Date

July 4, 2020

စနေနေ့ နောက်ဆုံးရ လီဗာပူးအသင်း ထူးခြား သတင်းတိုများ

အက်စတွန်ဗီလာနဲ့ ပွဲမှာ မန်နေဂျာကလော့ပ်က အဓိက လူစာရင်းနဲ့ အရန်စာရင်းကို အပြောင်းအလဲ လုပ်လိုပြီး ကီတာနဲ့ ချိန်ဘာလိန်ကိုပါ နေရာပေးလိုနေတယ်လို့ အသံထွက်လာပါတယ်။ လီဗာပူးက အယ်ကန်တာရာကို ၄ နှစ်စာချုပ်ဖြင့် ခေါ်ယူပြီး တစ်နှစ်ကို ယူရို ၈ သန်းပေးဖို့ သဘောတူညီမှု ရခဲ့တယ်လို့ သတင်းထွက်နေပါတယ်။ ပုဂ္ဂိုလ်ရေးသဘောတူညီမှု အရင်ရယူတာဖြစ်ပြီး ဘိုင်ယန်မြူနစ်နဲ့ ယူရို သန်း ၃၀ + ယူရို ၅ သန်း ဖြင့် လာမယ့် ရက်ပိုင်းအတွင်း ကမ်းလှမ်းမယ်လို့ သိရပါတယ်။ ကလော့ပ်က… Continue Reading →

အက်စတွန်ဗီလာနဲ့ပွဲမှာ လီဗာပူးလူစာရင်း အပြောင်းအလဲကြီးတွေ မြင်ရဖွယ်ရှိနေ

အက်စတွန်ဗီလာနဲ့ ပွဲမှာ မန်နေဂျာကလော့ပ်က အဓိက လူစာရင်းနဲ့ အရန်စာရင်းကို အပြောင်းအလဲ လုပ်လိုတယ်လို့ အသံထွက်လာပါတယ်။ မာဆေးဆိုဒ်သတင်းဌာနကတော့ မန်နေဂျာကလော့ပ်ဟာ အဓိက ကစားသမားတွေကို ရာသီသိမ်း ပွဲတွေအတွက် ခေတ္တအနားပေးတာတွေလုပ်ပြီး လူငယ်တွေနဲ့ အရန်ကစားသမားတွေကို နေရာပေးမှု စတင်လိုနေတယ်လို့ ဖော်ပြလာကြတယ်။ ခံစစ်ပိုင်း ပြောင်းလဲမှု မာတစ်နဲ့ လိုဗရန် ဒဏ်ရာ မသေချာတာကြောင့် မန်နေဂျာကလော့ပ်က ခံစစ်ပိုင်းကို စီမံဖို့ ကြိုးစားနေပါတယ်။ မန်စီးတီးပွဲမှာ ဖာဘင်ညိုကို ဗဟိုခံစစ်မှူးနေရာ ပြောင်းကစားစေခဲ့ပြီး တူညီတဲ့ လုပ်ဆောင်မှုတွေကို ထပ်ပြီး လုပ်နိုင်ပါတယ်။ ဒါပေမယ့်… Continue Reading →

လူငယ်တွေကို မျှော်လင့်ထားသလောက် နေရာပေးလို့ မရဖြစ်နေတဲ့ အနေအထားကို ကလော့ပ် ပြော

ပရီးမီးယားလိဂ် လက်ကျန် ၆ ပွဲမှာ လူငယ်တွေကို နေရာပေးဖို့က ပြောသလို လွယ်တဲ့ ကိစ္စ မဟုတ်ဘူးလို့ ကလော့ပ်က ထုတ်ပြောသွားပါတယ်။ ကလော့ပ်က ” လူငယ်တွေက ကစားခွင့်ရဖို့ အရမ်း နီးစပ်ပါတယ်။ ဒါပေမယ့် ပရီးမီးယားလိဂ်ပွဲတွေကို ပျော်ဖို့သက်သက်ပဲ သူတို့ကို ပွဲထွက်ခွင့် မပေးနိုင်ပါဘူး။ ပွဲတွေကို ကျနေ်ာတို့ နိုင်ချင်တယ်။ အကောင်းဆုံးကစားသမားတွေ ကွင်းထဲမှာ ရှိပြီး အနိုင်ရတာမျိုးကို လိုချင်တယ်။ ” လို့ ရှင်းပြပါတယ်။ အီလီယော့၊ နီကိုး၊ ကာတစ်ဂျုံးတို့ ပွဲထွက်ခွင့်ရမယ်လို့ သိထားရပေမယ့်… Continue Reading →

လီဗာပူးသတင်းလုံး ပြာယာခတ်သွားရတဲ့ ကလော့ပ်ရဲ့ နည်းဗျူဟာကို မီလ်နာ ဖွင့်ပြော

လီဗာပူးကွင်းလယ်လူ မီလ်နာဟာ ဒီအပတ်မှာတော့ သူ့ရဲ့ အသင်းဟောင်း တစ်သင်းဖြစ်တဲ့ အက်စတွန်ဗီလာကို ပြန်လည် ရင်ဆိုင်သွားရမှာဖြစ်ပါတယ်။ အသင်းဟောင်းနဲ့ ပွဲကြိုမှာ မီလ်နာက မန်နေဂျာဟောင်း ရော်ဂျာလက်ထက်ကနေ ကလော့ပ်လက်ထက် ပြောင်းလဲလာတဲ့ လီဗာပူးရဲ့ ပုံစံကို စကိုင်းစပေါ့ကနေ ပြောပြမှု လုပ်ခဲ့သေးတယ်။ အဆိုပါ ပြောဆိုမှုမှာတော့ ဘောလုံးပေးမှုကို အသားပေးတဲ့ ဘရန်ဒန် ရော်ဂျာရဲ့ နည်းစနစ်ကနေ ဖိအားပေးမှုကို အသားပေးတဲ့ ကလော့ပ်လက်ထက် နည်းစနစ် အပြောင်းအလဲအကြောင်းလဲ ပါခဲ့ပါတယ်။ ၂၀၁၅ ခုနှစ် အောက်တိုဘာမှာ ကလော့ပ် လီဗာပူးကို ဝင်ရောက်လာပြီးနောက်… Continue Reading →

ပရီးမီးယားလိဂ် အကောင်းဆုံးဆုကို မာနေးတောင် အနိုင်မရသင့်ဘူးဆိုတဲ့ ချာလီနီကိုးလက်စ်

စကိုင်းစပေါ့မှ အားကစားသုံးသပ်သူ ဂန်းနားဟောင်းကြီး ချာလီနီကိုးလက်စ်က ဒီရာသီ ပရီးမီးယားလိဂ် တစ်နှစ်တာ အကောင်းဆုံးဆု အနိုင်ရသင့်သူကို ထင်မြင်ချက် ပေးသွားခဲ့ပါတယ်။ သူက စကိုင်းစပေါ့မှာ သတင်းကြီးတစ်ခုကို ရေးခဲ့တာဖြစ်ပြီး ဒီဘရိုင်းနဲ့ မာနေးကြား လိဂ်ရဲ့ အကောင်းဆုံးဆု ဘယ်သူရသင့်သလဲဆိုတဲ့ အမြင်လည်း ပါဝင်ခဲ့တာပါ။ ချာလီ နီကိုးလက်စ်က ” လီဗာပူးကို ရင်ဆိုင်ကစားတဲ့ပွဲမှာ ဒီဘရိုင်းက ဘယ်လောက်တောင် ကောင်းခဲ့လဲဗျာ။ ပရီးမီးယားလိဂ် တစ်နှစ်တာ အကောင်းဆုံးဆုအတွက် သူနဲ့ မာနေးတို့ကို ကျနော် ချိန်ထိုးကြည့်တဲ့အခါ ဒီဘရိုင်းက အဝေးကြီးကို သာလွန်လွန်းပါတယ်။… Continue Reading →

ပရိသတ်တွေဘက်က ကိုယ်တာဝန် ကိုယ်ယူမှုကို ပြသဖို ကလော့ပ် တောင်းဆို

မနေ့က ပြုလုပ်တဲ့ မဲဝုဒ်က မီဒီယာတွေ့ဆုံမှုမှာ မန်နေဂျာကလော့ပ်က ပရိသတ်တွေကို စည်းကမ်းရှိပြဖို့ စိတ်လွတ်ကိုယ်လွတ်တွေ အောင်ပွဲမခံဘဲ ကလပ်ရဲ့ ပုံရိပ်ကို ထိန်းသိမ်းဖို့ သတိပေးခဲ့ပါတယ်။ ကလော့ပ် မတိုင်ခင်မှာ လီဗာပူးမြို့ကောင်စီရဲ့ လူထုရေးရာ ကျန်းမာရေးဒါရိုက်တာဖြစ်သူ မတ်အက်တန်က ကနဦး မေတ္တာရပ်ခံ သတိပေးစကား ပြောပါတယ်။ မတ် အက်တန်က ” အခုချိန်က ကိုယ်ဘာသာ ကျေနပ်အားရနေရမယ့် အချိန် မဟုတ်ပါဘူး။ ဒီတနင်္ဂနွေနေ့ကနေ ဒီရာသီကုန်ထိ ပါဝင်ပါတယ်။ လူတိုင်းကို နေအိမ်တွေမှာပဲနေဖို့ ကိုယ်ချစ်ခင်ရတဲ့သူတွေနဲ့အတူ တီဗီရှေ့မှာ ကြည့်ရှုအားပေးဖို့ပဲ မှာလိုပါတယ်။… Continue Reading →

လီဗာပူးအသင်း ပရီးမီးယားလိဂ်ဖလား ကိုင်မြှောက်မယ့်ရက် တရားဝင် ထွက်ပေါ်

ဒီမနက်မှာပဲ လီဗာပူးအသင်းက ပရီးမီးယားလိဂ် လက်ကျန်ပွဲတွေထဲက အတည်ပြု ကြေညာရခြင်း မရှိသေးတဲ့ အာဆင်နယ်နဲ့ ချယ်ဆီးပွဲအတွက် ပွဲနေ့ ရက်စွဲတွေကို အတည်ပြု ကြေညာလိုက်ပြီဖြစ်ပါတယ်။ လီဗာပူးအသင်းရဲ့ လက်ကျန် ပွဲစဉ်တွေထဲမှာတော့ ပွဲစဉ် ၃၅ အထိ ယှဉ်ပြိုင်ရမယ့် ပွဲစဉ်တိုင်းရဲ့ နေ့ရက်တွေကို အတည်ပြုထားပါပြီ။ ဒါပေမယ့် အာဆင်နယ် (အဝေး)၊ ချယ်ဆီး (အိမ်ကွင်း) နဲ့ နယူးကာဆယ် (အဝေး) ပွဲတွေကို ပွဲချိန် အတည်ပြုဖို့ လိုအပ်နေသေးတာ ဖြစ်ပါတယ်။ ထပ်မံကြေညာလာတာကတော့ အာဆင်နယ်နဲ့ ချယ်ဆီးပွဲတွေအတွက်ဖြစ်ပြီး အာဆင်နယ်ပွဲက… Continue Reading →

ပရီးမီးယားလိဂ်က မပေးပေမယ့် အသင်းသားအားလုံး ချန်ပီယံတံဆိပ် ရစေရမယ်ဆိုတဲ့ ကလော့ပ်

ပရီးမီးယားလိဂ်ဟာ ဒီရာသီ လိဂ်ချန်ပီယံ လီဗာပူးအသင်းကို ချန်ပီယံဆုတံဆိပ် အခု ၄၀ ပေးအပ်သွားမယ်လို့ တရားဝင် ကြေညာထားပါတယ်။ ပရီးမီးယားလိဂ်ဟာ နှစ်တိုင်းမှာ ချန်ပီယံအသင်းတွေကို ဆုတံဆိပ် ၄၀ ပေးအပ်လေ့ရှိပြီး ကလပ်တွေက ဒီဆုကို ပြန်ခွဲရာမှာ အမြဲ လိုအပ်ချက်များလေ့ရှိတယ်။ ကလပ်တွေမှာက မှတ်ပုံတင်ကစားသမား ၂၅ ဦးအပြင် လူငယ်တွေ၊ နည်းပြအဖွဲ့နဲ့တကွ အခြားသော အရေးပါတဲ့ ဝန်ထမ်းတွေလည်း ရှိတာကြောင့် ဆုတံဆိပ်က လိုအပ်လေ့ရှိပါတယ်။ ပြီးခဲ့တဲ့ ချန်ပီယံတွေကတော့ လိဂ်ကပေးတဲ့ ဆုတံဆိပ်အပြင် နောက်ထပ် တံဆိပ်တွေကို ကိုယ်ပိုင်… Continue Reading →

အယ်ကန်တာရာ အပြောင်းအရွှေကိစ္စ သတင်းထောက် Fabrizio Romano သတင်းထုတ်ပြန်

စပိန်သတင်းတွေကို ကိုးကားပြီး လီဗာပူးအသင်းက သီယေဂိုကို ပေါင် ၃၂ သန်းနဲ့ ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီဆိုတဲ့ သတင်းတွေကို နာမည်ကျော် သတင်းထောက် Fabrizio Romano က ငြင်းဆန်လိုက်ပါတယ်။ သူကတော့ လီဗာပူးက သီယေဂိုကို စိတ်ဝင်စားနေတာ မှန်ပါတယ်လို့ ဆိုတယ်။ ဒါပေမယ့် တရားဝင် ကမ်းလှမ်းမှု မလုပ်ရသေးသလို စပိန်သားက ကလပ်အများအပြားနဲ့ ချိတ်ဆက်မှုတွေ ရှိနေတယ်လို့ ဆိုသွားပါတယ်။ သတင်းထောက် Fabrizio Romano က ” လီဗာပူးက သီယေဂိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!