Date

November 15, 2020

ခံစစ်အတွက် ချိန်ရွယ်မှု၊ ဒဏ်ရာပြဿနာတွေနဲ့အတူ တနင်္ဂနွေနေ့ နောက်ဆုံးရ လီဗာပူးသတင်းများ

လက်ရွေးစင်အသင်းတာဝန်ကို ထမ်းဆောင်ရင်း ဒဏ်ရာရသွားတဲ့ ဂိုးမက်စ်အတွက် ဖီဖာက လီဗာပူးကို ပေါင် ၂ သန်း လျော်ကြေးပေးမှာဖြစ်ပါတယ်။ လီဗာပူးအားကစားဒါရိုက်တာ မိုင်ကယ်အတ်ဝပ်က နာပိုလီ ခံစစ်သမား ကိုလီဘာလီကို ခေါ်ယူဖို့ရာ ကစားသမားရဲ့ အသက်အရွယ်နဲ့ လုပ်ခအရ ကြိုးစားဖို့ တွန့်ဆုတ်နေတာဖြစ်တယ်လို့ သိရပါတယ်။ ကွင်းလယ်လူ သီယာဂိုဟာ ခြေထောက်ဒဏ်ရာ သက်သာနေကြောင်းကို အင်စတာဂရမ်က My Day မှာ ကလေးတွေနဲ့အတူ ဆော့နေရင်းက ပင်ပေါင်ဘောလုံးကို တော့ပြရင်း သက်သေထူခဲ့ပါတယ်။ ညာအစွန်လူ ထရန့်က ပြိုင်ဘက်တွေကို ရင်ဆိုင်ဖို့ တုန်လှုပ်ခြင်း… Continue Reading →

လီဗာပူးကစားသမားကို အမြဲ အတုယူပါကြောင်း ထုတ်ပြောတဲ့ ဝက်ဟမ်းရဲ့ ဒီကလန် ရိုက်

ဝက်ဟမ်းအသင်း ကွင်းလယ်လူ ဒီကလန်ရိုက်က လက်ရွေးစင်အသင်းမှာ စီနီယာကစားသမားဖြစ်တဲ့ ဟန်ဒါဆန်ရဲ့ ဦးဆောင်နိုင်စွမ်းတွေကို အမြဲတမ်း သင်ယူနေပါတယ်လို့ ဝန်ခံစကား ပြောဆိုပါတယ်။ ရိုက်ဟာ ဟန်ဒါဆန်ရဲ့ ကွင်းလယ်နေရာကို ရေရှည် အစားထိုးလာမယ့် အင်္ဂလန်ကစားသမားအဖြစ် နာမည်ရလာသူပါ။ သူဟာလည်း ဟန်ဒါဆန်နည်းတူ နံပါတ် ၆ နေရာကို အထူးပြု ကစားနေသူဖြစ်ကာ လီဗာပူးအသင်းခေါင်းဆောင်နဲ့ တွဲဘက် ကစားခွင့်တွေလည်း ရလာနေသူဖြစ်တယ်။ ရိုက်က ပြောရာမှာ “ အကယ်လို့ ဂျော်ဒန်ကို လေ့လာကြည့်မယ်ဆိုရင် သူ့ရဲ့ ကစားသမားဘဝ တစ်ခုလုံးမှာ ပွဲတွေအတွက် အကောင်းဆုံး… Continue Reading →

လီဗာပူး ကစားသမား နှစ်ဦးကို ပစ်မှတ်စာရင်းထဲ ထည့်သွင်းထားတဲ့ ဘာစီလိုနာ

ဘာစီလိုနာအသင်းဟာ ကစားသမား အင်အားဖြည့်ဖို့အတွက် ပစ်မှတ် စာရင်းတွေ လုပ်ထားရာမှာ လီဗာပူးကစားသမား ၂ ဦး ပါဝင်နေတယ်လို့ သိလာရပါတယ်။ မန်နေဂျာကိုးမန်းဟာ ကွင်းလယ်လူ ဝိုက်နယ်ဒမ်ကို ၎င်းရဲ့ ဦးစားပေး ကစားသမားမျာစာရင်းထဲ ထည့်သွင်းထားတယ်။ ဝိုက်နယ်ဒမ်ဟာ ဒီရာသီကုန်ရင် လီဗာပူးနဲ့ စာချုပ်သက်တမ်း ကုန်မှာဖြစ်ပြီး သက်တမ်းတိုးဖို့ သဘောတူညီမှု မရသေးပါဘူး။ ဝိုက်နယ်ဒမ်ကတော့ လီဗာပူးနဲ့ စာချုပ်ချုပ်ဖို့ ကိစ္စကို မငြင်းသလို ဘာစီလိုနာနဲ့ သတင်းတွေကိုလည်း ငြင်းဆန်ထားခြင်း မရှိဘူး။ အသက် ၂၉ နှစ်အရွယ် ဝိုက်နယ်ဒမ်ဟာ လီဗာပူးနဲ့… Continue Reading →

ဒီကနေ့ ယှဉ်ပြိုင်မယ့် စကော်တလန်ပွဲမှာ တံကောက်ကြော ဒဏ်ရာကြောင့် ရိုဘို ပါဝင်မည် မဟုတ်

စကော်တလန် မန်နေဂျာ စတိဗ် ကလက်က လက်ရွေးစင် အသင်းခေါင်းဆောင် ရော်ဘတ်ဆန်ဟာ စလိုဗက်ကီးယားနဲ့ ယှဉ်ပြိုင်ရမယ့် ပွဲကို လွဲချော်သွားနိုင်ချေ များနေတယ်လို့ အတည်ပြုလိုက်ပါတယ်။ စကော်တလန်အသင်းဟာ ယူရို ၂၀၂၀ ကို ပါဝင်ယှဉ်ပြိုင်ဖို့ ခြေစစ်ပွဲ အောင်မြင်ခဲ့ပြီ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း နိုဝင်ဘာ နိုင်ငံတကာ သီတင်းပတ်မှာ နောက်ထပ် လက်ရွေးစင်ပွဲ ၂ ပွဲ ကစားဖို့ ကျန်ရှိနေသေးတာပါ။ ရော်ဘတ်ဆန်ဟာ ဆားဘီးယားပွဲမှာ ရခဲ့တဲ့ အသေးစား ဒဏ်ရာကြောင့် အဆိုပါ လက်ရွေးစင်ပွဲတွေကို လွဲချော်ဖွယ်ရှိတယ်။ ၁၉၉၈… Continue Reading →

ယာဂင်ကလော့ပ်အတွက် လက်မှတ်ထိုးမှု အသစ်လို ဖြစ်လာမယ့် ထိပ်တန်း အသင်းသား ၂ ဦး

နိုဝင်ဘာလ နိုင်ငံတကာသီတင်းပတ်အပြီးမှာ လီဗာပူးရဲ့ ပွဲစဉ် ၅ ပွဲက ၃ ရက် တစ်ပွဲနှုန်း ယှဉ်ပြိုင်ရမှာဖြစ်ကာ အဆိုပါ ပွဲတွေမှာတော့ လက်စတာ၊ ဘရိုက်တန်၊ ဝုဗ်လို ပရီးမီးယားလိဂ် ပြိုင်ဘက်ကောင်းတွေနဲ့ အတ္တလန်တာ၊ အေဂျက်လို ချန်ပီယံလိဂ်ပွဲတွေ ရှိလာမှာဖြစ်တယ်။ လက်တလော အခြေအနေထိ လီဗာပူး စီနီယာအသင်းသား ၅ ဦးဟာ အနည်းဆုံး လာမယ့် ၂ ပွဲကို ကစားနိုင်မှာ မဟုတ်ဘဲ သီယာဂို၊ ဖာဘင်ညို အခြေအနေကို တရားဝင် သိထားရခြင်း မရှိပါဘူး။ ဒဏ်ရာပြဿနာတွေဟာ… Continue Reading →

လီဗာပူးအသင်းရဲ့ လူသိနည်းတဲ့ နည်းစနစ်ပိုင်း အားသာချက်ကြီး တစ်ချက်

ဘောလုံးပွဲတစ်ပွဲမှာ မပါမဖြစ်တာကတော့ ပြစ်ဒဏ် ကျူးလွန်ခြင်းပဲ ဖြစ်ပါတယ်။ ပြစ်ဒဏ်ကျူးလွန်ခြင်းဆိုတာက ကိုယ်အသင်းက ပြိုင်ဘက်ကစားသမားကို ပြစ်ဒဏ်ကျူးလွန်ခြင်း ဖြစ်နိုင်သလို ကိုယ်က ကျူးလွန်ခံရတာလည်း ဖြစ်နိုင်တယ်။ လီဗာပူးအသင်းဟာ အရေးပါတဲ့ နည်းစနစ်ပိုင်း ပြစ်ဒဏ်ကျူးလွန်မှုက လွဲရင် ပြိုင်ဘက် အသင်းအပေါ် လူချကစားမှု နည်းပါးတဲ့ အသင်းဖြစ်တယ်။ ဒါကြောင့် ယာဂင်ကလော့ပ်ရဲ့ အသင်းဟာ ပြီးခဲ့တဲ့ ၄ ရာသီဆက်တိုက် ပရီးမီးယားလိဂ်ရဲ့ အသန့်ရှင်းဆုံး အသင်းဆိုတဲ့ နေရာကို အနိုင်ရထားပါတယ်။ ဖိအားပေးခြင်းနဲ့ တိုက်ခိုက်လိုစိတ် အပြည့်ရှိတဲ့ အသင်းအဖြစ် လီဗာပူးကို ယာဂင်ကလော့ပ်… Continue Reading →

ဆာလက်၊ ထရန့်နဲ့ ဗန်ဒိုက်တို့ မပါနိုင်ပေမယ့် လီဗာပူး ထုတ်သုံးနိုင်တဲ့ အကောင်းဆုံး လူစာရင်း

လီဗာပူးကစားသမားတွေဖြစ်တဲ့ ဆာလက်နဲ့ ထရန့်တို့ဟာ လာမယ့် သီတင်းပတ် အနည်းငယ်ထိ ဘောလုံးကစားနိုင်ဦးမှာ မဟုတ်သလို ဂိုးမက်စ်၊ ဗန်ဒိုက်နဲ့ ချိန်ဘာလိန်ကလည်း ကာလရှည် အနားယူရဦးမှာဖြစ်တယ်။ အကောင်းမြင်စရာအဖြစ် သီယာဂို၊ ဖာဘင်ညိုနဲ့ ကိတ်တာတို့ ကြံ့ခိုင်မှုတွေ ကောင်းလာနေကြပြီဖြစ်ကာ ၃ ဦးလုံးဟာ လက်စတာနဲ့ပွဲမှာ ပါဝင်နိုင်မယ်လို့ အကောင်းမြင်စရာတွေ ရှိလာနေပါပြီ။ လက်ရှိ လူစာရင်းအရ ကလာ့ပ် ရွေးချယ်လို့ရနိုင်မယ့် အကောင်းဆုံး လူစာရင်းကို ခန့်မှန်းကြည့်မှာဖြစ်ပါတယ်။ ၄-၃-၃ ကစားကွက် Line up: Alisson; Milner, Fabinho, Matip,… Continue Reading →

လီဗာပူးရဲ့ အမာကြောဆုံး အင်ဂျင်ကြီး ၄ ခုကို ထုတ်ဖော်ပြောဆိုတဲ့ အလက်ဇန္ဒား-အာနိုး

လီဗာပူး ညာအစွန်လူ ထရန့်က ကလပ်ရဲ့ အကြံ့ခိုင်ဆုံး ကစားသမားတွေနဲ့ ပက်သက်ပြီး အမှတ်တရ ပြောဆိုမှုတစ်ခု ပြုလုပ်သွားပါတယ်။ လီဗာပူးကစားသမား အများအပြားဟာ ဖိအားပေး ကစားဟန်ကို အံဝင်ဖို့ရာ ကြံ့ခိုင်စွာ ကစားနိုင်ကြသူတွေဖြစ်တယ်။ ထရန့်ကတော့ ဟန်ဒါဆန်၊ ဝိုက်နယ်ဒမ်၊ ရော်ဘတ်ဆန်နဲ့ မီလ်နာတို့ဟာ အသင်းရဲ့ အကြံ့ခိုင်ဆုံး ကစားသမားတွေအဖြစ် ဖွင့်ဟမှု လုပ်ခဲ့တယ်။ ရာသီကြိုမှာ လီဗာပူးအသင်းဟာ သွေးထဲမှာ လက်တစ်အက်ဆစ် ဘယ်လောက်ရှိသလဲနဲ့တကွ ပြေးနှုန်းတွေ၊ ကွင်းပတ်ပြေးနိုင်မှုတွေ စသဖြင့် စီးရီးတွဲလိုက် လေ့ကျင့်ရေးတွေကို အကောင်းဆုံး လုပ်ရသူဖြစ်တယ်။ အဲ့လို… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!