Date

September 6, 2020

တနင်္ဂနွေနေ့ ညနေခင်းအတွက် နောက်ဆုံးရ လီဗာပူးသတင်းများ

လီဗာပူးအသင်းဟာ ကာရာဘောင်း တတိယအဆင့်မှာတော့ ဘရတ်ဖိုဒ့်စီးတီး (သို့) LincolnCity FC နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ခံစစ်အမှားတွေနဲ့ ပက်သက်လို့ ကလော့ပ်က ” ကျနော်တို့ အသင်းရဲ့ တိုက်ခိုက်လိုစိတ် ကင်းမဲ့နေပြီး လိုအင်ဆန္ဒပြင်းပြမှုတွေ အားနည်းခဲ့တယ်။ ပေးလိုက်ရတဲ့ ဂိုးတွေက ရာသီကြိုပွဲတွေမှာ ပုံမှန်လိုဖြစ်နေတဲ့ အမှားတွေပဲ ဖြစ်ပါတယ်။ ကစားကွက် တည်ဆောက်ရာမှာ ဘောလုံး ဆုံးရံှူးတယ်။ အခွင့်အရေးတွေကို လွတ်လွတ်လပ်လပ်ကို ခွင့်ပြုလိုက်ရတာပါ။ ဒါကို ခွင့်မပြုရဘူးဆိုတာလည်း ကျနေ်ာတို့ သိတယ်။ ကျနေ်ာတို့ တိုးတက်လာဖို့ လိုပါတယ်။… Continue Reading →

ဈေးကွက်တင်ထားသူတွေကို ရောင်းထုတ်နိုင်ရင် လီဗာပူးက ပြောင်းရွှေ့ကြေး ဘယ်လောက်ရမလဲ

လီဗာပူးအသင်းက non-homegrown ကစားသမားတွေကို ရောင်းထုတ်ဖို့ ဘာကြောင့် ကြိုးစားနေရလဲဆိုတာကို သီသန့် ရေးသားဖော်ပြခဲ့ပြီးပါပြီ။ အခု ဖော်ပြမှာက ဈေးကွက်ထဲမှာ အရောင်းစာရင်းတင်ထားတဲ့ ကစားသမားတွေကို ရောင်းထုတ်နိုင်ရင် လီဗာပူးက ပြောင်းရွှေ့ကြေး ဘယ်လောက်ရမလဲဆိုတဲ့အပိုင်း ဖြစ်ပါတယ်။ ၂၀၂၀-၂၀၂၁ ဘောလုံးရာသီမှာ လီဗာပူးရဲ့ ဦးစားပေးက ကစားသမား ရောင်းထုတ်မှုပိုင်းဖြစ်ပါတယ်။ ဒီနွေဈေးကွက်မှာ ကစားသမားခေါ်ယူမှုက ကစားသမား ရောင်းထုတ်ရာမှာ ရရှိတဲ့ ပြောင်းရွှေ့ကြေးအပေါ် အခြေခံမှာဖြစ်တယ်။ အနာဂတ်အတွက် အခြေခံ အုတ်မြစ်တွေကို ပြန်လည် တည်ဆောက်ဖို့အတွက် ကစားသမား ၁၀ ဦးကို ရှင်းထုတ်မှုလုပ်ဖို့… Continue Reading →

တစုံတစ်ယောက်ကတော့ ကတိတည်ဖို့ လိုနေပါပြီလို့ အီလီယော့ကို သတိပေးတဲ့ မီလ်နာ

လီဗာပူးကွင်းလယ်လူ မီလ်နာက ဘလက်ပူးလ်နဲ့ပွဲမှာ စွမ်းဆောင်ရည်ကောင်းခဲ့တဲ့ အသင်းဖော်တွေကို ချီးကျူးမှု ပြုလုပ်သွားခဲ့တယ်။ တစ်ပါးတည်းမှာပဲ မီလ်နာက ဂိုးသွင်းလိုက်ပြီဆိုတော့ တစ်စုံတစ်ယောက်က ဆံပင် ညှပ်မယ်ဆိုတဲ့ ကတိတည်ဖို့ လိုပါပြီလို့ မှတ်ချက်ပေးခဲ့ပါတယ်။ မီလ်နာက အသင်းဖော် အီလီယော့ကို ရည်ရွယ်ပြီး ထုတ်ပြောခြင်းဖြစ်ကာ အင်္ဂလန်သားလေးက ရယ်ရယ်မောမောဖြင့် ဒါကို ဖြေရှင်းကြတာပေါ့လို့ တုန့်ပြန်ပါတယ်။ The Athletic သတင်းဌာနက လီဗာပူးသတင်းထောက် James Pearce နဲ့လုပ်တဲ့ စပယ်ရှယ် အင်တာဗျူးတစ်ခုမှာ အီလီယော့က သူ့ဆံပင်ကေကို အသစ်ညှပ်မယ့်အကြောင်း ဝန်ခံထားပါတယ်။ သြဂုတ်လတုန်းက… Continue Reading →

လီဗာပူးက ဘာလို့ ကစားသမား ၄ ဦးကို ရောင်းထုတ်ဖို့ ကြိုးစားနေရသလဲ

လီဗာပူးအသင်းဟာ လာမယ့် ဘောလုံးရာသီအတွင်း ကစားသမား ၁၀ ဦးထိကို ရောင်းထုတ်ဖို့ ပြင်ဆင်ထားကြောင်း သိထားရပြီဖြစ်ပါတယ်။ နွေဈေးကွက်နဲ့ ဆောင်းရာသီ ဈေးကွက်နှစ်ခုမှာ အဆိုပါ ကစားသမား ၁၀ ဦးကို ရှင်းထုတ်ဖို့ ကြိုးစားမှာပါ။ သတင်းထွက်ထားတဲ့ ၁၀ ဦးထဲမှာတော့ ကားရီးယက်စ်၊ ဂရုဂျစ်၊ အိုရီဂီ၊ ရှာကွီရီတို့လည်း ပါဝင်နေတယ်။ လီဗာပူးက သူတို့ကို ရောင်းထုတ်ဖို့ ကြိုးစားနေရခြင်းက non-homegrown ကစားသမားစာရင်း ပြည့်နေခြင်းကလည်း အကြောင်းရင်းတစ်ချက် ဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ဟာ ဘောလုံးရာသီတစ်ခုအတွက် နှစ်ကြိမ် ကစားသမား မှတ်ပုံတင်ခွင့်ပေးထားပြီး… Continue Reading →

လီဗာပူးရဲ့ အနာဂတ်ဖြစ်လာမယ့် ၁၇ နှစ်သားကို ဖန်တီးရှင်အဖြစ် စတင် မိတ်ဆက်

ဘလက်ပူးလ်ပွဲမှာ လူစားဝင်ကစားခဲ့ပြီး သွင်းဂိုး တစ်ဂိုးလည်း သွင်းနိုင်ခဲ့တဲ့ အီလီယော့ကို ဖန်တီးရှင်တစ်ဦးနေရာက ကစားစေမယ့်သဘောကို မန်နေဂျာကလော့ပ်က ပြောဆိုလိုက်ပါတယ်။ အသက် ၁၇ နှစ်အရွယ် အင်္ဂလန်သား တောင်ပံတိုက်စစ်သမားက လီဗာပူးရဲ့ အနာဂတ် ကစားသမားအဖြစ် လူသိများသူပါ။ သူဟာ အကယ်ဒမီ စံချိန်တင်ကြေး တစ်ခုဖြင့် လီဗာပူးကို ရောက်လာခဲ့သူဖြစ်တယ်။ လက်ရှိမှာ တောင်ပံနေရာက ကစားနေပေမယ့် အနာဂတ်မှာတော့ ကွင်းလယ် ဖန်တီးရှင်နေရာ ပြောင်းကစားနိုင်သူ ဖြစ်ပါတယ်။ အီလီယော့ရဲ့ ရုပ်ပိုင်းဆိုင်ရာက တိုးတက်နေဆဲဖြစ်ကာ အနာဂတ်မှာ သူဘယ်နေရာက ကစားမယ်ဆိုတာက လာမယ့်… Continue Reading →

“တာကီကို ငါ အများကြီး မျှော်လင့်ထားတယ်။” – ယာဂင်ကလော့ပ်

ရာသီကြိုမှာ လီဗာပူးအတွက် ကစားခွင့်ရတိုင်း ခြေစွမ်းပြနေသူကတော့ ဇန်နဝါရီကမှ အသင်းနဲ့ ပူးပေါင်းခဲ့ကာ ပထမဆုံး ရာသီကြိုကာလကို ကျော်ဖြတ်နေတဲ့ အာရှသား ကစားသမားလေး တာကူမီ မီနာမီနိုပဲ ဖြစ်ပါတယ်။ တာကူမီဟာ အာဆင်နယ်ပွဲမှာ သွင်းဂိုး ရယူခဲ့သလို ဘလက်ပူးလ်နဲ့ ပွဲမှာလည်း သွင်းဂိုးရယူခဲ့တယ်။ ရာသီကြိုကပေးတဲ့ ယုံကြည်မှုကောင်းတွေကြောင့် တာကူမီဟာ စစ်မှန်တဲ့ ပွဲထွက်သမား တစ်ဦးလို ခြေစွမ်းပြ ကစားနေပါတယ်။ ဘလက်ပူးလ်နဲ့ပွဲမှာဆိုရင် သူက ပရိသတ်တွေ သဘောအကျဆုံး ကစားသမားဖြစ်တဲ့အထိ ခြေစွမ်းပြခဲ့ကာ မိနစ် ၉၀ အပြည့် ကစားခွင့်ပါ… Continue Reading →

လီဗာပူးကို ယူနိုက်တက်တို့ ကျော်တက်မယ်ဆိုတာ မဖြစ်နိုင်ပါဘူးဆိုပြီး နဗီးကို ပြန်ချေတဲ့ ကာရေဂါ

မကြာသေးခင်ကပဲ ဂယ်ရီနဗီးက လာမယ့်ရာသီ ပရီးမီးယားလိဂ်ကို အဓိက စိန်ခေါ်မှာက မန်စီးတီးနဲ့ ယူနိုက်တက်ဖြစ်ပြီး ချန်ပီယံ လီဗာပူးက ထိပ်ဆုံး ၂ သင်းပြင်ပမှာပဲ ရှိနေလိမ့်မယ်လို့ ခန့်မှန်းခဲ့ပါတယ်။ ဂယ်ရီနဗီးက ပရီးမီးယားလိဂ်ကို မန်စီးတီးပဲ ရမှာဖြစ်ပေမယ့် မန်စီးတီးကို ယှဉ်ပြိုင်ပြီး အမှတ်ပေးဖလား လုမယ့်အသင်းအဖြစ် လက်ရှိ ချန်ပီယံ လီဗာပူးမဟုတ်ဘဲ ယူနိုက်တက်က စွမ်းဆောင်သွားမယ်လို့ ယုံကြည်နေတာပါ။ သူက အချက်အလက်ကျကျ ခန့်မှန်းမှုဆိုတာထက် တိုးတက်လာတဲ့ ယူနိုက်တက်ရဲ့ အခြေအနေတွေကြောင့် သူ့ရဲ့ အမြင်ကိုပဲ ခန့်မှန်းခြင်းလို့လည်း ဆိုခဲ့သေးတာဖြစ်တယ်။ ကာရေဂါက… Continue Reading →

ရာသီကြိုမှာ တစ်ပုံစံတည်းမှားနေတဲ့ အမှားနဲ့ ပထမပိုင်း နိုင်လိုစိတ် ကင်းမဲ့မှုကို ကလော့ပ် သတိပေး

လီဗာပူးဟာ ရာသီကြိုအတွက် နောက်ဆုံးသော ခြေစမ်းပွဲကိုတော့ အန်ဖီးကွင်းမှာ ဘလက်ပူးလ်ကို ယှဉ်ပြိုင်ကစားခဲ့ပါတယ်။ အဆိုပါပွဲမှာတော့ ပထမပိုင်းအတွင်း အသင်းရဲ့ ဆန္ဒပြင်းပြခြင်းမရှိတဲ့ ကစားဟန်နဲ့အတူ ပေးဂိုး ၂ ဂိုးလည်း ပေးခဲ့ရတယ်။ အဲ့အတွက် ကလော့ပ်က အသင်းသားတွေကို အမှားတွေ ထပ်မလုပ်ဖို့ သတိပေးပါတယ်။ ကလော့ပ်က ” ပထမပိုင်းက ခက်ခဲခဲ့တယ်။ ဘာကြောင့်လည်းဆိုရင် ကျနော်တို့ အသင်းရဲ့ တိုက်ခိုက်လိုစိတ် ကင်းမဲ့မှုကြောင့် ဖြစ်ပါတယ်။ ဒီပွဲမှာ လိုအင်ဆန္ဒပြင်းပြမှုတွေ အားနည်းခဲ့တယ်။ အဲ့လိုပုံစံနဲ့ ကစားခဲ့ပါတယ်။ ပေးလိုက်ရတဲ့ ဂိုးတွေက ရာသီကြိုပွဲတွေမှာ… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!