ဘန်လေအသင်းဟာ လီဗာပူးအသင်း တိုက်စစ်အားသန် ကွင်းလယ်လူ ဟယ်ရီဝဲလ်ဆန်ကို အပြီးသတ် စာချုပ်ဖြင့် ခေါ်ယူဖို့ စတင်ကာ စကားပြောနေပြီဖြစ်ပါတယ်။

မာနေးဟာ နာပိုလီ ခံစစ်မှူး ကိုလီဘာလီ၊ ဝတ်ဖိုဒ့် တိုက်စစ်သမား ဆာတို့နဲ့ ဆက်သွယ်မှု အမြဲတမ်း ရှိထားသူပါ။ အချို့သော သတင်းဌာနတွေကတော့ လီဗာပူးက ကိုလီဘာလီကို ဆက်သွယ်နေတယ်လို့ ချဲ့ကား ပြောဆိုမှုတွေပါ လုပ်ထားပါတယ်။

ကာရာဘောင်းပွဲကြိုမှာ ယာဂင်ကလော့ပ် ကိုယ်စား မီဒီယာတွေ့ဆုံမှု လုပ်ပေးခဲ့တဲ့ လက်ထောက်နည်းပြ ပပ်လင်ဒါးက သီယာဂို အယ်ကန်တာရာနဲ့ ဒီယေဂို ဂျိုတာတို့ဟာ အသင်းအတွက် ဖြေရှင်းမှုတွေဖြစ်လာမယ့် ကစားသမားတွေဖြစ်ကြောင်းကို ထုတ်ပြောခဲ့တယ်။

ယူအီးအက်ဖ်အေက ပြီးခဲ့တဲ့ ဘောလုံးရာသီအတွက် တစ်နှစ်တာ အကောင်းဆုံး မန်နေဂျာဆုအတွက် ဆန်ကာတင်စာရင်း ထုတ်ပြန်ခဲ့ပြီ ဖြစ်ကာ လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်၊ ဘိုင်ယန်မြူးနစ် မန်နေဂျာ ဟန်ဆန် ဖီလစ်၊ လိုက်ဇစ်အသင်း မန်နေဂျာ ဂျူလီယန် နေဂဲလ်စမန်းတို့ ပါဝင်လာပါတယ်။

တောင့်တင်းတဲ့ အရန်စာရင်းကို ပိုင်ဆိုင်လာတဲ့နောက် လီဗာပူးက ကာရာဘောင်းဖလားကို အောင်နိုင်ဖို့ဆိုတဲ့ ဦးတည်ချက် ရှိလာခဲ့ကာ အဓိက ကစားသမားတွေကို ထုတ်သုံးလာမယ့်သဘောကိုလည်း လက်ထောက်နည်းပြက သတင်းပေးခဲ့တယ်။

ဂိုးမက်စ်၊ မာတစ်နဲ့ အသင်းခေါင်းဆောင် ဟန်ဒါဆန်တို့ဟာ မနက်ဖြန်ညမှာ ယှဉ်ပြိုင်မယ့် ကာရာဘောင်းပွဲကို ပါဝင်နိုင်မှာ မဟုတ်ဘဲ ဂိုးမက်စ်နဲ့ ဟန်ဒါဆန်တို့က အာဆင်နယ်ပွဲမှာ ပါဝင်နိုင်မယ့် အခွင့်အရေး ရှိနေပါတယ်။

လီဗာပူးသတင်းထောက် ဂျိမ်းပီရက်စ်က ဆာကို ခေါ်ယူမယ်ဆိုတဲ့ သတင်းကို ပြတ်ပြတ်သားသား ငြင်းဆန်ခဲ့ပြီး ဒီနွေမှာ ဆာကို ဆက်လက် ကမ်းလှမ်းဖို့ မရှိဘူးလို့ ဆိုပါတယ်။

သီယာဂိုက ပြောရာမှာ “ တောရက်စ်က ကလပ်မှာ ဆုဖလား တစ်ခုခုကို အနိုင်မရမချင်း ‘This is Anfield’ တံဆိပ်ကို လက်နဲ့ လုံးဝ မထိပါနဲ့လို့ သတိပေးခဲ့တယ်။ အဲ့တာကို ကျနော် လေးစားသွားမှာပါ ’ ဆိုပြီး တောရက်စ်က သူ့ကို တားမြစ်ထားတဲ့ ကိစ္စကို ဖွင့်ဟခဲ့ပါတယ်။

အကယ်ဒမီကစားသမားဟောင်း ဘော်ဘီဒွန်းကန့်ဟာ ဖီအိုရင်တီးနားကနေ ဒါဘီ ယူ-၂၃ အသင်းထံ ကူးပြောင်းခဲ့ပြီဖြစ်ပါတယ်။ ထိုနည်းတူ အိုဘ်ကလည်း ဘုန်းမောက်ကနေ စာချုပ်အလွတ်နဲ့ ထွက်ခွာလာချိန်မှာ ဒါဘီနဲ့ ပူးပေါင်းခဲ့ပါတယ်။

ZAWGYI

ဘန္ေလအသင္းဟာ လီဗာပူးအသင္း တိုက္စစ္အားသန္ ကြင္းလယ္လူ ဟယ္ရီဝဲလ္ဆန္ကို အျပီးသတ္ စာခ်ဳပ္ျဖင့္ ေခၚယူဖို႔ စတင္ကာ စကားေျပာေနျပီျဖစ္ပါတယ္။

မာေနးဟာ နာပိုလီ ခံစစ္မွဴး ကိုလီဘာလီ၊ ဝတ္ဖိုဒ့္ တိုက္စစ္သမား ဆာတို႔နဲ႔ ဆက္သြယ္မႈ အျမဲတမ္း ရွိထားသူပါ။ အခ်ိဳ႔ေသာ သတင္းဌာနေတြကေတာ့ လီဗာပူးက ကိုလီဘာလီကို ဆက္သြယ္ေနတယ္လို႔ ခ်ဲ႔ကား ေျပာဆိုမႈေတြပါ လုပ္ထားပါတယ္။

ကာရာေဘာင္းပြဲၾကိဳမွာ ယာဂင္ကေလာ့ပ္ ကိုယ္စား မီဒီယာေတြ႔ဆံုမႈ လုပ္ေပးခဲ့တဲ့ လက္ေထာက္နည္းျပ ပပ္လင္ဒါးက သီယာဂို အယ္ကန္တာရာနဲ႔ ဒီေယဂို ဂ်ိဳတာတို႔ဟာ အသင္းအတြက္ ေျဖရွင္းမႈေတြျဖစ္လာမယ့္ ကစားသမားေတြျဖစ္ေၾကာင္းကို ထုတ္ေျပာခဲ့တယ္။

ယူအီးအက္ဖ္ေအက ျပီးခဲ့တဲ့ ေဘာလံုးရာသီအတြက္ တစ္ႏွစ္တာ အေကာင္းဆံုး မန္ေနဂ်ာဆုအတြက္ ဆန္ကာတင္စာရင္း ထုတ္ျပန္ခဲ့ျပီ ျဖစ္ကာ လီဗာပူးမန္ေနဂ်ာ ယာဂင္ကေလာ့ပ္၊ ဘိုင္ယန္ျမဴးနစ္ မန္ေနဂ်ာ ဟန္ဆန္ ဖီလစ္၊ လိုက္ဇစ္အသင္း မန္ေနဂ်ာ ဂ်ဴလီယန္ ေနဂဲလ္စမန္းတို႔ ပါဝင္လာပါတယ္။

ေတာင့္တင္းတဲ့ အရန္စာရင္းကို ပိုင္ဆိုင္လာတဲ့ေနာက္ လီဗာပူးက ကာရာေဘာင္းဖလားကို ေအာင္ႏုိင္ဖို႔ဆိုတဲ့ ဦးတည္ခ်က္ ရွိလာခဲ့ကာ အဓိက ကစားသမားေတြကို ထုတ္သံုးလာမယ့္သေဘာကိုလည္း လက္ေထာက္နည္းျပက သတင္းေပးခဲ့တယ္။

ဂိုးမက္စ္၊ မာတစ္နဲ႔ အသင္းေခါင္းေဆာင္ ဟန္ဒါဆန္တို႔ဟာ မနက္ျဖန္ညမွာ ယွဥ္ျပိဳင္မယ့္ ကာရာေဘာင္းပြဲကို ပါဝင္ႏုိင္မွာ မဟုတ္ဘဲ ဂိုးမက္စ္နဲ႔ ဟန္ဒါဆန္တို႔က အာဆင္နယ္ပြဲမွာ ပါဝင္ႏုိင္မယ့္ အခြင့္အေရး ရွိေနပါတယ္။

လီဗာပူးသတင္းေထာက္ ဂ်ိမ္းပီရက္စ္က ဆာကို ေခၚယူမယ္ဆိုတဲ့ သတင္းကို ျပတ္ျပတ္သားသား ျငင္းဆန္ခဲ့ျပီး ဒီေႏြမွာ ဆာကို ဆက္လက္ ကမ္းလွမ္းဖို႔ မရွိဘူးလို႔ ဆိုပါတယ္။

သီယာဂိုက ေျပာရာမွာ “ ေတာရက္စ္က ကလပ္မွာ ဆုဖလား တစ္ခုခုကို အႏုိင္မရမခ်င္း ‘This is Anfield’ တံဆိပ္ကို လက္နဲ႔ လံုးဝ မထိပါနဲ႔လို႔ သတိေပးခဲ့တယ္။ အဲ့တာကို က်ေနာ္ ေလးစားသြားမွာပါ ’ ဆိုျပီး ေတာရက္စ္က သူ႔ကို တားျမစ္ထားတဲ့ ကိစၥကို ဖြင့္ဟခဲ့ပါတယ္။

အကယ္ဒမီကစားသမားေဟာင္း ေဘာ္ဘီဒြန္းကန္႔ဟာ ဖီအိုရင္တီးနားကေန ဒါဘီ ယူ-၂၃ အသင္းထံ ကူးေျပာင္းခဲ့ျပီျဖစ္ပါတယ္။ ထိုနည္းတူ အိုဘ္ကလည္း ဘုန္းေမာက္ကေန စာခ်ဳပ္အလြတ္နဲ႔ ထြက္ခြာလာခ်ိန္မွာ ဒါဘီနဲ႔ ပူးေပါင္းခဲ့ပါတယ္။