လီဗာပူးက ဒီရာသီမှာ တိုက်စစ်၊ ခံစစ်တင်မကပဲ ကွင်းလယ်ပိုင်းလည်း ပိုမို ပြည့်စုံလာကြောင်း ချီးကျူးမှုတွေ များစွာ ရရှိနေပေမယ့် လီဗာပူး လက်ထောက်နည်းပြတွေ အထူး ကြိုးစားမှုနဲ့အတူ နေရာတစ်နေရာမှာ ချွန်ပြီး တိုးတက်လာနေတာကိုတော့ သတိပြုမိသူ သိပ်အများကြီး မရှိလှပါဘူး။

ဒီအကြောင်းကို ထုတ်ဖော်လိုက်သူက မာဆေးဆိုဒ် အခြေစိုက် လီဗာပူးသတင်းထောက်ဖြစ်ပြီး ဗြိတိန် အားကစားဆိုင်ရာ သုံးသပ်ရေးဝဘ်ဆိုဒ်ဖြစ်တဲ့ The Athletic မှ James Pearce က ထုတ်ဖော် ရေးသားခဲ့တာဖြစ်တယ်။ James Pearce ဟာ လီဗာပူးအသင်းနဲ့ အရမ်းကို ရင်းနှီးသူဖြစ်ပြီး သူဟာ မန်နေဂျာရုံးခန်းနဲ့ မဲဝုဒ်ကို ဝင်ထွက်ခွင့်ပါ ရရှိထားတဲ့ ဒေသခံ သတင်းထောက်ဖြစ်ပါတယ်။

၂၀၁၈ ခုနှစ် ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ရီးရဲလ်မက်ဒရစ်ကို အရေးနိမ့်ခဲ့ပြီး လိဂ်အဆင့် ရပ်တည်မှုမှာလည်း စတုတ္ထနေရာမှာပဲ ရပ်တည်နိုင်ခဲ့တဲ့နောက် ယာဂင်ကလော့ပ်ဟာ တည်ကန်ဘော အနေအထားတွေကို အထူး သတိပြုခဲ့တယ်လို့ သိရတယ်။ ဒါ့အတွက်လည်း လက်ထောက်နည်းပြတွေဖြစ်တဲ့ Pep Lijnders, Peter Krawietz တို့နဲ့ အထူး စည်းဝေးတိုင်ပင်ခဲ့တာဖြစ်တယ်။

၂၀၁၈-၂၀၁၉ ဘောလုံးရာသီကစလို့ လီဗာပူးဟာ တည်ကန်ဘောမှာ တိုးတက်လာခဲ့တာဖြစ်ပြီး ယခင်က ဖြုန်းတီးရုံ သပ်သပ်ဖြစ်တဲ့ တည်ကန်ဘောတွေက လက်နက်ကောင်းတစ်ခုလည်း ဖြစ်လာခဲ့တယ်။ ဒါ့အပြင် အမြင့်ဘော ပိုင်နိုင်တဲ့ ဗန်ဒိုက်နဲ့ dead-ball တွေမှာ ပေးမှု တိကျလှတဲ့ ထရန့်တို့ဟာ လီဗာပူးနည်းစနစ်ကောင်းအတွက် အဓိက အားထားရာတွေ ဖြစ်လာခဲ့ပါတယ်။

ယူနိုက်တက်နဲ့ပွဲမှာ တည်ကန်ဘောကနေ ဗန်ဒိုက် ဂိုးသွင်းခဲ့တာဟာဆိုရင် ပရီးမီးယားလိဂ်မှာ တည်ကန်ဘော အကောင်းဆုံး အသင်းစာရင်းရဲ့ ထိပ်ဆုံးနေရာကို ရောက်စေခဲ့တာဖြစ်တယ်။ ဒီရာသီ ပရီးမီးယားလိဂ်မှာ လီဗာပူးဟာ ပင်နယ်တီ အပါအဝင် dead-ball ကနေ ဂိုးသွင်းတာ ၁၄ ဂိုးထိ ရှိလာခဲ့ပြီဖြစ်ပါတယ်။ ဒါဟာ ဘယ်အသင်းထက်မဆို ပိုများပါတယ်။

မနှစ်တုန်းကလည်း တည်ကန်ဘောတွေကနေ သွင်းဂိုး ၂၉ ဂိုး ရခဲ့တာဖြစ်ပြီး ဒုတိယနေရာက ဘုန်းမောက်၊ ယူနိုက်တက်တို့က ၂၁ ကြိမ် လုပ်နိုင်ခဲ့တာပါ။ တည်ဘောဆိုရာမှာ တည်ကန်ဘော၊ ဒေါင့်ကန်ဘော၊ လက်ပစ်ဘောတွေလည်း ပါဝင်ပြီး ၂၀၁၇-၂၀၁၈ ဘောလုံးရာသီမှာ ၈ ဂိုးပဲ ရယူနိုင်ခဲ့တာဖြစ်ကာ ချန်ပီယံလိဂ် အရေးနိမ့်ပြီးမှာ အဆိုပါ တည်ဘောအနေအထားတွေက ပရီးမီးယားလိဂ် အကောင်းဆုံးအဖြစ်ကို အရှိန်နဲ့ တိုးတက်လာခဲ့တာလည်း ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးက ဒီရာသီမွာ တိုက္စစ္၊ ခံစစ္တင္မကပဲ ကြင္းလယ္ပိုင္းလည္း ပိုမို ျပည့္စံုလာေၾကာင္း ခ်ီးက်ဴးမႈေတြ မ်ားစြာ ရရွိေနေပမယ့္ လီဗာပူး လက္ေထာက္နည္းျပေတြ အထူး ၾကိဳးစားမႈနဲ႔အတူ ေနရာတစ္ေနရာမွာ ခၽြန္ျပီး တိုးတက္လာေနတာကိုေတာ့ သတိျပဳမိသူ သိပ္အမ်ားၾကီး မရွိလွပါဘူး။

ဒီအေၾကာင္းကို ထုတ္ေဖာ္လိုက္သူက မာေဆးဆိုဒ္ အေျခစိုက္ လီဗာပူးသတင္းေထာက္ျဖစ္ျပီး ျဗိတိန္ အားကစားဆုိင္ရာ သံုးသပ္ေရးဝဘ္ဆိုဒ္ျဖစ္တဲ့ The Athletic မွ James Pearce က ထုတ္ေဖာ္ ေရးသားခဲ့တာျဖစ္တယ္။ James Pearce ဟာ လီဗာပူးအသင္းနဲ႔ အရမ္းကို ရင္းႏွီးသူျဖစ္ျပီး သူဟာ မန္ေနဂ်ာရံုးခန္းနဲ႔ မဲဝုဒ္ကို ဝင္ထြက္ခြင့္ပါ ရရွိထားတဲ့ ေဒသခံ သတင္းေထာက္ျဖစ္ပါတယ္။

၂၀၁၈ ခုႏွစ္ ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲမွာ ရီးရဲလ္မက္ဒရစ္ကို အေရးနိမ့္ခဲ့ျပီး လိဂ္အဆင့္ ရပ္တည္မႈမွာလည္း စတုတၳေနရာမွာပဲ ရပ္တည္ႏုိင္ခဲ့တဲ့ေနာက္ ယာဂင္ကေလာ့ပ္ဟာ တည္ကန္ေဘာ အေနအထားေတြကို အထူး သတိျပဳခဲ့တယ္လို႔ သိရတယ္။ ဒါ့အတြက္လည္း လက္ေထာက္နည္းျပေတြျဖစ္တဲ့ Pep Lijnders, Peter Krawietz တို႔နဲ႔ အထူး စည္းေဝးတိုင္ပင္ခဲ့တာျဖစ္တယ္။

၂၀၁၈-၂၀၁၉ ေဘာလံုးရာသီကစလို႔ လီဗာပူးဟာ တည္ကန္ေဘာမွာ တိုးတက္လာခဲ့တာျဖစ္ျပီး ယခင္က ျဖဳန္းတီးရံု သပ္သပ္ျဖစ္တဲ့ တည္ကန္ေဘာေတြက လက္နက္ေကာင္းတစ္ခုလည္း ျဖစ္လာခဲ့တယ္။ ဒါ့အျပင္ အျမင့္ေဘာ ပိုင္ႏုိင္တဲ့ ဗန္ဒိုက္နဲ႔ dead-ball ေတြမွာ ေပးမႈ တိက်လွတဲ့ ထရန္႔တို႔ဟာ လီဗာပူးနည္းစနစ္ေကာင္းအတြက္ အဓိက အားထားရာေတြ ျဖစ္လာခဲ့ပါတယ္။

ယူႏုိက္တက္နဲ႔ပြဲမွာ တည္ကန္ေဘာကေန ဗန္ဒိုက္ ဂိုးသြင္းခဲ့တာဟာဆိုရင္ ပရီးမီးယားလိဂ္မွာ တည္ကန္ေဘာ အေကာင္းဆံုး အသင္းစာရင္းရဲ႕ ထိပ္ဆံုးေနရာကို ေရာက္ေစခဲ့တာျဖစ္တယ္။ ဒီရာသီ ပရီးမီးယားလိဂ္မွာ လီဗာပူးဟာ ပင္နယ္တီ အပါအဝင္ dead-ball ကေန ဂိုးသြင္းတာ ၁၄ ဂိုးထိ ရွိလာခဲ့ျပီျဖစ္ပါတယ္။ ဒါဟာ ဘယ္အသင္းထက္မဆို ပိုမ်ားပါတယ္။

မႏွစ္တုန္းကလည္း တည္ကန္ေဘာေတြကေန သြင္းဂိုး ၂၉ ဂိုး ရခဲ့တာျဖစ္ျပီး ဒုတိယေနရာက ဘုန္းေမာက္၊ ယူႏုိက္တက္တို႔က ၂၁ ၾကိမ္ လုပ္ႏုိင္ခဲ့တာပါ။ တည္ေဘာဆိုရာမွာ တည္ကန္ေဘာ၊ ေဒါင့္ကန္ေဘာ၊ လက္ပစ္ေဘာေတြလည္း ပါဝင္ျပီး ၂၀၁၇-၂၀၁၈ ေဘာလံုးရာသီမွာ ၈ ဂိုးပဲ ရယူႏုိင္ခဲ့တာျဖစ္ကာ ခ်န္ပီယံလိဂ္ အေရးနိမ့္ျပီးမွာ အဆုိပါ တည္ေဘာအေနအထားေတြက ပရီးမီးယားလိဂ္ အေကာင္းဆံုးအျဖစ္ကို အရွိန္နဲ႔ တိုးတက္လာခဲ့တာလည္း ျဖစ္ပါတယ္။