လိုက်ဇစ်အသင်းမှ အသက် ၂၃ နှစ်အရွယ် တိုက်စစ်သမား တီမိုဝါနာဟာ ဂျာမနီရဲ့ အကောင်းဆုံး တိုက်စစ်မှူး ဖြစ်လာနေခဲ့ပြီး သူဟာ ကမ္ဘာအကောင်းဆုံး တိုက်စစ်သမားဖြစ်လာဖို့ အလားအလာရှိသူ ဖြစ်ပါတယ်။

လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်ဟာ ဝါနာကို အထူးနှစ်သက်ပြီး ကာလရှည် စောင့်ကြည့်မှုတွေ လုပ်နေခဲ့ကာ မနှစ်က နွေမှာတော့ သူ့ကို တရားဝင် ကမ်းလှမ်းမှုကိုတောင် လုပ်ခဲ့တယ်လို့ Bild က ဖော်ပြခဲ့တယ်။ ၎င်းသတင်းကပဲ ဝါနာက လီဗာပူးရဲ့ ကမ်းလှမ်းမှုကို ရခဲ့ပြီး နှစ်သက်ခဲ့ပေမယ့် ပုံမှန် ပွဲထွက်ခွင့် အာမခံချက် မရတာကြောင့် ပြောင်းရွှေ့ဖို့ ငြင်းဆန်ခဲ့တယ်လို့ ဆိုပါတယ်။

ဂျာမနီသတင်းဌာန Bild က သူတို့ရထားတဲ့ အချက်အလက်ပါဆိုပြီး ဖော်ပြရာမှာ ဝါနာဟာ လီဗာပူးကို ပြောင်းဖို့ စိတ်ပိုင်းဖြတ်မရတာကြောင့် လိုက်ဇစ်နဲ့ သက်တမ်းတိုးခဲ့တယ်။ စာချုပ်ပါ ပြောင်းရွှေ့ကြေးက ယူရို ၆၀ သန်းဖြစ်ပြီး နှစ်တိုင်းမှာ ပြောင်းရွှေ့ကြေးက လျော့နည်းလာမယ့် အနေအထားဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။

ဝါနာဟာ လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်ရဲ့ နည်းစနစ်နဲ့ အံဝင်မယ့်သူဖြစ်ကြောင်း ထောက်ပြခံထားရပြီး ပွဲကို တိုက်စစ် ခံစစ် အလှည့်အပြောင်းမှာ ဝါနာရဲ့ ခပ်မြန်မြန် ကစားနိုင်မှုက အဓိက အားသာချက်ဖြစ်တယ်။ ဝါနာအတွက် လီဗာပူးရဲ့ ကောင်တာ ကစားဟန်က ဘိုင်ယန်မြူးနစ်ရဲ့ ပိုင်ဆိုင်မှု အသားပေးဟန်ထက် ပိုမို အံဝင်မှာဖြစ်ပြီး ယာဂင်ကလော့ပ်ထံက ပုံမှန် ပွဲထွက်ခွင့် မပေးခြင်း အချက်ကိုပဲ စိတ်ပူနေသင့်တာပါလို့လည်း ဂျာမနီသတင်းက ထောက်ပြခဲ့ပါတယ်။

ဂျာမနီမန်နေဂျာ ယာဂင်ကလော့ပ်ရဲ့ လက်အောက်မှာ သွားကစားဖို့ကိုပဲ ဂျာမနီဘက်က ဝါနာကို တိုက်တွန်းမှု ပိုများပေမယ့် သူ့ကို စောင့်ကြည့်နေတဲ့ အသင်းတွေထဲမှာ ချယ်ဆီး၊ ယူနိုက်တက်လို ပရီးမီးယားလိဂ်ကလပ်တွေနဲ့ ဘိုင်ယန်မြူးနစ်၊ ရီးရဲလ်မက်ဒရစ်လို အသင်းတွေလည်း ပါဝင်ထားတာပါ။

လီဗာပူးဟာ ၂၀၁၇ ခုနှစ်မှာ လိုက်ဇစ် ကွင်းလယ်လူ ကီတာကို ယူရို ၅၅ သန်းအပြင် ထပ်တိုးကြေး ယူရို ၁၀ သန်းပါမယ့် သဘောတူညီမှုနဲ့ အကြို ခေါ်ယူခွင့်ကို ရယူခဲ့တယ်။ လိုက်ဇစ်ကို တစ်ရာသီ အငှား ပြန်ချခဲ့ပြီး ၂၀၁၈ နွေမှာ တရားဝင် ပူးပေါင်းခွင့်ရဖို့ ညိနှိုင်းနိုင်ခဲ့ဖူးတာ ဖြစ်ပါတယ်။

ZAWGYI

လိုက္ဇစ္အသင္းမွ အသက္ ၂၃ ႏွစ္အရြယ္ တိုက္စစ္သမား တီမိုဝါနာဟာ ဂ်ာမနီရဲ႕ အေကာင္းဆံုး တိုက္စစ္မွဴး ျဖစ္လာေနခဲ့ျပီး သူဟာ ကမၻာအေကာင္းဆံုး တိုက္စစ္သမားျဖစ္လာဖို႔ အလားအလာရွိသူ ျဖစ္ပါတယ္။

လီဗာပူးမန္ေနဂ်ာ ယာဂင္ကေလာ့ပ္ဟာ ဝါနာကို အထူးႏွစ္သက္ျပီး ကာလရွည္ ေစာင့္ၾကည့္မႈေတြ လုပ္ေနခဲ့ကာ မႏွစ္က ေႏြမွာေတာ့ သူ႔ကို တရားဝင္ ကမ္းလွမ္းမႈကိုေတာင္ လုပ္ခဲ့တယ္လို႔ Bild က ေဖာ္ျပခဲ့တယ္။ ၄င္းသတင္းကပဲ ဝါနာက လီဗာပူးရဲ႕ ကမ္းလွမ္းမႈကို ရခဲ့ျပီး ႏွစ္သက္ခဲ့ေပမယ့္ ပံုမွန္ ပြဲထြက္ခြင့္ အာမခံခ်က္ မရတာေၾကာင့္ ေျပာင္းေရႊ႔ဖို႔ ျငင္းဆန္ခဲ့တယ္လို႔ ဆိုပါတယ္။

ဂ်ာမနီသတင္းဌာန Bild က သူတို႔ရထားတဲ့ အခ်က္အလက္ပါဆိုျပီး ေဖာ္ျပရာမွာ ဝါနာဟာ လီဗာပူးကို ေျပာင္းဖို႔ စိတ္ပိုင္းျဖတ္မရတာေၾကာင့္ လိုက္ဇစ္နဲ႔ သက္တမ္းတိုးခဲ့တယ္။ စာခ်ဳပ္ပါ ေျပာင္းေရႊ႔ေၾကးက ယူရို ၆၀ သန္းျဖစ္ျပီး ႏွစ္တုိင္းမွာ ေျပာင္းေရႊ႔ေၾကးက ေလ်ာ့နည္းလာမယ့္ အေနအထားျဖစ္တယ္လို႔ ေဖာ္ျပခဲ့ပါတယ္။

ဝါနာဟာ လီဗာပူးမန္ေနဂ်ာ ယာဂင္ကေလာ့ပ္ရဲ႕ နည္းစနစ္နဲ႔ အံဝင္မယ့္သူျဖစ္ေၾကာင္း ေထာက္ျပခံထားရျပီး ပြဲကို တိုက္စစ္ ခံစစ္ အလွည့္အေျပာင္းမွာ ဝါနာရဲ႕ ခပ္ျမန္ျမန္ ကစားႏုိင္မႈက အဓိက အားသာခ်က္ျဖစ္တယ္။ ဝါနာအတြက္ လီဗာပူးရဲ႕ ေကာင္တာ ကစားဟန္က ဘိုင္ယန္ျမဴးနစ္ရဲ႕ ပိုင္ဆိုင္မႈ အသားေပးဟန္ထက္ ပိုမို အံဝင္မွာျဖစ္ျပီး ယာဂင္ကေလာ့ပ္ထံက ပံုမွန္ ပြဲထြက္ခြင့္ မေပးျခင္း အခ်က္ကိုပဲ စိတ္ပူေနသင့္တာပါလို႔လည္း ဂ်ာမနီသတင္းက ေထာက္ျပခဲ့ပါတယ္။

ဂ်ာမနီမန္ေနဂ်ာ ယာဂင္ကေလာ့ပ္ရဲ႕ လက္ေအာက္မွာ သြားကစားဖို႔ကိုပဲ ဂ်ာမနီဘက္က ဝါနာကို တိုက္တြန္းမႈ ပိုမ်ားေပမယ့္ သူ႔ကို ေစာင့္ၾကည့္ေနတဲ့ အသင္းေတြထဲမွာ ခ်ယ္ဆီး၊ ယူႏုိက္တက္လို ပရီးမီးယားလိဂ္ကလပ္ေတြနဲ႔ ဘိုင္ယန္ျမဴးနစ္၊ ရီးရဲလ္မက္ဒရစ္လို အသင္းေတြလည္း ပါဝင္ထားတာပါ။

လီဗာပူးဟာ ၂၀၁၇ ခုႏွစ္မွာ လိုက္ဇစ္ ကြင္းလယ္လူ ကီတာကို ယူရို ၅၅ သန္းအျပင္ ထပ္တိုးေၾကး ယူရို ၁၀ သန္းပါမယ့္ သေဘာတူညီမႈနဲ႔ အၾကိဳ ေခၚယူခြင့္ကို ရယူခ့ဲတယ္။ လိုက္ဇစ္ကို တစ္ရာသီ အငွား ျပန္ခ်ခဲ့ျပီး ၂၀၁၈ ေႏြမွာ တရားဝင္ ပူးေပါင္းခြင့္ရဖို႔ ညိႏိႈင္းႏိုင္ခဲ့ဖူးတာ ျဖစ္ပါတယ္။