Date

September 23, 2020

ဗုဒ္ဓဟူးနေ့ ညနေခင်းအတွက် နောက်ဆုံးရ လီဗာပူးသတင်းများ

ဘန်လေအသင်းဟာ လီဗာပူးအသင်း တိုက်စစ်အားသန် ကွင်းလယ်လူ ဟယ်ရီဝဲလ်ဆန်ကို အပြီးသတ် စာချုပ်ဖြင့် ခေါ်ယူဖို့ စတင်ကာ စကားပြောနေပြီဖြစ်ပါတယ်။ မာနေးဟာ နာပိုလီ ခံစစ်မှူး ကိုလီဘာလီ၊ ဝတ်ဖိုဒ့် တိုက်စစ်သမား ဆာတို့နဲ့ ဆက်သွယ်မှု အမြဲတမ်း ရှိထားသူပါ။ အချို့သော သတင်းဌာနတွေကတော့ လီဗာပူးက ကိုလီဘာလီကို ဆက်သွယ်နေတယ်လို့ ချဲ့ကား ပြောဆိုမှုတွေပါ လုပ်ထားပါတယ်။ ကာရာဘောင်းပွဲကြိုမှာ ယာဂင်ကလော့ပ် ကိုယ်စား မီဒီယာတွေ့ဆုံမှု လုပ်ပေးခဲ့တဲ့ လက်ထောက်နည်းပြ ပပ်လင်ဒါးက သီယာဂို အယ်ကန်တာရာနဲ့ ဒီယေဂို ဂျိုတာတို့ဟာ အသင်းအတွက်… Continue Reading →

BREAKING: လီဗာပူးနဲ့ ဘန်လေအသင်းတို့ ဟယ်ရီဝဲလ်ဆန် အပြောင်းအရွှေ့ကိစ္စ ဆွေးနွေးပြီ

ဘန်လေအသင်းဟာ လီဗာပူးအသင်း တိုက်စစ်အားသန် ကွင်းလယ်လူ ဟယ်ရီဝဲလ်ဆန်ကို အပြီးသတ် စာချုပ်ဖြင့် ခေါ်ယူဖို့ စတင်ကာ စကားပြောနေပြီဖြစ်ပါတယ်။ ဘန်လေက ဝဲလ်ဆန်ကို ခေါ်ယူဖို့ ယုံကြည်မှုရှိနေပြီး ဆွေးနွေးမှုမှာ ပြောင်းရွှေ့ကြေးကိစ္စ အဖြေထွက်ဖို့ မျှော်လင့်နေတယ်။ ဝဲလ်ဆန်ဟာ လီဗာပူးအသင်းနဲ့ လေ့ကျင့်ရေး ဆင်းနေသေးပေမယ့် မနက်ဖြန်ညမှာ ယှဉ်ပြိုင်ကစားမယ့် ကာရာဘောင်းပွဲမှာလည်း ပါဝင်သွားဖို့ မရှိဘူလို့ သိရတယ်။ ကလပ်နှစ်သင်းကြားမှာ ညိနှိုင်းမှုတွေ စတင်ပေမယ့် လီဗာပူးက တောင်းဆိုထားတဲ့ ပေါင်း သန်း ၂၀ ကို ဘန်လေဘက်က ပေးဖို့ကတော့ မသေချာသေးပါဘူး။… Continue Reading →

လီဗာပူးနဲ့ အာဆင်နယ်ပွဲကို မူလ သက်မှတ်ထားချိန်ထက် ရှေ့တိုး ယှဉ်ပြိုင်မည်

ဗြိတိန်အစိုးရက ည ၁၀ နာရီကျော်ရင် အပြင်မထွက်ရဘူးဆိုတဲ့ အမိန့်ကို ထုတ်ပြန်ထားခြင်းကြောင့် လီဗာပူးနဲ့ အာဆင်နယ်ရဲ့ ပရီးမီးယားလိဂ် ပွဲစဉ်ကို ရှေ့တိုးသွားမှာ ဖြစ်ပါတယ်။ မူလက ပွဲစဉ်ကို ဗြိတိန်စံတော်ချိန် ည ၈း၁၅ မိနစ် (မြန်မာစံတော်ချိန် နံနက် ၁း၄၅ မိနစ်) မှာ ယှဉ်ပြိုင်ဖို့ သက်မှတ်ထားတာပါ။ ဒါပေမယ့်လို့ ပွဲစဉ် ပြီးမယ့် အချိန်က ည ၁၀ ကို ကျော်သွားနိုင်တာကြောင့် ၁၅ မိနစ် ရှေ့တိုးဖို့ ဆုံးဖြတ်လာခြင်း ဖြစ်ပါတယ်။ ပွဲယှဉ်ပြိုင်ရမယ့်… Continue Reading →

သီယာဂိုနဲ့ ဂျိုတာတို့ထံက ဘာတွေကို မျှော်လင့်နိုင်မလဲ ဘယ်လို အားသာချက်တွေ ရှိသလဲ

ကာရာဘောင်းပွဲကြိုမှာ ယာဂင်ကလော့ပ် ကိုယ်စား မီဒီယာတွေ့ဆုံမှု လုပ်ပေးခဲ့တဲ့ လက်ထောက်နည်းပြ ပပ်လင်ဒါးက သီယာဂို အယ်ကန်တာရာနဲ့ ဒီယေဂို ဂျိုတာတို့အကြောင်းကို ထုတ်ပြောခဲ့တယ်။ လီဗာပူးအသင်းက သူတို့ကို ဘာလို့ ခေါ်ယူခဲ့သလဲ? အသင်း ကစားကွက်မှာ သူတို့ အံ့ဝင်နိုင်မလား? ဆိုတာတွေအတွက် ပပ်က ဖွင့်ပြောခဲ့ပါတယ်။ ပပ်လင်ဒါးက “ ပထမဆုံးအနေနဲ့ သီယာဂိုအကြောင်း ပြောပရစေ။ အသင်းကောင်းတွေက ကစားသမားကောင်းတွေ လိုအပ်ပါတယ်။ သူ့ကို ပိုင်ဆိုင်ခဲ့တာအတွက်လည်း တကယ်ကို ပျော်ပါတယ်။ လီဗာပူးအသင်းအတွက်က သူ့လို ကစားသမားကို ရဖို့လည်း ထိုက်တန်ပါတယ်။… Continue Reading →

ယူအီးအက်ဖ်အေရဲ့ အကောင်းဆုံး မန်နေဂျာဆု ဆန်ကာတင် သုံးဦးစာရင်း ထုတ်ပြန်

ယူအီးအက်ဖ်အေက ပြီးခဲ့တဲ့ ဘောလုံးရာသီအတွက် တစ်နှစ်တာ အကောင်းဆုံး မန်နေဂျာဆုအတွက် ဆန်ကာတင်စာရင်း ထုတ်ပြန်ခဲ့ပြီ ဖြစ်ပါတယ်။ လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်က ဘိုင်ယန်မြူးနစ် မန်နေဂျာ ဟန်ဆန် ဖီလစ်၊ လိုက်ဇစ်အသင်း မန်နေဂျာ ဂျူလီယန် နေဂဲလ်စမန်းတို့နဲ့အတူ ဆန်ကာတင် သုံးဦးစာရင်းထဲ ပါဝင်လာပါတယ်။ ထူးခြားချက်ကတော့ ဆန်ကာတင် ပုဂ္ဂိုလ်သုံးဦးလုံးက ဂျာမာန်သားတွေ ဖြစ်ကြပါတယ်။ ၂၀၁၉-၂၀၂၀ ဘောလုံးရာသီ ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ် ပြိုင်ပွဲ အုပ်စုအဆင့်ကို ဝင်ရောက်ခွင့်ရခဲ့တဲ့ ကလပ်တွေမှ မန်နေဂျာပေါင်း ၈၀ နဲ့ ယူအီးအက်ဖ်အေ အဖွဲ့ဝင်… Continue Reading →

ဒီရာသီမှာ ကာရာဘောင်းကို အနိုင်ယူရမယ့် ဆုဖလားအဖြစ် သက်မှတ်ခဲ့ပြီဖြစ်တဲ့ လီဗာပူး

လီဗာပူး လက်ထောက်နည်းပြ လင်ဒါးက ကာရာဘောင်းပွဲကြိုမှာ ဘယ်လို လူစာရင်း ထုတ်မလဲဆိုတဲ့အပေါ် ထုတ်ပြောမှုတစ်ခု ပြုလုပ်လာပါတယ်။ ပပ်လင်ဒါးက “ ကစားသမားတွေက လီဗာပူးအသင်းရဲ့ ဆာလောင်မှုနဲ့ လိုအင်ဆန္ဒတွေကို ကိုယ်စားပြုရသူတွေဖြစ်ပါတယ်။ ကုန်ခဲ့တဲ့ နှစ်နှစ်မှာ ကျနေ်ာတို့ရဲ့ အဓိက ဦးတည်ချက်က နောက်ပွဲတိုင်းကို ဗိုလ်လုပွဲလို သဘောထားသွားရမှာပါ။ ဒါက ဒီအဖွဲ့ရဲ့ စိတ်ဓါတ်ပိုင်း ဖြစ်ပါတယ်။ Lincoln အသင်းနဲ့ပွဲကိုလည်း တူညီတဲ့ နည်းလမ်းအတိုင်းပဲ ပြင်ဆင်သွားမှာပါ ” လို့ ဆိုပါတယ်။ လီဗာပူးအသင်းမှာတော့ ဘယ်အစွန်လူ ကိုစတက်၊ တိုက်စစ်သမား… Continue Reading →

Injury Update: ဟန်ဒါဆန်၊ ဂိုးမက်စ်၊ မာတစ်တို့ရဲ့ ဒဏ်ရာအခြေအနေ

မနက်ဖြန်ညမှာတော့ လီဗာပူးအသင်းဟာ ကာရာဘောင်း တတိယအဆင့်ပွဲအဖြစ် Lincoln City နဲ့ ယှဉ်ပြိုင်ရမှာပါ။ ပွဲကြို အင်တာဗျူးအဖြစ် ဒီကနေ့မှာတော့ မန်နေဂျာယာဂင်ကလော့ပ် ကိုယ်စား လက်ထောက်နည်းပြ လင်ဒါးက တက်ရောက်ဖြေဆိုပေးပါတယ်။ ဂိုးမက်စ်၊ မာတစ်တို့ရဲ့ ဒဏ်ရာ အခြေအနေနဲ့အတူ အသင်းခေါင်းဆောင် ဟန်ဒါဆန်ရဲ့ ကြံ့ခိုင်မှုအကြောင်း သတင်းပေးခဲ့တယ်။ လင်ဒါးက ပြောရာမှာ “ ဂိုးမက်စ်အတွက်က ဒီပွဲမှာ ပြန်လာဖို့က သိပ်စောလွန်းနေပါတယ်။ သောကြာနေ့မှာတော့ သူက အသင်းနဲ့ လေ့ကျင့်ပါလိမ့်မယ်။ ဒါကပဲ သတင်းကောင်း ဖြစ်ပါတယ်။ မာတစ်ကတော့ နိုင်ငံတကာ… Continue Reading →

လီဗာပူးရဲ့ စတားဖြစ်ဖို့ နီးစပ်ခဲ့ပေမယ့် တောက်ပဖို့ မှေးမှိန်ခဲ့တဲ့ ဒွန်းကန့် (ဆောင်းပါး)

ဘော်ဘီဒွန်းကန့်ဟာ ဖီအိုရင်တီးနားကနေ ဒါဘီ ယူ-၂၃ အသင်းထံ ကူးပြောင်းခဲ့ပြီဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၁ နှစ်က လီဗာပူးနဲ့ သူ့ကြားမှာ ဘာတွေဖြစ်ခဲ့လဲဆိုတာအတွက် ဒါလေးကို ဖတ်ပြီး Stay Home လိုက်ရအောင်လား ညီကိုတို့။ ၂၀၁၆ ခုနှစ်ရဲ့ ဒီဇင်ဘာလ အစောပိုင်းမှာ လီဗာပူးမြို့စင်တာကနေ ၁၀ မိုင်အကွာမှာရှိတဲ့ မိသားစု အိမ်ကို ဘော်ဘီဒွန်းကန့်နဲ့ မိသားစုဝင်တွေက လီဗာပူးသတင်းထောက် ဂျိမ်းပီရက်စ်ကို ဖိတ်ခေါ်ခဲ့ကြတယ်။ ဂျိမ်းပီရက်စ်ဆိုတာကလည်း ဂုဏ်သိက္ခာအကြီးဆုံးလို့ ဆိုနိုင်တဲ့ လီဗာပူးဖွား လီဗာပူးသတင်းထောက် စစ်စစ် တစ်ယောက်ဖြစ်တယ်။ အခြားသော… Continue Reading →

သူကိုယ်တိုင် ဆုဖလား မအောင်မြင်သ၍ ‘This is Anfield’ ကို မထိဖို့ ဆုံးဖြတ်ထားတဲ့ သီယာဂို

ဒီကနေ့မနက်မှာတော့ လီဗာပူးအသင်းဟာ ဘိုင်ယန်ကနေ သီယာဂိုကို ဘယ်လို ခေါ်ယူနိုင်ခဲ့သလဲဆိုတာအတွက် ဗီဒီယိုတစ်ခုကို တရားဝင် လွှတ်တင်ခဲ့ပါတယ်။ သီယာဂို လီဗာပူးကို ရောက်လာပြီးနောက် ဗီဒီယို ဖြေဆိုမှုတွေကို အဆိုပါ ဗီဒီယိုမှာ မြင်ရမှာဖြစ်တယ်။ ဒါပေမယ့် လီဗာပူးပရိသတ်တွေ မသိသေးတဲ့ လျှို့ဝှက်ချက်တစ်ခုလည်း ပါဝင်ခဲ့ပါတယ်။ အဲ့တာကတော့ စပိန်တိုက်စစ်မှူးဟောင်း ဖာနန်ဒိုတောရက်စ်က ‘This is Anfield’ ကို ထိခွင့်မရှိဘူးလို့ တားမြစ်ခဲ့ခြင်းပါပဲ။ သီယာဂိုက ပြောရာမှာ “ တောရက်စ်က ကလပ်မှာ ဆုဖလား တစ်ခုခုကို အနိုင်မရမချင်း ‘This… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!