ကော်တင်ညိုဟာ လီဗာပူးကို ပြန်လာရင် ပြန်လည်တောက်ပနိုင်မှာ ဖြစ်ပေမယ့်လို့ အန်ဖီးမှာ သူ့လို ကွင်းလယ်လူကို လိုအပ်တယ်လို့ မထင်နေပါကြောင်း လီဗာပူးကစားသမားဟောင်း ဂျွန်ဘန်းစ်က ပြောဆိုခဲ့ပါတယ်။

ယာဂင်ကလော့ပ်ရဲ့ အသင်းဟာ နောက်ဆုံး ပရီးမီးယားလိဂ် ၃ ပွဲမှာ တစ်ဂိုးသာ ရရှိခဲ့တာနဲ့အတူ တိုက်စစ်ပိုင်းမှာ သွင်းဂိုးရဖို့ ထူးထူးခြားခြား ရုန်းကန်နေခဲ့ရတာပါ။ အဲ့ဒီ့ ၃ ပွဲမှာ ၂ မှတ်သာ ရရှိခဲ့ပြီး မာနေး၊ ဖာမီနိုနဲ့ ဆာလာတို့လို တိုက်စစ်ကစားသမားတွေရဲ့ အဆုံးသတ် ဂိုးသွင်းယူနိုင်စွမ်းတွေ ပျောက်ဆုံးနေခဲ့တာကို မြင်တွေ့ခဲ့ရတာဖြစ်တယ်။

ဒီလိုအချိန်မှာ ကော်တင်ညိုကို ပြန်ခေါ်ရင် တိုက်စစ်သမားတွေ နောက်ကနေ တိုက်စစ်ခြိမ်းခြောက်မှုတွေကို ပိုမို ပံ့ပိုးပေးနိုင်လိမ့်မယ်လို့ ထင်ကြေးပေးမှုတွေ ရှိနေတယ်။ ဘန်းစ်ကတော့ လီဗာပူးရဲ့ ကစားဟန်က လုံးဝ ခြားနားသွားမှာနဲ့အတူ ကွင်းလယ်တိုက်စစ်သမားက အသင်းကစားကွက်အတွက် အကူအညီ ဖြစ်မယ်ဆိုတဲ့ အယူအဆကို လက်မခံပါဘူး။

ဂျွန်ဘန်းစ်က “ ကျွန်တော်တို့မှာ ကော်တင်ညိုလို ဂိုးသွင်းနိုင်တဲ့ ကွင်းလယ်လူ ရှိခဲ့တုန်းက ဇယားထိပ်နဲ့ အမှတ် ၂၀ ကျော်လောက် အကွာနဲ့ အဆုံးသတ်ခဲ့တယ်။ ကော်တင်ညိုလို ကစားသမားက သွင်းဂိုးတွေ အများကြီး ရရှိနိုင်ပေမယ့်လည်း သူက ကွဲပြားခြားနားတဲ့ ကစားဟန်ကို ဖန်တီးပေးမှာဖြစ်လို့ ရလဒ်အနေနဲ့ တိုက်စစ်သမား သုံးယောက်ကတော့ ဂိုးရမှု နည်းပါးသွားမှာပါ။

ကျွန်တော့် အမြင်မှာတော့ ကွင်းလယ်လူတစ်ယောက် ဂိုးတွေသွင်းနေတာက တိုက်စစ်သမား သုံးဦးကို သူတို့သွင်းနေကျအတိုင်း ဂိုးတွေ အများကြီး သွင်းယူဖို့ အလုပ်မဖြစ်စေပါဘူး။ ဒါက အသင်းရဲ့ ဟန်ချက်ညီမှုကို ပျက်ဆီးစေပါလိမ့်မယ်။ ပြီးတော့ လီဗာပူးက ကစားသမားတွေကြားမှာ ဟန်ချက်ညီညီနဲ့ ဟာမိုနီ ကျကျ ဖန်တီးနိုင်ခဲ့တာကြောင့် ဒီပုံစံကို ပြောင်းလဲဖို့ ကျွန်တော်က အကြံမပေးချင်ဘူး။

ကော်တင်ညို ပြန်လာရင် သူက အကောင်းဆုံး လုပ်ပြဦးမှာပဲ။ ဒါပေမယ့် တိုက်စစ်သုံးယောက်က ဂိုးတွေအများကြီး မသွင်းနိုင်တာမျိုး၊ အရင်လို အကျိူးမပြုနိုင်တော့တာမျိုးက လီဗာပူးက လိုအပ်တဲ့အရာဖြစ်မယ်လို့ မထင်ဘူး။ အဆုံးသတ်မှာ အသင်းတစ်သင်းအတွက် ဟန်ချက်ညီဖို့က အရေးကြီးဆုံးပဲ။ အခုချိန်မှာ သူတို့ရဲ့ ဟန်ချက်က ပြီးပြည့်စုံနေပါတယ် ” လို့ ၎င်းက ဆိုခဲ့ပါတယ်။

လက်တလောမှာတော့ ဘာစီလိုနာ ကွင်းလယ်လူ ကော်တင်ညိုဟာ ဒဏ်ရာကြောင့် ၃ လလောက် အနားယူရဖို့ ရှိနေတာ ဖြစ်ပါတယ်။

ZAWGYI

ေကာ္တင္ညိဳဟာ လီဗာပူးကို ျပန္လာရင္ ျပန္လည္ေတာက္ပႏိုင္မွာ ျဖစ္ေပမယ့္လို႔ အန္ဖီးမွာ သူ႔လို ကြင္းလယ္လူကို လိုအပ္တယ္လို႔ မထင္ေနပါေၾကာင္း လီဗာပူးကစားသမားေဟာင္း ဂြၽန္ဘန္းစ္က ေျပာဆိုခဲ့ပါတယ္။

ယာဂင္ကေလာ့ပ္ရဲ႕ အသင္းဟာ ေနာက္ဆုံး ပရီးမီးယားလိဂ္ ၃ ပြဲမွာ တစ္ဂိုးသာ ရရွိခဲ့တာနဲ႔အတူ တိုက္စစ္ပိုင္းမွာ သြင္းဂိုးရဖို႔ ထူးထူးျခားျခား ႐ုန္းကန္ေနခဲ့ရတာပါ။ အဲ့ဒီ့ ၃ ပြဲမွာ ၂ မွတ္သာ ရရွိခဲ့ျပီး မာေနး၊ ဖာမီႏိုနဲ႔ ဆာလာတို႔လို တိုက္စစ္ကစားသမားေတြရဲ႕ အဆုံးသတ္ ဂိုးသြင္းယူႏိုင္စြမ္းေတြ ေပ်ာက္ဆုံးေနခဲ့တာကို ျမင္ေတြ႕ခဲ့ရတာျဖစ္တယ္။

ဒီလိုအခ်ိန္မွာ ေကာ္တင္ညိဳကို ျပန္ေခၚရင္ တိုက္စစ္သမားေတြ ေနာက္ကေန တိုက္စစ္ၿခိမ္းေျခာက္မႈေတြကို ပိုမို ပံ့ပိုးေပးႏိုင္လိမ့္မယ္လို႔ ထင္ေၾကးေပးမႈေတြ ရွိေနတယ္။ ဘန္းစ္ကေတာ့ လီဗာပူးရဲ႕ ကစားဟန္က လံုးဝ ျခားနားသြားမွာနဲ႔အတူ ကြင္းလယ္တိုက္စစ္သမားက အသင္းကစားကြက္အတြက္ အကူအညီ ျဖစ္မယ္ဆိုတဲ့ အယူအဆကို လက္မခံပါဘူး။

ဂြၽန္ဘန္းစ္က “ ကြၽန္ေတာ္တို႔မွာ ေကာ္တင္ညိဳလို ဂိုးသြင္းႏိုင္တဲ့ ကြင္းလယ္လူ ရွိခဲ့တုန္းက ဇယားထိပ္နဲ႔ အမွတ္ ၂၀ ေက်ာ္ေလာက္ အကြာနဲ႔ အဆုံးသတ္ခဲ့တယ္။ ေကာ္တင္ညိဳလို ကစားသမားက သြင္းဂိုးေတြ အမ်ားႀကီး ရရွိႏိုင္ေပမယ့္လည္း သူက ကြဲျပားျခားနားတဲ့ ကစားဟန္ကို ဖန္တီးေပးမွာျဖစ္လို႔ ရလဒ္အေနနဲ႔ တိုက္စစ္သမား သံုးေယာက္ကေတာ့ ဂိုးရမႈ နည္းပါးသြားမွာပါ။

ကြၽန္ေတာ့္ အျမင္မွာေတာ့ ကြင္းလယ္လူတစ္ေယာက္ ဂိုးေတြသြင္းေနတာက တိုက္စစ္သမား သံုးဦးကို သူတို႔သြင္းေနက်အတိုင္း ဂိုးေတြ အမ်ားၾကီး သြင္းယူဖို႔ အလုပ္မျဖစ္ေစပါဘူး။ ဒါက အသင္းရဲ႕ ဟန္ခ်က္ညီမႈကို ပ်က္ဆီးေစပါလိမ့္မယ္။ ၿပီးေတာ့ လီဗာပူးက ကစားသမားေတြၾကားမွာ ဟန္ခ်က္ညီညီနဲ႔ ဟာမိုနီ က်က် ဖန္တီးႏိုင္ခဲ့တာေၾကာင့္ ဒီပုံစံကို ေျပာင္းလဲဖို႔ ကြၽန္ေတာ္က အႀကံမေပးခ်င္ဘူး။

ေကာ္တင္ညိဳ ျပန္လာရင္ သူက အေကာင္းဆုံး လုပ္ျပဦးမွာပဲ။ ဒါေပမယ့္ တိုက္စစ္သုံးေယာက္က ဂိုးေတြအမ်ားႀကီး မသြင္းႏိုင္တာမ်ိဳး၊ အရင္လို အက်ိဴးမျပဳႏိုင္ေတာ့တာမ်ိဳးက လီဗာပူးက လိုအပ္တဲ့အရာျဖစ္မယ္လို႔ မထင္ဘူး။ အဆုံးသတ္မွာ အသင္းတစ္သင္းအတြက္ ဟန္ခ်က္ညီဖို႔က အေရးႀကီးဆုံးပဲ။ အခုခ်ိန္မွာ သူတို႔ရဲ႕ ဟန္ခ်က္က ၿပီးျပည့္စုံေနပါတယ္ ” လို႔ ၎က ဆိုခဲ့ပါတယ္။

လက္တေလာမွာေတာ့ ဘာစီလိုနာ ကြင္းလယ္လူ ေကာ္တင္ညိဳဟာ ဒဏ္ရာေၾကာင့္ ၃ လေလာက္ အနားယူရဖို႔ ရွိေနတာ ျဖစ္ပါတယ္။