူတို့ ဘဝတလျောက်မှာ အသင်းနဲ့ ပတ်သတ်ပြီး အမှတ်ရနေတဲ့ နေရာတွေ… Continue Reading →

တီမိုဝါနာက လီဗာပူးကို ပြောင်းလိုနေတာလို့ ဂျာမနီဘက်က အခိုင်အမာ ဖော်ပြ

လိုက်ဇစ်အသင်းမှ အသက် ၂၃ နှစ်အရွယ် တိုက်စစ်သမား တီမိုဝါနာဟာ ဂျာမနီရဲ့ အကောင်းဆုံး တိုက်စစ်မှူး ဖြစ်လာနေခဲ့ပြီး သူဟာ ကမ္ဘာအကောင်းဆုံး တိုက်စစ်သမားဖြစ်လာဖို့ အလားအလာရှိသူ ဖြစ်ပါတယ်။ လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်ဟာ ဝါနာကို အထူးနှစ်သက်ပြီး ကာလရှည် စောင့်ကြည့်မှုတွေ လုပ်နေခဲ့ကာ မနှစ်က နွေမှာတော့ သူ့ကို တရားဝင် ကမ်းလှမ်းမှုကိုတောင် လုပ်ခဲ့တယ်လို့ Bild က ဖော်ပြခဲ့တယ်။ ၎င်းသတင်းကပဲ ဝါနာက လီဗာပူးရဲ့ ကမ်းလှမ်းမှုကို ရခဲ့ပြီး နှစ်သက်ခဲ့ပေမယ့် ပုံမှန် ပွဲထွက်ခွင့် အာမခံချက်… Continue Reading →

ဆောင်းပါး | ဗန်ဒိုက်ဟာ ရီယို ဖာဒီနန်ဖြစ်ပြီး သူကပဲ ဂျရတ်ပီကေး၊ ကွန်ပနီနဲ့ တယ်ရီလည်းဖြစ်တယ်

အန်ဖီးကွင်းမှာ ယူနိုက်တက်ကို လီဗာပူးက ၂-၀ နဲ့ အနိုင်ယူပြီး အမှတ်ပေးဇယားကို ၁၆ မှတ် ဖြတ်ခဲ့တဲ့နောက် အင်္ဂလန်မီဒီယာတွေမှာ ပွက်လောတွေရိုက်ခဲ့ပြီး ခေါင်းကြီးသတင်းတွေရဲ့ ခေါင်းစီးတွေက မျက်ခုံးပင့်စရာ ဖြစ်ခဲ့ပါတယ်။ လီဗာပူး ဒီလောက် မိုင်ဝေးဝေးပြေးနိုင်တာက လီဗာပူးကောင်းရုံတင်ပဲလား ပြိုင်ဘက်တွေရဲ့ နိမ့်ကျမှုက ရှက်စရာကို ကောင်းနေပြီလားဆိုတဲ့ သတင်းခေါင်းစီးမျိုးအပြင် ကမ္ဘာစံချိန်တင်ကြေးရှင် မက်ဂွဲရားကို ဗန်ဒိုက်နဲ့ နှိုင်းယှဉ်ကြတယ် တကယ်တမ်းမှာ သူက ဟန်ဒါဆန်ရဲ့ ဦးဆောင်မှုကိုတောင် လိုက်မှီပါရဲ့လား ဆိုတဲ့ နှိုင်းယှဉ်မှုတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။ ယူနိုက်တက် အသင်းခေါင်ဆောင်ဟောင် ရိုင်ကိန်းကဆိုရင်… Continue Reading →

လီဗာပူး အဝတ်လဲခန်းက တစ်သံတည်းထွက်တဲ့ ဆုံးဖြတ်ချက်ကို ထုတ်ပြောတဲ့ ဟန်ဒါဆန်နဲ့ ဆာလက်

ဒီအပတ်မှာ မန်စီးတီးနဲ့ လက်စတာတို့ ခြေချော်ခဲ့ပြန်ပြီး လီဗာပူးကတော့ အတည်ငြိမ်ဆုံး အနေအထားဖြင့် ယူနိုက်တက်ကို အနိုင်ယူကာ အမှတ်ပေးဇယားကို ၁၆ မှတ် ဖြတ်ခဲ့ပါပြီ။ လီဗာပူး အဝတ်လဲခန်းကတော့ ရောက်နေတဲ့ အနေအထားအပေါ်မှာ သာယာမှုမဖြစ်ပဲ ယှဉ်ပြိုင်ရမယ့် တစ်ပွဲချင်းကို အာရုံစိုက်ကာ နောက်ဆုံး ရက်အထိ ပွဲတွေကို အာရုံစိုက်ဖို့ ပဲ ဦးတည်တယ်လိ့ ဟန်ဒါဆန်နဲ့ ဆာလက်က ပွဲအပြီး ပြောဆိုခဲ့တယ်။ ဒီနှစ် အမှတ်ပေးဖလားကို လီဗာပူး အနိုင်ရပြီလို့ ပြောဆိုမှုတွေ များနေပေမယ့် မန်နေဂျာကလော့ပ်နဲ့ အသင်းသားတွေက ဒီအပြောကို… Continue Reading →

လီဗာပူးကို ကြည့်ပြီး ကျန်တဲ့ ပရီးမီးယားလိဂ်အသင်းတွေ အရှက်ရနေသင့်ပါတယ်

လီဗာပူးနဲ့ ယူနိုက်တက်ပွဲအပြီးမှာ ယာဂင်ကလော့ပ် ဦးဆောင်တဲ့ အနီရောင်သားတွေက အမှတ်ပေးပြိုင်ပွဲ ၂၂ ပွဲအတွင်း ၂၁ ပွဲထိ အနိုင်ရကာ အမှတ်ပေးဇယားကို ၁၆ မှတ်ထိ ဖြတ်ထားတာအတွက် အတော်လေး ပွဲဆူခဲ့ပါတယ်။ ဗြိတိန် အားကစားကြေညာသူတွေက ဒီအနေအထားဟာ လီဗာပူးရဲ့ တိုးတက်မှုက ဘယ်လောက်တောင် ကြီးမားတယ်ဆိုတာကို ပြသခဲ့တယ်လို့ သုံးသပ်ခဲ့ကြသလို ပြိုင်ဘက်တွေရဲ့ မယုံနိုင်လောက်အောင် ပြတ်ကျန်ခဲ့တဲ့ အနေအထားအတွက် ဝေဖန်မှုတွေ လုပ်ခဲ့ကြတာဖြစ်တယ်။ ဘီဘီစီ အားကစားဝိုင်းမှာ ခရစ်ဆန်တန်က ” လီဗာပူးနဲ့ ယူနိုက်တက်ကြား အဓိက ကွာခြားမှုက… Continue Reading →

အသင်းသားတွေကို တားဆီးပေမယ့် လီဗာပူးပရိသတ်တွေကို အောင်ပွဲခံကြဖို့ တိုက်တွန်းတဲ့ ကလော့ပ်

ညက ယူနိုက်တက်နဲ့ ပွဲစဉ်မှာ လီဗာပူး ပရိသတ်တွေက ” ငါတို့ လိဂ်မှာ ဗိုလ်စွဲအနိုင်ယူတော့မယ် ” ဆိုတဲ့ သီချင်းတွေ ဒီရာသီ ပထမဆုံး အကြိမ်အဖြစ် အန်းဖီးမှာ သံပြိုင်ဟစ်ကြွေးမှု ပြုလုပ်ခဲ့ကြပြီး ယာဂင်ကလော့ပ်က အသင်း ပရိသတ်တွေ အိပ်မက် မက်မယ်ဆို မက်ခွင့် ရှိတယ်လို့ ခွင့်ပြုလိုက်ပါတယ်။ ယူနိုက်တက်ကို ၂-၀ နဲ့ အနိုင်ကန်လုက်တာကြောင့် လီဗာပူးအသင်းဟာ တစ်ပွဲ လျော့ ကစားထားတာတောင် ဒုတိယနေရာမှ မန်စီးတီးကို ၁၆ မှတ်ထိ ဖြတ်ထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။… Continue Reading →

လီဗာပူးက ဂိုးတွေ ပိုသွင်းနိုင်ပြီး ပိုလည်း ရခဲ့သင့်တယ်လို့ ယူနိုက်တက်ပွဲအပြီး ပြောဆိုတဲ့ ကလော့ပ်

အန်ဖီးကွင်းမှာ ယှဉ်ပြိုင်ကစားတဲ့ လီဗာပူးနဲ့ ယူနိုက်တက်ပွဲမှာ အသင်းသားတွေရဲ့ အာရုံစိုက်မှုနဲ့ ကစားနိုင်စွမ်းကို ကျေနပ်ပေမယ့် ဂိုးတွေ ပိုရခဲ့သင့်ပါတယ်လို့ ကလော့ပ်က ပြောပါတယ်။ လီဗာပူးဟာ ဒုတိယပိုင်း အစမှာ ကြောက်ဖို့ကောင်းလှတဲ့ ကစားအားနဲ့ ခြိမ်းခြောက်နိုင်စွမ်းတွေ ပြသခဲ့ပြီး ဂိုးသမား ဒီဂီယာ ကာကွယ်မှုအပြင် ကံဆိုးစွာပဲ သွင်းဂိုး ထပ်မရခဲ့ကာ အချိန်ပို မိနစ်မှာမှ ဆာလက် သွင်းဂိုးရခဲ့ကာ ပွဲကို ၂-၀ နဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်က ပြောရာမှာ ” ပွဲနဲ့ ပက်သက်ပြီး… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!