Date

September 14, 2020

ကလော့ပ်နဲ့ ဂွာဒီယိုလာ ထွက်ရင် ယူနိုက်တက် အမှတ်ပေးဖလား အနိုင်ရမယ်ဆိုတဲ့ နဗီး

ယူနိုက်တက် ခံစစ်သမားဟောင်း ဂယ်ရီနဗီးက သူတို့အသင်းဟာ လာမယ့် နှစ်နှစ်လောက်အတွင်း အမှတ်ပေးဖလား အနိုင်ရမယ်လို့ မျှော်လင့်နေပါတယ်။ မကြာခင်မှာတော့ ယာဂင်ကလော့ပ်နဲ့ ဂွာဒီယိုလာတို့ လီဗာပူးနဲ့ မန်စီးတီးတို့ကနေ ထွက်ခွာသွားမှာဖြစ်ကာ အဲ့အချိန်မှာ ယူနိုက်တက်က ချန်ပီယံနေရာကို ဝင်ယူနိုင်မယ်လို့ သူက မြင်တယ်။ ကလော့ပ်ဟာ ၂၀၂၄ ခုနှစ်ထိပဲ လီဗာပူးနဲ့ စာချုပ်ရှိထားပေမယ့် အဲ့ထက် ပိုစောစော အနားယူဖို့ နဗီး မျှော်လင့်နေတာလည်း ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်။ ဂယ်ရီနဗီးက “ သေချာပေါက် အာမခံနိုင်တာက ယူနိုက်တက် ထပ်ပြီး အနိုင်ရဦးမှာပါ။… Continue Reading →

ပရီးမီးယားလိဂ်ကို သွင်းဂိုးတွေနဲ့ ပေါက်ကွဲပြမယ့် ဆာလက်

ဆာလက်ဟာ သူ့ရဲ့ ပထမဆုံးသော ပရီးမီးယားလိဂ် ဘောလုံးရာသီမှာတော့ ထူးချွန်ဆုတွေ အားလုံးကို သိမ်းပိုက်ခဲ့သလို ဘလွန်းဒီအော့ဆုရဲ့ ထိပ်ပိုင်းနေရာတွေကိုပါ တိုးဝင်နိုင်တဲ့ထိ ခြေစွမ်းကောင်းတွေ ပြသခဲ့တယ်။ အားလုံးက ဆာလက်ဟာ တစ်ရာသီကောင်းပါလို့ ထင်ခဲ့ကြပေမယ့် နောက်ထပ်ရာသီမှာတော့ ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုကို အနိုင်ယူခဲ့သလို ချန်ပီယံလိဂ်ဖလားကိုပါ ကိုင်မြောက်ပြခဲ့တယ်။ ဆာလက်ဟာ လီဗာပူးကစားသမားဘဝ တတိယရာသီမှာလည်း ပရီးမီးယားလိဂ်ဖလားကို အနိုင်ရခဲ့ပြီး လီဗာပူးရဲ့ ဂိုးသွင်းအများဆုံး ကစားသမား ဖြစ်ခဲ့ပြန်ပါတယ်။ ဒါပေမယ့်လို့ ပရီးမီးယားလိဂ်ဟာ ဟီးရိုးအသစ်တွေကို ရှာဖွေလိုလာချိန်မှာ ၂၀၁၉-၂၀၂၀ ဘောလုံးရာသီ လိဂ်အကောင်းဆုံးအသင်းမှာ ဆာလက်ကို… Continue Reading →

ပရီးမီးယားလိဂ်ကို ထပ်ပြီး သွင်းဂိုးတွေနဲ့ ပေါက်ကွဲပြဖို့ ရည်မှန်းချက် ထားနေတဲ့ ဆာလက်

ဆာလက်ဟာ သူ့ရဲ့ ပထမဆုံးသော ပရီးမီးယားလိဂ် ဘောလုံးရာသီမှာတော့ ထူးချွန်ဆုတွေ အားလုံးကို သိမ်းပိုက်ခဲ့သလို ဘလွန်းဒီအော့ဆုရဲ့ ထိပ်ပိုင်းနေရာတွေကိုပါ တိုးဝင်နိုင်တဲ့ထိ ခြေစွမ်းကောင်းတွေ ပြသခဲ့တယ်။ အားလုံးက ဆာလက်ဟာ တစ်ရာသီကောင်းပါလို့ ထင်ခဲ့ကြပေမယ့် နောက်ထပ်ရာသီမှာတော့ ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုကို အနိုင်ယူခဲ့သလို ချန်ပီယံလိဂ်ဖလားကိုပါ ကိုင်မြောက်ပြခဲ့တယ်။ ဆာလက်ဟာ လီဗာပူးကစားသမားဘဝ တတိယရာသီမှာလည်း ပရီးမီးယားလိဂ်ဖလားကို အနိုင်ရခဲ့ပြီး လီဗာပူးရဲ့ ဂိုးသွင်းအများဆုံး ကစားသမား ဖြစ်ခဲ့ပြန်ပါတယ်။ ဒါပေမယ့်လို့ ပရီးမီးယားလိဂ်ဟာ ဟီးရိုးအသစ်တွေကို ရှာဖွေလိုလာချိန်မှာ ၂၀၁၉-၂၀၂၀ ဘောလုံးရာသီ လိဂ်အကောင်းဆုံးအသင်းမှာ ဆာလက်ကို… Continue Reading →

Transfer News: Waiting game ကစားနေတဲ့ လီဗာပူးရဲ့ နောက်ဆုံးရ အပြောင်းအရွှေ့ သတင်းများ

လီဗာပူးအသင်းရဲ့ အပြောင်းအရွှေ့ဆိုင်ရာ လှုပ်ရှားမှုတွေနဲ့ ပက်သက်တဲ့ နောက်ဆုံးရ သတင်းတွေကို ဖော်ပြမှာဖြစ်ပါတယ်။ လီဗာပူးကစားသမားသစ် ဖြစ်လာမယ့် ဘရာဇီးဂိုးသမား Pitagula ဟာ ဗြိတိန်ကို လာနေပြီဖြစ်ပါတယ်။ သူ့ကို ကနဦး ပေါင် ၇ သိန်းပဲ ပေးရပေမယ့် အပြီးသတ်ကတော့ ပေါင် ၁.၈ သန်းထိ ရောက်ရှိမှာဖြစ်ကာ အနာဂတ် အပြောင်းအရွှေ့ရဲ့ ၂၅% ခံစားခွင့်အား ဖလူမီနက်စ်ကို ပေးဖို့ လီဗာပူးဘက်က သဘောတူထားပါတယ်။ လီဗာပူးအသင်းဟာ သီယေဂို အယ်ကန်တာရာကို ဈေးကွက် နောက်ဆုံးအချိန်မှ ကမ်းလှမ်းမယ်ဆိုတဲ့ သတင်းတွေ… Continue Reading →

လီဗာပူးက ဂရုဂျစ်ကို ဆက်ထိန်းထားလိုပြီး ထွက်ခွင့်မပေးဘူးလို့ ကစားသမားရဲ့ အေးဂျင့် ဖွင့်ဟ

လီဗာပူးကွင်းလယ်လူ ဂရုဂျစ်ရဲ့ အေးဂျင့်ဖြစ်သူက မာဆေးဆိုဒ်ကလပ်ဟာ ကွင်းလယ်လူကို ထွက်ခွင့်မပေးဘဲ ဆက်ထိန်းထားလိုတာကြောင့် အပြောင်းအရွှေ့တွေ ဖြစ်မလာရခြင်းလို့ ထုတ်ပြောလိုက်ပါတယ်။ ပြီးခဲ့တဲ့ ၂ ရာသီလုံး ဘွန်ဒက်လီဂါကလပ် ဟာသာဘာလင်အသင်းကို အငှားထွက်ခဲ့တဲ့ ဂရုဂျစ်ဟာ လီဗာပူးကို ပြန်ရောက်လာနေသူပါ။ ရာသီကြိုမှာလည်း ပူးပေါင်းခဲ့တဲ့ သူဟာ နွေဈေးကွက်အတွင်း ဂျာမနီလိဂ်ကို အပြီးသတ် ပြောင်းသွားမယ်လို့ ယူဆထားရပေမယ့် အခုချိန်ထိ ဘယ်ကိုမှ ပြောင်းရွှေ့ခြင်း မရှိသေးပါဘူး။ ဈေးကွက်ပိတ်ဖို့ သီတင်းပတ် သုံးပတ်စာလောက်ပဲ ကျန်ရှိချိန်မှာ လီဗာပူးက ဘာတွေလုပ်နေလဲဆိုတာကို မှန်းဆရ ခက်ခဲနေဆဲဖြစ်တယ်။ ဖရန့်ဖတ်၊… Continue Reading →

ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးဆိုတဲ့ လီဗာပူးခံစစ်ကြောင်းက တကယ်ပဲ ကျရိပ်ပြနေသလား

ဗရမ်းပတာဖြစ်ရပ်တွေနဲ့ ပရီးမီးယားလိဂ်အဖွင့်ပွဲကို ပြီးဆုံးတဲ့နောက် မန်နေဂျာကလော့ပ်က ခံစစ်ပိုင်းမှာ တိုတက်လာဖို့ ရှိနေပါသေးတယ်ဆိုပြီး ကာကွယ်ပြောဆိုမှုနဲ့အတူ ခံစစ်ဟာ ညံ့ဖျင်းခဲ့တာကို ဝန်ခံခဲ့ပါတယ်။ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ခံစစ်တန်းက ဘာလို့များ ထောက်ပြခံရမှုတွေ ရှိလာရတာလဲ။ အဲ့တာကတော့ အချက်အလက်တွေက စကားပြောလာလို့ပဲ ဖြစ်ပါတယ်။ ၂၀၁၉-၂၀၂၀ ဘောလုံးရာသီမှာ လီဗာပူးအသင်း ပရီးမီးယားလိဂ်ကို စိန်ခေါ်ဖို့ အဓိက အထောက်ပံ့ဖြစ်ခဲ့တာက ကျစ်လစ်တဲ့ ခံစစ်ကြောင်းပဲဖြစ်ပါတယ်။ လီဗာပူးက clean sheet တွေကို ပွဲပေါင်းများစွာ ထိန်းသိမ်းသလို ကျဉ်းမြောင်းတဲ့ ရလဒ်တွေဖြင့် အနိုင်သုံးမှတ်ကို ရယူပြီး… Continue Reading →

ဘာစီလိုနာက ဆာလက်ကို ခေါ်ယူလိုနေကြောင်း ကိုးမန်းရဲ့ အရင်းနှီးဆုံး သူငယ်ချင်း ထုတ်ဖော်

ဆာလက်ကို ဘာစီလိုနာက ခေါ်ယူလိုနေတဲ့ သတင်းတွေ စတင် ထွက်ပေါ်လာနေပြီး ဒီသတင်းကိုတော့ ဘာစီလိုနာမန်နေဂျာ ကိုးမန်းရဲ့ အရင်းနှီးဆုံး သူငယ်ချင်းဖြစ်သူ Sjaak Swart က ထုတ်ပြောခဲ့တာ ဖြစ်ပါတယ်။ ကိုးမန်းဟာ ဘာစီလိုနာကို ပြန်လည် တည်ဆောက်ဖို့ ပြင်ဆင်နေပြီး ဒီနွေမှာတော့ ဆာလက်ကို ခေါ်ယူဦးမှာ မဟုတ်ပါဘူး။ ဒါပေမယ့်လို့ ဘာစီလိုနာ မန်နေဂျာအဖြစ် သက်တမ်းရှည်လိုရင် အောင်မြင်မှုတွေ ရယူရမယ်ဆိုတာ နားလည်ထားတဲ့ ကိုးမန်းဟာ ဒီရာသီမှာ ကစားသမား ရှင်းထုတ်မှုတွေကို ဦးစားပေးပြီး နောက်နှစ်မှာတော့ ဆာလက်က သူ့ရဲ့… Continue Reading →

ဘရာဇီး ဂိုးသမားလေးကို ခေါ်ယူမှုအပြီး နောက်ထပ် ခေါ်ယူမှု နှစ်ခု လုပ်နိုင်သေးတဲ့ လီဗာပူး

လီဗာပူးအသင်းဟာ ၁၇ နှစ်သား ဘရာဇီး ဂိုးသမားလေး Marcelo Pitaluga ကို ပေါင် ၇ သိန်းနဲ့ အပြီးသတ် ခေါ်ယူခဲ့ပြီဖြစ်ကြောင်းကို The Athletic သတင်းထောက် James Pearce က ထုတ်ပြောလိုက်ပါတယ်။ ဒီအပတ်မှာပဲ လီဗာပူးအသင်းကို ရောက်လာမယ့် ဂိုးသမားလေးက ဒီနွေအတွက် လီဗာပူးရဲ့ ဒုတိယမြောက် လက်မှတ်ထိုးမှု ဖြစ်လာပါမယ်။ သူဟာ ဘရာဇီးမှာ ယူ-၁၇ အဆင့်ထိ ကိုယ်စားပြုခဲ့ကာ မကြာခင်မှာ ယူ-၂၀ အသင်းအတွက်လည်း ရွေးချယ်ခံရမယ့်သူအဖြစ် အထင်ကြီးခြင်း ခံနေရသူဖြစ်တယ်။… Continue Reading →

စကော်တလန်ရဲ့ ၁၁၄ နှစ်ကြာမှတ်တမ်းကို ချိုးဖျက်ခြင်းဖြင့် ပွဲကြမ်းနေတဲ့ စတီဗင်ဂျရတ်

စနေနေ့တုန်းက စတီဗင်ဂျရတ်ရဲ့ ရိန်းဂျားအသင်းဟာ ဒန်ဒီယူနိုက်တက်ကို အိမ်ကွင်းမှာ ၄-၀ ဖြင့် ဂိုးပြတ် အနိုင်ယူခဲ့ပြီး စကော်တလန်လိဂ်ကို ဦးဆောင်ထားဆဲဖြစ်ပါတယ်။ အဆိုပါပွဲကို အနိုင်ရလိုက်တာက ရိန်းဂျားအတွက်ကတော့ ထူးရှယ်မှတ်တမ်းတစ်ခုကို ပိုင်ဆိုင်စေခဲ့တယ်။ သူတို့ဟာ စကော်တလန်လိဂ်မှာ ရာသီစတင်ကတည်းက ၇ ပွဲဆက်တိုက် ဂိုးလုံးဝမပေးရဘဲ ပွဲတိုင်း clean sheet ရထားတာ ဖြစ်ပါတယ်။ အဆိုပါ ၇ ပွဲမှာ ၆ ပွဲနိုင် ၁ ပွဲသရေ ရံှူးပွဲနဲ့ ပေးဂိုး လုံးဝမရှိ စံချိန်ကောင်း ရလာခဲ့တယ်။ ဒါဟာ… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!