လီဗာပူးကွင်းလယ်လူ ဝိုက်နယ်ဒမ်နဲ့ ဘာစီလိုနာ၊ အင်တာမီလန်ကြား အပြောင်းအရွှေ့ ကိစ္စတွေက ထူးထူးခြားခြား အခြေအနေတွေ မရှိပါကြောင်း The Athletic သတင်းထောက် David Ornstein က ပြောပါတယ်။

နယ်သာလန်ကွင်းလယ်လူကို လီဗာပူးဘက်က စာချုပ်သစ်ကိစ္စအတွက် ညိနှိုင်းနေခြင်း မရှိပါဘူး။ ရာသီကုန်မှာ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွင့်ရမယ့် ဝိုက်နယ်ဒမ်က ဘာစီလိုနာ၊ အင်တာမီလန်တို့နဲ့ ညိနှိုင်းမှုတွေ လုပ်နေခြင်းလည်း မရှိဘူး။ လီဗာပူးအသင်းကတော့ သူ့ကို ပွဲထွက်လူစာရင်းမှာ ဆက်လက် နေရာပေးသွားမှာ ဖြစ်ပါတယ်။

အပြောင်းအရွှေ့ဆိုင်ရာ သတင်းထောက် David Ornstein က ” ကျနော် သိသလောက်ကတော့ ဒီအခြေအနေမှာ လီဗာပူးက ဝိုက်နယ်ဒမ်နဲ့ ဆွေးနွေးမှုတွေ ဆက်လက် လုပ်ဆောင်နေခြင်း မရှိပါဘူး။ ဒါပေမယ့် အခြေအနေက အချိန်မရွေး ပြောင်းလဲသွားနိုင်ပါတယ်။ လီဗာပူးက သူတို့ရဲ့ ရပ်တည်ချက်ကို အများကြီး ပြောင်းလဲလိုစိတ် ရှိမယ်လို့ ကျနော် မထင်ပါဘူး။

ဘာစီလိုနာ ကိုယ်စားလှယ်ဘက်က ဘယ်လိုတွေ လုပ်လာမယ်ဆိုတဲ့ အခြေအနေကိုလည်း လီဗာပူးဘက်က စောင့်ကြည့်နေတယ်။ ဝိုက်နယ်ဒမ်က အင်တာမီလန်နဲ့ သတင်းတွေလည်း ထွက်နေပေမယ့် စီးရီးအေကလပ်ဟာ ဝိုက်နယ်ဒမ်အတွက် လှုပ်ရှားမှုကို မလုပ်ခင်မှာ သူတို့ရဲ့ ပြဿနာဖြစ်တဲ့ အဲရစ်ဆန်ကိစ္စကို အရင်ဆုံး ဖြေရှင်းရမှာ ဖြစ်ပါတယ်။

လီဗာပူးမှာ မလိုမုန်းထား စိတ်တွေ မရှိတာကြောင့် ဝိုက်နယ်ဒမ်ကို ဆက်ပြီး ကစားခွင့်တွေ ပေးနေဦးမှာပါ။ လီဗာပူးက ဒီလအတွင်း သူတို့မှာရှိတဲ့ လူစာရင်းနဲ့အတူ ဆက်သွားနိုင်ဖို့ မျှော်လင့်နေပါလိမ့်မယ် ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးကြင္းလယ္လူ ဝိုက္နယ္ဒမ္နဲ႔ ဘာစီလိုနာ၊ အင္တာမီလန္ၾကား အေျပာင္းအေရႊ႔ ကိစၥေတြက ထူးထူးျခားျခား အေျခအေနေတြ မရွိပါေၾကာင္း The Athletic သတင္းေထာက္ David Ornstein က ေျပာပါတယ္။

နယ္သာလန္ကြင္းလယ္လူကို လီဗာပူးဘက္က စာခ်ဳပ္သစ္ကိစၥအတြက္ ညိႏိႈင္းေနျခင္း မရွိပါဘူး။ ရာသီကုန္မွာ အလြတ္ေျပာင္းေရႊ႔ေၾကးျဖင့္ ထြက္ခြင့္ရမယ့္ ဝိုက္နယ္ဒမ္က ဘာစီလိုနာ၊ အင္တာမီလန္တို႔နဲ႔ ညိႏိႈင္းမႈေတြ လုပ္ေနျခင္းလည္း မရွိဘူး။ လီဗာပူးအသင္းကေတာ့ သူ႔ကို ပြဲထြက္လူစာရင္းမွာ ဆက္လက္ ေနရာေပးသြားမွာ ျဖစ္ပါတယ္။

အေျပာင္းအေရႊ႔ဆိုင္ရာ သတင္းေထာက္ David Ornstein က ” က်ေနာ္ သိသေလာက္ကေတာ့ ဒီအေျခအေနမွာ လီဗာပူးက ဝိုက္နယ္ဒမ္နဲ႔ ေဆြးေႏြးမႈေတြ ဆက္လက္ လုပ္ေဆာင္ေနျခင္း မရွိပါဘူး။ ဒါေပမယ့္ အေျခအေနက အခ်ိန္မေရြး ေျပာင္းလဲသြားႏုိင္ပါတယ္။ လီဗာပူးက သူတို႔ရဲ႕ ရပ္တည္ခ်က္ကို အမ်ားၾကီး ေျပာင္းလဲလိုစိတ္ ရွိမယ္လို႔ က်ေနာ္ မထင္ပါဘူး။

ဘာစီလိုနာ ကိုယ္စားလွယ္ဘက္က ဘယ္လိုေတြ လုပ္လာမယ္ဆိုတဲ့ အေျခအေနကိုလည္း လီဗာပူးဘက္က ေစာင့္ၾကည့္ေနတယ္။ ဝိုက္နယ္ဒမ္က အင္တာမီလန္နဲ႔ သတင္းေတြလည္း ထြက္ေနေပမယ့္ စီးရီးေအကလပ္ဟာ ဝိုက္နယ္ဒမ္အတြက္ လႈပ္ရွားမႈကို မလုပ္ခင္မွာ သူတို႔ရဲ႕ ျပႆနာျဖစ္တဲ့ အဲရစ္ဆန္ကိစၥကို အရင္ဆံုး ေျဖရွင္းရမွာ ျဖစ္ပါတယ္။

လီဗာပူးမွာ မလိုမုန္းထား စိတ္ေတြ မရွိတာေၾကာင့္ ဝိုက္နယ္ဒမ္ကို ဆက္ျပီး ကစားခြင့္ေတြ ေပးေနဦးမွာပါ။ လီဗာပူးက ဒီလအတြင္း သူတို႔မွာရွိတဲ့ လူစာရင္းနဲ႔အတူ ဆက္သြားႏုိင္ဖို႔ ေမွ်ာ္လင့္ေနပါလိမ့္မယ္ ” လို႔ ဆိုခဲ့တာ ျဖစ္ပါတယ္။