Date

November 6, 2020

ဂျိုတာ၊ ဖာမင်နိုတို့နဲ့ ပက်သက်ပြီး မှတ်ချက် တစ်ခွန်းစီ ပေးခဲ့တဲ့ ယာဂင်ကလော့ပ်

မန်နေဂျာယာဂင်ကလော့ပ်က မန်စီးတီးပွဲမတိုင်ခင်မှာ တိုက်စစ်သမားတွေဖြစ်တဲ့ ဂျိုတာနဲ့ ဖာမင်နိုအကြောင်း မှတ်ချက်စကားတွေ ပေးခဲ့ပါတယ်။ မန်စီးတီးနဲ့ပွဲမှာ တိုက်စစ်ပိုင်းအတွက် တစ်ဦးတည်းကိုပဲ ထားမလား၊ နှစ်ဦးလုံးကို တွဲသုံးမလားဆိုတာ မသေချာသေးပါဘူး။ ကာရေဂါကတော့ မန်နေဂျာကလော့ပ်က ဖာမင်နိုကို သေချာပေါက် ထုတ်သုံးလိမ့်မယ်လို့ ထုတ်ပြောထားပြီး တချိူ့ကလည်း ဂျိုတာကို ထုတ်သုံးမယ်လို့ မြင်နေကြတယ်။ မန်နေဂျာကလော့ပ်က မန်စီးတီးပွဲကြိုမှာ တိုက်စစ်ပိုင်း ရွေးချယ်စရာ များလာတာအတွက် ကျေနပ်ကြောင်း ပြောဆိုခဲ့ပြီး ဖာမင်နို ဂျိုတာတို့နဲ့ ပက်သက်လို့တော့ အခုလို ပြောပါတယ်။ ဂျိုတာက ” ဂျိုတာနဲ့ ပက်သက်ပြီး… Continue Reading →

တိုက်စစ်ရွေးချယ်မှု၊ သီယာဂိုဒဏ်ရာနဲ့ မန်စီးတီးပွဲကြို မီဒီယာတွေ့ဆုံမှုမှ ကလော့ပ်ရဲ့ ပြောဆိုမှုများ

မန်စီးတီးပွဲကြို မီဒီယာတွေ့ဆုံမှုမှ ကလော့ပ်ရဲ့ ပြောဆိုမှုများ မန်စီးတီးပွဲနဲ့ ပက်သက်ပြီး ငါတို့ ကြံ့ခိုင်မှု အကောင်းဆုံး ကစားသမားတွေကိုပဲ လူစာရင်းမှာ ထုတ်သုံးပြီး ဒီခက်ခဲတဲ့ ပွဲကြပ်ကာလကို တတ်နိုင်သလောက် အကောင်းဆုံး ကျော်ဖြတ်မှာပါ။ ပွဲတွေနဲ့တကွ ဒီပြင်ဆင်မှုတွေကို ငါပျော်ပါတယ်။ ဒါပေမယ့်လို့ ဘာတစ်ခုမှ လွယ်ကူမှာ မဟုတ်ဘူး။ မန်စီးတီးပွဲက ဒီရာသီကို အဆုံးအဖြတ်ပေးမှာ မဟုတ်ပါဘူး။ လုပ်လိုက်ရအောင်ကွာ။ နှစ်သင်းလုံးအတွက် အရမ်း အရမ်း ခက်ခဲတဲ့ပွဲ ဖြစ်လာမယ်။ ရာသီစမှာပဲ ကိစ္စတွေအများကြီးက ပြီးခဲ့တဲ့ ရာသီတွေကနဲ့ ခြားနားကုန်ပါပြီ။ အရင်နှစ်တွေ… Continue Reading →

နိုင်ငံတကာသီတင်းပတ်အတွက် စပိန်အသင်း လူစာရင်းမှာ သီယာဂို ချန်လှပ်ခံရ

သီယေဂိုဟာ ဒီလရဲ့ နိုင်ငံတကာ သီတင်းပတ်အတွက် စပိန်အသင်း လူစာရင်းကနေ ချန်လှပ်ခံခဲ့ရပြီ ဖြစ်ပါတယ်။ လီဗာပူးကွင်းလယ်လူဟာ မာဆေးဆိုဒ်ဒါဘီအတွင်း ရစ်ချာလီဆန်ရဲ့ ဖြတ်ထုတ်မှုကြောင့် ခြေသလုံးမှာ ဒဏ်ရာရခဲ့ခြင်းဖြစ်တယ်။ ဒဏ်ရာက ခွဲစိတ်မှု မခံယူရပေမယ့် ပြန်သက်သာလာဖို့ အချိန်ယူနေခဲ့ရကာ အောက်တိုဘာလ ၁၇ ရက်နေ့ပိုင်း လီဗာပူးအတွက် မကစားပေးနိုင်တာ ၅ ပွဲခန့် ရှိသွားပြီဖြစ်ပါတယ်။ သီယေဂိုဟာ ကြာသပတေးနေ့ လေ့ကျင့်ရေးမှာ မပါခဲ့တာကြောင့် မန်စီးတီးနဲ့ပွဲ ပါနိုင်မလားဆိုတာကို သိရဖို့က သောကြာနေ့ လေ့ကျင့်ရေးကိုပဲ စောင့်ရမှာဖြစ်တယ်။ သို့သော် စပိန်အသင်းက လူစာရင်းမှာ… Continue Reading →

မန်စီးတီးနဲ့ပွဲမှာ ကလော့ပ်က ဖာမင်နိုကို သေချာပေါက် သုံးမယ် အကြောင်းရင်းကို ကာရေဂါ ရှင်းပြ

ဒီအပတ်မှာတော့ လီဗာပူးဟာ ပရီးမီးယားလိဂ် ပွဲကောင်းအဖြစ် မန်စီးတီးနဲ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။ ဒီပွဲအတွက် မေးခွန်းတွေ အများကြီး ဖြစ်နေတဲ့အထဲက ကာရေဂါက လီဗာပူးရဲ့ တိုက်စစ်ကို ဘယ်သူ ဦးဆောင်မလဲဆိုတာအတွက် သူ့ရဲ့ အမြင်ကို တယ်လီဂရပ်ကနေ ထုတ်ဖော်ပါတယ်။ ကာရေဂါက ” ဒီအပတ် မန်စီးတီးကို လီဗာပူးအသင်း သွားရောက် ရင်ဆိုင်ချိန်မှာ ဖာမင်နိုကို ပွဲထွက်လူစာရင်းမှာ မထည့်ဘူးဆိုရင် ကျနော်ကတော့ အံ့အားသင့်မိမှာပါ ” လို့ ပြောပါတယ်။ လီဗာပူးတိုက်စစ်မှာ ဂျိုတာက တိုက်ရိုက် အကျိုးဖြစ်နေပြီး ပွဲကစားခွင့်ရချိန်တိုင်း… Continue Reading →

မန်စီးတီး V လီဗာပူး ပရီးမီးယားလိဂ် ပွဲစဉ် (၈) အတွက် လော်ရိုးရဲ့ သုံးသပ် ခန့်မှန်းချက်

ဒီအပတ် ပရီးမီးယားလိဂ် ပွဲစဉ် ၈ မှာတော့ ပွဲကြီးပွဲကောင်းအဖြစ် လီဗာပူးဟာ အမှတ်ပေးချန်ပီယံဆုအတွက် အဓိက ပြိုင်ဘက်အသင်းဖြစ်တဲ့ မန်စီးတီးကို အဝေးကွင်းမှာ သွားရောက် ယှဉ်ပြိုင်ရပါမယ်။ လီဗာပူးနဲ့ မန်စီးတီးတို့ ထိပ်တိုက်တွေ့မှုဟာ ဘောလုံးရာသီရဲ့ အကောင်းဆုံး အတွဲ ဖြစ်လာခဲ့တာဟာ ၃ ရာသီလောက် ရှိလာခဲ့ပါပြီ။ ဒီနှစ်သင်း ထိပ်တိုက်တွေ့မှုကနေ ထွက်ပေါ်လာတဲ့ ရလဒ်တွေဟာ အမှတ်ပေးဖလား ချန်ပီယံဖြစ်ဖို့ထိ သက်ရောက်မှု ရှိလာခဲ့တာက ၂၀၁၈-၂၀၁၉ ဘောလုံးရာသီ လီဗာပူးအသင်း ရမှတ် ၁ မှတ်တည်းနဲ့ ဒုတိယနေရာ ရောက်သွားခဲ့တာက… Continue Reading →

တိုက်စစ်မှူးဆာလက်ကို တွန်းအားပေး စိန်ခေါ်လိုက်တဲ့ လီဗာပူး ဂန္တဝင်ကြီး စတီဗင်ဂျရတ်

လီဗာပူးအသင်းခေါင်းဆောင်ဟောင်းနဲ့ ရိန်းဂျားအသင်းမန်နေဂျာ စတီဗင်ဂျရတ်က သူ့ရဲ့ လီဗာပူးစံချိန်ကောင်းကို ဆာလက် လိုက်မှီသွားတာအတွက် ဂုဏ်ယူ ချီးကျူးစကား ပြောဆိုခဲ့ပါတယ်။ စတီဗင်ဂျရတ်က ” ဆာလက်က လီဗာပူးနဲ့အတူ ငါ့ရဲ့ ဥရောပ သွင်းဂိုးစံချိန်ကို လိုက်မှီခဲ့တာအတွက် အရမ်း ဂုဏ်ယူပါတယ်။ ဒီလို လုပ်နိုင်ဖို့လည်း အချိန်တစ်ခုပဲ လိုခဲ့တယ်။ အရိုးသားဆုံး ပြောရမယ်ဆိုရင် ဆာလက်က ရှေ့ဆက်ပြီးလည်း ဒီမှတ်တမ်းကောင်းကို ကျေျာ်ဖြတ်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ တိုက်စစ်သမားတွေအတွက် ဒီလို ဂိုးတွေ သွင်းနေဖို့ကလည်း အတော်လေး အရေးပါပါတယ်။ ဆာလက်က သူ့ရဲ့ အလုပ်ဖြစ်တဲ့… Continue Reading →

စပိန်ထိပ်သီးရဲ့ ကမ်းလှမ်းမှုကို ငြင်းဆန်ခဲ့ပြီး လီဗာပူးထံက သစ္စာရှိမှု ပြန်ရဖို့ ဖာဘင်ညို မျှော်လင့်

အပြောင်းအရွှေ့နဲ့ ကစားသမားတွေရဲ့ အတွင်းရေးတွေကို နှံ့စပ်တဲ့ သတင်းထောက် Fabrizio Romano က လီဗာပူးအသင်းနဲ့ ဖာဘင်ညိုတို့ရဲ့ စာချုပ်ကိစ္စက စတင်တော့မယ်လို့ ထုတ်ပြောလာပါတယ်။ ဖာဘင်ညိုဟာ ဒီရာသီပြီးရင် လီဗာပူးနဲ့ စာချုပ် ၂ နှစ် ကျန်မှာဖြစ်ပြီး အသက် ၂၇ နှစ်အရွယ် ကစားသမားက အသင်းမှာ ဆက်နေလိုပါတယ်။ သူ့ကို စပိန်ကလပ်က ကမ်းလှမ်းမှု လုပ်ခဲ့ပေမယ့် လီဗာပူးဘက်က ရောင်းမထုတ်ခဲ့ဘဲ ဒီရာသီမှာ အသင်းရဲ့ ခေါင်းဆောင်ပိုင်း တစ်နေရာကိုပါ တာဝန်ပေးအပ်လာခြင်းဖြစ်တယ်။ Fabrizio Romano က… Continue Reading →

သီယာဂို မပါပေမယ့် ဂျိုတာ ပါဝင်ခဲ့တဲ့ မန်စီးတီးပွဲကြို လေ့ကျင့်ရေးနဲ့ လူစာရင်း အခြေအနေ

ကြာသပတေးနေ့ လေ့ကျင့်ရေး အစီအစဉ်တွေက ပြီးဆုံးခဲ့ပြီဖြစ်ကာ သီယာဂို ပြန်လည် ပါဝင်လာနိုင်ခြင်း မရှိပါဘူး။ ဒဏ်ရာက ပြန်သက်သာလာတဲ့ မာတစ်နဲ့ ကိတ်တာကတော့ လေ့ကျင့်ရေး အပြည့် ပြန်ဆင်းနိုင်ခဲ့တယ်။ ထိုနည်းတူ ရှာကွီရီနဲ့ ဂျိုတာတို့ကလည်း လေ့ကျင့်ရေးမှာ အခြေအနေ ကောင်းနေပြီး ရာနှုန်းပြည့် ကြံ့ခိုင်နေတဲ့ အနေအထားကို မြင်ခဲ့ရတယ်။ တနင်္ဂနွေနေ့ မန်စီးတီးနဲ့ပွဲမှာ ရွေးချယ်ခံဖို့က ကြာသပတေးနဲ့ သောကြာနေ့ ပွဲကြို လေ့ကျင့်ရေးတွေက အရေးပါပြီး အဆိုပါ နေ့ လေ့ကျျင့်ရေးတွေမှာ မပါခဲ့သူတွေကတော့ ပွဲကစားခွင့်တွေ ရဖို့ အလားအလာ… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!