Date

February 13, 2020

နော်ဝစ်နဲ့ လီဗာပူးပွဲကို အနားရထားတိုင်း ကောင်းတာမဟုတ်ဘူးလို့ သုံးသပ်ခန့်မှန်းသွားတဲ့ စကိုင်းစပေါ့

လီဗာပူးဟာ ပရီးမီးယားလိဂ် ပွဲစဉ် ၂၆ အဖြစ် ဒီအပတ်မှာ နော်ဝစ်ရဲ့ အိမ်ကွင်းထံ သွားရောက်ပြီး ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။ လီဗာပူးဟာ အမှတ်ပေးဇယားကို ၂၂ မှတ်ထိ ဖြတ်ထားတာဖြစ်ပြီး ဒီပွဲ ရလဒ်က ချန်ပီယံဖြစ်ဖို့ အရမ်းကြီး စိုးရိမ်နေရမယ့် ပွဲတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဒီပွဲပြီးရင် အက်သလက်တီကိုနဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်လို့ ပွဲကို ဘယ်လို ချဉ်းကပ်မလဲဆိုတာကတော့ စောင့်ကြည့်ချင်စရာ ကိစ္စ ဖြစ်နေတာပါ။ စကိုင်းစပေါ့ရဲ့ ချာလီကတော့ ” လီဗာပူးက အားလပ်ရက်ရထားတယ်။ သူတို့က လန်းဆန်းနေမှာ… Continue Reading →

ဆန်ချို ဝါနာ အပြောင်းအရွှေ့၊ သန်း ၅၀၀၊ ရွက်ပုန်းသီးတွေ လိုက်ရှာနေခြင်းနဲ့ လီဗာပူး ညနေခင်းသတင်းများ

လီဗာပူးအသင်းဟာ ဒေါ့မွန်စတား ဆန်ချိုကို ခေါ်ယူဖို့ ပြိုင်ဘက်တွေနဲ့အပြိုင် ကြိုးစားမယ်ဆိုတဲ့ သတင်းတွေကို လီဗာပူးသတင်းထောက်တွေက ပယ်ချလိုက်ပါတယ်။ ဂျာမနီမှာတော့ ယုံကြည်ရတဲ့ ရင်းမြစ်တွေကနေ ဖော်ပြမှုအရ လိုက်ဇစ်တိုက်စစ်မှူး တီမိုဝါနာကို ခေါ်ယူဖို့ ဘိုင်ယန်မြူးနစ်ထက် လီဗာပူးအသင်းကပဲ ရေပန်းစားမှု ပိုမို မြင့်တက်လာနေပါတယ်။ လီဗာပူးအစွန်လူ ဝီလီယမ်ဟာ ယူ-၂၃ အသင်းမှာ အထူးချွန်ဆုံးနဲ့ အန္တရာယ်အကြီးဆုံး အစွန်လူအဖြစ် တိုးတက်လာနေပြီး သူဟာ လက်ကျန် ရာသီဝက်မှာ စီနီယာအသင်းအတွင်း နေရာရမယ်လို့ သိထားရပါတယ်။ ဂိုးသမားအယ်လီဆန်ကို ဂိုးသမားတွေထဲမှာတော့ မက်ဆီလို ပါရမီရှင်လို့ တင်စားမှုတွေ… Continue Reading →

လီဗာပူးနဲ့ ဝါနာကြား အပြောင်းအရွှေ့ သတင်းတွေ ခပ်စိပ်စိပ် ကြားနေရခြင်းရဲ့ အဓိက အကြောင်းရင်း

ဇန်နဝါရီ အပြောင်းအရွှေ့ကို ကျော်လွန်ပြီးမှ လီဗာပူးနဲ့ တီမိုဝါနာကြား အပြောင်းအရွှေ့ သတင်းတွေ ခပ်စိပ်စိပ် ကြားနေရတဲ့အပေါ် မေးခွန်းထုတ်ကြသူတွေ ရှိနေကြမှာပါ။ အဓိက အကြောင်းရင်းက လိုက်ဇစ်ဟာ ဝါနာကို ဇန်နဝါရီမှာ လက်လွတ်မခံပဲ နွေမှ ထွက်ခွာခွင့်ပေးခြင်းကြောင့် ဖြစ်သလို နောက်ထပ် အကြောင်းရင်းက ဂျာမနီကလပ်နဲ့ တိုက်စစ်သမားကြား စာချုပ်အရ ပေါင် ၅၁ သန်းတန် စာချုပ်ဖျက်သိမ်းကြေးဟာ ဧပရယ်လ အကုန်မှာ အသက်ဝင်မှာဖြစ်လို့ပါပဲ။ ပြီးခဲ့တဲ့ နွေမှာ လိုက်ဇစ်နဲ့ ဝါနာတို့ သက်တမ်းတိုးခဲ့စဉ် အဆိုပါ သဘောတူညီမှုကို ထည့်သွင်းခဲ့တာဖြစ်ပြီး… Continue Reading →

လီဗာပူးရဲ့ ဆုဖလား ရည်မှန်းချက်အတွက် အရေးကြီးဆုံး လိုအပ်ချက်ကို အယ်လီဆန် ရှင်းပြ

လီဗာပူး ဂိုးသမား အယ်လီဆန်က ပြိုင်ပွဲတွေမှာ နိုင်ပွဲဆက်နေအောင် အဓိက ကြိုးစားရမှာက ပွဲတွေကို ပျော်ရွှင်စွာ ကစားနိုင်မှုဆိုတဲ့ အနေအထားကို ထိန်းသိမ်းထားဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။ ဘောလုံးကစားခြင်းကို ပျော်ရွှင်နေခြင်းနဲ့ ကွင်းအတွင်းမှာ ကိုယ်ရဲ့ အရည်အသွေးတွေကို ကြိုးစား ထိန်းသိမ်းဖို့ လိုအပ်ကြောင်း ဘရာဇီး ဂိုးသမားက ဆိုတယ်။ မဟုတ်ခဲ့ဘူးဆိုရင် အခြားသော ကစားသမားတစ်ဦးက ကိုယ်ရဲ့ နေရာကို ဝင်ယူသွားပါလိမ့်မယ်လို့ အယ်လီဆန်က ရှင်းပြခဲ့တယ်။ အယ်လီဆန်က ” ကျနေ်ာတို့ ဆုဖလားတွေ အနိုင်ရလိုတယ်၊ အမှတ်ပေးဖလား အနိုင်ရလိုတယ်။… Continue Reading →

လီဗာပူးက ဆန်ချိုကို ကမ်းလှမ်းတယ်ဆိုတဲ့ သတင်းကို လီဗာပူးသတင်းထောက် အကြောင်းပြန်

အင်္ဂလန်မီဒီယာဖြစ်တဲ့ ဒေးလီးမေလ်းက ဒီကနေ့မနက်မှာ ဒေါ့မွန်တောင်ပံသမား ဆန်ချိုကို အခြားသော ပရီးမီးယားလိဂ် ပြိုင်ဘက်တွေနဲ့အပြိုင် ဝင်ရောက်ကမ်းလှမ်းဖို့ လီဗာပူးက စိတ်ဝင်စားနေပါကြောင်း သတင်းကြီးတစ်ရပ် ဖော်ပြခဲ့ပါတယ်။ လီဗာပူးဟာ NIKE နဲ့ အကျိုးရှိမယ့် စာချုပ်ကြီးတစ်ရပ်ကို လာမယ့် ရာသီကနေ စတင်ကာ အသက်သွင်းတော့မှာဖြစ်လို့ ဆန်ချိုကို ခေါ်ယူဖို့ ပြောင်းရွှေ့ကြေး လုံလုံလောက်လောက် ရှိနေတယ်လို့ ဖော်ပြခဲ့တာပါ။ ဒီသတင်းဟာ စကိုင်းစပေါ့က ဂျာမနီရင်းမြစ်တွေက ရတဲ့ နွေမှာ ဆန်ချို ဒေါ့မွန်ကနေ ထွက်ခွာတော့မယ့်ဆိုတဲ့ သတင်းရဲ့ နောက်ဆက်တွဲ ဖော်ပြလာတဲ့ သတင်းဖြစ်ပါတယ်။… Continue Reading →

ကလော့ပ်နဲ့ လက်တွဲဖို့ လီဗာပူးကို မပြောင်းခဲ့တဲ့ အကြောင်းရင်းကို ထုတ်ဖော်ပြောဆိုတဲ့ ဂွမ်ဒိုဂန်

မန်စီးတီးကွင်းလယ်လူ ဂွမ်ဒိုဂန်က ဒေါ့မွန်ကနေ ထွက်ခွာဖို့ စဉ်းစားချိန်မှာ မန်နေဂျာဟောင်း ယာဂင်ကလော့ပ်နဲ့ လက်တွဲဖို့ လီဗာပူးကို မပြောင်းခဲ့ပဲ မန်စီးတီးကို ရွေးချယ်ရခြင်း အကြောင်းရင်းကို ထုတ်ဖော် ပြောဆိုခဲ့တယ်။ ၂၀၁၅ ခုနှစ်မှာ ကလော့ပ် လီဗာပူးကို ရောက်လာပြီးနောက်ပိုင်းမှာ ဂွမ်ဒိုဂန်က လီဗာပူးနဲ့ အပြောင်းအရွှေ့ သတင်းတွေ ထွက်ခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်မှာတော့ သူဟာ ဒေါ့မွန်မှာ အောင်မြင်ခဲ့တဲ့ မန်နေဂျာဟောင်း ကလော့ပ်နဲ့ ပြန်လည် လက်တွဲခြင်း မလုပ်ပဲ မန်စီးတီးကို ပြောင်းဖို့ ရွေးချယ်ခဲ့တာဖြစ်တယ်။ ဂွမ်ဒိုဂန်ကတော့ မန်နေဂျာသစ်လက်အောက်မှာ… Continue Reading →

စီနီယာအဆင့်ရောက်တော့မယ့် အန္တရာယ်အကြီးဆုံး ကစားသမားကို နည်းပြဖြစ်သူ ထုတ်ဖော်

လီဗာပူး လူငယ်အသင်းမန်နေဂျာ နေးခရစ်ချ်လေက ကလပ်အသင်း လူငယ်အစွန်လူ နီကိုး ဝီလီယမ်ကို အသင်းရဲ့ အန္တရာယ်အကြီးဆုံး အန္တရာယ်အကြီးဆုံး ကစားသမားအဖြစ် ထုတ်ဖော် ချီးကျူးလိုက်ပါတယ်။ အန်ဖီးမှာ ယှဉ်ပြိုင်ကစားတဲ့ ရှရူဘူရီနဲ့ အက်ဖ်အေပြန်ကန်ပွဲမှာ hat-trick ရလောက်တဲ့ အနေအထားထိ စွမ်းဆောင်နိုင်ခဲ့တဲ့ နီကိုးဟာ အတွေ့အကြုံပိုင်းမှာ တိုးတက်ဖို့ လိုအပ်နေသူဖြစ်တယ်။ သူဟာ လီဗာပူးရဲ့ အတောက်ပဆုံး အနာဂတ် ရှိထားတဲ့ လူငယ် လေးဦးထဲက တစ်ဦးလည်းဖြစ်ပါတယ်။ မန်နေဂျာယာဂင်ကလော့ပ်က ဒီရာသီ ပရီးမီးယားလိဂ်ဖလားကို သေချာခဲ့ပြီးလို့ ချန်ပီယံလိဂ်မှာ နောက်ထပ်အဆင့်တွေကို တက်လှမ်းနိုင်မယ်ဆိုရင်… Continue Reading →

ဒီလထဲမှာ ဝင်ငွေ ပေါင် ၅၀၀ သန်းကျော်ကို တရားဝင် ကြေညာမယ့် လီဗာပူး

လီဗာပူးဟာ ၂၀၁၈-၂၀၁၉ ဘောလုံးရာသီ ကလပ်အသင်း ဝင်ငွေစာရင်းနဲ့ အကျိုးအမြတ်စာရင်းကို ဒီလထဲမှာပဲ တရားဝင် ကြေညာမှု ပြုလုပ်မှာဖြစ်ပါတယ်။ ဘောလုံးဆိုင်ရာ အတွင်းသတင်းတွေက ကြိုတင် ဖော်ပြမှုအရ မနှစ်တုန်းက ချန်ပီယံလိဂ်ဖလား အနိုင်ရ လီဗာပူးအသင်းဟာ ဝင်ငွေ ပေါင် ၅၀၀ သန်းကို ကျော်လွန်ခဲ့တယ်လို့ သိရတယ်။ ဒါဟာ ၂၀၁၇-၂၀၁၈ ခုနှစ်က ရခဲ့တဲ့ ပေါင် ၄၅၅ သန်းထက် ပိုများလာမယ်လို့ သိရတာဖြစ်ပြီး လီဗာပူးအတွက် ဘဏ္ဍာရေးခိုင်မာလာဖို့ အခြေခံ အုတ်မြစ်တွေ ဖြစ်လာပါမယ်။ မနှစ်တုန်းက လီဗာပူးဟာ… Continue Reading →

ဒီရာသီမှာ လီဗာပူးအသင်း ချိုးဖျက်သွားနိုင်တဲ့ ပရီးမီးယားလိဂ် စံချိန်ကြီး ၈ ရပ်

လက်ရှိ လီဗာပူးအသင်းကို ပရီးမီးယားလိဂ်သမိုင်းမှာ အကောင်းဆုံး အသင်းအဖြစ် မြင်ရမလားဆိုတဲ့ မေးခွန်း ကျယ်ပြန့်နေပါတယ်။ အဆိုပါ မှတ်တမ်း ဝင်နိုင်ဖို့ဆိုရင် အောက်ပါ စံချိန်ကြီး ၈ ရပ်ကို ချိုးဖျက်နိုင်ဖို့ လိုပါတယ်။ (၁) မန်စီးတီးက ၂၀၁၇-၂၀၁၈ ဘောလုံးရာသီအတွင်း ပရီးမီးယားလိဂ်မှာ နိုင်ပွဲအဆက်ဆုံးအဖြစ် ၁၈ ပွဲနဲ့ စံချိန်တင်ထားတာဖြစ်တယ်။ လီဗာပူးက လာမယ့် သုံးပွဲဖြစ်တဲ့ နော်ဝစ်၊ ဝက်ဟမ်း၊ ဝတ်ဖိုဒ့်ပွဲတွေကို အနိုင်ရမယ်ဆိုရင် မန်စီးတီးရဲ့ စံချိန်ကို ချိုးဖျက်နိုင်မှာ ဖြစ်ပါတယ်။ (၂) အာဆင်နယ်က ပရီးမီးယားလိဂ်သမိုင်းမှာ… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!