ဗြိတိန်အစိုးရက ည ၁၀ နာရီကျော်ရင် အပြင်မထွက်ရဘူးဆိုတဲ့ အမိန့်ကို ထုတ်ပြန်ထားခြင်းကြောင့် လီဗာပူးနဲ့ အာဆင်နယ်ရဲ့ ပရီးမီးယားလိဂ် ပွဲစဉ်ကို ရှေ့တိုးသွားမှာ ဖြစ်ပါတယ်။

မူလက ပွဲစဉ်ကို ဗြိတိန်စံတော်ချိန် ည ၈း၁၅ မိနစ် (မြန်မာစံတော်ချိန် နံနက် ၁း၄၅ မိနစ်) မှာ ယှဉ်ပြိုင်ဖို့ သက်မှတ်ထားတာပါ။ ဒါပေမယ့်လို့ ပွဲစဉ် ပြီးမယ့် အချိန်က ည ၁၀ ကို ကျော်သွားနိုင်တာကြောင့် ၁၅ မိနစ် ရှေ့တိုးဖို့ ဆုံးဖြတ်လာခြင်း ဖြစ်ပါတယ်။ ပွဲယှဉ်ပြိုင်ရမယ့် အန်ဖီးကွင်းဟာ ဒေသဆိုင်ရာ ပိတ်ပင်မှုတွေလည်း ပိုတိုးမြင့်ထားတဲ့ နယ်ပယ်ထဲ ပါဝင်နေပါတယ်။

ကွင်းထဲကို ပရိသတ်တွေ ဝင်ရောက်ခွင့် မရှိပေမယ့်လည်း ပရီးမီးယားလိဂ်က ပွဲစဉ်ကို ရှေ့တိုးဖို့ လုပ်ဆောင်သွားမှာဖြစ်တယယ်။ နောက်ထပ် ပွဲစဉ်ဖြစ်တဲ့ ဖူလ်စမ်နဲ့ အက်စတွန်ဗီလာပွဲကိုလည်း ရှေ့တိုးနိုင်တယ်လို့ သိ၇တယ်။

ဗြိတိန်အစိုးရရဲ့ ည ၁၀ နာရီကျော်ရင် အပြင်မထွက်ရ အမိန့်ဟာ လီဗာပူးက Lincoln City အသင်းနဲ့ ယှဉ်ပြိုင်မယ့် ညမှာ စတင်ကာ အသက်ဝင်မှာ ဖြစ်ပါတယ်။ အဆိုပါ ပွဲစဉ်ကတော့ ဗြိတိန်စံတော်ချိန် ည ရး၄၅ မိနစ် (မြန်မာစံတော်ချိန် ၁း၁၅ နာရီ) မှာ ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။

ဗြိတိန်အစိုးရရဲ့ အမိန့်အသစ်အရ ဘားတွေကို သွားရောက် လည်ပတ်သူတွေက table service ကို ကျင့်သုံးရမှာဖြစ်ကာ သုံးစွဲသူတွေ အားလုံးက စားချိန်နဲ့ သောက်ချိန်ကလွဲရင် မက်စ် တပ်ထားရမှာဖြစ်ပါတယ်။

လောလောဆယ်မှာတော့ ည ၁၀ နာရီ အပြင်မထွက်ရ အမိန့်က အတော်လေး ဂယက်တွေ ရိုက်နေဆဲပါ။ အားကစားပရိသတ်တွေကတော့ ဆိုင်တွေမှာ ဘောလုံးပွဲ သွားကြည့်တဲ့အခါ ည ၁၀ နာရီ တားမြစ်မှုကို အချိန်မှီဖို့ ပွဲချိန် ၈၅ မိနစ်မှာ ထလာဖို့ လိုမယ်ဆိုပြီး သရော်နေကြပါတယ်။

ZAWGYI

ျဗိတိန္အစိုးရက ည ၁၀ နာရီေက်ာ္ရင္ အျပင္မထြက္ရဘူးဆိုတဲ့ အမိန္႔ကို ထုတ္ျပန္ထားျခင္းေၾကာင့္ လီဗာပူးနဲ႔ အာဆင္နယ္ရဲ႕ ပရီးမီးယားလိဂ္ ပြဲစဥ္ကို ေရွ႔တိုးသြားမွာ ျဖစ္ပါတယ္။

မူလက ပြဲစဥ္ကို ျဗိတိန္စံေတာ္ခ်ိန္ ည ၈း၁၅ မိနစ္ (ျမန္မာစံေတာ္ခ်ိန္ နံနက္ ၁း၄၅ မိနစ္) မွာ ယွဥ္ျပိဳင္ဖို႔ သက္မွတ္ထားတာပါ။ ဒါေပမယ့္လို႔ ပြဲစဥ္ ျပီးမယ့္ အခ်ိန္က ည ၁၀ ကို ေက်ာ္သြားႏုိင္တာေၾကာင့္ ၁၅ မိနစ္ ေရွ႔တိုးဖို႔ ဆံုးျဖတ္လာျခင္း ျဖစ္ပါတယ္။ ပြဲယွဥ္ျပိဳင္ရမယ့္ အန္ဖီးကြင္းဟာ ေဒသဆိုင္ရာ ပိတ္ပင္မႈေတြလည္း ပိုတိုးျမင့္ထားတဲ့ နယ္ပယ္ထဲ ပါဝင္ေနပါတယ္။

ကြင္းထဲကို ပရိသတ္ေတြ ဝင္ေရာက္ခြင့္ မရွိေပမယ့္လည္း ပရီးမီးယားလိဂ္က ပြဲစဥ္ကို ေရွ႔တိုးဖို႔ လုပ္ေဆာင္သြားမွာျဖစ္တယယ္။ ေနာက္ထပ္ ပြဲစဥ္ျဖစ္တဲ့ ဖူလ္စမ္နဲ႔ အက္စတြန္ဗီလာပြဲကိုလည္း ေရွ႔တိုးႏုိင္တယ္လို႔ သိ၇တယ္။

ျဗိတိန္အစိုးရရဲ႕ ည ၁၀ နာရီေက်ာ္ရင္ အျပင္မထြက္ရ အမိန္႔ဟာ လီဗာပူးက Lincoln City အသင္းနဲ႔ ယွဥ္ျပိဳင္မယ့္ ညမွာ စတင္ကာ အသက္ဝင္မွာ ျဖစ္ပါတယ္။ အဆိုပါ ပြဲစဥ္ကေတာ့ ျဗိတိန္စံေတာ္ခ်ိန္ ည ၇း၄၅ မိနစ္ (ျမန္မာစံေတာ္ခ်ိန္ ၁း၁၅ နာရီ) မွာ ယွဥ္ျပိဳင္ၾကမွာျဖစ္ပါတယ္။

ျဗိတိန္အစိုးရရဲ႕ အမိန္႔အသစ္အရ ဘားေတြကို သြားေရာက္ လည္ပတ္သူေတြက table service ကို က်င့္သံုးရမွာျဖစ္ကာ သံုးစြဲသူေတြ အားလံုးက စားခ်ိန္နဲ႔ ေသာက္ခ်ိန္ကလြဲရင္ မက္စ္ တပ္ထားရမွာျဖစ္ပါတယ္။

ေလာေလာဆယ္မွာေတာ့ ည ၁၀ နာရီ အျပင္မထြက္ရ အမိန္႔က အေတာ္ေလး ဂယက္ေတြ ရိုက္ေနဆဲပါ။ အားကစားပရိသတ္ေတြကေတာ့ ဆိုင္ေတြမွာ ေဘာလံုးပြဲ သြားၾကည့္တဲ့အခါ ည ၁၀ နာရီ တားျမစ္မႈကို အခ်ိန္မွီဖို႔ ပြဲခ်ိန္ ၈၅ မိနစ္မွာ ထလာဖို႔ လိုမယ္ဆိုျပီး သေရာ္ေနၾကပါတယ္။