Date

October 1, 2020

လူငယ်တွေ သုံးမှာဖြစ်ပေမယ့် ကာရာဘောင်းကိုလည်း အနိုင်ရချင်တာကို ယုံပါလို့ ကလော့ပ် ပြော

လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်က အာဆင်နယ်နဲ့ ကာရာဘောင်းပွဲကြိုမှာ လူစာရင်းကို အပြောင်းအလဲ လုပ်မှာဖြစ်ပေမယ့် အသင်းပရိသတ်တွေအတွက် အစွမ်ကုန် ကြိုးစားမှာပါလို့ ကတိပေးလိုက်ပါတယ်။ ကလော့ပ်က “ မနှစ်တုန်းက ရာသီမှာ ကျနေ်ာတို့ ကစားခဲ့တဲ့ပွဲကို အချိန်တွေအကြာကြီး လူတွေ စကားပြောကြမယ်ဆိုတာ သိပါတယ်။ မန်နေဂျာတစ်ယောက်က အသင်းတစ်သင်းကို ဂိုးတွေ အများကြီး ပေးခွင့်ပြုတာကို မကြိုက်ကြတာပို သိပါတယ်။ ဒါပေမယ့် အဲ့ညက ကောင်လေးတွေရဲ့ စွမ်းဆောင်ရည်ကို ကျနော် ကြိုက်ပါတယ်။ သူတို့ရဲ့ စွမ်းအားကိုလည်း နှစ်သက်ပါတယ်။ ကျနော်မှာ ပွဲတိုင်းအတွက် ကစားသမား… Continue Reading →

မျှော်လင့်ထားတာထက် သန်း ၂၀ ပိုနည်းပေမယ့် ကမ်းလှမ်းမှု သုံးခုရထားတဲ့ လီဗာပူး

လီဗာပူးအသင်းဟာ ဘရူးစတား၊ ဂရုဂျစ်နဲ့ ဝဲလ်ဆန်တို့ သုံးဦးလုံးအတွက် ကမ်းလှမ်းမှုတွေကို ရထားပြီဖြစ်ကာ အပြောင်းအရွှေ့ နောက်ဆုံးရက် မတိုင်ခင်မှာ သူတို့ရဲ့ ထွက်ခွာမှုကို မြင်ရမယ်လို့ Goal သတင်းဌာနမှ လီဗာပူးသတင်းထောက် Neil Jones က ဖော်ပြပါတယ်။ ဝေလ်းလက်ရွေးစင် ဝဲလ်ဆန်အတွက် ဘန်လေအသင်းက ပေါင် ၁၂ ဝန်းကျင်ကို ကနဦးပေးမယ့် ကမ်းလှမ်းမှုကို လုပ်ထားခဲ့ပြီး ဘရူးစတားကိုတေ့ ရှက်ဖီးယူနိုက်တက်က ကမ်းလှမ်းထားခြင်းဖြစ်ကာ ဂရုဂျစ်ကိုတော့ ဂျာမနီကလပ် မွန်ချန်ဂလာဘတ်က ကမ်းလှမ်းထားတာဖြစ်တယ်လို့ သူက ဆိုတယ်။ လီဗာပူးက ကမ်းလှမ်းမှု… Continue Reading →

ဖလားပွဲတွေမှာ အဓိက ပွဲထွက်ခွင့် ရလာတဲ့ ဂျုံးက ပုံမှန်ပွဲထွက်ခွင့်အတွက် ကြိုးစားမယ် ကတိပေး

လီဗာပူးလူငယ်လေး ဂျုံးက သူဟာ အကောင်းဆုံး ကစားနေပြီး မကြာခင်မှာတော့ ပုံမှန် ပွဲထွက်ခွင့်ကို စိန်ခေါ်နိုင်မယ့် ကစားသမားတစ်ဦး ဖြစ်လာမယ်လို့ ယုံကြည်ကြောင်း ထုတ်ပြောလာပါတယ်။ မာဆေးဆိုဒ်ဒေသဖွား လီဗာပူးသားဂျုံးကို တစ်ရက်မှာ စတီဗင်ဂျရတ်လို ဖြစ်လာဖို့ကို အသင်းပရိသတ်တွေက မျှော်လင့်ထားပါတယ်။ ဂျုံးဟာ ပေါက်ကွဲအားကောင်းကောင်း ကစားတတ်သူဖြစ်ပြီး တိုက်စစ်လိုက်ရတာကို အားသန်တဲ့ ကွင်းလယ်လူတစ်ဦးလည်း ဖြစ်ပါတယ်။ ဂျုံးက ” ကျနော်က သက်သောင့်သက်သာပါပဲ။ ယုံကြည်မှုလည်း ရှိပါတယ်။ ဒါပေမယ့်လို့ အကယ်ဒမီကနေ ပထမအသင်းထံ ဝင်ရောက်ပြီဆိုရင် ခြေလှမ်းတွေကို ပိုလှမ်းလာနိုင်ရမယ်ဆိုတာ ကျနော်… Continue Reading →

ယာဂင်ကလော့ပ်ရဲ့ ကစားဟန်ကို ဘာလို့ ဟဲဗီးမက်တယ်လို့ တင်စားကြသလဲ

ဒီကနေ့မှာ ကမ္ဘာအကောင်းဆုံး မန်နေဂျာလို့ အားလုံးက လက်ခံတဲ့ ကလော့ပ်ဟာ လီဗာပူးကို မရောက်လာခင်တည်းက ကိုယ်ပိုင် နာမည်တစ်လုံးနဲ့ နေတဲ့သူဖြစ်တယ်။ အထူးသဖြင့် သူ့ရဲ့ ကစားဟန်ကို ဟဲဗီးမက်တယ်လို့ ပြောကြပါတယ်။ အဲ့လိုပြောရတာက သူကိုယ်တိုင်က နှုတ်ကနေ ထုတ်ပြောခဲ့သလို့ ဖြစ်ပါတယ်။ အဲ့တုန်းက ကလော့ပ်က လီဗာပူးမန်နေဂျာ မဟုတ်သေးပါဘူး။ သူရဲ့ ကစားဟန်က ဟဲဗီးမက်တယ်ပါလို့ ပြောတဲ့ ၂၀၁၃ လောက်မှာ သူက ဘွန်ဒက်လီဂါမှာ ဒေါ့မွန်နဲ့ လွမ်းမိုးနေချိန်ဖြစ်ပါတယ်။ ဒါတင် မကသေးပါဘူး သူက ပရီးမီးယားလိဂ်ရဲ့ လူရိုသေ… Continue Reading →

လီဗာပူး V အာဆင်နယ် တို့ရဲ့ ကာရာဘောင်းပွဲအတွက် မိုင်ကယ်အိုဝင်ရဲ့ သုံးသပ် ခန့်မှန်းချက်

ဒီကနေ့ည မြန်မာစံတော်ချိန် ၁း၁၅ မှာတော့ လီဗာပူးနဲ့ အာဆင်နယ်တို့ဟာ ကာရာဘောင်းဖလားမှာ ထိပ်တိုက်တွေ့ကြဦးမှာဖြစ်ပါတယ်။ တနင်္လာနေ့က ထိပ်တိုက်တွေ့မှုမှာ လီဗာပူးက ၃-၁ နဲ့ အနိုင်ရခဲ့တယ်။ ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့ တူညီတဲ့ လူစာရင်းကို ထုတ်သုံးမှာ မဟုတ်ဘဲ လူငယ်နဲ့ ဝါရင့်တွေကို တွဲဘက်စေတဲ့ အစုအဖွဲ့ကို မြင်ရပါလိမ့်မယ်။ လီဗာပူးက ကလပ်ရဲ့ နာမည်ကျော် လူငယ်စတားတွေကို မီလ်နာ၊ ရှာကွီရီ၊ မီနာမီနို၊ အိုရီဂီတို့လို ကစားသမားတွေနဲ့ တွဲဘက်စေမှာဖြစ်တယ်။ တိုက်စစ်သမား ဂျိုတာ ပါဝင်ကစားမယ်လို့ မျှော်လင့်ရပြီး လူတိုင်းကတော့… Continue Reading →

ဘဝရဲ့ အောင်မြင်မှုလမ်းကြောင်းတွေ ပိတ်နေတဲ့ လူငယ်တိုင်း ရိုဘိုကို သင်ခန်စားယူဖို့ ဟန်ဒို ပြော

ရော်ဘတ်ဆန်ဟာ မကြာသေးခင်ကပဲ Now You’re Gonna Believe Us ဆိုတဲ့ စာအုပ်ကို ထုတ်ဝေခဲ့ပြီဖြစ်ပါတယ်။ တစ်ချိန်က စကော်တလန်မှာ အလုပ်မရှိ၊ ငွေမရှိ၊ နာမည် ထင်ပေါ်ကျော်ကြားခြင်းမရှိတာကြောင့် ‘ဘဝက ပိုက်ဆံမရှိရင် အလကားပဲ’ ဆိုခဲ့တဲ့ ကောင်လေးဟာ ပရော်ဖက်ရှင်နယ် ဘောလုံးသမားတိုင်းရဲ့ အိပ်မက်ဖြစ်တဲ့ ချန်ပီယံလိဂ်နဲ့ ပရီးမီးယားလိဂ်တို့ကို ကိုင်မြောက်နိုင်ခဲ့သူတစ်ဦး ဖြစ်လာခဲ့ပါပြီ။ လီဗာပူးအသင်းခေါင်းဆောင် ဟန်ဒါဆန်က ရိုဘိုဟာ ငယ်ရွယ်တဲ့ လူငယ်တွေတိုင်းရဲ့ စံပြဖြစ်ပြီး ဘဝမှာ ခက်ခဲမှုတွေကို ရင်ဆိုင်နေရသူတိုင်းက ဘယ်တော့မှ အရံှူးမပေးတဲ့ ရိုဘိုကို… Continue Reading →

လီဗာပူးနည်းပြအဖွဲ့ ဘဝင်ခိုက်နေတဲ့ နာမည် သုံးခုကို ပပ်လင်ဒါး ထုတ်ဖော်

လီဗာပူးရဲ့ လက်ထောက်နည်းပြဖြစ်သူ ပပ်လင်ဒါးက အာဆင်နယ်နဲ့ ကာရာဘောင်းပွဲကြိုမှာ နည်းပြအဖွဲ့က သဘောကျနေတဲ့ လူငယ်လေးတွေအကြောင်း ထုတ်ပြောလာပါတယ်။ လီဗာပူးဟာ ကာရာဘောင်းနဲ့ အက်ဖ်အေလို ဖလားပွဲတွေမှာ မန်နေဂျာယာဂင်ကလော့ပ်အစား လက်ထောက်ဖြစ်သူ ပပ်လင်ဒါးကိုပဲ တက်ရောက်ခိုင်းပါတယ်။ လင်ဒါးက လူငယ်ရေးရာ စွမ်းဆောင်ရည်တိုးတက်မှုဆိုင်ရာ နည်းပြအဖြစ် ကနဦးက အလုပ်လုပ်ခဲ့သူဖြစ်ကာ သူဟာ လူငယ်ရေးရာတွေမှာ သိမြင်မှုများသူလည်းဖြစ်တယ်။ လင်ဒါးက ” ဘီလီက အသင်းမှာ လမ်းကြောင်းမှန်ပေါ် ရှိနေသူဆိုတာ ရှင်းပါတယ်။ ဒါပေမယ့် အခုမှ အစပဲ ရှိပါသေးတယ်။ ကျနေ်ာတို့တွေ အရမ်း ဂရုစိုက်ပေးဖို့… Continue Reading →

လီဗာပူးအသင်းသားတစ်ဦးကို အားမပေးနိုင်ရင် လီဗာပူးပရိသတ် မဟုတ်လို့ပါဆိုတဲ့ လင်ဒါး

အာဆင်နယ်နဲ့ ကာရာဘောင်းပွဲမတိုင်ခင်မှာ လက်ထောက်နည်းပြ ပပ်လင်ဒါးက အသင်းပရိသတ်တွေကို အကြောင်းကြားမှုတစ်ခု လုပ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ကာရာဘောင်းပွဲမှာ လူငယ်ညာအစွန်လူ ဝီလီယမ်ဟာ လူမှုကွန်ယက်ကနေ စော်ကားဖိနိပ်ခြင်းတွေကို ခံခဲ့ရတယ်။ ဒီဖြစ်ရပ်ဟာ လီဗာပူးအားပေးသူ အဖွဲ့တွေကြားမှာ အတော်လေး ဂယက်ကြီးထခဲ့တဲ့ဖြစ်ရပ်လည်း ဖြစ်ခဲ့ပါတယ်။ လီဗာပူးအဖွဲ့တိုင်းက စစ်မှန်တဲ့ ပရိသတ်တွေဟာ ဘယ်တော့မှ ဒီအပြုအမှု မလုပ်ဘူးလို့ နီးကိုးဘက်က ထောက်ခံပေးခဲ့ကြတယ်။ အာဆင်နယ်ပွဲကြိုမှာ ပပ်လင်ဒါးက “ ကျနော်ကတော့ လူမှုကွန်ယက်တွေမှာ မှတ်ချက် မပေးပါဘူး။ ကျနော် ပြောနိုင်တာ တစ်ခုတည်းက လမ်းမပေါ်မှာဖြစ်စေ လူမှုကွန်ယက်ကနေဖြစ်စေ… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!