Date

November 18, 2020

ဂျာမနီအသင်းကို ကလော့ပ် တာဝန်ယူမှာ မဟုတ်ခြင်းနဲ့ ဗုဒ္ဓဟူးနေ့ နောက်ဆုံးရ လီဗာပူးသတင်းများ

ဂျာမနီအသင်းကို မန်နေဂျာအဖြစ် တာဝန်ယူဖို့ ကလော့ပ် စိတ်ဝင်စားနေတယ်ဆိုတဲ့ သတင်းတွေက ကောလဟာလတွေပဲဖြစ်ပြီး သူဟာ လီဗာပူးအတွက်ပဲ အာရုံစိုက်နေတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့တစ်ကြိမ် ကိုဗစ် စစ်ဆေးမှုမှာ ရလဒ်ကောင်းထွက်ထားတဲ့ ဆာလက်ဟာ ဒီတစ်ကြိမ်မှာတော့ positive ပြန်တွေ့ပါတယ်။ သူဟာ လက်စတာပွဲကို သေချာပေါက်လွဲမှာဖြစ်ပြီး အတ္တလန်တာပွဲကိုလည်း လွဲချော်ဖို့ များသွားပါပြီ။ လီဗာပူးအသင်းနဲ့ သတင်းထွက်နေတဲ့ ဆဲလ်ဘတ်ကွင်းလယ်လူ Dominik Szoboszlai ဟာ အသင်းပြောင်းဖို့ ရှိနေကာ နယ်မြေသစ်မှာ ကျင်လယ်လိုနေတယ်လို့ ကစားသမားရဲ့ အေးဂျင့်က ထုတ်ပြောပါတယ်။ ချန်ပီယံရှစ်မှာတော့ လူစားလဲမှု… Continue Reading →

၂၀၂၀-၂၀၂၁ ဘောလုံးရာသီ လီဗာပူးအသင်းရဲ့ ရောင်းအကောင်းဆုံး ဂျာစီပိုင်ရှင် ၇ ဦး

၂၀၂၀-၂၀၂၁ ဘောလုံးရာသီမှာတော့ လီဗာပူးအသင်းဟာ ဂျာစီ စပွန်ဆာ စာချုပ်အသစ်အဖြစ် NIKE နဲ့ လက်တွဲခဲ့ပြီဖြစ်ပါတယ်။ ဒီရာသီမှာ လီဗာပူးဂျာစီတွေရဲ့ ဖြန့်ဝေနိုင်အားဟာ ယခင် ကုမ္ပဏီဖြစ်တဲ့ NB ရဲ့ ဖြန့်ဝေနိုင်မှုနဲ့ ၂ ဆကျော် ကွာခြားသွားခဲ့ပါတယ်။ လီဗာပူးအသင်းရဲ့ ကစားသမားသစ်တွေဖြစ်တဲ့ ကိုစတက်၊ ဂျိုတာ၊ သီယာဂိုတို့ရဲ့ ဂျာစီတွေကလည်း ရောင်းကောင်းခဲ့ပြီး ပရိသတ်အကြိုက်ဖြစ်ကာ ကလပ်ရဲ့ ရောင်းအကောင်းဆုံး ဂျာစီနံပါတ် ပိုင်ရှင်တွေက အောက်ပါအတိုင်း ဖြစ်ပါတယ်။ 7. Jordan Henderson လီောပူးအသင်းခေါင်းဆောင်ဖြစ်တဲ့ ဟန်ဒါဆန်ဟာ ဒီဘက်နှစ်တွေမှာ… Continue Reading →

လီဗာပူး နည်းပြနဲ့ ဝန်ထမ်း အဖွဲ့ဝင် ၁၀ ဦးလောက်ထိ ကိုဗစ်ကူးစက်ခံထားရကြောင်း တွေ့ရှိ

လီဗာပူးရဲ့ လေ့ကျင့်ရေးတွေ အခြေစိုက်ရာဖြစ်တဲ့ ကာဘီက အကယ်ဒမီ လေ့ကျင့်ရေးဘက်ခြမ်းမှာတော့ ကိုဗစ်ကူးစက်မှုတွေ မြင့်တက်နေတဲ့ အနေအထားဖြစ်ပါတယ်။ လောလောဆယ်ထိ သိရတာက အကယ်ဒမီနည်းပြနဲ့ ဝန်ထမ်းပေါင်း ၁၀ ဦးလောက်ထိ ကိုဗစ်ပိုး တွေ့ရှိထားတာဖြစ်တယ်။ ကလပ်က သက်တမ်းအလိုက် လူငယ်အသင်းတွေရဲ့ ဒီအပတ် လေ့ကျင့်ရေး အစီအစဉ်တွေကို ဖျက်သိမ်းမှု ပြုလုပ်ထားတယ်လို့ သိရတယ်။ ဒီအကြောင်းနဲ့ ပက်သက်ပြီး လီဗာပူးအသင်း ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်ကတော့ “ အကယ်ဒမီ ဝန်ထမ်း အချို့ ကိုဗစ်-၁၉ ကူးစက်ခံထားရကြောင့် စစ်ဆေးတွေ့ရှိလို့ သီးသန့်ထားမှုတွေ လုပ်နေပါတယ်။… Continue Reading →

မိသားစုက လီဗာပူးပရိသတ်တွေဖြစ်ပြီး ဂျရတ်က သူ့ရဲ့ ဟီးရိုးကြီးဆိုတဲ့ ယူနိုက်တက် ကြယ်ပွင့်

ယူနိုက်တက်ကြယ်ပွင့် ကွင်းလယ်လူ ဂျိမ်းဂါနာက လီဗာပူးရဲ့ ဂန္တဝင်ကစားသမားကြီး စတီဗင်ဂျရတ်က သူ့ရဲ့ စံပြကစားသမားပါလို့ ဝန်ခံပါတယ်။ မာဆေးဆိုဒ်အနီးမှာ မွေးဖွားလာတဲ့ ဂျိမ်းဂါနာဟာ လီဗာပူးကို အမာခံအားပေးတဲ့ ပရိသတ်ကနေ ပေါက်ဖွားလာသူပါ။ ဒါပေမယ့်လို့ အသက် ၈ နှစ်အရွယ်မှာ ယူနိုက်တက် အကယ်ဒမီမှာ တက်ရောက်ခဲ့သလို သူ့ရဲ့ စီနီယာစာချုပ်ကိုလည်း ယူနိုက်တက်နဲ့ပဲ ချုပ်ဆိုခဲ့သူဖြစ်တယ်။ ဂျိမ်းဂါနာက ” ဒီအကြောင်းကို အကြိမ်တွေ အများကြီး အမေးခံထားရပြီးပါပြီ။ ဘာလို့လည်းဆိုတော့ ကျနော် မွေးဖွားကြီးပြင်းလာတဲ့ နေရာကြောင့်ပါ။ ကျနော်က မန်ချက်စတာ ယူနိုက်တက်က… Continue Reading →

လာမယ့်ရာသီတွေမှာ အင်္ဂလန်သားတွေ ပိုများများ ထည့်သုံးရတော့မယ့် အင်္ဂလန်ကလပ်များ

ပရီးမီးယားလိဂ်ဟာ လာမယ့်အပတ် အကုန်မှာတော့ အလုပ်ပါမစ်ဆိုင်ရာ စည်းမျဉ်း စည်းကမ်းတွေကို ပြောင်းလဲ ပြင်ဆင်ခြင်းအတွက် ဘောလုံးအဖွဲ့ချုပ်နဲ့ လိဂ်တွေကြားမှာ သဘောတူညီမှုကို အတည်ပြုတော့မှာပါ။ ဗြိတိန်နဲ့ ဥရောပနိုင်ငံတွေကြား အပြောင်းအလဲဆိုင်ရာ သဘောတူညီထားမှုတွေက ရပ်တန့်တော့မှာဖြစ်ကာ ပရီးမီးယားလိဂ်မှာတော့ နိုင်ငံခြားသား ကစားသမားတွေ ပါဝင်မှု အကန့်အသတ် ရှိလာပါလိမ့်မယ်။ အက်ဖ်အေကတော့ Brexit ကိစ္စဟာ ပရီးမီးယားလိဂ်မှာ home-grown ကစားသမားတွေ ပိုမို များပြားလာဖို့ အခွင့်အရေးလို့လည်း ယုံကြည်နေတယ်။ လက်ရှိမှာ ပရီးမီးယားလိဂ်ဟာ စီနီယာလူစာရင်း ၂၅ ဦးကို မှတ်ပုံတင်ခွင့်ပြုရာမှာ non-homegrown… Continue Reading →

ကမ္ဘာအဖိုးအတန်ဆုံးအသင်းအဖြစ် ဘာကာ ဘိုင်ယန်ကို ကျော်ဖြတ်ပြီး ထိပ်ဆုံးရောက်လာတဲ့ လီဗာပူး

လီဗာပူးအသင်းဟာ ဒီဘက်နှစ်တွေမှာ အောင်မြင်လာမှုနဲ့အတူ ဥရောပနဲ့ ကမ္ဘာ ထိပ်တန်း အဆင့်သက်မှတ်ချက်တွေမှာ ထိပ်ဆုံး နေရာတွေကို ပြန်လည် တက်လှမ်းလာနေခဲ့ပါတယ်။ ဒီနှစ်အတွက် ကမ္ဘာအဖိုးအတန်ဆုံး ကလပ်များစာရင်းကို Transfermarkt က ထုတ်ပြန်ရာမှာလည်း ဥရောပပြိုင်ဘက်တွေဖြစ်တဲ့ ဘိုင်ယန်မြူးနစ်၊ ဘာစီလိုနာ၊ ရီးရဲလ်မက်ဒရစ်နဲ့ ပြည်တွင်းပြိုင်ဘက် မန်စီးတီးတို့ကို ကျော်ဖြတ်ပြီး ထိပ်ဆုံးမှာ ရှိနေခဲ့ပါတယ်။ ကိုဗစ်ကပ်ဘေးကြောင့် ကလပ်တွေရဲ့ တန်ကြေးတွေ အနည်းငယ် ကျဆင်းပေမယ့် လီဗာပူးကတော့ ထိပ်ဆုံးက ရှိနေဆဲပါ။ အန်ဖီးကွင်းကြီးကို အဆင့်မြင့် တိုးချဲ့ပြီး နောက်ပိုင်းမှာ လေ့ကျင့်ရေးကွင်းသစ်ကိုလည်း တည်ဆောက်… Continue Reading →

ဘာကာ ချိတ်ဆက်နေတဲ့ ဝိုက်နယ်ဒမ်ကို လုပ်ခ ၄၀% တိုးပေးမယ် စာချုပ်သစ် လီဗာပူးကမ်းလှမ်း

လီဗာပူးအသင်းဟာ လာလီဂါကလပ် ဘာစီလိုနာနဲ့ စီးရီအေကလပ် အင်တာမီလန်တို့က ချိတ်ဆက်နေတဲ့ ဝိုက်နယ်ဒမ်ကို လုပ်ခတိုးပေးပြီး အသင်းမှာ ဆက်ထိန်းထားဖို့ ကြိုးစားလာတယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ လီဗာပူးသတင်းထောက်တွေရဲ့ ထုတ်ပြန်ချက်တွေလို ခိုင်လုံတဲ့ အဆင့်မှာ မရှိသေးပေမယ့် လက်တလော ထွက်ပေါ်နေတဲ့ သတင်းတွေအရ လီဗာပူးဘက်က ဝိုက်နယ်ဒမ်ကို လုပ်ခ ၄၀% တိုးပေးမှာဖြစ်တယ်။ စာချုပ်ပါသက်တမ်း ဘယ်လောက်ဖြစ်မယ်တော့ မသိရသေးပါဘူး။ ကစားသမားဘက်ကတော့ ၄ နှစ်စာချုပ်လောက်ထိ မျှော်လင့်နေမှာဖြစ်တယ်။ ဝိုက်နယ်ဒမ်ဟာ လီဗာပူးမှာ တစ်ပတ်လုပ်ခ ပေါင် ၇၅၀၀၀ ရနေသူဖြစ်ပြီး စာချုပ်သစ်အရ… Continue Reading →

အားတက်စရာတွေ မြင်ခဲ့ရတဲ့ အင်္ဂါနေ့ လီဗာပူးအသင်းရဲ့ လေ့ကျင့်ရေး အစီအစဉ်

အင်္ဂါနေ့မှာတော့ မန်နေဂျာကလော့ပ်ဟာ ပပ်လင်ဒါးနဲ့အတူ အက်ဆာမှာ လက်ကျန် စီနီယာအသင်းသားတွေနဲ့ လူငယ်တွေကို ပေါင်းစပ်ပြီး စတင်ကာ လေ့ကျင့်ရေး ဝင်ခဲ့ပါတယ်။ ဝါရင့် ကစားသမားကြီး ဂျိမ်းမီလ်နာ ဦးဆောင်ကာ ခံစစ်သမားတွေဖြစ်တဲ့ မာတစ်၊ နက်ဖီးလစ်တို့လည်း ပါဝင်ခဲ့ကြတယ်။ လက်ရွေးစင်တာဝန်တွေ မရှိတဲ့ စီနီယာအသင်းသားတွေဖြစ်တဲ့ အတ်ဒရီယန်နဲ့ အိုရီဂီတို့လည်း ပါဝင်ခဲ့ပါတယ်။ လေ့ကျင့်ရေးမှာတော့ လူငယ်လေး ကိုမတ်တီယို၊ ကလာဆန်အပြင် မျက်နှာသစ်တွေလည်း ပါဝင်ခဲ့သေးတာပါ။ နွေတုန်းက အသစ်ခေါ်ယူထားတဲ့ ဘရာဇီးဂိုးသမားလေးကလည်း အင်အားဖြည့် ပါဝင်ခဲ့တယ်။ ထူးထူးခြားခြားဆိုရင်တော့ မြက်ခင်းပြင်က လေ့ကျင့်ရေးမှာ ချိန်ဘာလိန်… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!