ယူနိုက်တက်နဲ့ ပွဲက ဆာလက်ရဲ့ပွဲသိမ်းဂိုးမှာ ပါဝင်ခဲ့တဲ့ အယ်လစ်ဆန်ရဲ့ အပြုအမူနဲ့ အောင်ပွဲခံမှုတွေကတော့ လီဗာပူးသမိုင်းကြောင်းမှာ တစ်နေရာ အဖြစ် ပါဝင်သွားတော့မှာ ဖြစ်ပါတယ်။ ပွဲချိန် ၉၃ မိနစ်မှာ ဘရာဇီးသား ဂိုးသမားရဲ့ ကန်တင်ချက်က ဆာလက်ရဲ့ ဂိုးအတွက် ထောက်ပံ့မှု ဖြစ်ခဲ့ပြီး ဂိုးဝင်အပြီးမှာ ကွင်းတဖက်က ပြေးလာ အောင်ပွဲခံခဲ့တဲ့ အယ်လစ်ဆန်ကို နောင်နှစ်တွေ တော်တော်များများထိ အားလုံးက အမှတ်ရနေကြတော့မှာပါ။

လီဗာပူး ပရိသတ်တွေ အနေနဲ့ သူတို့ ဘဝတလျောက်မှာ အသင်းနဲ့ ပတ်သတ်ပြီး အမှတ်ရနေတဲ့ နေရာတွေ အခိုက်အတန့်တွေ အများကြီး ရှိပါလိမ့်မယ်။ ဒီထဲက မယုံနိုင်စရာ ဘောလုံးရာသီကောင်းက ဒီလို အဖြစ်အပျက်လည်း ပါဝင်သွားတော့မှာပါ။ ခါးသီးပြိုင်ဘက် မန်ချက်စတာယူနိုက်တက် ကို နိုင်ပြီးတဲ့နောက် အမှတ်ပေးဖလား ဆွတ်ခူးဖို့ ခြေတစ်လှမ်း ထပ်တိုးကာ ပိုမို သေချာသွားစေတဲ့ နိုင်ပွဲ ကောင်းကို အားလုံး မှတ်ဉာဏ်ထဲ စွဲထင်သွားစေပါလိမ့်မယ်။

လီဗာပူးအသင်းက ယူနိုက်တက်ကို ၁-၀ နဲ့ ဦးဆောင်ထားပြီး ပွဲချိန်တွင်း သွင်းဂိုးအချို့လည်း ပယ်ဖျက်ခံထားရကာ အားမလို အားမရ ဖြစ်နေတဲ့ အခိုက်အတန့်၊ ပွဲပြီးခါနီး စက္ကန့်ပိုင်း အလိုမှာမှ အယ်လစ်ဆန်ရဲ့ ဖန်တီးမှုကနေ ဆာလက်က ဂိုးသွင်းလိုက်တဲ့နောက် အန်းဖီး တစ်ကွင်းလုံး ဆူညံပေါက်ကွဲမှုက အထွဋ်အထိပ်သို့ ရောက်သွားစေခဲ့တာပါ။

ဒီလို အနေအထားမှာ ဂိုးသမား အယောက် ၁၀၀ ထဲ ၉၉ ယောက်လောက်က ဘောလုံးကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီး ပွဲချိန်ပြည့်ဖို့ စောင့်ဆိုင်း နေခဲ့ကြပါလိမ့်မယ်။ ဒါပေမယ့် ဂိုးသမား ၁၀၀ ထဲက အများစုထဲမှာ မပါဝင်တဲ့ အယ်လစ်ဆန်ကတော့ အများနဲ့ မတူတဲ့ လုပ်ရပ် တစ်ခုကို လုပ်ခဲ့တာပါ။

ကွင်း တစ်ဝက်စည်းနားမှာ ရှိတဲ့ မိုဟာမက် ဆာလက်ဆီကို ဘရာဇီးသားက ပွဲကို အလှဆုံး အဆုံးသတ်ဖို့ အခွင့်အရေး အနေနဲ့ တိကျစွာ ဘောလုံး ကန်တင် ပေးပို့ခဲ့ပြီး အီဂျစ်သားရဲ့ ပြီးပြည့်စုံတဲ့ အဆုံးသတ်မှုကြောင့် လီဗာပူးက ပွဲသိမ်းဂိုးနဲ့ ပိုလှသွားခဲ့ပါတယ်။ အယ်လစ်ဆန်သာ ကန်မတင်ခဲ့ရင် ယူနိုက်တက် အနေနဲ့ ဘောလုံး ပြန်ယူကာ နောက်ဆုံးအကြိမ် ထိုးဖောက်ဖို့ အခွင့် ရကောင်း ရမှာ ဖြစ်ပေမယ့် ထူးထူးခြားခြား လုပ်ဆောင်ခဲ့တာပါ။

အယ်လစ်ဆန်ရဲ့ ဘောလုံး ပေးပို့မှုက မှန်ကန်တဲ့ ပါဝါနဲ့ ကန်ချက်၊ ဆာလက် လမ်းကြောင်းထဲကို ကွက်တိ ချပေးနိုင်ခဲ့တာ အတွက် ချီးကျူးမှုတွေလည်း ခံနေရပါတယ်။ အယ်လစ်ဆန် ပေးပို့မှု ပြီးသည့်တိုင် ဆာလက် အနေနဲ့ ဂိုး အဖြစ် ပြောင်းလဲဖို့ လုပ်ဆောင်စရာတွေ ကျန်ခဲ့ပါသေးတယ်။ ဒီဂီယာကို မကျော်ဖြတ်ခင်ပဲ ဆာလက်က ဒန်နီရယ် ဂျိမ်းစ်ကို ကျော်သွားခဲ့သေးကာ ဆုံးဖြတ်ချက် မှန်မှန်ကန်ကန်နဲ့ ဂိုး အဖြစ် ပြောင်းလဲနိုင်ခဲ့ပါတယ်။

ဂိုးဝင်သွားတဲ့အခိုက်အတန့်မှာ အောင်ပွဲခံဖို့ ဆာလက်ဆီ ပထမဆုံး ပြေးလာခဲ့သူက အဝေးဆုံး ကွင်းတဖက်မှာ ကျန်ခဲ့တဲ့ အယ်လစ်ဆန်ပါပဲ။ ဒါပေမယ့် အရပ် ခြောက်ပေ သုံးလက်မမြင့်တဲ့ ဘရာဇီးသားဟာ မားမားမတ်မတ်နဲ့ ကွင်းကို လျင်မြန်စွာ ဖြတ်ပြေးလာခဲ့ပြီး ဆာလက်ဆီ အပြေးလာက အောင်ပွဲခံခဲ့ပါတယ်။

ဒီပွဲမှာ အယ်လစ်ဆန်ရဲ့ လီဗာပူး ကစားသမားဘ၀ ပထမဆုံး တိုက်ရိုက် ဂိုးထောက်ပံ့မှုလည်း ဖြစ်ပါတယ်။ သာမာန် ဂိုးသမား တစ်ယောက် မဟုတ်တဲ့ အယ်လစ်ဆန်က ကန်ချက်တွေကို ဖမ်းမိရုံ၊ ဖြတ်တင်ဘောကောင်းတွေ ပြုလုပ်ရုံ၊ လျှံထွက်လာတဲ့ ဘောလုံးတွေကို စောင့်ယူရုံထက် သာလွန်မှုကို ပြသခဲ့တာပါ။ ကလင်းရှိတွေ ရရုံနဲ့ ကျေနပ်နေမယ့် ဂိုးသမား မဟုတ်ဘဲ ကွင်းထဲမှာ အသင်းအတွက် လိုအပ်တာတွေ ဖြည့်ဆည်းဖို့ အသင့် ရှိနေကြောင်း ဒီပွဲမှာ အယ်လစ်ဆန်က အတိအလင်း ပြသခဲ့တယ် ဆိုရမှာပါ။

Zawgyi – ယူနိုက္တက္နဲ႕ ပြဲက ဆာလက္ရဲ႕ပြဲသိမ္းဂိုးမွာ ပါ၀င္ခဲ့တဲ့ အယ္လစ္ဆန္ရဲ႕ အျပဳအမူနဲ႕ ေအာင္ပြဲခံမႈေတြကေတာ့ လီဗာပူးသမိုင္းေၾကာင္းမွာ တစ္ေနရာ အျဖစ္ ပါ၀င္သြားေတာ့မွာ ျဖစ္ပါတယ္။ ပြဲခ်ိန္ ၉၃ မိနစ္မွာ ဘရာဇီးသား ဂိုးသမားရဲ႕ ကန္တင္ခ်က္က ဆာလက္ရဲ႕ ဂိုးအတြက္ ေထာက္ပံ့မႈ ျဖစ္ခဲ့ျပီး ဂိုး၀င္အျပီးမွာ ကြင္းတဖက္က ေျပးလာ ေအာင္ပြဲခံခဲ့တ့ဲ အယ္လစ္ဆန္ကို ေနာင္နွစ္ေတြ ေတာ္ေတာ္မ်ားမ်ားထိ အားလံုးက အမွတ္ရေနၾကေတာ့မွာပါ။

လီဗာပူး ပရိသတ္ေတြ အေနနဲ႕ သူတို႔ ဘ၀တေလ်ာက္မွာ အသင္းနဲ႕ ပတ္သတ္ျပီး အမွတ္ရေနတဲ့ ေနရာေတြ အခိုက္အတန္႔ေတြ အမ်ားၾကီး ရွိပါလိမ့္မယ္။ ဒီထဲက မယံုနိုင္စရာ ေဘာလံုးရာသီေကာင္းက ဒီလို အျဖစ္အပ်က္လည္း ပါ၀င္သြားေတာ့မွာပါ။ ခါးသီးျပိဳင္ဘက္ မန္ခ်က္စတာယူနိုက္တက္ ကို နုိင္ျပီးတဲ့ေနာက္ အမွတ္ေပးဖလား ဆြတ္ခူးဖို႔ ေျခတစ္လွမ္း ထပ္တိုးကာ ပိုမို ေသခ်ာသြားေစတဲ့ နုိင္ပြဲ ေကာင္းကို အားလံုး မွတ္ဥာဏ္ထဲ စြဲထင္သြားေစပါလိမ့္မယ္။

လီဗာပူးအသင္းက ယူနိုက္တက္ကို ၁-၀ နဲ႕ ဦးေဆာင္ထားျပီး ပြဲခ်ိန္တြင္း သြင္းဂိုးအခ်ိဳ႕လည္း ပယ္ဖ်က္ခံထားရကာ အားမလို အားမရ ျဖစ္ေနတဲ့ အခိုက္အတန္႔၊ ပြဲျပီးခါနီး စကၠန္႔ပိုင္း အလိုမွာမွ အယ္လစ္ဆန္ရဲ႕ ဖန္တီးမႈကေန ဆာလက္က ဂိုးသြင္းလိုက္တဲ့ေနာက္ အန္းဖီး တစ္ကြင္းလံုး ဆူညံေပါက္ကြဲမႈက အထြဋ္အထိပ္သို႔ ေရာက္သြားေစခဲ့တာပါ။

ဒီလို အေနအထားမွာ ဂိုးသမား အေယာက္ ၁၀၀ ထဲ ၉၉ ေယာက္ေလာက္က ေဘာလံုးကို က်စ္က်စ္ပါေအာင္ ဆုပ္ျပီး ပြဲခ်ိန္ျပည့္ဖို႔ ေစာင့္ဆိုင္း ေနခဲ့ၾကပါလိမ့္မယ္။ ဒါေပမယ့္ ဂိုးသမား ၁၀၀ ထဲက အမ်ားစုထဲမွာ မပါ၀င္တဲ့ အယ္လစ္ဆန္ကေတာ့ အမ်ားနဲ႕ မတူတဲ့ လုပ္ရပ္ တစ္ခုကို လုပ္ခဲ့တာပါ။

ကြင္း တစ္၀က္စည္းနားမွာ ရွိတဲ့ မိုဟာမက္ ဆာလက္ဆီကို ဘရာဇီးသားက ပြဲကို အလွဆံုး အဆံုးသတ္ဖို႔ အခြင့္အေရး အေနနဲ႕ တိက်စြာ ေဘာလံုး ကန္တင္ ေပးပို႔ခဲ့ျပီး အီဂ်စ္သားရဲ႕ ျပီးျပည့္စံုတဲ့ အဆံုးသတ္မႈေၾကာင့္ လီဗာပူးက ပြဲသိမ္းဂိုးနဲ႕ ပိုလွသြားခဲ့ပါတယ္။ အယ္လစ္ဆန္သာ ကန္မတင္ခဲ့ရင္ ယူနိုက္တက္ အေနနဲ႕ ေဘာလံုး ျပန္ယူကာ ေနာက္ဆံုးအၾကိမ္ ထိုးေဖာက္ဖို႔ အခြင့္ ရေကာင္း ရမွာ ျဖစ္ေပမယ့္ ထူးထူးျခားျခား လုပ္ေဆာင္ခဲ့တာပါ။

အယ္လစ္ဆန္ရဲ႕ ေဘာလံုး ေပးပို႔မႈက မွန္ကန္တဲ့ ပါ၀ါနဲ႕ ကန္္ခ်က္၊ ဆာလက္ လမ္းေၾကာင္းထဲကို ကြက္တိ ခ်ေပးနိုင္ခဲ့တာ အတြက္ ခ်ီးက်ဴးမႈေတြလည္း ခံေနရပါတယ္။ အယ္လစ္ဆန္ ေပးပို႔မႈ ျပီးသည့္တိုင္ ဆာလက္ အေနနဲ႕ ဂိုး အျဖစ္ ေျပာင္းလဲဖို႔ လုပ္ေဆာင္စရာေတြ က်န္ခဲ့ပါေသးတယ္။ ဒီဂီယာကို မေက်ာ္ျဖတ္ခင္ပဲ ဆာလက္က ဒန္နီရယ္ ဂ်ိမ္းစ္ကို ေက်ာ္သြားခဲ့ေသးကာ ဆံုးျဖတ္ခ်က္ မွန္မွန္ကန္ကန္နဲ႕ ဂိုး အျဖစ္ ေျပာင္းလဲနုိင္ခဲ့ပါတယ္။

ဂိုး၀င္သြားတဲ့အခိုက္အတန္႔မွာ ေအာင္ပြဲခံဖို႔ ဆာလက္ဆီ ပထမဆံုး ေျပးလာခဲ့သူက အေ၀းဆံုး ကြင္းတဖက္မွာ က်န္ခဲ့တဲ့ အယ္လစ္ဆန္ပါပဲ။ ဒါေပမယ့္ အရပ္ ေျခာက္ေပ သံုးလက္မျမင့္တဲ့ ဘရာဇီးသားဟာ မားမားမတ္မတ္နဲ႕ ကြင္းကို လ်င္ျမန္စြာ ျဖတ္ေျပးလာခဲ့ျပီး ဆာလက္ဆီ အေျပးလာက ေအာင္ပြဲခံခဲ့ပါတယ္။

ဒီပြဲမွာ အယ္လစ္ဆန္ရဲ႕ လီဗာပူး ကစားသမားဘ၀ ပထမဆံုး တုိက္ရိုက္ ဂိုးေထာက္ပံ့မႈလည္း ျဖစ္ပါတယ္။ သာမာန္ ဂိုးသမား တစ္ေယာက္ မဟုတ္တဲ့ အယ္လစ္ဆန္က ကန္ခ်က္ေတြကို ဖမး္မိရံု၊ ျဖတ္တင္ေဘာေကာင္းေတြ ျပဳလုပ္ရံု၊ လွ်ံထြက္လာတဲ့ ေဘာလံုးေတြကို ေစာင့္ယူရံုထက္ သာလြန္မႈကို ျပသခဲ့တာပါ။ ကလင္းရွိေတြ ရရံုနဲ႕ ေက်နပ္ေနမယ့္ ဂိုးသမား မဟုတ္ဘဲ ကြင္းထဲမွာ အသင္းအတြက္ လိုအပ္တာေတြ ျဖည့္ဆည္းဖို႔ အသင့္ ရွိေနေၾကာင္း ဒီပြဲမွာ အယ္လစ္ဆန္က အတိအလင္း ျပသခဲ့တယ္ ဆိုရမွာပါ။