စပိန်သတင်းတွေကို ကိုးကားပြီး လီဗာပူးအသင်းက သီယေဂိုကို ပေါင် ၃၂ သန်းနဲ့ ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီဆိုတဲ့ သတင်းတွေကို နာမည်ကျော် သတင်းထောက် Fabrizio Romano က ငြင်းဆန်လိုက်ပါတယ်။

သူကတော့ လီဗာပူးက သီယေဂိုကို စိတ်ဝင်စားနေတာ မှန်ပါတယ်လို့ ဆိုတယ်။ ဒါပေမယ့် တရားဝင် ကမ်းလှမ်းမှု မလုပ်ရသေးသလို စပိန်သားက ကလပ်အများအပြားနဲ့ ချိတ်ဆက်မှုတွေ ရှိနေတယ်လို့ ဆိုသွားပါတယ်။

သတင်းထောက် Fabrizio Romano က ” လီဗာပူးက သီယေဂိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ ဒါပေမယ့် တရားဝင် ကမ်းလှမ်းမှု မလုပ်သေးပါဘူး။ သီယေဂိုကို ခေါ်ယူဖို့ သူအေးဂျင့်ကို ဆက်သွယ်နေတဲ့ ကလပ်တွေကလည်း အများကြီး ဖြစ်ပါတယ်။

ဒီအခြေအနေမှာတော့ လီဗာပူးက သီယေဂိုကို စိတ်ဝင်စားနေပါတယ်။ ဒါပေမယ့် အလေးအနက်ထားပြီး ဘာလုပ်ဆောင်မှုမှ မရှိသလို၊ မည်သည့် ကမ်းလှမ်းမှုမှ မရှိသေးပါဘူး ” လို့ ထုတ်ဖော်သွားပါတယ်။

ဘိုင်ယန်ဘက်ကလည်း ကွင်းလယ်လူ သီယေဂိုဟာ ၎င်းတို့ အသင်းကနေ ထွက်ခွာလိုနေတယ်လို့ ဝန်ခံလိုက်ပါတယ်။ စာချုပ်သစ်ပေးဖို့ ကြိုးစားပေမယ့်လည်း ကစားသမားက စိတ်ဝင်စားခြင်း မရှိတော့ဘူးလို့ ပြောပါတယ်။

ဘိုင်ယန်မြူးနစ် အကြီးအကဲ ရူမန်နီဂီက ” ကျနေ်ာတို့ သီယေဂိုနဲ့ အလေးအနက်ကို ဆွေးနွေးမှု လုပ်နေပြီး သူဆန္ဒရှိတာ အားလုံးကို ဖြည့်စည်းပေးသွားမှာပါ။ ဒါကေမယ့် သီယေဂိုက ကျနေ်ာတို့နဲ့ စာချုပ်သစ်ချုပ်ပြီး ကစားသမားဘဝကို ဘိုင်ယန်မှာ ကုန်ဆုံးမှာထက် အခြားနေရာသစ်ကိုပဲ ပြောင်းလိုနေပါတယ်။

လီဗာပူးအသင်းနဲ့တော့ တရားဝင် ချိတ်ဆက်မှုတွေ မရှိသေးပါဘူး။ အကယ်လို့ သူပြောင်းသွားလိုတယ် ဆိုရင်လည်း ကျနေ်ာတို့ ညိနှိုင်းပေးမှာပါ ” လို့ ထုတ်ဖော်ပြောဆိုခဲ့တာဖြစ်တယ်။

ZAWGYI

စပိန္သတင္းေတြကို ကိုးကားျပီး လီဗာပူးအသင္းက သီေယဂိုကို ေပါင္ ၃၂ သန္းနဲ႔ ေခၚယူႏုိင္ဖို႔ နီးစပ္ေနျပီဆိုတဲ့ သတင္းေတြကို နာမည္ေက်ာ္ သတင္းေထာက္ Fabrizio Romano က ျငင္းဆန္လိုက္ပါတယ္။

သူကေတာ့ လီဗာပူးက သီေယဂိုကို စိတ္ဝင္စားေနတာ မွန္ပါတယ္လို႔ ဆိုတယ္။ ဒါေပမယ့္ တရားဝင္ ကမ္းလွမ္းမႈ မလုပ္ရေသးသလို စပိန္သားက ကလပ္အမ်ားအျပားနဲ႔ ခ်ိတ္ဆက္မႈေတြ ရွိေနတယ္လို႔ ဆိုသြားပါတယ္။

သတင္းေထာက္ Fabrizio Romano က ” လီဗာပူးက သီေယဂိုကို ေခၚယူဖို႔ စိတ္ဝင္စားေနပါတယ္။ ဒါေပမယ့္ တရားဝင္ ကမ္းလွမ္းမႈ မလုပ္ေသးပါဘူး။ သီေယဂိုကို ေခၚယူဖို႔ သူေအးဂ်င့္ကို ဆက္သြယ္ေနတဲ့ ကလပ္ေတြကလည္း အမ်ားၾကီး ျဖစ္ပါတယ္။

ဒီအေျခအေနမွာေတာ့ လီဗာပူးက သီေယဂိုကို စိတ္ဝင္စားေနပါတယ္။ ဒါေပမယ့္ အေလးအနက္ထားျပီး ဘာလုပ္ေဆာင္မႈမွ မရွိသလို၊ မည္သည့္ ကမ္းလွမ္းမႈမွ မရွိေသးပါဘူး ” လို႔ ထုတ္ေဖာ္သြားပါတယ္။

ဘိုင္ယန္ဘက္ကလည္း ကြင္းလယ္လူ သီေယဂိုဟာ ၄င္းတို႔ အသင္းကေန ထြက္ခြာလိုေနတယ္လို႔ ဝန္ခံလိုက္ပါတယ္။ စာခ်ဳပ္သစ္ေပးဖို႔ ၾကိဳးစားေပမယ့္လည္း ကစားသမားက စိတ္ဝင္စားျခင္း မရွိေတာ့ဘူးလို႔ ေျပာပါတယ္။

ဘိုင္ယန္ျမဴးနစ္ အၾကီးအကဲ ရူမန္နီဂီက ” က်ေန္ာတို႔ သီေယဂိုနဲ႔ အေလးအနက္ကို ေဆြးေႏြးမႈ လုပ္ေနျပီး သူဆႏၵရွိတာ အားလံုးကို ျဖည့္စည္းေပးသြားမွာပါ။ ဒါေကမယ့္ သီေယဂိုက က်ေန္ာတို႔နဲ႔ စာခ်ဳပ္သစ္ခ်ဳပ္ျပီး ကစားသမားဘဝကို ဘိုင္ယန္မွာ ကုန္ဆံုးမွာထက္ အျခားေနရာသစ္ကိုပဲ ေျပာင္းလိုေနပါတယ္။

လီဗာပူးအသင္းနဲ႔ေတာ့ တရားဝင္ ခ်ိတ္ဆက္မႈေတြ မရွိေသးပါဘူး။ အကယ္လို႔ သူေျပာင္းသြားလိုတယ္ ဆိုရင္လည္း က်ေန္ာတို႔ ညိႏိႈင္းေပးမွာပါ ” လို႔ ထုတ္ေဖာ္ေျပာဆိုခဲ့တာျဖစ္တယ္။