Date

November 14, 2020

ဒဏ်ရာနဲ့ ကြံ့ခိုင်မှုဆိုင်ရာ ကိစ္စတွေ အပါအဝင် စနေနေ့အတွက် နောက်ဆုံးရ လီဗာပူးသတင်းများ

ဖာဘင်ညို၊ သီယာဂိုတို့ လာမယ့်အပတ်မှာ ပြန်ကောင်းနိုင်ဖို့ အသင်းဘက်က မျှော်လင့်ထားကြတာဖြစ်ပြီး ဖာဘင်ညိုက အက်ဆာမှာ ပြန်လည်ပူးပေါင်းမှု လုပ်ထားပေမယ့် သီယာဂို သတင်းတွေကတော့ ပျောက်ကွယ်နေဆဲပါ။ ရိုင်းစ် ဝီလီယမ်ဟာ လူငယ်အသင်းပွဲတွေမှာ သွင်းဂိုး ၈ ဂိုးထိ သွင်းထားသလို ဂိုးထောက်ပံ့မှု ၅ ကြိမ်ထိ လုပ်ထားနိုင်သူဖြစ်လို့ ဗန်ဒိုက်ရဲ့ တညန်ကန်ဘော သွင်းဂိုး ရယူပေးမှုတွေကို အစားထိုး လုပ်ပေးနိုင်ဖွယ်ရှိတယ်လို့ မျှော်လင့်ခံလာရပါတယ်။ ဂျေမီ ကာရေဂါက လီဗာပူးကို ဒီရာသီ ပရီးမီးယားလိဂ်ဖလား ထိန်းသိမ်းနိုင်စေဖို့ ထောက်ခံအားပေးခဲ့ပေမယ့် အသင်းက ဇန်နဝါရီ… Continue Reading →

ဗန်ဒိုက်ရဲ့ တည်ကန်ဘော သွင်းဂိုးတွေကို ဖြည့်ဆည်းပေးလာနိုင်တဲ့ လီဗာပူးအသင်းသား

လီဗာပူးခံစစ်သမား ဗန်ဒိုက်ဟာ အသင်းရဲ့ အမြင့်ဘော ကာကွယ်သူတစ်ဦး ဖြစ်သလို တည်ကန်ဘောတွေကနေ ဂိုးရယူပေးနိုင်စွမ်း မြင့်မားသူတစ်ဦးလည်း ဖြစ်ပါတယ်။ ဗန်ဒိုက်ဟာ လီဗာပူးကစားသမားဘဝ ပွဲပေါင်း ၁၃၀ ကစားထားချိန်မှာ သွင်းဂိုး ၁၃ ဂိုး ရယူထားသလို ဂိုးထောက်ပံ့မှု ၆ ကြိမ် လုပ်ထားနိုင်တယ်။ အများစုက သူ့ရဲ့ မြင့်မားတဲ့ အရပ်အမောင်းကို အားပြုပြီး သွင်းယူပေးတဲ့ ပြင်းထန်တဲ့ ခေါင်းတိုက် သွင်းဂိုးတွေ ဖြစ်ပါတယ်။ သူမရှိတဲ့နောက် လီဗာပူးရဲ့ ခေါင်းတိုက်သွင်းဂိုးတွေက အားနည်းလာခဲ့တယ်။ ဒါပေမယ့်လို့ လီဗာပူးအသင်းမှာ ဗန်ဒိုက်လို… Continue Reading →

ပရီးမီးယားလိဂ်ဖလားကို ကာကွယ်ဖို့ ခံစစ်မှူးခေါ်ကို ခေါ်ရမှာဖြစ်ကြောင်း ကာရေဂါ ထောက်ပြ

ဂျေမီ ကာရေဂါက လီဗာပူးကို ဒီရာသီ ပရီးမီးယားလိဂ်ဖလား ထိန်းသိမ်းနိုင်စေဖို့ ထောက်ခံအားပေးခဲ့ပေမယ့် အသင်းက ဇန်နဝါရီ အပြောင်းအရွှေ့မှာ ဗဟိုနောက်ခံလူ တစ်ယောက် ခေါ်ယူဖို့ လိုမယ်လို့ အကြံပေးခဲ့ပါတယ်။ လက်ရှိချန်ပီယံတွေနဲ့ မန်စီးတီးကြား သိပ်ကိုပြင်းထန်မယ့် ဖလားပြိုင်ဆိုင်မှုမှာ သူ့အသင်းဟောင်းက အသာရနိုင်တယ်လို့ ကာရေဂါက ထင်မြင်နေပေမယ့် ဒါက လီဗာပူးအသင်း ဗဟိုခံစစ် ဟာကွက်ကို ဖြည့်ဆည်းနိုင် မနိုင် ဆိုတဲ့အပေါ်မှာလည်း မူတည်တယ်လို့ ခံစစ်သမားဟောင်းကြီးက မှတ်ချက်ပေးပါသေးတယ်။ ကာရေဂါရဲ့ အဆိုအရ အဲ့ဒီ့ ဟာကွက်ဟာ မေလမှာ ဘယ်သူက ပရီးမီးယားလိဂ်ဖလား… Continue Reading →

ပိုသန်မာစွာ ပိုကြံ့ခိုင်စွာ ပြန်လာပါမယ်လို့ လီဗာပူးပရိသတ်တွေကို ကျေးဇူးတင်စကားဆိုတဲ့ ဂိုးမက်စ်

လီဗာပူးခံစစ်သမား ဂိုးမက်စ်ဟာ အင်္ဂလန်အသင်းနဲ့ ပူးပေါင်းစဉ်မှာ ရခဲ့တဲ့ ဒူးဒဏ်ရာကို ခွဲစိတ်မှု အောင်မြင်ခဲ့ပြီဖြစ်ပါတယ်။ ဒဏ်ရာက ပြင်းထန်ပေမယ့်လည်း ဒီရာသီမှာ ပွဲလုံးဝ မကစားနိုင်မယ့် အခြေအနေ မဟုတ်ဘဲ ဒုတိယရာသီဝက်မှာတော့ ဘောလုံးပြန်ကစားနိုင်ဦးမယ့် အခြေအနေဖြစ်တယ်။ ဂိုးမက်စ် ဒဏ်ရာရအပြီးမှာ မန်နေဂျာကလော့ပ်နဲ့ မန်နေဂျာဆောက်ဂိတ်တို့ နာရီအတန်ကြာ ဖုန်းပြောခဲ့ကြပါသေးတယ်။ ဂိုးမက်စ်ဟာ ပွဲဆက် သိပ်များခြင်းကြောင့် ဒဏ်ရာရခြင်းဖြစ်တယ်လို့ ဆောက်ဂိတ်က ထုတ်ပြောခဲ့တယ်။ ဘယ်ဘက်ဒူးမှာ ဒဏ်ရာရခြင်းဖြစ်ပြီး ခွဲစိတ်မှုနဲ့အတူ ထိခိုက်သွားတဲ့ အရွတ်ကို ပြင်ဆင်ခဲ့ရတယ်လို့ သိရပါတယ်။ လောလောဆယ်မှာတော့ ဂိုးမက်စ်ရဲ့ ပြန်လည်… Continue Reading →

ဆာလက်ရဲ့ အခြေအနေနဲ့ ကိုဗစ်ကြောင့် သူလွဲချော်သွားမယ့် လီဗာပူးပွဲစဉ်များ

ဒီအပတ် နိုင်ငံတကာသီတင်းပတ်မှာတော့ အီဂျစ်တိုက်စစ်သမား ဆာလက်ဟာ လက်ရွေးစင်ပွဲတွေကို ပါဝင်သွားနိုင်မှာ မဟုတ်ပါဘူး။ အီဂျစ်ဘောလုံးအဖွဲ့ချုပ်ဘက်ရဲ့ အတည်ပြုပေးမှုကို အင်္ဂလန်သတင်းဌာနတွေက ဖော်ပြလာရာမှာတော့ ဆာလက်ရဲ့ ကိုဗစ်စစ်ဆေးမှုဟာ positive ထွက်ခဲ့ပြီး နောက်ထပ် တစ်ကြိမ် စစ်ဆေးမှုကလည်း positive ဖြစ်ပါတယ်။ နှစ်ကြိမ်လုံး ပိုးတွေ့ခြင်းကြောင့် သူဟာ သီးသန့်နေမှုနဲ့အတူ ကုသမှု ခံယူရမှာဖြစ်တယ်။ လောလောဆယ်မှာတော့ ဆာလက်ကို အထူး အစီအစဉ်တွေနဲ့ စောင့်ရှောက်ပေးထားပြီး မာဆေးဆိုဒ်ကို ပြန်ခွင့်ပြုမှာ မဟုတ်ပါဘူး။ ဆာလက်က အီဂျစ်မှာ ၂ ပတ်ခန့် အနည်းဆုံးနေရမယ်လို့ သိရပြီး… Continue Reading →

လီဗာပူးနဲ့ သတင်းထွက်နေတဲ့ စကရီနီရာကို အသင်း မပြောင်းဖို့ သတိပေးတဲ့ စကာတယ်

လီဗာပူးခံစစ်သမားဟောင်းနဲ့ စလိုဗက်ကီးယား ခံစစ်သမား စကာတယ်က လက်ရွေးစင် အသင်းဖော် စကရီနီရာကို အလောတကြီး မဆုံးဖြတ်ဖို့ သတိပေးလိုက်ပါတယ်။ စကရီနီရာကို လီဗာပူး အပါအဝင် ပရီးမီးယားလိဂ်ကလပ်တွေနဲ့ လာလီဂါကလပ်တွေက စိတ်ဝင်စားနေတာပါ။ ဥရောပရဲ့ အလားအလာ အရှိဆုံး ခံစစ်သမားတွေထဲက တစ်ဦးဖြစ်တဲ့ စကရီနီရာဟာ ဒဏ်ရာက ပြန်သက်သာလာပြီးနောက် ပုံမှန် ပွဲထွက်ခွင့်အတွက် ကြိုးစားနေရသူဖြစ်တယ်။ စကာတယ်ဟာ အပြောင်းအရွှေ့မှာ အသင်းပြောင်းခြင်းထက် ပွဲထွက်ခွင့်ကိုပဲ ဦးတည် ကြိုးစားဖို့ အကြံပေးပါတယ်။ စကာတယ်က ပြောရာမှာ “ ကစားသမားတွေတိုင်းရဲ့ ဘဝမှာ အဆင်ပြေပြေ… Continue Reading →

ပူပန်နေသူတွေရဲ့ အဝေးမှာ တောက်ပခဲ့ကြတဲ့ ဖာမင်နို၊ ဂျုံး၊ ရိုင်းစ်နဲ့ မီနာမီနို

နိုဝင်ဘာလ နိုင်ငံတကာ သီတင်းပတ်အတွက် ဘရာဇီး၊ အင်္ဂလန်ယူ-၂၁ နဲ့ ဂျပန်အသင်းတို့ရဲ့ ပွဲတွေဟာ ယှဉ်ပြိုင်ကစားခဲ့ကြပြီဖြစ်ပါတယ်။ အင်္ဂလန် ယူ-၂၁ အသင်းရဲ့ ပွဲတွေမှာတော့ လူငယ်လေး ဂျုံးနဲ့ ရိုင်းစ်တို့ ပါဝင်ခဲ့ကြတာဖြစ်ပြီး ဂျုံးက အဖွင့် ၂၇ မိနစ်မှာတင် ဦးဆောင်ဂိုး သွင်းယူပေးခဲ့တာဖြစ်တယ်။ သူက ပွဲချိန် ၇၂ မိနစ်ထိ ကစားခွင့်ရခဲ့ပြီး ဝီလီယမ်က တစ်ပွဲလုံး ပါဝင်ကစားခဲ့တယ်။ ပွဲစဉ်ရဲ့ အကောင်းဆုံး ကစားသမားဆုကို ဂျုံးက ရရှိခဲ့ပါတယ်။ ဂျပန်အသင်းက ပနားမားအသင်းကို ၁-၀ နဲ့… Continue Reading →

ကိုဗစ်နဲ့ ဒဏ်ရာကြောင့် အနားယူရတဲ့ လီဗာပူး စီနီယာ ၁၄ ဦးထိ ရှိလာပြီ

လီဗာပူးတိုက်စစ်သမား ဆာလက်ဟာ အီဂျစ်လက်ရွေးစင်အသင်းနဲ့ ပူးပေါင်းစဉ်မှာပဲ ကိုဗစ်ပိုး တွေ့ရှိကြောင်းကို လက်ရွေးစင်ဘက်က တရားဝင် သတင်းထုတ်ပြန်ပေးခဲ့ပါပြီ။ ဆာလက်ဟာ နိုင်ငံတကာ သီတင်းပတ် နှစ်ခုကြားအတွင်းမှာ ကိုဗစ်နဲ့ ဒဏ်ရာ နှစ်ခုကြောင့် အနားယူရတဲ့ ၁၄ ဦးမြောက် လီဗာပူးအသင်းသားလည်း ဖြစ်လာစေခဲ့တယ်။ ဒါ့အပြင် နိုင်ငံတကာသီတင်းပတ်အပြီး ပြန်လည် စတင်မယ့် လက်စတာနဲ့ပွဲမှာ ပါဝင်ဖို့ မသေချာမယ့် ၇ ဦးမြောက် ကစားသမားလည်း ဖြစ်ပါတယ်။ အီဂျစ်ဘက်ကတော့ ဆာလက်ရဲ့ အခြေအနေ ပြန်မသက်သာသ၍ သီးသန့်ထား စောင့်ကြည့်သွားမှာဖြစ်တယ်။ သူဟာ လီဗာပူးကို… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!