သိပ်မကြာခင်က ခရိုအေးရှားရဲ့ မြို့တော် ဇာဂရပ်အနားမှာ ငလျင်ကြောင့် မြေပြိုမှုဖြစ်ခဲ့ပြီး လူအသေအပျောက် ရှိခဲ့တဲ့ သတင်းကို ဖတ်မိကြမယ်လို့ ထင်ပါတယ်။

ခရိုအေးရှားရဲ့ ဇာဂရပ်က ဆေးရုံမှာ ကိုဗစ်ကူးစက်မှု ကာကွယ်ရေးအတွက် ပါဝင်ကူညီနေတဲ့ လူငယ် ဓါတ်မှန်ပညာရှင် Ivana Dragicevic ဟာ ငလျင်အတွင်းမှာ သူ့ရဲ့နေအိမ်ကို ဆုံးရံှူးခဲ့ရပါတယ်။ ပျက်ဆီးသွားတဲ့ နေအိမ်အတွင်းကနေ သူက လီဗာပူးရဲ့ ‘This is Anfield’ ပိုစတာလေးနဲ့ အဝတ်အထည် အနည်းငယ်ကလွဲရင် ဘာကိုမှ မယူလိုက်နိုင်ပါဘူး။

ခရိုအေးရှား သတင်းတွေမှာ Ivana Dragicevic ရဲ့ သူချစ်ရတဲ့ အသင်းပိုစတာကို ရအောင် ယူလာတဲ့အကြောင်း စတင်ပါဝင်လာခဲ့ရာက လူမှုကွန်ယက်တွေမှာ လီဗာပူးပရိသတ်တွေက သူ့ကို ကူညီဖို့ စတင် လှုပ်ရှားမှုတွေ လုပ်လာခဲ့ကြတယ်။ ဒီကိစ္စက ခရိုအေးရှားရဲ့ အိမ်နီးနားချင်း နိုင်ငံတွေထိပါ ပျံ့နှံ့ခဲ့ပြီး ဆားဘီးယားက လီဗာပူးပရိသတ်တွေကပါ သူ့ကို ကူညီဖို့ လုပ်ဆောင်နေပါတယ်။

ခရိုအေးရှားက ဒေသခံ လီဗာပူးပရိသတ်တွေက Ivana Dragicevic အတွက် အကူအညီတွေ စပေးဖို့ စီစဉ်နေသလို ဆားဘီးယားက လီဗာပူးပရိသတ်တွေကလည်း သူ့ကို ကူညီဖို့ လုပ်နေတယ်။ ဒီလို ခက်ခဲတဲ့ အချိန်မှာ အသင်းရဲ့ ‘You’ll Never Walk Alone’ ဆိုတဲ့ ဆောင်ပုဒ်အတိုင်း လူငယ်လေးကို အင်အားဖြစ်စေဖို့ ကူညီပေးသွားကြမှာပါလို့ အနီးနားက ပရိသတ်တွေက ထုတ်ပြောခဲ့ကြတာဖြစ်ပါတယ်။

ZAWGYI

သိပ္မၾကာခင္က ခရိုေအးရွားရဲ႕ ျမိဳ႕ေတာ္ ဇာဂရပ္အနားမွာ ငလ်င္ေၾကာင့္ ေျမျပိဳမႈျဖစ္ခဲ့ျပီး လူအေသအေပ်ာက္ ရွိခဲ့တဲ့ သတင္းကို ဖတ္မိၾကမယ္လို႔ ထင္ပါတယ္။

ခရိုေအးရွားရဲ႕ ဇာဂရပ္က ေဆးရံုမွာ ကိုဗစ္ကူးစက္မႈ ကာကြယ္ေရးအတြက္ ပါဝင္ကူညီေနတဲ့ လူငယ္ ဓါတ္မွန္ပညာရွင္ Ivana Dragicevic ဟာ ငလ်င္အတြင္းမွာ သူ႔ရဲ႕ေနအိမ္ကို ဆံုးရံွဴးခဲ့ရပါတယ္။ ပ်က္ဆီးသြားတဲ့ ေနအိမ္အတြင္းကေန သူက လီဗာပူးရဲ႕ ‘This is Anfield’ ပိုစတာေလးနဲ႔ အဝတ္အထည္ အနည္းငယ္ကလြဲရင္ ဘာကိုမွ မယူလိုက္ႏုိင္ပါဘူး။

ခရိုေအးရွား သတင္းေတြမွာ Ivana Dragicevic ရဲ႕ သူခ်စ္ရတဲ့ အသင္းပိုစတာကို ရေအာင္ ယူလာတဲ့အေၾကာင္း စတင္ပါဝင္လာခဲ့ရာက လူမႈကြန္ယက္ေတြမွာ လီဗာပူးပရိသတ္ေတြက သူ႔ကို ကူညီဖို႔ စတင္ လႈပ္ရွားမႈေတြ လုပ္လာခဲ့ၾကတယ္။ ဒီကိစၥက ခရိုေအးရွားရဲ႕ အိမ္နီးနားခ်င္း ႏုိင္ငံေတြထိပါ ပ်ံ႔ႏွံ႔ခဲ့ျပီး ဆားဘီးယားက လီဗာပူးပရိသတ္ေတြကပါ သူ႔ကို ကူညီဖို႔ လုပ္ေဆာင္ေနပါတယ္။

ခရိုေအးရွားက ေဒသခံ လီဗာပူးပရိသတ္ေတြက Ivana Dragicevic အတြက္ အကူအညီေတြ စေပးဖို႔ စီစဥ္ေနသလို ဆားဘီးယားက လီဗာပူးပရိသတ္ေတြကလည္း သူ႔ကို ကူညီဖို႔ လုပ္ေနတယ္။ ဒီလို ခက္ခဲတဲ့ အခ်ိန္မွာ အသင္းရဲ႕ ‘You’ll Never Walk Alone’ ဆိုတဲ့ ေဆာင္ပုဒ္အတိုင္း လူငယ္ေလးကို အင္အားျဖစ္ေစဖို႔ ကူညီေပးသြားၾကမွာပါလို႔ အနီးနားက ပရိသတ္ေတြက ထုတ္ေျပာခဲ့ၾကတာျဖစ္ပါတယ္။