Date

January 6, 2021

ဆောင်းပါး | အားပေးမှုတွေ လိုအပ်ချိန်မှာ ထိုးချမှုတွေကို ရင်ဆိုင်နေရတဲ့ ဆာလာ၊ ထရန့်နဲ့ ဖာမင်နို

လီဗာပူးအသင်းရဲ့ အဓိက ကစားသမားတွေဖြစ်တဲ့ ထရန့်၊ ဆာလာနဲ့ ဖာမင်နိုတို့ဟာ သူ့တို့ ကစားသမားဘဝအတွင်း အခက်အခဲဆုံး အနေအထား မဟုတ်ပေမယ့် ဖိအားတွေအောက်မှာ ရုန်းကန်နေရပြီဖြစ်ပါတယ်။ လီဗာပူးအသင်းရဲ့ ရလဒ်တွေ ကျဆင်းလာမှုဟာ သူတို့တွေရဲ့ ခြေစွမ်း ကျဆင်းမှုနဲ့ သွယ်ဝိုက်တော့အားဖြင့် ဆက်နွယ်နေတယ်။ ဆောက်သမ်တန်ပွဲမှာ ထရန့်က ဘောလုံးဆုံးရံှူးမှု ၃၈ ကြိမ်ထိ ရှိခဲ့တာ၊ ဆာလာရဲ့ သွင်းဂိုး ခြိမ်းခြောက်နိုင်စွမ်း ကျဆင်လာတာ၊ ဖာမင်နိုရဲ့ တိုက်စစ်ပိုင်း ချိတ်ဆက်မှု လိုအပ်ချက် ကြီးလာတာတွေက လီဗာပူး ရလဒ်တွေ ဆိုးလာဖို့ အခြေခံ… Continue Reading →

ကွင်းလယ်ကနေ ဂိုးတွေသွင်းပြီး အကူညီဖြစ်နိုင်ပေမယ့် လီဗာပူး ခေါ်ယူမှာ မဟုတ်တဲ့ ကစားသမား

ကော်တင်ညိုဟာ လီဗာပူးကို ပြန်လာရင် ပြန်လည်တောက်ပနိုင်မှာ ဖြစ်ပေမယ့်လို့ အန်ဖီးမှာ သူ့လို ကွင်းလယ်လူကို လိုအပ်တယ်လို့ မထင်နေပါကြောင်း လီဗာပူးကစားသမားဟောင်း ဂျွန်ဘန်းစ်က ပြောဆိုခဲ့ပါတယ်။ ယာဂင်ကလော့ပ်ရဲ့ အသင်းဟာ နောက်ဆုံး ပရီးမီးယားလိဂ် ၃ ပွဲမှာ တစ်ဂိုးသာ ရရှိခဲ့တာနဲ့အတူ တိုက်စစ်ပိုင်းမှာ သွင်းဂိုးရဖို့ ထူးထူးခြားခြား ရုန်းကန်နေခဲ့ရတာပါ။ အဲ့ဒီ့ ၃ ပွဲမှာ ၂ မှတ်သာ ရရှိခဲ့ပြီး မာနေး၊ ဖာမီနိုနဲ့ ဆာလာတို့လို တိုက်စစ်ကစားသမားတွေရဲ့ အဆုံးသတ် ဂိုးသွင်းယူနိုင်စွမ်းတွေ ပျောက်ဆုံးနေခဲ့တာကို မြင်တွေ့ခဲ့ရတာဖြစ်တယ်။ ဒီလိုအချိန်မှာ… Continue Reading →

လီဗာပူး၊ ဘာစီလိုနာနဲ့ အင်တာမီလန်ကြားက ဝိုက်နယ်ဒမ် ညိနှိုင်းမှုရဲ့ နောက်ဆုံး အခြေအနေ

လီဗာပူးကွင်းလယ်လူ ဝိုက်နယ်ဒမ်နဲ့ ဘာစီလိုနာ၊ အင်တာမီလန်ကြား အပြောင်းအရွှေ့ ကိစ္စတွေက ထူးထူးခြားခြား အခြေအနေတွေ မရှိပါကြောင်း The Athletic သတင်းထောက် David Ornstein က ပြောပါတယ်။ နယ်သာလန်ကွင်းလယ်လူကို လီဗာပူးဘက်က စာချုပ်သစ်ကိစ္စအတွက် ညိနှိုင်းနေခြင်း မရှိပါဘူး။ ရာသီကုန်မှာ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွင့်ရမယ့် ဝိုက်နယ်ဒမ်က ဘာစီလိုနာ၊ အင်တာမီလန်တို့နဲ့ ညိနှိုင်းမှုတွေ လုပ်နေခြင်းလည်း မရှိဘူး။ လီဗာပူးအသင်းကတော့ သူ့ကို ပွဲထွက်လူစာရင်းမှာ ဆက်လက် နေရာပေးသွားမှာ ဖြစ်ပါတယ်။ အပြောင်းအရွှေ့ဆိုင်ရာ သတင်းထောက် David Ornstein… Continue Reading →

ဇန်နဝါရီမှာ ဗဟိုခံစစ်မှူးသစ် ခေါ်ယူလိုစိတ်ရှိပေမယ့် မှန်ကန်တဲ့ ငွေပေးချေမှု ရလိုနေတဲ့ လီဗာပူး

လီဗာပူးက ဇန်နဝါရီ အပြောင်းအရွှေ့မှာ ကစားသမား ခေါ်ယူမှု မလုပ်ပါဘူးလို့ သတင်းထွက်နေတဲ့ ကိစ္စနဲ့ ပက်သက်လို့ The Athletic မှ လီဗာပူးသတင်းထောက် ဂျိမ်းပီရက်ဇ်က ရှင်းပြမှု လုပ်သွားပါတယ်။ လီဗာပူးဟာ ကစားသမားသစ် ခေါ်ယူဖို့ကို ရာသီဝက်မှာထက် နွေရာသီကြို မတိုင်ခင်မှာဘဲ လုပ်လိုတာပါ။ ဒါပေမယ့် ဇန်နဝါရီမှာ ကစားသမား ခေါ်ဖို့ကို မလုပ်ပါဘူးလို့ ယတိပြတ် ဆုံးဖြတ်ထားတာ မဟုတ်ပါဘူး။ ကလပ် စိတ်ဝင်စားနေတဲ့ ကစားသမားအတွက် မှန်ကန်တဲ့ ကမ်းလှမ်းမှု ပုံစံဖြင့် ညိနှိုင်းလို့ ရမယ်ဆိုရင် ခေါ်ယူသွားမှာမျိုး… Continue Reading →

ဘိုင်ယန်မှ အလာဘာကို ခေါ်ယူနိုင်ရေးအတွက် အရှိန်မြှင့် ကြိုးစားလာတဲ့ လီဗာပူး

လီဗာပူးအသင်းဟာ ဘိုင်ယန်မြူးနစ်ကနေ ဒီနွေမှာ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာမယ့် အလာဘာကို ခေါ်ယူနိုင်ဖို့ အရှိန်မြှင့် ကြိုးစားလာကြောင်း The Guardian သတင်းဌာနမှ နာမည်ကျော် အပြောင်းအရွှေ့ သတင်းထောက် Fabrizio Romano က ဖော်ပြပါတယ်။ အသက် ၂၈ နှစ်အရွယ် သြစတြီးယန်း ကစားသမားဟာ ၁၂ နှစ်ကြာ ကစားခဲ့တဲ့ ဘိုင်ယန်ကနေ ဒီနွေမှာ ထွက်ခွာမှာပါ။ သူ့ကို ခေါ်ယူဖို့အတွက် အနာဂတ် မသေချာဖြစ်နေတဲ့ ဆာဂျီယို ရာမိုစ့်နေရာ အစားထိုးဖို့ ရီးရဲလ်မက်ဒရစ်က အတော်လေး စိတ်ဝင်စားနေတယ်။… Continue Reading →

လီဗာပူးပရိသတ်တွေကြား နာမည်ကြီးနေတဲ့ ဇာဂရပ်က အသင်းပရိသတ်

သိပ်မကြာခင်က ခရိုအေးရှားရဲ့ မြို့တော် ဇာဂရပ်အနားမှာ ငလျင်ကြောင့် မြေပြိုမှုဖြစ်ခဲ့ပြီး လူအသေအပျောက် ရှိခဲ့တဲ့ သတင်းကို ဖတ်မိကြမယ်လို့ ထင်ပါတယ်။ ခရိုအေးရှားရဲ့ ဇာဂရပ်က ဆေးရုံမှာ ကိုဗစ်ကူးစက်မှု ကာကွယ်ရေးအတွက် ပါဝင်ကူညီနေတဲ့ လူငယ် ဓါတ်မှန်ပညာရှင် Ivana Dragicevic ဟာ ငလျင်အတွင်းမှာ သူ့ရဲ့နေအိမ်ကို ဆုံးရံှူးခဲ့ရပါတယ်။ ပျက်ဆီးသွားတဲ့ နေအိမ်အတွင်းကနေ သူက လီဗာပူးရဲ့ ‘This is Anfield’ ပိုစတာလေးနဲ့ အဝတ်အထည် အနည်းငယ်ကလွဲရင် ဘာကိုမှ မယူလိုက်နိုင်ပါဘူး။ ခရိုအေးရှား သတင်းတွေမှာ Ivana… Continue Reading →

မန်နေဂျာကလော့ပ်က ဒိုင်တွေအပေါ် လွှမ်းမိုးဖို့ ကြိုးစားနေတယ်လို့ စွပ်စွဲတဲ့ ဆိုးရှား

လီဗာပူးအသင်း မန်နေဂျာ ယာဂင်ကလော့ပ်ဟာ ဆောက်သမ်တန်နဲ့ ပွဲမှာ လီဗာပူး ရသင့်တဲ့ ပင်နယ်တီများ မျက်ကွယ်ပြုခံရပြီးနောက် ပွဲ အပြီးမှာ ပေါက်ကွဲပြောဆိုမှုတွေ ရှိခဲ့ပါတယ်။ ပရီးမီးယားလိဂ်မှာ ယူနိုက်တက် ပင်နယ်တီ အများအပြား ရနေချိန် လီဗာပူးက ရသင့်တာတွေ မရဘူးလို့ ကလော့ပ်က ပြောဆိုခဲ့တာပါ။ ကလော့ပ်က လီဗာပူးနဲ့ အတူ ငါးနှစ်ခွဲ ကာလအတွက် ရခဲ့တဲ့ ပင်နယ်တီ အရေအတွက်ဟာ မန်ချက်စတာ ယူနိုက်တက် ဒီနှစ်နှစ် အတွင်း ရခဲ့တဲ့ ပင်နယ်တီ အရေအတွက်ကိုတောင် မမှီဘူးလို့ ထည့်သွင်း… Continue Reading →

ဇန်နဝါရီမှာ ခံစစ်မှူးသစ် ခေါ်ယူဖို့နဲ့ ပက်သက်ပြီး လီဗာပူးရဲ့ အခြေခံ သက်မှတ်ချက် (၄) ချက်

လီဗာပူးအသင်းဟာ ဇန်နဝါရီဈေးကွက်ထဲမှာ လူသစ်ခေါ်ယူဖို့ ကိစ္စကို တံခါးတစ်ချပ် ဖွင့်လိုက်ပြီဖြစ်ပါတယ်။ အသင်းက အရင်ကလို လုံးဝကြီး ငြင်းဆန်တာမျိုး မဟုတ်တော့ဘဲ မှန်ကန်တဲ့ ခံစစ်သမားကို ခေါ်ယူခွင့်ရမယ်ဆိုရင် ခေါ်ယူသွားဖို့အတွက် အဆင်သင့် ရှိနေပါမယ်။ ဒါပေမယ့်လို့ မကိုက်ညီဘူးထင်ရင်လည်း ဇန်နဝါရီ ဈေးကွက်ထဲ ဝင်မှာ မဟုတ်ပါဘူး။ ဇန်နဝါရီ ဈေးကွက်နဲ့ ပက်သက်ပြီး လီဗာပူး ရဲ့ အစီအစဉ် (၄) ရပ်ကို ဖော်ပြပါမယ်။ ဒီအချက်တွေက လီဗာပူးသတင်းထောက်တွေဖြစ်တဲ့ Dominic King နဲ့ James Pearce တို့က… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!