Date

February 3, 2020

အက်ဖ်အေပွဲ ပြန်ကန်ပွဲအတွက် ခရစ်ချ်လေကို ရွေးချယ်ခြင်း အဓိက အကြောင်းရင်းကို ကလော့ပ် ရှင်းပြ

အန်ဖီးမှာ ယှဉ်ပြိုင်ရမယ့် အက်ဖ်အေ ပြန်ကန်ပွဲကို မန်နေဂျာအဖြစ် ကလော့ပ် ကိုင်တွယ်မှာ မဟုတ်သလို စီနီယာအသင်းသားတွေလည်း ကစားရမှာ မဟုတ်ပေမယ့် လူငယ်ကစားသမားတွေဖြစ်တဲ့ ဂျုံး၊ အီလီယော့၊ ချီရီဗီလာတို့ ပါဝင်ခွင့်ရသွားမှာဖြစ်ပါတယ်။ အဆိုပါပွဲ မတိုင်တွယ်မှုအပေါ် ယာဂင်ကလော့ပ်က ” အန်ဖီးကပွဲမှာ မရှိလို့ ငါက ပျင်းလို့ အဲ့ပွဲကို မကိုင်တာပါ ဘာညာ ပြောနေကြလဲ ဒါကို ငါ မပြောင်းနိုင်ဘူး။ ငါ့အပေါ် ဘယ်လိုပဲ နာမည်တပ်တပ် ငါ အပြောင်းအလဲ မလုပ်နိုင်ဘူး။ ငါ့ရဲ့ ကစားသမားတွေအတွက် ရာနှုန်းပြည့်… Continue Reading →

ချိန်ဘာလိန် ညွှန်းတဲ့ စံပြအသင်းသားများ၊ ရေပန်းစားလာတဲ့ ဟန်ဒါဆန် အပါအဝင် လီဗာပူး ညနေခင်းသတင်းများ

လီဗာပူးအသင်းရဲ့ အားထားရတဲ့ ခံစစ်မှူး ဗန်ဒိုက်နဲ့ ဂိုးသမား အယ်လစ်ဆန်တို့ဟာ အသင်းနဲ့ အတူ ကာလရှည် သက်တမ်းတိုး စာချုပ်များ ချုပ်ဆိုလိုနေကြပါတယ်။ လီဗာပူး တိုက်စစ်သမားတွေ ဖြစ်တဲ့ ဆာလက်၊ မာနေးနဲ့ ဖာမီနိုတို့ဟာ အသင်းဖော်တွေ အားလုံးပါ ဂိုးတွေ ဘယ်လိုသွင်းရလဲ သင်ယူချင် လာအောင် စံနမူနာပြ ကစားနေကြသူတွေ ဖြစ်တယ်လို့ ချိန်ဘာလိန်က ချီးကျူး ပြောဆိုခဲ့ပါတယ်။ စပါးကို ရှုံးနိမ့်အပြီးမှာ မန်စီးတီး နည်းပြ ပက်ဂွာဒီယိုလာက ဒီရာသီ အမှတ်ပေးဖလားကို ရပ်တန့်မရတဲ့ လီဗာပူးအသင်းထံ လွှဲအပ်ရတော့မှာ… Continue Reading →

ပရီးမီးယားလိဂ်ကို ပြောင်းဖို့ စိတ်ဝင်စားလားနဲ့ ဘယ်အသင်းကို ပြောင်းလိုလဲ မေးခွန်းကို အဖြေပြန်တဲ့ တီမိုဝါနာ

လီဗာပူးက ခေါ်ယူလိုတာကြောင့် စောင့်ကြည့်မှုတွေ လုပ်ထားသလို ကလပ်အသင်း အများအပြားရဲ့ စိတ်ဝင်စားခြင်းကို ခံနေရတဲ့ ဂျာမနီတိုက်စစ်မှူး တီမိုဝါနာက အပြောင်းအရွှေ့ ကိစ္စတွေကို မတုန်လှုပ်ဘူးလို့ ဆိုပါတယ်။ ဒါပေမယ့်လို့ လက်ရှိမှာ ဘွန်ဒက်လီဂါကလပ် လိုက်ဇစ်အတွက်ပဲ အာရုံစိုက်နေတာဖြစ်ပြီး အနာဂတ် ကိစ္စတွေကိုတော့ ရာသီကုန်လို့ ကလပ်တွေ ကမ်းလှမ်းမှုတွေ ပေးလာမှပဲ စဉ်းစားသွားဖွယ် ရှိနေတာဖြစ်ပါတယ်။ တီမို ဝါနာက ” အသက် ၂၃ နှစ်အရွယ်မှာတင် တစ်ရာသီ ဂိုး ၂၀ လောက် သွင်းနေရင်တော့ စိတ်ဝင်စားတာတွေက ရှိလာမှာပဲဗျ… Continue Reading →

ဟန်ဒိုနဲ့ ဖာဘင်ညို နှစ်ဦးအနက် ဘယ်သူ့ကို ကွင်းလယ်ခံစစ်နေရာက သုံးမလဲကို ပြန်ရှင်းတဲ့ ယာဂင်ကလော့ပ်

မန်နေဂျာယာဂင်ကလော့ပ်က လီဗာပူးကွင်းလယ်ခံစစ်မှာ ဖာဘင်ညိုနဲ့ ဟန်ဒါဆန် နှစ်ဦးအနက် ဘယ်သူ့ကို သုံးမလဲလို့ မေးရာမှာ ဟန်ဒိုကို ရှေ့တက်စေပြီး ဖာဘင်ညိုကို ကွင်းလယ်အထိုင်နေရာ ဝင်စေပါမယ်လို့ ရှင်းပြသွားပါတယ်။ ဖာဘင်ညိုဟာ ပထမရာသီဝက်မှာ ပရီးမီးယားလိဂ် အကောင်းဆုံး ကွင်းလယ်ခံစစ်သမားအဖြစ် ကစားပြခဲ့တာပါ။ သူဒဏ်ရာရတဲ့နောက် အသင်းဖော် ဟန်ဒါဆန်က သူ့နေရာကို အစားဝင်လာပြီး အကောင်းဆုံး ကစားပြခဲ့တာဖြစ်တယ်။ ဒါပေမယ့်လို့ နှစ်ဦးလုံး ကြံ့ခိုင်လာချိန်မှာတော့ ဖာဘင်ညိုကို သူ့နေရာပြန်ပေးကာ ဟန်ဒါဆန်ကို တိုက်စစ် ပိုလိုက်စေမယ်လို ဆိုခဲ့တာဖြစ်တယ်။ ကလော့ပ်က ဆိုရာမှာ “ ဒါအတွက်… Continue Reading →

ပရီးမီးယားလိဂ်ချန်ပီယံ လီဗာပူးဖြစ်မယ်လို့ သူစပြီး ခံစားမိတဲ့ အချိန်ကို ဖွင့်ဟသွားတဲ့ မော်ရင်ညို

စပါးမန်နေဂျာ မော်ရင်ညိုက ဒီရာသီ လီဗာပူးအသငင်း အမှတ်ပေးဖလား အနိုင်ရမယ်ဆိုတာကို လွန်ခဲ့တဲ့ သုံးလလောက်ကတည်းက သူ ခံစားမိနေတယ်လို့ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။ မော်ရင်ညိုဟာ ၂၀၀၅၊ ၂၀၀၆ နဲ့ ၂၀၁၅ ခုနှစ်တွေမှာ လန်ဒန်ကလပ် ချယ်ဆီးနဲ့အတူ အမှတ်ပေးဖလားတွေကို အနိုင်ရခဲ့ဖူးသူဖြစ်တယ်။ လက်ရှိ စပါးအသင်းကို ကိုင်တွယ်နေတဲ့ မော်ရင်ညိုဟာ ၂၀၁၈ ဒီဇင်ဘာတုန်းက လီဗာပူးကို အရေးနိမ့်မှု နောက်ဆက်တွဲအဖြစ် ရာထူးကနေ ထုတ်ပယ်ခံခဲ့ရတာဖြစ်ပါတယ်။ စပါးနဲ့ မန်စီးတီးပွဲမှာ သူ့ရဲ့အသင်းဟာ ၂-၀ နဲ့ အနိုင်ရခဲ့တာကြောင့် အမှတ်ပေးပွဲ… Continue Reading →

အမှတ်ပေးဖလားကို ရပ်တန့်လို့ မရတဲ့ လီဗာပူးလက်ထဲ ထည့်လိုက်ရပြီလို့ ဂွာဒီယိုလာ ဝန်ခံ

ပရီးမီးယားလိဂ် လက်ရှိ ချန်ပီယံ မန်စီးတီးအသင်းဟာ ညက စပါးကို အဝေးကွင်းမှာ ၂-၀ နဲ့ ရှုံးနိမ့်ခဲ့ပြီး ဒီရာသီ ၆ ပွဲ မြောက် ရှုံးပွဲ ကြုံတွေ့သွားခဲ့ကာ အမှတ်ပေးဇယား ဦးဆောင်ထားသူ လီဗာပူးနဲ့ ၂၂ မှတ်ထိ ပြတ်သွားခဲ့ပြီ ဖြစ်ပါတယ်။ စီးတီး နည်းပြ ဂွာဒီယိုလာကတော့ ဒီရာသီ ချန်ပီယံဆုကို လီဗာပူးထံ လွှဲအပ်လိုက်ရပြီလို့ စပါးနဲ့ ပွဲအပြီးမှာ ဝန်ခံ ပြောဆိုခဲ့ပါတယ်။ မန်စီးတီးဟာ ၂၀၁၈ နဲ့ ၂၀၁၉ နှစ်ရာသီဆက် ပရီးမီးယားလိဂ်မှာ… Continue Reading →

ဘာစီလိုနာမှာ အောင်မြင်ခြင်းထက် လီဗာပူးနဲ့ ရုန်းကန်ခဲ့ရမှုကို ပိုမြတ်နိုးတဲ့ မာရှေးယာနို

အာဂျင်တီးနား ကွင်းလယ်လူဟောင်း မာရှေးယာနိုက လီဗာပူးနဲ့ ဘာစီလိုနာ နှစ်သင်းအနက် ဘယ်အသင်းကို ပိုမို မြတ်နိုးသလဲလို့ မေးခွန်းထုတ်ခံရရမှာ လီဗာပူးကို ရွေးချယ်သွားခဲ့ပါတယ်။ ဒီအဖြေဟာ အနည်းငယ်တော့ ထူးဆန်းပြီး မာရှေးယာနိုဟာ သူ့ ကစားသမားဘဝ အကောင်းဆုံး နေ့ရက်တွေကို ကက်တလန်ကလပ်မှာ ကုန်ဆုံးခဲ့တာဖြစ်တယ်။ ဂျရတ်၊ အလွန်ဆို၊ မာရှေးယာနိုအတွဲဟာ လီဗာပူးပရိသတ်တွေ အတော်လေးကို နှစ်သက်ခဲ့ရပေမယ့် အလွန်ဆိုနဲ့ မာရှေးယာနိုတို့ဟာ ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာတို့ထံ ပြောင်းရွှေ့ခဲ့တာဖြစ်တယ်။ မာရှေးယာနိုက အန်ဖီးကို သံဃောဇဉ် ရှိဟန်တူပြီး လက်ရှိ ကမ္ဘာအကောင်းဆုံးအသင်းက လီဗာပူးဖြစ်နေတယ်လို့… Continue Reading →

ဆာလက်ကို ဝေဖန်သူတွေအား တုန့်ပြန်ရင် ဖာမင်နိုရဲ့ အရည်အချင်းကောင်းကို ကြွားဝါလိုက်တဲ့ ကလော့ပ်

လီဗာပူးရဲ့ ကျောနံပါတ် ၉ ဝတ် တိုက်စစ်မှူး ဖာမင်နိုဟာ ဒီရာသီ အန်ဖီးကွင်းမှာ အမှတ်ပေးပွဲတွေအတွင်း သွင်းဂိုး တစ်ဂိုးမှ မသွင်းနိုင်ပေမယ့် အသင်းတိုက်စစ်ကို အသက်ဝင်နေအောင် ဦးဆောင်ပေးနေသူတစ်ဦးဖြစ်ပါတယ်။ အာဆင်နယ်မန်နေဂျာဟောင်း အာဆင်ဝင်းဂါးက အသင်းလိုက်ကစားသမားဖြစ်ပြီး တိုက်စစ်ကို ဦးဆောင်သူလို့ အထူး ချီးကျူးထားဖူးတဲ့ ဖာမင်နိုနဲ့ ပက်သက်လို့ မန်နေဂျာယာဂင်ကလော့ပ်က “ သူ့လို ကစားသမားတစ်ယောက်အကြောင်း ကျနော် မသိခဲ့ဘူး ” လို့ ဝန်ခံစကားဆိုခဲ့တယ်။ “ သူက တကယ်ကို ထူးချွန်ပြီး အရမ်ကို စမတ်ကျတဲ့ လူပါပဲ။… Continue Reading →

ယူနိုက်တက်စံချိန်ချိုးဖို့ နီးနေခြင်း၊ ချန်ပီယံနဲ့ ၆ ပွဲအကွာ၊ မှားယွင်းတဲ့ဝေဖန်မှုနဲ့ လီဗာပူး နံနက်ခင်းသတင်းများ

ညကပွဲမှာ စပါးကို မန်စီးတီး အရေးနိမ့်ခဲ့တာကြောင့် အမှတ်ပေးဇယားဟာ ၂၂ မှတ်ထိ ကွာခြားသွားပြီဖြစ်ပြီး မာဆေးဆိုဒ်ကလပ်ဟာ နှစ်ပေါင်း ၃၀ ကြာ ဝေးကွာနေတဲ့ အမှတ်ပေးဖလားကို တစ်ကျော့ပြန် ဆုပ်ကိုင်ဖို့ လက်ကျန် ၁၃ ပွဲမှာ ၁၈ မှတ်ပဲ အနိုင်ရဖို့ လိုပါတယယ်။ လီဗာပူးအသင်းဟာ အမှတ်ပေးပွဲ ၆ ပွဲ အနိုင်ရရင်ကို ပရီးမီးယားလိဂ်ချန်ပီယံဖြစ်တော့မှာပါ။ မန်စီးတီး ရလဒ်တွေ ထပ်မံဆိုးရွားရင် ပိုစောပြီးလည်း ချန်ပီယံဖြစ်နိုင်ပြီး ပရီးမီးယားလိဂ်သမိုင်းမှာ အမြန်ဆုံး ချန်ပီယံဖြစ်ခဲ့တဲ့ ယူနိုက်တက်ရဲ့ စံချိန်ကိုပါ ချိုးဖို့… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!