Date

November 16, 2020

ကစားသမား စောင့်ကြည့်မှုတွေ၊ ဒဏ်ရာ ကိစ္စတွေနဲ့ တနင်္လာနေ့ နောက်ဆုံးရ လီဗာပူးသတင်းများ

မနေ့တုန်းက နယ်သာလန်အတွက် ဂိုးသွင်းပေးပြီး အောင်ပွဲခံခဲ့တဲ့ ဝိုက်နယ်ဒမ်ရဲ့ အပြုအမှုဟာ အသင်းဖော် ဗန်ဒိုက်အတွက် ရည်ရွယ်တယ်လို့ သိရပါတယ်။ လီဗာပူးအသင်းဟာ ဘာစီလိုနာအသင်းမှ အသက် ၁၇ နှစ်အရွယ် လူငယ်ကစားသမား ဘလိတ်ကို ခေါ်ယူနိုင်ဖို့ ကြိုးစား ချဉ်းကပ်နေတယ်လို့ သိရပါတယ်။ အီဂျစ် ကျန်းမာရေးဝန်ကြီက ဆာလက်ကို PCR စစ်ဆေးမှု ပြုလုပ်ပေးမှာဖြစ်ပြီး ရလဒ်က negative ဆိုရင် လီဗာပူးထံ ပြန်ခွင့် ပြုမှာဖြစ်တယ်။ ဒါပေမယ့်လို့ ၎င်းတို့ကတော့ နှစ်ကြိမ်ထိ စစ်ဆေးလိုနေတာကြောင့် လက်စတာပွဲကတော့ လွဲဦးမှာ ဖြစ်ပါတယ်။… Continue Reading →

မြက်ခင်ပြင်မှာ မြင်တွေ့လာရခြင်းကြောင့် ချိန်ဘာလိန် ဘောလုံးပြန်ကစားနိုင်နေပြီလို့ ယူဆရဖွယ်ရှိ

ရာသီကြို လေ့ကျင့်ရေးမှာ မမျှော်လင့်ဘဲ ဒဏ်ရာရသွားခဲ့တဲ့ ချိန်ဘာလိန်ဟာ မြက်ခင်းပြင်ပေါ် ပြန်လည် ခြေချနိုင်နေပြီလို့ ယူဆစရာ ရှိလာပါတယ်။ မနေ့တုန်းကပဲ ချိန်ဘာလိန်က အင်စတာဂရမ်မှာ ဘောလုံးနဲ့ ဂိုက်ပေးနေတဲ့ ပုံတစ်ပုံကို တင်သွားခဲ့တာပါ။ ပုံက အသစ်လား အဟောင်းလားဆိုတာကို မသိနိုင်ပေမယ့် သူကိုယ်တိုင်ကတော့ ဘောလုံး၊ အချိန် ဆိုတဲ့ သင်္ကေတနှစ်ခုကို ပူးတွဲဖော်ပြခဲ့တာကြောင့် အချိန်တစ်ခု စောင့်ရဦးမှာက သေချာပါတယ်။ အသက် ၂၇ နှစ်အရွယ် ကွင်းလယ်လူဟာ မနှစ်က ရာသီနှောင်းပိုင်းမှာ ဘောလုံး ပြန်ကစားနိုင်ခဲ့သလို ရာသီကြိုမှာလည်း အကောင်းဆုံး… Continue Reading →

အားကစားလောကရဲ့ အကြီးကျယ်ဆုံး ပုဂ္ဂိုလ်တွေထဲမှာ ကလော့ပ် ပါဝင်နေမှာပါဆိုတဲ့ ချီးကျူးမှု

ယာဂင်ကလော့ပ်ဟာ အားကစားလောကမှာ အကြီးကျယ်ဆုံး နည်းပြတစ်ယောက်ဖြစ်တယ်လို့ ဆောက်သမ်တန် ဥက္ကဌဟောင်း ခရူးဂါက ဆိုလိုက်ပြီး လီဗာပူးနည်းပြရဲ့ ဘောလုံးအပေါ် ချစ်ခင်မှုနဲ့ ရိုးသားမှုကိုလဲ ချီးကျူးပြောဆိုခဲ့ပါတယ်။ ကလော့ပ်ဟာ ဒေါ့မွန်မှာ ၇ နှစ်အတွင်း ဥရောပထိပ်တန်းနည်းပြ ဖြစ်လာခဲ့ပြီး ဘွန်ဒက်စ်လီဂါ ဖလား ၂ကြိမ်နဲ့ ချန်ပီယံလိဂ် ဖိုင်နယ်တစ်ကြိမ် ရောက်ခဲ့တာပါ။ အဲ့ဒီ့နောက် သူဟာ ၂၀၁၅ အောက်တိုဘာမှာ လီဗာပူးကို ၃ နှစ်စာချုပ်နဲ့ ရောက်လာခဲ့ပြီး ဘရန်ဒန်ရော်ဂျာ်နေရာကိုဆက်ခံခဲ့ပါတယ်။ အသက် ၅၃ နှစ်အရွယ် နည်းပြဟာ လီဗာပူးကို အင်္ဂလန်ရဲ့… Continue Reading →

အဓိက ကစားသမား ၉ ဦး မပါဘဲ လက်စတာနဲ့ပွဲမှာ ကလော့ပ် ထုတ်သုံးနိုင်တဲ့ လူစာရင်း

နိုင်ငံတကာသီတင်းပတ်မှာ လီဗာပူးကစားသမားတွေ ဆက်လက် ဒဏ်ရာရမှု တိုးပွားလာတဲ့နောက် လက်စတာပွဲအတွက် ထုတ်သုံးနိုင်တဲ့ လူစာရင်းကို အမျိုးမျိုး ဖော်ပြလာခဲ့ပြီဖြစ်တယ်။ အဆိုပါ လူစာရင်းတွေထဲက အလားအလာ အရှိဆုံး ပွဲထွက် လူစာရင်းကို ဖော်ပြမှာဖြစ်တယ်။ လီဗာပူးအသင်းမှာ စီနီယာကစားသမား ၉ ဦးထိ ဒဏ်ရာရနေပြီး နိုင်ငံတကာပွဲအပြီး ပြန်လည် ယှဉ်ပြိုင်မယ့် လက်စတာနဲ့ပွဲမှာ ထုတ်သုံးဖို့ အကန့်အသတ်တွေ ရှိလာခဲ့ပါပြီ။ ပြီးခဲ့တဲ့ ရက်တွေကပဲ ဂိုးမက်စ်၊ ဟန်ဒါဆန်၊ ရော်ဘတ်ဆန်တို့ရဲ့ ဒဏ်ရာအခြေအနေတွေ ထပ်ကြားလာရခြင်းဖြစ်ကာ မန်နေဂျာကလော့ပ်ရဲ့ ဦးစားပေး ခံစစ်တန်းတစ်ခုလုံး ဒဏ်ရာရနေတဲ့… Continue Reading →

တံကောက်ကြော ဒဏ်ရာဖြင့် စကော်တလန်နဲ့ ဆက်လက် ပူးပေါင်းနေတဲ့ ရိုဘိုရဲ့ အခြေအနေ

ဘယ်အစွန်လူ ရော်ဘတ်ဆန်ဟာ ယာဂင်ကလော့ပ်ရဲ့ ဦးစားပေး ခံစစ်လေးယောက်တန်းမှာ တစ်ဦးတည်းသော ကြံ့ခိုင်မှု ကောင်းနေသူ ဖြစ်ပေမယ့်လည်း စကော်တလန် လက်ရွေးစင်နဲ့ ပူးပေါင်းစဉ်မှာ ဒဏ်ရာ ရရှိခဲ့ပြီဖြစ်ပါတယ်။ ဆားဘီးယားနဲ့ပွဲကို မိနစ် ၁၂၀ လုံး ကစားခဲ့ခြင်းက သူ့ရဲ့ ကြံ့ခိုင်မှုကို ထိခိုက်စေခဲ့တယ်။ တံကောက်ကြောလို့ ယူဆရတဲ့ ဒဏ်ရာဟာ ဆိုးဆိုးရွားရွား အခြေအနေ မဟုတ်ပေမယ့် စလိုဗာကီးယားနဲ့ ယှဉ်ပြိုင်ကစားတဲ့ တနင်္ဂနွေနေ့ ပွဲမှာတော့ သူ ပါဝင်နိုင်ခဲ့ခြင်း မရှိပါဘူး။ ဒါပေမယ့်လို့ ဒဏ်ရာအခြေအနေ ပြင်းထန်တယ်လို့ နိုင်ငံအသင်းကော၊ ကလပ်အသင်းကပါ… Continue Reading →

ဝေါ်ကာနဲ့ အလက်ဇန္ဒား-အာနိုး ကြား နှိုင်းယှဉ်မှုက မမျှတဘူးလို့ တုန့်ပြန်လိုက်တဲ့ ဒီဘရိုင်း

မန်စီးတီးကွင်းလယ်လူ ဒီဘရိုင်းက ပြီးခဲ့တဲ့ လီဗာပူးကို ရင်ဆိုင်ကစားတဲ့ပွဲမှာ ဝေါ်ကာ ဝေဖန်ခံရတဲ့ အနေအထားက မမျှတပါဘူးလို့ ထုတ်ပြောလိုက်ပါတယ်။ စကိုင်းမှ သုံးသပ်သူ ရိုင်ကိန်းက ဝေါ်ကာကို လူပိန်းလို့ မှတ်ချက်ပေးခဲ့သလို အခြားသော သုံးသပ်သူတွေက ထရန့်နဲ့ ဝေါ်ကာကြား နှိုင်းယှဉ်မှုတွေ လုပ်နေကြတာပါ။ ညာအစွန်နေရာမှာ ကစားနေကြသူတွေဖြစ်ပေမယ့် အင်္ဂလန်သား ကစားသမား နှစ်ဦးက မတူညီတဲ့ တာဝန်တွေနဲ့မို့ ယှဉ်တွဲ ပြောဆိုတာက မမျှတဘူးလို့ ဒီဘရိုင်းက မြင်ပါတယ်။ ဘယ်ဂျီယံသားက ” မန်စီးတီးအသင်းကို ပြောင်းလာပြီးတည်းက ကိုင်လီဟာ အသင်းအတွက်… Continue Reading →

ကိတ်တာ၊ မာနေး၊ ဂီနီတို့ ဂိုးတွေ ဆက်တိုက် သွင်းကြတဲ့ နိုင်ငံတကာသီတင်းပတ် အခြေအနေ

နိုဝင်ဘာလ နိုင်ငံတကာ သီတင်းပတ်အတွင်းမှာ လီဗာပူးစီနီယာတွေ ပါဝင်တဲ့ လက်ရွေးစင်အသင်းတွေက ဒုတိယမြောက် ပွဲတွေကို ယှဉ်ပြိုင်ကစားခဲ့ကြပါတယ်။ ဒဏ်ရာက သက်သာလာတဲ့ ကွင်းလယ်လူ ကိတ်တာဟာ ဂူနီယာအသင်းနဲ့ အာဖရိက ဖလားပွဲတွေကို ယှဉ်ပြိုင်နေပြီး မနေ့ကပွဲမှာ ဂိုးသွင်းထားပါတယ်။ တစ်ဘက်မှာ မာနေးကလည်း နိုင်ငံတကာသီတင်းပတ်မှာ ၂ ပွဲဆက် ဂိုးသွင်းထားပါတယ်။ သူရဲ့ မိခင်အသင်းဟာ ၂၀၂၂ ခုနှစ် အာဖရိကဖလားကို ပထမဆုံး ခြေစစ်ပွဲအောင်မြင်ခဲ့ပါပြီ။ ဂူနီယာအသင်းရဲ့ ပွဲတွေက ဆက်ကစားဖို့ မရှိတေ့ာပေမယ့် ဆီနီဂေါအသင်းကတော့ တစ်ပွဲ ကစားဖို့ ကျန်ရှိမှာဖြစ်ပါတယ်။… Continue Reading →

အင်္ဂလန်နဲ့ ဘယ်ဂျီယန်ပွဲအတွင်း ဟန်ဒါဆန် ဒဏ်ရာရသွားကြောင်း ဆောက်ဂိတ် ထုတ်ပြော

အင်္ဂလန်မန်နေဂျာ ဆောက်ဂိတ်ကတော့ ဘယ်ဂျီယံနဲ့ ယှဉ်ပြိုင်ကစားတဲ့ နေးရှင်းလိဂ်ပွဲမှာ လီဗာပူးအသင်းခေါင်းဆောင် ဟန်ဒါဆန်ဟာ ပွဲဆက်မကစားနိုင်တာကြောင့် လူစားလဲခဲ့ရတာလို့ ထုတ်ပြောပါတယ်။ ဒါဟာ လီဗာပူးအတွက် သတင်းကောင်းတော့ မဟုတ်ပါဘူး။ ဟန်ဒါဆန်ဟာ ၂-၀ နဲ့ အရေးနိမ့်နေတဲ့ပွဲမှာ စပါးကွင်းလယ်လူ ဟယ်ရီဝင့်နဲ့ လူစားလဲခံခဲ့ရတယ်။ သူ့ရဲ့ ဒဏ်ရာဟာ ပြင်းထန်တဲ့ ဒဏ်ရာမျိုး မဟုတ်ဘူးလို့ ယူဆရပေမယ့် ဘယ်ဂျီယံနဲ့ပွဲမှာ ဆက်မကစားနိုင်တဲ့ ကြွက်တက်ခြင်းလို ကိစ္စမျိုး ဖြစ်ပါတယ်။ မန်နေဂျာဆောက်ဂိတ်က ဟန်ဒါဆန်ဟာ ပွဲကို ဆက်မကစားနိုင်တဲ့ ကြံ့ခိုင်မှု ပြဿနာကြောင့် လူစားလဲခဲ့ရတာလို့ ဆိုတယ်။… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!